ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦး ကွယ်လွန်
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မတ်လ 20 2009 21:56 - မြန်မာစံတော်ချိန်
http://www.mizzimab urmese.com/ news/inside- burma/2634- 2009-03-20- 15-38-41. html ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှုပြုရင်း အဖမ်းခံရသူ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးမှာ ယနေ့ညတွင် ကွယ်လွန်အနိစ္စ ရောက်သွားသည်။သည်းခြေပြွန်လမ်းကြောင်းတွင် ကင်ဆာဖြစ်ပွား၍ ဝေဒနာခံစားနေရသူ အသက် ၈၃ နှစ်အရွယ် စာရေးဆရာမကြီးသည် သောကြာနေ့ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။သူမ အသည်းအသန် နာမကျန်း ဖြစ်နေသော်လည်း မြစ်ကြီးနား အကျဉ်းထောင်ရှိ သားဖြစ်သူ စိတ်မကောင်းမှာစိုး၍ အသိမပေးဘဲ ထားစေခဲ့သည်။”ကိုဇာဂနာသိရင်တော့ အရမ်း ဝမ်းနည်းသွားမှာပဲ၊ ကျမတော့ ထောင်အာဏာပိုင်တွေကနေတဆင့် သူ့ဆီရောက်အောင် အကြောင်းကြားခိုင်းလိုက်ပြီ” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမ သို့ ပြောသည်။ဘီလင်းမြို့ ဇာတိဖြစ်သော ဆရာမကြီးသည် စာပေလောကသို့ ငယ်ရွယ်စဉ်ကပင် ဝင်ရောက်ခဲ့ပြီး ”မေ့ရက်တဲ့ မောင်”၊ ” ရှေးရိုးစဉ်လာ မြန်မာမှုများ”၊ အလောင်းတော်ကဿပသွား တောလား”၊ ” ဗုဒ္ဓဂါယာ ၂၁ ရက် ခရီးစဉ်”၊ ” ဝိသာခါ ဒေဝီ” တို့အပါအဝင် စာအုပ်များနှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွရာတွင် ဟောပြောမှု ကိုယ်တိုင်ပြုလုပ်ခဲ့ရာ အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှု ခံခဲ့ရဖူးသည်။ကွယ်လွန်ခါနီးအထိ ထောင်ကျနေသော သားဖြစ်သူကို တွေ့လိုဇောပြင်းပြခဲ့ပြီး ”သား (ကိုဇာဂနာ) စိတ်နဲ့ပဲ ဆုံးသွားတာဟု” သားဖြစ်သူ ကိုဝဏက ပြောသည်။ရေပန်းစားသော ဟာသများကို ပြောင်မြောက်စွာ ဖန်တီးခဲ့သော ကိုဇာဂနာမှာ အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော် လုံခြုံရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။နိုင်ငံရေးစိတ်ပြင်းထန်သော သားဖြစ်သူကို စစ်အစိုးရက အကြိမ်ကြိမ် ထောင်ချခဲ့သော်လည်း ဆရာမကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သတင်း မီဒီယာများကို မေးသည်ကို ရဲဝံ့စွာ အစဉ်အမြဲ ဖြေကြားခဲ့သူ ဖြစ်သည်။ဆရာမကြီး၏ ဆန္ဒအရ ရုပ်အလောင်းကို မနက်ဖြန် စနေနေ့တွင် သဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ၊ သားများဖြစ်သော ကိုဝဏနှင် ကိုဇာဂနာတို့ ကျန်ရစ်သည်။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Saturday, March 21, 2009
ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦး ကွယ်လွန်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment