Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Thursday, October 1, 2009

[8888peoplepower] ရွေးကောက်ပွဲဝင်ဖို့ ပြင်တဲ့သူတွေ၊ အမှန်တရားကို မြတ်နိုးကြပါစေ (မောင်ဂဒိုး)

ရွေးကောက်ပွဲဝင်ဖို့ ပြင်တဲ့သူတွေ၊ အမှန်တရားကို မြတ်နိုးကြပါစေ
မောင်ဂဒိုး

နအဖ မကောင်းဘူးဆိုတာ တကမ္ဘာလုံးမဟုတ်ဘူး၊ စကြာဝဠာတခုလုံးသိတယ်လို့ ပြောရမှာပါ။ ရေးတဲ့သူတွေ လည်း ရေးနေကြဆဲပါပဲ။ ဘယ်လို ဘယ်လောက် မကောင်းဘူးဆိုတာဟာလည်း ရေးလို့ကုန်နိုင်စရာကို မရှိပါ ဘူး။ အဲဒီတော့ နအဖ မကောင်းဘူးဆိုတာ လက်ခံရင် မပေါင်းဖို့နဲ့ သူတို့နဲ့ ဆန့်ကျင်ရာလမ်းကို သွားဖို့သာပဲရှိ ပါတယ်။ နအဖနဲ့ တူရူရာအရပ်ကို သွားတယ်ဆိုတာ သူ့ရဲ့ခရီးသွားဖေါ်အဖြစ် အဆွေခင်ပွန်းဖွဲ့တာပါ။ ဖေးမကူ ညီပြီး သူသက်ဆိုးရှည်ဖို့အတွက် အင်အားကို ဖြစ်စေတာပါ။ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ မင်္ဂလသုတ် တရားတော်မှာတော့ “အာသေဝဏာစဗာလာနံ” လူမိုက်ကို မမှီဝဲ၊ မဆည်းကပ်၊ မပေါင်းဖော်အပ်ဘူးလို့ ဟော တော်မူပါတယ်။

ဆည်းကပ်ပေါင်းဖော်မိလို့ ပျက်စီးရတဲ့ ဇာတ်လမ်းတွေလည်း ဇာတ်တော်တွေထဲမှာရော ခေတ်သစ်ဇာတ်လမ်း တွေထဲမှာပါ တွေ့ရတဲ့အပြင် လူမှုအသိုင်းအဝိုင်းတွေထဲမှာလည်း တွေ့နေရတာပါ။ မေတ္တာတရားကို ရှေ့ရှုဖို့ ဟောပေမယ့်လည်း လူမိုက်ကို စည်ရုံးသိမ်းသွင်းပြီး လိုရာရောက်အောင် ဆွဲဆောင်ယူခြင်းအားဖြင့် အောင်မြင် ရာ၏လို့ မဟောပါဘူး။ ဒါကြောင့် အမြင်တူသူချင်း၊ နအဖကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းချင်းသာ စည်းလုံးရမှာပါ။ ပြည်သူလူထုအတွင်း ညီညွှတ်မှုရှိရမှာပါ။ ဒါမှ မတရားတဲ့ အုပ်ချုပ်မှုကို တွန်းလှန်ဖြိုဖျက်နိုင်မှာဖြစ်ပါတယ်။ တ ကယ်တော့ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ NLD အဖွဲ့လည်းရှိပြီးသားပါ။ အမြင်မတူ၊ သဘာထားကွဲ လွဲမှု အနည်းငယ်ရှိနှိုင်ပေမယ့် NLD နဲ့ပဲ လက်တွဲပြီးတိုက်ပွဲဝင်တာက တရားနည်းလမ်းအကျဆုံးနဲ့ အောင်မြင် ဖို့အလွယ်ဆုံးလို့ ယူဆပါတယ်။



တဖွဲ့နဲ့တဖွဲ့ အမြင်မတူ ကွဲပြားခြားနားတာကို ညှိနှိုင်းတိုင်ပင်ပြီး ဆန့်ကျင်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ NLD ဟာ အခြေအနေအရ လိုအပ်ချက်တွေ ရှိနိုင်ပေမယ့် အခုချိန်ထိ ပြည်သူအပေါ်သစ္စာမဖေါက်ဘဲ ယုံကြည်ချက်နဲ့ ဆောင်ရွက်နေဆဲပါ။ NLD သာမက ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနဲ့ ဒီမိုကရေစီရေး တက် ကြွလှုပ်ရှားသူများဟာလည်း သူ့အတိုင်းအတာနဲ့သူ တိုင်းပြည်အတွက် စွန့်စွန့်စားစားဆောင်ရွက်နေကြတာပါ။ ဒီတော့ ပြည်သူလူထုအပေါ် စေတနာထားရင် တိုင်းပြည်တိုးတက် ထွန်းကားစေချင်ရင် ဒီမိုကရေစလိုလားသူ ချင်း စည်းလုံးညီညွတ်စွာနဲ့ နအဖကို တွန်းလှန်တိုက်ဖျက်ဖို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် တချို့ကျလည်း “ဆိုး” မှကြိုက်တယ်လို့ပြောရမလိုပါ။ ကိုယ်လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီပန်းတိုင် ဟာ နအဖနဲ့ ပူးပေါင်းကြံစည်မှပဲ ရောက်နိုင်တော့မလိုယူဆပြီး ၂၀၁၀မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်နေကြတယ်။ ပြည်သူတွေအတွက် လိုအပ်ချက်ကို နအဖနဲ့ သဘောတူညီမှုယူပြီး ဖော်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြ တယ်။ တချို့ကတော့ “၂၀၁၀ ရွေးကောက်ပွဲမှာ အုပ်ချုပ်ရေးအာဏာရဲ့ (၄၀) ရာခိုင်နှုန်းကို ဒီမိုကရေစီအင် အားစုတွေကို ခွဲဝေပေးပါ” ဆိုပြီး အာဏာကို နအဖထံမှာ လက်ဝါးဖြန့်တောင်းနေတယ်။ နအဖ က ဘယ်လို လိုက်လျောမှုမျိုးတွေများ ပေးခဲ့တဲ့သာဓကရှိခဲ့ဖူးလို့ ဒီမိုကရေစီအင်အားစုတွေနဲ့မတူဘဲ ဒီလိုတောင်းဆိုမှု ကြံစီ မှုတွေ ပြုကြသလဲ မပြောတတ်ပါ။

ကိုယ့်ရဲ့လိုအင်ဆန္ဒတခုအတွက် နအဖရဲ့လမ်းစဉ်အတိုင်းသွားတာ မသင့်တော်သလို ပြည်သူလူထုအကျိုးအ တွက် နအဖကို လိုရာရောက်အောင် ဆွဲဆောင်ယူနိုင်မယ်လို့ ယုံကြည်တာဟာလည်း စိတ်ကူးယဉ်မှု၊ မိုက်မဲမှု သာဖြစ်ပါတယ်။ ဖြစ်သင့်တဲ့လမ်း၊ ဖြစ်နိုင်တဲ့လမ်းကို မလျှောက်ဘဲ လွယ်လွယ်နဲ့ နေရာရနိုင်မယ့်လမ်းကို ရွေး နေကြခြင်းသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နေသူတွေက ရေဆန်လေဆန် လှော်ခတ်နေချိန်မှာ “ရေပေါ်လျှပ်ပြေး၊ နိုင်ငံရေး” လုပ်ဖို့ ကြိုးစားပြီး လျှပ်ပေါ်လော်လီနေကြတယ်။ တကယ် တော့ NLD အပါအဝင် နယ်စပ်အပစ်ရပ်အဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနဲ့ တသီးပုဂ္ဂလအားလုံးဟာ နအဖ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဖုတ်လေတဲ့ငပိ၊ ရှိလေတယ်လို့ မအောက်မေ့ရင် သူတို့အကြံအစည်ပျက် သွားပြီး ရှေ့လျှောက်လှမ်းဖို့ ခက်သွားမှာပါ။

တကယ်လို့ ရွေးကောက်ပွဲဖြစ်လာခဲ့ရင် ပြည်သူလူထုဟာ နအဖရဲ့ဖိအားပေးခံရလို့ ၂၀၀၈ ဆန္ဒခံယူပွဲလိုများ ဖြစ်သွားခဲ့ရင် ရှေ့ရေးဟာ စိတ်မအေးစရာပါ။ NLD အပါအဝင် ဒီမိုကရေစီအင်အားစုများ၊ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာရဲ့ တောင်းဆိုမှုတွေကို ဘာတခုမှ လိုက်လျောသေးတာ မဟုတ်ပါဘူး။ မြန်မာပြည်အရေးဟာ နိုင်ငံတ ကာရဲ့ ပူပေါင်းပါဝင်ပတ်သက်မှု လိုအပ်တာမှန်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့အလားအလာ EU ရဲ့သ ဘောထား အစရှိသဖြင့် နိုင်ငံတကာရဲ့ နိုင်ငံရေးရေချိန်နဲ့တိုက်ပြီး လုပ်ကိုင်နေရင် မူလလမ်းကြောင်း ပျောက် သွားဖို့ပဲ ရှိပါတယ်။

ဘယ်နိုင်ငံတကာကမှ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ချပေးသွားမှာ မဟုတ်ပါဘူး။ ပြည်သူတသိန်းကျော် (၁၃၈၀၀၀ ဦး) သေသွားရတဲ့ နာဂစ်မုန်တိုင်းအရေးမှာတုန်းက လူအများ အားထားမျှော် လင့်နေတဲ့ အမေရိကန်နဲ့ ဗြိတိန်၊ ပြင်သစ်တို့ရဲ့ အဆင့်မြင့်ရေယာဉ်တွေဟာ မြန်မာ့ရေပိုင်နက်အနီး ရှိနေပြီး သားတောင် မုန်တိုင်းသင့်ပြည်သူတွေကို ဝင်လာပြီး မကယ်တင်ဘဲ နအဖ သဘောမတူလို့ နောက်ကြောင်းပြန် လှည့်သွားကြတယ်။ ဒါကြောင့် နိုင်ငံတကာကို ယုံစားအားထားနေလို့မရပါဘူး။ သူတို့လည်း သူတို့အကြောင်းနဲ့ သူတို့ပါ။ ကိုယ့်အားကိုယ်ကိုးပြီးတော့သာ လုပ်ကိုင်ဆောင်ရွက်ရမှာပါ။

တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ အမြင်အယူအဆ၊ သဘောတရား၊ လုပ်ကိုင်ပုံကွာခြားနိုင်ပါတယ်။ ဒါပေ မယ့် ကိုယ်ယုံကြည်ရာ လမ်းလျှောက်လှမ်းဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်တော့ ရှိရပါမယ်။ ဆင်သေကို ဆိတ်ရေနဲ့ဖုံးတဲ့ ဆင်ခြေမျိုး၊ အကြောင်းပြချက်မျိုးကတော့ ပြည်သူကို လှည့်စားတာတမျိုးမို့ လမ်းလွဲကိုသာ ရောက်စေမှာဖြစ်ပါတယ်။ “ဒီလိုပဲကြိုးစားလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ၊ ဘာမှလည်းမပြောင်းလဲဘူး” ဆို ပြီး စိတ်ပျက်ချင်ပျက်ကြပါလိမ့်မယ်။ ပန်းတိုင်မရောက်သေးသမျှတော့ ကြာတယ်လို့ထင်နေဦးမှာပါ။ ယုံကြည် ချက်ရှိဖို့၊ ဇွဲရှိဖို့လိုပါတယ်။

အခုပဲ ခရီးအတော်ရောက်လှပါပြီ။ ညီညီညွတ်ညွတ် ဆက်ပြီးကြိုးစားရင် အောင်ပွဲခံဖို့ပဲရှိပါတော့တယ်။ နအဖ ဟာ “အရူးမီးဝိုင်း” ဖြစ်နေတဲ့အချိန်ပါ။ တကယ်တော့ ကိုယ်ကိုယ်တိုင် ဘာမှ ထိထိရောက်ရောက် မဆောင် ရွက်လှဘဲ ကြန့်ကြာတယ်ထင်နေတာကိုက အားကြိုးမာန်တက် စွန့်စွန့်စားစား အနစ်နာခံဆောင်ရွက်နေသူ တွေကို စော်ကားနေသလိုပါပဲ။ ထောင်၊ နေအိမ်အကျယ်ချုပ်ကျခံနေရသူတွေ၊ နှစ်ရှည်ထောင်ဒဏ် ကျခံနေရ သူတွေဆီက စိတ်ပျက်တဲ့ စကားမျိုး ကြန့်ကြာပြီထင်တဲ့ စကားမျိုး မကြားရပါဘူး။

“ပရိယာယ်မကြွယ်ဘူး၊ ဘာမှမပြောင်းလဲတဲ့နည်းကို တရားသေဆုပ်ကိုင်ထားတယ်၊ နည်းဗျူဟာလိုသေးတယ်၊ ရှေ့ရေးကို မသုံးသပ်တတ်ဘူး၊ အမြင်မကျယ်ဘူး” အစရှိသဖြင့် အပစ်ဆိုချင်ရင်လည်း ဆိုကြပါလိမ့်မယ်။ အ မြင်ကျယ်ကျယ်နဲ့၊ တိုင်းပြည်ရှေ့ရေးကို မျှော်တွေးလို့သာ အပြောင်းအလဲဖြစ်အောင် “တွေ့ဆုံဆွေးနွေးရေး” ကို NLD က တစိုက်မတ်မတ် တောင်းဆိုနေတာပါ။ ကလီကမာနဲ့ ဉာဏ်များပြီး တွေ့ဆုံဆွေးနွေးရေးကို ပယ်ချ ထားတာ နအဖပါ။ Constructive Engagement ဆိုတဲ့နည်းနဲ့ ချဉ်းကပ်ခဲ့တဲ့ အာဆီယံလည်း လက်လန်ပါပြီ။ အမြဲတမ်းချော့မော့၊ ဖျောင်းဖျ၊ ပူးပေါင်းခဲ့လို့ သြဇာရှိတယ်လို့ထင်ရတဲ့ တရုတ်ကိုလည်း အခုတော့ လိုလားဟန် မပြတော့ဘူး။ အမှန်တကယ် ပြောင်းလဲလိုစိတ်၊ ပူးပေါင်းလိုစိတ် ရှိတာမဟုတ်လို့ နအဖနဲ့ ပူးပေါင်းဆောင်ရွက် တဲ့ နည်းရဲ့အကျိုးရလဒ်၊ ရှေ့ရေးအလားအလာဆိုတာလည်း ဘာမှထင်ရှားရှိတာ မဟုတ်ပါဘူး။ ပူးပေါင်းလို စိတ်ရှိမှသာ အရာထင်လာနိုင်တာပါ။

လောလောဆယ် အဖြစ်အပျက်ကိုပဲကြည့်ပါ၊ ၆၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင်၊ နိုင် ငံတကာရဲ့ထောက်ခံမှုကို လှည့်စားရယူနိုင်ဖို့အတွက် အကျဉ်းသား (၇၁၁၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ တယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်အနက် (၁၂၈) ဦးသာပါတယ်။ ကုလသမဂ္ဂ၊ NLD နဲ့ နိုင်ငံတကာက တောင်းဆိုထားတာက နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ပါ။ သူတို့အာဏာတည် မြဲမှုကို ခြိမ်းခြောက်နိုင်တဲ့ အဓိကပုဂ္ဂိုလ်တွေကို လွှတ်ပေးဖို့ဆိုတာတော့ အိပ်မက်တောင်မက်မှာမဟုတ်ဘူး။ အကြိမ်ကြိမ်လိမ်ညာလှည့်ဖြားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ သူတို့တည်မြဲဖို့အတွက်သာ အမြဲတမ်းအ မြတ်ထုတ်သွားလေ့ရှိတာပါ။

နအဖရဲ့ လုပ်ရပ်အားလုံးကို ခြုံကြည့်ရင် ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်မပေးဘူး။ ပြည်သူကိုစော်ကားတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့တောင်းဆိုမှုအားလုံးကို အလေးမထား၊ မလိုက်နာဘူး။ နိုင်ငံတွင်းမှာ လူ့အခွင့်အရေးကို ပြင်းထန်စွာချိုးဖောက်၊ ရက်စက်ယုတ်မာတယ်။ ပြည်သူလူထုက အာဏာအပ် နှင်းထားတဲ့ NLD ရဲ့တောင်းဆိုချက်မှန်သမျှကို မသိကျိုးကျင်ပြုတယ်။ တိုင်းပြည်အတွက် ဘယ်ဘက်ကမှ တိုး တက်အောင် မလုပ်နိုင်ဘူး။ သယံဇာတတွေကို ကိုယ်ကျိုးအတွက် သုံးပစ်တယ်။ NLD နဲ့ ပါတီအသီးသီးကို ရုံး ဖွင့်ခွင့်၊ စည်းရုံးခွင့် ပိတ်ပင်ထားပေမယ့် နအဖကိုယ်တိုင်ကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် အစစလက်ဦး မှုရအောင် အရှက်မရှိကြိုးစားနေပြီ။

ဒါတွေကိုကြည့်ရင် နအဖဟာ အာဏာလက်မလွှတ်ရေးကလွဲလို့ ဘာလမ်းစဉ်မှမရှိဘူး၊ ဘယ်သူ့ကိုမှလည်း အာ ဏာခွဲဝေမပေးလိုဘူးဆိုတာ ထင်ရှားတယ်။ ရွေးကောက်ပွဲဟာ အလိမ်အညာပဲ။ နအဖရဲ့လုပ်ရပ်ဟာ အမှန်တ ရားလား၊ ဒါမှမဟုတ် ပြည်သူတရပ်လုံး၊ NLD၊ ကျောင်းသား၊ သံဃာတော်များနဲ့ ဒီမိုကရေစီအင်အားစုများရဲ့ ရည်မှန်းချက်နဲ့ ကြိုးပမ်းအားထုတ်မှုဟာ အမှန်တရားလား။ အမှန်တရားကို မြင်ပြီဆိုရင်တော့ .. မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခါနီးမှာ ဆုံးမစကားမြွက်ကြားသွားတာကတော့ “အမှန်တရားကို မီးရှုးတန်ဆောင်အဖြစ် လက်ကိုင် ထားပြီး မိမိကိုယ်ကိုယ်အားကိုးကြပါ” လို့ပဲဖြစ်ပါတယ်။

မောင်ဂဒိုး

Read More...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၆ / ၀၉ / ၀၉

Letter to Thanshwe

Read More...