Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Tuesday, May 26, 2009

၂၀၀၉ အစ မြန်မာ့နိုင်ငံရေး မြင်ကွင်း

By Phone Hlaing (FWUBC)

PS-Special thanks to President U Tin Win(FWUBC) who provided the necessary informations to me.
၂၀၀၉ အစ မြန်မာ့နိုင်ငံရေး မြင်ကွင်း

၂၀၀၉ ခုနှစ်ထဲကိုရောက်လာတာအခုဆိုရင် (၅)လပိုင်းထဲကိုရောက်လာပါပြီ။၂၀၁၀ရောက်ဖို့ 
နောက်ထပ်(၇)လဘဲလိုပါတော့တယ်။
နအဖက ၂၀၁၀ ရွေးကောက်ပွဲအတွက် NLD အဖွဲ့ ၊့ ယာယီငြိမ်းချမ်းရေးယူထားတဲ့တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ အစည်းတွေကို ဖိအားပေးသွေးတိုးစမ်းမှုတွေသိသိသာသာလုပ်နေပါတယ်။
NLDကို ညီလာခံလုပ်ခွင့်ပြုလိုက်လို့  ရွှေဂုံတိုင်ကြေငြာချက်ထွက်လာပါပြီ။ တချိန်ထဲမှာ ဒေါ်အောင်
ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ခြေလှမ်းအဖြစ်နေအိမ်အကျယ်ချုပ်ချထားခြင်းဆိုင်
ရာဥပဒေချိုးဖောက်မှုနဲ့ တရားစွဲဆိုလိုက်ပါပြီ။လက်ရှိအခြေအနေတွေကို နေရာနဲ့ အနေအထား
လေးတွေခွဲပြီးလေ့လာတင်ပြခြင်ပါတယ်။

ပြည်တွင်းနိုင်ငံရေး
အမေရိကန် အီးယူနဲ့ အနောက်ဒီမိုကရေစီနိုင်ငံတွေက ၂၀၁၀ရွေးကောက်ပွဲကို
မြန်မာ့နိုင်ငံရေးထွက်ပေါက်အဖြစ်ရှုမြင်တဲ့အရိပ်အရောင်တွေပြလာပြီး၊ စီးပွားရေးပိတ်ဆို့ မှုတွေ
ကိုလျှော့ချဖို့ ဟန်ပြင်နေချိန်မှာ နအဖက NLD ကို ညီလာခံလုပ်ခွင့်ပြုလိုက်လို့ ဧပြီလ ၂၈-၂၉
နေ့ ရက်တွေမှာညီလာခံကျင်းပပြီး NLD ရဲ့ ခြေလှမ်းသစ်နဲ့ သမိုင်းဝင် ရွှေဂုံတိုင်ကြေညာစာတမ်း
ကိုထုတ်ပြန်ကြေငြာခဲ့ပါတယ်။အဲ့ဒီကြေငြာချက်အရ NLD ရဲ့ရပ်တည်ချက်ကို အောက်ပါအတိုင်း
သုံးသပ်နိုင်ပါတယ်။
ရွှေဂုံတိုင်ကြေငြာချက်မှအရေးကြီးသောကောက်နှုတ်ချက်များ
(၁)ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးဖို့ 
(၂) ၂၀၀၈ -ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်သုံးသတ်ပြင်ဆင်ဖို့ 
(၃)NLD နဲ့ အခြားတိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ရုံးခန်းများကိုပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီး
လူထုအကြားလွတ်လွတ်လပ်လပ်စည်းရုံးခွင့်ပေးဖို့ 
(၄)တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ -
(က) ကြိုတင်စည်းကမ်းကန့် သတ်ထားခြင်း မရှိသော တွေ့ ဆုံဆွေနွေးပွဲကို အဆုံးအဖြတ်ပေး
နိုင်မည့်ပဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်
မြတ်မှုကို အခြေခံထားသည့် တွေ့ ဆုံဆွေးနွေးပွဲများအမြန်ဆုံးကျင်းပရန်၊
(ခ) ဆွေးနွေးပွဲများတွင် အမျိုးသားပြန်လည်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး
တန်းတူညီမျှ အခွင့်အရေးများ ရရှိစေရေး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြညအအပါအဝင်
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို
ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ဖြစ်သော ပြည်သူ့ လွှတ်တော်ကို
တစ်နည်းနည်းဖြင့် အသိအမှတ်ပြုရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူ
လူထု၏ ဘဝအခြေအနေများ တိုးတက်ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်စေရန်၊
(ဂ) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့်ရလာဒ်များကို ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ
ဖွဲ့ စည်းမည့် ပြည်သူ့ လွှတ်တော်တွင် အတည်ပြုချက်ရယူခြင်းဖြင့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ
ရလာဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရန်၊
(ဃ) လွှတ်တော်က အတည်ပြုပြီးသော သဘောတူဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့်
အနာဂတ်နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူအားလုံးက ဒီမိုကရေစီနိင်ငံတော်သစ်
အတွက် တစ်ညီ တစ်ညွတ်တညး ဆက်လက် ဖော်ဆောင်သွားရန်တို့  ဖြစ်သည်။

(၅) နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲဆိုင်ရာသဘောထား
တွေ့ ဆုံဆွေးနွေးအဖြေရှာခြင်းမပြုလုပ်ဘဲ နအဖက ရွေးကောက်ပွဲ ကိုတဖက်သတ်ပြုလုပ်မယ်
ဆိုရင်-
(က) အဖွဲ့ ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ
ပြန်လွှတ်ပေးလျှင်၊
(ခ) ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်
အချက်များကို ပြင်ဆင်ပေးလျှင်၊
(ဂ) အားလုံးလွှမ်းခြုံ ပါဝင်နိုင်မည့် လွတ်လုပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ်
နိုင်ငံတကာက စောင့်ကြည့်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်
နိုင်ရေး ရည်မျှော်၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ရွေးကောက်ပွဲနှင့်
စပ်လျဉ်းသောဥပဒေတို့ ကို လေ့လာပြီး အထူးကိစ္စတစ်ရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်
ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင်ကြေငြာစာတမ်းကို အလေးအနက် ထုတ်ပြန်
ကြေညာလိုက်သည် ဟုတွေ့ ရှိရပါတယ်။

ဒီကြေငြာချက်အရ NLD အနေနဲ့ တိုင်းရင်းသားတွေ နဲ့ ရော ပြည်သူလူထုကြီးတရပ်လုံးနဲ့ ပါ
တသားတည်းရှိကြောင်းပြသလိုက်တာဖြစ်ပြီး လူထုအကျိုးစီးပွားတခုတည်းကိုဘဲဦးထိပ်ထားပြီးလုပ်
ဆောင်နေတယ်ဆိုတာကိုထင်ဟပ်ပေါ်လွင်စေပြီး နိုင်ငံရေးဦးဆောင်မှုကိုတကယ်ပေးနိုင်တဲ့အဖွဲ့ အစည်း
ဖြစ်ကြောင်းလဲ ကမ္ဘာကိုပြသလိုက်တာဖြစ်ပါတယ်။
တဖက်မှာ နအဖဟာ ငြိမ်းအဖွဲ့ တွေရဲ့လက်နက်ကိုင်တပ်ဖွဲ့ တွေကို နယ်ခြားစောင့်တပ်အဖြစ်
ပြောင်းလဲဖို့ ဆော်သြနေပေမဲ့ မအောင်မမြင်ဖြစ်နေတာကိုတွေ့ ရပါတယ်။ ရွှေဂုံတိုင်ကြေငြာချက်ကြောင့်
နအဖမျှော်လင့်ထားသလို NLD အဖွဲ့ ထဲမှာသဘောထားကွဲလွဲမှုတွေ မရှိဘဲ ခိုင်မာစစ်မှန်တဲ့နိုင်ငံရေးလမ်း
ကြောင်းပေါ်မှာရပ်တည်နေတာကိုပြသလိုက်လို့  နအဖ တို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ့်ခဲ့ရပါတယ်။
ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်အောင်အခုအခါမှာမတရားတရားစွဲဆို
ပြီးထောင်ချနိုင်အောင်ကြိုးစားနေပါပြီ ။မြန်မာပြည်မှာတိုင်းရင်းသားပြည်သူလူထုကြီးတရပ်လုံးကယုံကြည်
လေးစားခြင်းခံရတဲ့ပုဂ္ဂိုလ်ဟာဒေါ်အောင်ဆန်းစုကြည်တယောက်ဘဲရှိတာကြောင့် အမျိုးသားပြန်လည်
ရင်ကြားစေ့ရေးနဲ့ လွတ်လပ်တဲ့လူ့ အဖွဲ့ အစည်းထဲကိုမြန်မာနိုင်ငံပြန်လည်ရောက်ရှိဖို့ မရှိမဖြစ်လိုအပ်တဲ့
အမျိုးသားခေါင်းဆောင်ဖြစ်ပါတယ်။တာကြောင့် နအဖ တို့ ရဲ့လုပ်ရပ်ဟာ သူတို့ အာဏာဆက်လက်ချုပ်
ကိုင်နိုင်ရေးဆီကိုဘဲဦးတည်နေတယ်ဆိုတာထင်ရှားပါတယ်။



အပြည်ပြည်ဆိုင်ရာနိုင်ငံများ
ဒေါ်အောင်ဆန်းစုကြည်ကိုအမှုဆင်တရားစွဲဆိုတဲ့
နောက်ဆက်တွဲရလာဒ်ကတော့ ပြင်းထန်တဲ့အပြည်ပြည်ဆိုင်ရာ တုံ့ ပြန်မှုတွေဘဲဖြစ်ပါတယ်။
အီးယူက သက်တမ်းတနှစ်တိုးပြီးသားစီးပွားရေးပိတ်ဆို့ မှုတွေကို ပိုပြီးတိုးမြှင့်
မယ်လို့ ကြေငြာလိုက်ပါတယ်။ အမေရိကန်နိုင်ငံကတော့ စီးပွားရေးပိတ်ဆို့ မှုတွေ ကိုလျော့ချဖို့ အရိပ်အ
ရောင်ပြခဲ့ပေမဲ့အခု နောက်ထပ်သက်တမ်းတစ်နှစ်ထပ်တိုးလိုက်ပါပြီ၊ ကုလသမဂ္ဂ ကလဲပြင်းပြင်းထန်ထန်
ကန့် ကွက်ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့ ဖိအားပေးပြောဆို
လိုက်ပါတယ်။အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနိုင်ငံများနဲ့  မြန်မာဒီမိုကရေစီရေးအင်အားစုများအပါအဝင်
မြန်မာပြည်သူလူထုကြီးတရပ်လုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး
အတွက်မပါမဖြစ်မရှိမဖြစ်တဲ့ခေါင်းဆောင်အဖြစ်ရှုမြင်ယုံကြည်ကြပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟယ်လာရီကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ နဲ့  နအဖအပေါ်မှာ
ဖိအားပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအရေးကိုဆွေးနွေးတိုင်ပင်လုပ်ကိုင်သွားမယ်လို့ ပြောကြားခဲ့ပါ
တယ်။
(၁၈)မြောက် အီးယူ-ဂျပန်ထိပ်သီးအစည်းအဝေးက ၂၀၀၉ မေလ(၄) ရက်နေ့ နေ့ စွဲနဲ့ ထုတ်ပြန်
ကြေငြာချက်ထဲမှာ မြန်မာနိုင်ငံမှာတရားဝင်တဲ့ဒီမိုကရေစီအရပ်သားအစိုးရတရပ်အမြန်ဆုံးပေါ်ပေါက်လာဖို့ 
ထောက်ခံတိုက်တွန်းထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဥ်းသားတွေပြန်လွှတ်ပေးဖို့ 
တကယ်စစ်မှန်တဲ့တိုင်းရင်းသားနဲ့ လူထုကိုယ်စားလှယ်တွေပါဝင်တဲ့တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ဖို့ ၊ နိုင်ငံရေး
ပါတီတွေအပေါ်ကန့် သတ်ပိတ်ပင်ထားတာတွေအားလုံးကိုရုတ်သိမ်းပေးဖိုတောင်းဆိုထားပါတယ်။့ ၊
နအဖ က မြန်မာနိုင်ငံအတွင်းလူ့ အခွင့်အရေးနဲ့ အခြားအခြေအနေအရပ်ရပ်ကိုတိုးတက်ကောင်း
မွန်အောင်ဆောင်ရွက်လာမယ်ဆိုရင် အပြုသဘောတုံ့ ပြန်သွားမယ်ဆိုတာကိုလဲထုတ်ပြန်ကြေငြာခဲ့ပါ
တယ်။ ပြီးတော့ ကုလသမဂ္ဂ ရဲ့မြန်မာပြည်ဆိုင်ရာနိုင်ငံရေးလူ့ အခွင့်အရေးတိုးတက်အောင်ကြိုးပမ်း
ဆောင်ရွက်မှုတွေကိုလဲရာနှုန်းပြည့်ထောက်ခံပါကြောင်းထုတ်ဖော်ခဲ့ပြီး မြန်မာစစ်အာဏာပိုင်များကို
အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ပြီးတော့မြန်မာနိုင်ငံရဲ့ အချုပ်အချာခိုင်မာမှု
သာယာဝပြောမှုတွေကို ဒီမိုကရေစီစံလွတ်လပ်မှုစံများနဲ့ အညီ ရရှိနိုင်အောင် မြန်မာနိုင်ငံအစိုးရ နဲ့ မြန်မာ
ပြည်သူများကိုဆက်လက်ထောက်ခံကူညီသွားမယ်လို့ လဲ ထပ်လောင်းထုတ်ဖော်ကြေငြာသွားပါတယ်။

ပြည်ပနိုင်ငံရေး
ပြည်ပရောက်မြန်မာနိုင်ငံရေးအဖွဲ့ အစည်းများလူပုဂ္ဂိုလ်များအနေနဲ့ အရင်တုံးကနဲ့ စာရင်
ပိုမိုစည်းလုံးညီညွတ်မှုရရှိလာတာကိုတွေရှိရပြီး အဖွဲ့ အစည်းများအကြားစုစည်းဆောင်ရွက်မှုတွေ ပို
မိုအားကောင်းလာတာကိုတွေ့ ရပါတယ်။ အပြည်ပြည်ဆိုင်ရာကမြန်မာနိုင်ငံရေးအင်းအားစုများအနေနဲ့ 
အချိန်နဲ့ တပြေးညီဆန္ဒပြပွဲများပြုလုပ်လာနိုင်တာကိုတွေ့ ရှိပါတယ်။ဒီနေရာမှာပြည်ပဆန္ဒပြပွဲများဟာ
မြန်မာဒီမိုကရေစီအင်အားစုများအနေနဲ့ မိမိတို့ ရဲ့အင်အားနဲ့ စိတ်ဓါတ်ကို သက်ဆိုင်ရာနိုင်ငံလူထုကို
ထုတ်ဖော်ပြသပြီး မီဒီယာများမှတဆင့်ပြည်တွင်းသို့ စိတ်ဓါတ်ပိုင်းဆိုင်ရာထောက်ခံမှုပြသခြင်းဖြစ်
ကြောင်းသိရှိနားလည်ထားရမှာဖြစ်သလို ဒါထက်တဆင့်တက်ပြီး သက်ဆိုင်ရာနိုင်ငံအစိုးရများပါလာ
အောင်ပိုမို ကြိုးပမ်းသင့်ပါတယ်။ အဲ့ဒီကြိုးပမ်းမှုရဲ့ရလာဒ်ကို အမေရိကားနဲ့  ယူကေနိုင်ငံ အီးယူ နိုင်ငံ
တွေမှာအထင်အရှားတွေ့ မြင်နေရပါတယ်။ အာရှ အထူးသဖြင့် ဂျပန်နိုင်ငံ ကိုးရီးယားနိုင်ငံတို့ လို့ 
နိုင်ငံမျိုးတွေက ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာနိုင်ငံရေးလှုပ်ရှားမှုအဆင့်ကို အမေရိကားနဲ့ 
ယူကေ အီးယူ နိုင်ငံများက ညီအကိုတော်များနဲ့ တန်းတူရင်ဘောင်တန်းနိုင်အောင် ပိုမိုကြိုးစား
သွားဖို့ လိုကြောင်း အချိန်တန်ပြီဖြစ်ကြောင်းတင်ပြလိုပါတယ်။ ဒီနေရာမှာ ဘယ်သူဦးဆောင်တယ်
ဘယ်အဖွဲ့ အစည်းကဦးဆောင်တယ်ဆိုတာထက် ရည်မှန်းချက် ပန်းတိုင်ကိုအဓိကထားပြီး
သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးက မိမိတို့ ကျရာတာဝန်ကို သာတယ်နာတယ်သဘောမထားဘဲ
ပုဂ္ဂိုလ်ရေးရှေ့တန်းမတင်ဘဲအပြောမဟုတ်ဘဲ လက်တွေ့ ကျင့်သုံးသွားမှသာအကောင်အထည်ဖော်
နိုင်မယ်လို့ ယုံကြည်ပါတယ်။

နိဂုံး
နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံသားတွေအရေးဖြစ်လို့ 
နိုင်ငံရေးသမားဆိုတဲ့ ပုဂ္ဂိုလ်များအနေနဲ့  ကိုယ့်ကိုယ်ကိုအသိပညာအတတ်ပညာတွေ တိုးတက်
အောင်အမြဲကြိုးစားဖို့ လိုအပ်ပါတယ်၊ စိတ်ဓါတ်တခုထဲနဲ့ မလုံလောက်ပါဘူး၊ လုပ်ထုံးလုပ်နည်းတွေ
နိုင်ငံရေးပညာတွေ သဘောတရားရေးတွေကို အမြဲမပြတ်လေ့လာသင်ယူဖို့ လိုအပ်ပါတယ်၊တချိန်ထဲ
မှာစာအုပ်ကြီးမဆန်ဘဲ လက်တွေ့ နဲ့ သဘောတရားရေး ကိုလဲမျှမျှတတချင့်ချိန်နိုင်ဖို့ လိုအပ်ပြီး အရေး
အကြီးဆုံးက တစ်ဦးကောင်းတယောက်ကောင်းသူရဲကောင်းဝါဒကိုလက်ကိုင်မထားဘဲ အများနဲ့ လက်
တွဲပြီး တယောက်အားနှင့်ယူသော်မရ အများအားနှင့်ယူသော်ရ၏ ဆိုတဲ့ ဆိုရိုးအတိုင်း ညီညီညွတ်ညွတ်
နဲ့ ဒီမိုကရေစီပန်းတိုင်ကိုအရောက်လှမ်းဖို့ လိုအပ်ကြောင်းတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်-
ဘုန်းလှိုင်(FWUBC)
၂၅-၀၅-၂၀၀၉



Read More...

2010 Burmese Election may be Illegitimate: Clinton

http://www.irrawaddy.org/article.php?art_id=15692

--------------------------------------------------------------------------------
By LALIT K JHA Thursday, May 21, 2009

--------------------------------------------------------------------------------


WASHINGTON — US Secretary of State Hillary Clinton on Wednesday said the Burmese regime’s 2010 national election could be considered illegitimate and not be recognized, if it continues on its current path.

The statement from the US secretary of state may indicate a tougher stand in the Obama administration, which after coming to power had shown earlier signs of considering a softer approach towards the Burmese junta, announcing a review of the US policy on Burma.

Clinton herself had gone on record to say that US economic sanctions against Burma had not worked.

However, the ongoing trial against Aung San Suu Kyi, the Burmese pro-democracy leader, appears to have resulted in a tougher stand from the US.

“We reject their (junta’s) baseless charges against Aung San Suu Kyi, their continuing resistance to a free and open electoral process,” Clinton told senators at a hearing on Wednesday, in reply to a question while testifying before the Senate Appropriations Committee Subcommittee on State and Foreign Affairs.

“If they stay on the track they're on, their elections in 2010 will be totally illegitimate and without any meaning in the international community,” Clinton said in a warning to the Burmese military.


Referring to the ongoing review of its Burma policy, Clinton said: “We are absolutely committed to trying to come up with an approach that might influence the regime.”

A senator asked if it was time for the US to take more affirmative actions to try to influence the military regime.

Clinton said there are several countries that have influence on the Burmese junta. “We are going to try to do our best to influence them to see that this repressive regime is not one that we should continue to support, and hopefully get a greater international base to take action against them,” she said.

Referring to the response the US has received from these countries, Clinton said: “I have been heartened by the response that we have received. I have spoken to a number of the foreign secretaries of Asean countries, who've issued strong statements.”

The United States is working to get more support in the United Nations, Clinton said.


Copyright © 2008 Irrawaddy Publishing Group | www.irrawaddy.org



Read More...