သို့
အဖွဲ့ဝင်များ
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)
ယနေ့ (၅-၁၂-၂ဝ၁ဝ) AUN office တွင် ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲ
ဆန့်ကျင်ရေးကော်မတီ (ဂျပန်) EBC ၏ ဆုံးဖြတ်ချက်အရ အောက်ပါအစီအစဉ်
အတိုင်း အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း လေးစားစွာ ဖိတ်ခေါ်
အကြောင်းကြားအပ်ပါသည်။
နေ့ရက် - ၁၂-၁၂-၂ဝ၁ဝ (တနင်္ဂနွေနေ့)
အချိန် - နံနက် ၉ နာရီခွဲမှ မွန်းတည့် ၁၂ နာရီထိ
နေရာ - AUN office, Takadanobaba, Shinjuku
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)
Where there's political will, there is a way
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Sunday, December 5, 2010
EBC Meeting Invitation (12-12-2010) [1 Attachment]
လူ့အခွင့်အရေးများနေ့” အခမ်းအနား (တိုကျို) တွင် ပါဝင်လှုပ်ရှားကြပါရန် ဖိတ်ခေါ်ခြင်း
၆၂ နှစ်မြောက် “လူ့အခွင့်အရေးများနေ့” အခမ်းအနားကို ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ အခြားနိုင်ငံခြားသား အဖွဲ့အစည်းများနှင့်အတူ အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ တခဲနက် ပါဝင် လှုပ်ရှားကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက် - ၁ဝ-၁၂-၂ဝ၁ဝ (သောကြာနေ့)
အချိန် - ညနေ ၃ နာရီမှ ၄ နာရီခွဲထိ
နေရာ - UN University ရှေ့ကွက်လပ် Shibuya, Tokyo, Japan
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်) (EBC)
Monday, November 22, 2010
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မှတ်တမ်း-၂၁-၁၁-၂ဝ၁ဝ
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)
အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မှတ်တမ်း
၂၁-၁၁-၂ဝ၁ဝ
Recycle Center, Takadanobaba, Shinjuku-ku, Tokyo, Japan
1. ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ သက်တမ်းကို ရွေးကောက်ပွဲ ရလဒ်များ
အတည်ပြုနိုင်သည်အထိ တိုးမြှင့်လိုက်ပါသည်။
2. ကော်မတီအနေဖြင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မူလရည်ရွယ်ချက်များအရ
ဆက်လက် လုပ်ဆောင်နေသည့် တချိန်တည်းမှာပင် ကော်မတီ၏ ၁၄-၁၁-၂ဝ၁ဝ ထုတ်ပြန်
ကြေညာချက်အတိုင်း ပြည်သူအားလုံး ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိနိုင်ရေးအတွက်
(က) ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် ပူးပေါင်းပံ့ပိုး လှုပ်ရှားခြင်းနှင့်
(ခ) မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း မတရားဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်သော
ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ
အမြန်ဆုံး ပြန်လွှတ်ပေးရန် လှုပ်ရှားခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်နေမည် ဖြစ်သည်။
3. အထက်ဖော်ပြပါအကြောင်းရင်းများမှ ထွက်ပေါ်လာနိုင်မည့် အကျိုးတရားကောင်းများကို မျှော်ကိုးလျက်
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများအကြား တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန်
ယုံကြည်မှု၊ လေးစားမှု၊ ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ တာဝန်ခံနိုင်မှုနှင့် လူ့အခွင့်အရေးများ ဆိုင်ရာ
လွတ်လပ်မှု အစရှိသည့် ဒီမိုကရေစီ အခြေခံစံနှုန်းများအတိုင်း ပိုမို ညီညွတ်စွာ ပူးပေါင်းလှုပ်ရှားရန်
မရှိမဖြစ် လိုအပ်လာပါသည်။
4. သို့ပါ၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ အဓိက လုပ်ငန်းစဉ်များဖြစ်သော
အစည်းအဝေးနှင့် အကောင်အထည်ဖော် လှုပ်ရှားမှုများတွင် ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ
လူပုဂ္ဂိုလ် တဦးချင်းအား၎င်း၊ အဖ့အွဲ စည်းများအား၎င်း ယနေ့မှစ၍ အနာဂတ် နိုင်ငံရေး လှုပ်ရှားမှုများ၌
ညီနောင်သားရင်းများသဖွယ် ပြန်လည် ပါဝင်ပူးပေါင်းကြပါရန် နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်
ပါသည်။
5. လာမည့် တနင်္ဂနွေနေ့ (၂၈-၁၁-၂ဝ၁ဝ) တွင် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏
အစည်းအဝေး ကျင်းပမည် ဖြစ်ပါသည်။ (အစည်းအဝေး အကြောင်းကြားစာကို သီးခြားပေးပို့ပါမည်)။
ထို့ပြင် အခါအားလျော်စွာ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပရန်လည်း ဆုံးဖြတ်ပါသည်။
6. ၂၃-၁၁-၂ဝ၁ဝ နေ့တွင် လှုပ်ရှားမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို
ထောက်ခံပွဲ” တွင် အောက်ပါအစီအစဉ်များကို ဆုံးဖြတ်အတည်ပြုပါသည်။
အခမ်းအနားမှူးများအဖြစ် ဦးဇော်မင်းထွန်းနှင့် ဒေါ်ကျင်ဟောက်လွန်
ဒေါ်အောင်ဆန်းစုကြည်အား အပြည့်အဝ ထောက်ခံကြောင်း ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ
အရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ ဖတ်ကြား၍ လက်မှတ်
ရေးထိုးကြပါမည်။ (ဖတ်ကြားသော ထုတ်ပြန်ချက်များကို စာအုပ်အဖြစ် စုစည်းမည် ဖြစ်သော
ကြောင့် မိတ္တူတစောင်စီ ပေးပါရန်။)
ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်ပို့မည့် “လူထုအသံ” အော်တို (Auto) စာအုပ်တွင်
မည်သူမဆို၊ မည်သည့် နိုင်ငံသားမဆို မိမိတို့ တဦးချင်းအနေဖြင့် ပြောဆိုမှာကြား အကြံပေးလို
သည်များကို ရေးသားကြပါမည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူများအားလုံးအပြင် နိုင်ငံတကာအသိုင်းအဝိုင်း
ကပါ ကြည့်ရှုနိုင်မည့် ဗီဒီယိုနှင့် ဓါတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးပါမည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ
မြန်မာ အာဏာပိုင်များ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊
နိုင်ငံရေး ပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာ
တစောင် စုစည်း ထုတ်ပြန်ပါမည်။ (ဖတ်ကြားမည့်သူ - ဦးလွင်အောင်စိုး)
ကြိုဆိုထောက်ခံပွဲသို့ မိမိတို့အစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို ယူဆောင်
လာကြပါရန် အကြောင်းကြားအပ်ပါသည်။
ကြိုဆိုထောက်ခံပွဲတွင် We stand with Daw Aung San Suu Kyi စာတမ်းနှင့်
ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရှိသော T-shirt များကို ဝတ်ဆင်နိုင်ရေးအတွက် စီစဉ်ထား
ပါမည်။
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ
ဆက်သွယ်မေးမြန်းရန် - 090-4964-9718, 090-9813-7192, 080-4005-7098, 080, 090-2525-1966,
080-5404-6600, 090-6031-4394, 080-5070-0080, 090-6040-8282, 090-5318-5054,
080-5888-3925.
၂ဝ၁ဝရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ(ဂျပန်)၏ သက်တမ်းတိုးမြှင့်
Sunday, November 21, 2010
၂ဝ၁ဝရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ(ဂျပန်)၏ သက်တမ်းတိုးမြှင့်
ယနေ့ ၂၁ရက် နိုဝင်ဘာလ၂၀၁၀ခုတွင် ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ(ဂျပန်)အနေဖြင့် ရွေးကောက်ပွဲ ပြီးဆုံးသွားသော်လည်း ရွေးကောက်ပွဲ မသမာမှုများကို ဆက်လက် စုံစမ်းဖေါ်ထုတ်ရန် အလို့ငှာ ကော်မတီ၏ သက်တမ်းကို ဆက်လက်တိုးမြင့်လိုက်ပါသည်။
ကော်မတီအနေဖြင့် ရွေးကောက်ပွဲ မသမာမှုများကို စုံစမ်းဖေါ်ထုတ်သွားပါမည်။ တဖက်မှလည်း ပြည်တွင်းရှိ ပြည်သူတို့၏ အခြေအနေများကို သုံးသပ်ရင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လမ်းညွှန်မှုနှင့်အတူ စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက်လည်းကောင်း၊ မတရား ဖမ်းဆီးထောင်ချခြင်း ခံနေရသော နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး တောင်းဆိုရေး လုပ်ငန်းများ ကိုလည်းကောင်း ဆက်လက် လှုပ်ရှားလုပ်ကိုင်သွားမည်။
သို့ဖြစ်ပါ၍လည်း ကော်မတီအနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် စိတ်ပါဝင်စားစွာ ပေါင်းပူးဆောင်ရွက်လိုသော မည့်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကိုမဆို လှိုက်လှဲစွာ ဖိတ်ခေါ်လျက်ရှိပြီး စည်းလုံး ညီညွတ်စွာဖြင့် ဒီမိုကရေစီ လမ်းစဉ်နှင့်အညီ ပူးပေါင်းဆောင်ရွက် လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရပါသည်။
သတင်းမှတ်တမ်း။ ။AYE NANDAR AUNG
ဓါတ်ပုံ။ ။MAI KYAW OO
Saturday, November 6, 2010
(JTUC-RENGO)နှင့် မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ ဆုံဆွေးနွေး
Friday, November 5, 2010
(JTUC-RENGO)နှင့် မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့်တွေ့ ဆုံဆွေးနွေး
၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ ညနေ (၅)နာရီ (၁၅)မိနစ်တွင် တိုကျိုမြို့  ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယုတက ဘန်နို နှင့် JTUC-RENGO ကိုယ်စားလှယ်များ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး အင်းအားစုများ အကြား လာမည့်(၀၇-၁၁-၂၀၁၀)နေ့ တွင် မြန်မာ စစ်အုပ်စုမှ မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။
အထက်ပါ ဆွေးနွေးပွဲကို မကြာခင်ကာလက ဟော်လန်နိုင်ငံ ဘရတ်ဆယ်မြို့တွင် ကျင်းပ ပြီးစီးခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် (ITUC)၏ ဆုံးဖြတ်ချက် နှင့်အညီ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FTUB)၏တင်ပြ အကူအညီ တောင်းခံချက်အရ တကမ္ဘာလုံးရှိ ITUC မှမိမိတို့ သက်ဆိုင်ရာ နိုင်ငံအလိုက် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲ ကိုဆန့်ကျင် ကန့်ကွက်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (JTUC-RENGO)၊မြန်မာ့ရေးရာရုံး-ဂျပန် နှင့် ၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (EBC-JAPAN)တို့နှင့် ညှိနှိုင်း၍ ဤဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင် ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲသို့  ဂျပန်နိုင်ငံအစိုးရဘက်မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယုတခ ဘန်နို နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနတာဝန်ခံများ တက်ရောက်ခဲ့ပြီး JTUC-RENGO ကိုယ်စား အထွေထွေအတွင်းရေးမှူး မစ္စတာ ဟီရိုယုခိ နဂမို နှင့် နိုင်ငံခြားရေးရာ ညွှန်ကြားရေးမှူး မစ္စတာ မာစယုခိ ရှီယိုတာ တို့ ကဦးဆောင်၍ မြန်မာ့ရေးရာရုံး ဒါရိုက်တာ ဒေါက်တာမင်းညို၊ ဒေါ်ခင်ဆွေအေး (FTUB JAPAN REP.) ၊ ဦးထင်ကျော်(ဒု-ဥက္ကဌ-NLD-LA-JAPAN)၊ ဦးမိုင်ကျော်ဦး (NDF-Japan/AUN)၊ ဦးမြင့်မောင်(အထွေထွေအတွင်းရေးမှူး-LDB)၊ ဦးမင်းမျိုးချစ်(ဥက္ကဌ-PMNS-Japan/AUN)တို့ တက်ရောက် ခဲ့ကြပြီး ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးကော်မတီ(EBC-JAPAN)ကိုယ်စား ဦးမြတ်သူ(DPNS-JAPAN) နှင့် ဦးဘုန်းလှိုင်(ဒု-ဥက္ကဌ-FWUBC) တို့ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲမှာ JTUC-RENGO အထွေထွေအတွင်းရေးမှူးမှ မြန်မာ့အရေး ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ကြောင်း မိတ်ဆက်ပြီး မြန်မာ့ရေးရာရုံး ဒါရိုက်တာ ဒေါက်တာမင်းညိုမှ နအဖ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်ပြုလုပ်မည့် ၂၀၀၈ အခြေခံ ဥပဒေ အပေါ်အခြေခံသည့် ရွေးကောက်ပွဲဖြစ်၍ မိမိတို့ အနေနှင့် ဆန့်ကျင်ကြောင်း နှင့်လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဖိအားမပေးပါက နအဖ အနေဖြင့် တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စိတ်ဝင်စားမည် မထင်ကြောင်း လုံလောက်သော ဖိအားပေးမှသာ စစ်မှန်သောတွေ့ ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန်အတွက် ဖိအား များများပေးစေလိုကြောင်း-ဥပမာ-Selected Sanction – အကန့် အသတ်နှင့် စီးပွားရေးပိတ်ဆို့ မှုပြုလုပ်ခြင်းမျိုးကို ပြုလုပ်စေလိုကြောင်း ဥပမာပေး ပြောကြားသွားသည်။
NDF-JAPAN ကိုယ်စားလှယ် ဦးမိုင်ကျော်ဦးမှ- မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကို တိုင်းရင်းသားများ အနေဖြင့်လည်း လက်မခံနိုင်ကြောင်း အဆိုပါ ရွေးကောက်ပွဲအပြီးတွင် ဆက်လက်ကျင့်သုံးမည့် ၂၀၀၈ အခြေခံ ဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံ ထားခြင်းမရှိကြောင်းနှင့် အဆိုပါ ရွေးကောက်ပွဲ အပြီးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမျာတို့ကို နအဖ စစ်တပ်မှ စစ်ရေးဖြစ် ဖြေရှင်းနိုင်သည့် အလားအလာ အလွန်များကြောင်း နအဖ တို့က လက်နက်ကြီးများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်စခန်းများ အနီးသို့ ရွှေ့ပြောင်း နေရာချထား လျှက်ရှိကြောင်း နှင့် အဆိုပါစစ်ပွဲ မဖြစ်ပွားစေရန် ဂျပန်နိုင်ငံအစိုးရမှ အကူအညီ ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး ကော်မတီကိုယ်စား ဦးမြတ်သူမှ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်သန်းရွှေ တို့အကြားဆွေးနွေးပွဲ ဖြစ်မြောက်ရန် ရွေးကောက်ပွဲ မတိုင်ခင်ရော နောက်ပိုင်းတွင် ပါ ဂျပန်နိုင်ငံအစိုးရမှ နအဖ အားဖိအား အဆက်မပြတ် ပေးစေ ချင်ကြောင်းနှင့် ရွေးကောက်ပွဲဆန့် ကျင်ရေးကာလာမှ ပြီးဆုံးသွားပြီဟု မိမိအနေဖြင့် ယူဆကြောင်း နှင့် ရွေးကောက်ပွဲ ကာလ နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီး အရေးယူ ထောင်ချမှုများ ညှင်းပမ်း နှိပ်စက်မှုများ ပိုမိုတိုးပွားလာမည့် အလားအလာများ အလွန်များလျှက် ရှိသောကြောင့် ထိုသို့ မဖြစ်လာစေရန် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် နအဖ အား ဖိအားပေးရန် မြန်မာနိုင်ငံ အတွင်းမှ မေတ္တာရပ်ခံ လာပါကြောင်း ပြောကြားသွားပါသည်။
ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးမှ ပြန်လည် ဆွေးနွေးရာတွင် မိမိအနေဖြင့် ယခု လွှတ်တော် အစည်းအဝေး ကျင်းပနေချိန် အတွင်းလာရောက် တွေ့ဆုံခြင်းဖြစ်ပြီး မိမိအားတကူးတက စောင့် ပေးသည့်အတွက် ကျေးဇူး အထူးတင်ပါကြောင် ပြောကြားပြီး မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အာရှ တိုက်တွင် အလွန်ရင်းနှီးသော နိုင်ငံများဖြစ်ကြောင်း ယနေ့ ကြွရောက်လာသော ခေါင်းဆောင်များ အနေဖြင့် ရှေ့မတိုး နောက်မဆုတ်နိုင် ဖြစ်နေသော မြန်မာနိုင်ငံ အခြေအနေအတွက် အလွန်စိုးရိမ် ပူပန်လျှက်ရှိသည်ကို မိမိအနေဖြင့် သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံအရေးကို ဝန်ကြီးချုပ် ခန် နှင့် နိုင်ငံခြားရေးဝန်ကြီး မိုင်းဟာရ တို့နှင့် တိုင်ပင်၍ ဆောင်ရွက်လျှက် ရှိပါကြောင်း ပြီးခဲ့သော (၃၀-၁၀-၂၀၁၀) အေပက် ညီလာခံတွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ ဆုံပြီး ဂျပန်နိုင်ငံ၏ သဘောထားကို ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း ဖိအားပေး နေပါကြောင်း ကုလသမဂ္ဂတွင် မစ္စတာကင်တားနားမှ တင်ပြထားသော မြန်မာပြည်ဆိုင်ရာ လူ့ အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ရန်ကိစ္စကို အလေးထား ဆွေးနွေးနေပါကြောင်း အခုအချိန်အထိ တံခါးဖွင့်ထားဆဲ ဖြစ်ပါကြောင်း မိမိအနေဖြင့် မြန်မာနိုင်ငံသားများနှင့် ထပ်တူထပ်မျှ ခံစားချက်ရှိပါကြောင်း ကိုယ်ချင်းစာပါကြောင်း ပြောကြားသွားပါသည်။
သတင်းမှတ်တမ်း ။ ဘုန်းလှိုင်-FWUBC
Friday, November 5, 2010
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထား သတင်းစာရှင်းလင်းပွဲ
၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၄)ရက်။
ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ သဘောထား တင်ပြသည့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ဂျပန်အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ ဌာနချုပ် (JTUC-RENGO)နှင့် မြန်မာ့ရေးရာရုံး BOJ တို့မှ ဦးစီး၍ တိုကျိုမြို့ရှိ ဂျပန် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ ဌာနချုပ် (RENGO)ရုံးတွင် ၃း၀၀ နာရီ မှ ၄း၃၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ ရပ်တည်ချက် သဘောထားကို မိုင်ကျော်ဦးနှင့် ဦးလှအေးမောင်တို့မှ ရှင်းလင်း တင်ပြသွားပြီး NLD ရပ်တည်ချက် သဘောထားကို ဦးလှဟန်မှ တင်ပြသွားပါသည်။ဦးကျော်ကျော်စိုးမှ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စရပ်များတို့ကို ရှင်းလင်းတင်ပြသွားပြီး Dr.မင်းညှိမှ ပြည်တွင်း အခြေအနေများနှင့် တိုင်းရင်းသားဒေသ အခြေအနေများကို ရှင်းလင်းတင်ပြသွားပါသည်။
၂၀၁၀ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ပိုမိုသက်စိုးရှည်စေပြီး တရားဝင် အတည်ပြုမည့် ရွေးကောက်ပွဲ ဖြစ်သည့်အတွက် လုံဝဆန့်ကျင် ကန့်ကွက်ကြောင်း နှင့် လက်မခံနိုင်ကြောင်း ဂျပန်နိုင်ငံရောက် ဒီမိုကရေစီရေး အင်အားစုများက တညီတညွတ်တည်း အတည်ပြု ရှင်းပြသွားကြသည်။ ထိုသို့ရှင်းပြရာတွင် အဓိကပြဿနာမှာ ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဖြစ်ပြီး အဆိုပါ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လက်ရှိအခြေအနေအတိုင်း လက်မခံနိုင်ကြောင်း ၊ အဆိုပါ ၂၀၀၈ အခြေခံဥပဒေပါ
(၁)စစ်တပ်အား တရားဝင် အာဏာသိမ်းခွင့်ပေးထားခြင်း
(၂)စစ်တပ်မှ မြန်မာ့နိုင်ငံရေးတွင် ဦးဆောင် ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်း များကို မည်သို့မျှ လက်မခံနိုင်ကြောင်း နှင့် အဆိုပါဖွဲ့ စည်းပုံအခြေခံဥပဒေကို လူထုကိုယ်စားပြု နိုင်ငံရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်း၍ ပြန်လည်ပြင်ဆင်ပြီး နောက်ပိုင်းတွင် ပြုလုပ်သော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ပါဝင်ထောက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပြည်တွင်းပြည်ပ မြန်မာ့နိုင်ငံရေး အင်အားစုများ အားလုံးက ကြေငြာထား ပြီးဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။
ယနေ့ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲကို
NHK ၊ TBS ၊ DVB သတင်းဌာနများမှ လာရောက်၍ဗွီဒီယိုမှတ်တမ်းတင်ခဲ့ပြီး အခြားသောဂျပန်သတင်းဌာန (၅)ခုမှလည်းလာရောက်သတင်းယူသွားခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo (PNS-Japan)
http://news.tbs.co.jp/newseye/tbs_newseye4568503.html
今月7日、20年ぶりにミャンマー軍事政権が行う総選挙について、日本に滞在するミャンマー人の民主活動家の団体などが4日、共同で会見し、「選挙は不公正」だと改めて強調しました。
ミャンマー総選挙への統一見解を発表したのは、在日ミャンマー人の民主活動家らの30団体で、選挙は「不公正で非民主的だ」とあらためて主張しました。
今回の選挙には、自宅軟禁中の民主化運動指導者アウン・サン・スー・チーさんをはじめ、2100人の政治犯が排除されているほか、多くの少数民族政党が除外されています。また、軍政が治安の悪さを理由に、ミャンマーにある村の全体のおよそ24パーセント、3000以上の村で投票中止を決めているとして、選挙に対する抗議活動を続けています。
「(選挙が実施されれば)ミャンマーで内戦が起きる可能性が高いということを日本政府に理解してもらいたい」(国民民主連盟解放地域 日本支部 ラー・ハン氏)
また、主にタイや中国の国境沿いに住む少数民族には選挙への不満が高まっていて、軍政側との武力衝突に発展する可能性もあると話しました。会見に集まった団体では、日本政府に対し、選挙結果を受け入れず、軍事政権に圧力をかけるよう求めています。(04日22:08)
Saturday, October 16, 2010
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးမြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ - (တိုကျို၊ ဂျပန်)
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး
မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ - (တိုကျို၊ ဂျပန်)
မြန်မာပြည်သူတို့၏ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ရွေးကောက်ပဲကွို စစ်အာဏာရှင်
အာဏာရူးတို့က လာမည့် နိုဝင်ဘာလ (၇)ရက် တနင်္ဂနွေနေ့တွင် ကျင်းပပါတော့မည်။ ဤရွေးကောက်ပွဲမှာ
စစ်အာဏာရှင်တို့က မဖြစ်မနေ ကျင်းပရသော ရွေးကောက်ပွဲ မဟုတ်ပဲ ၎င်းတို့ စိတ်ကြိုက်အနေအထားရ၍
တရားမဝင် အာဏာသိမ်း အုပ်စုမှ တရားဝင် အစိုးရဖြစ်လာအောင် မတရားမှုပေါင်းစုံဖြင့် ကျင်းပမည့်
ရွေးကောက်ပွဲ ဖြစ်သည်။
ဤသို့သော နိုင်ငံရေးအခင်းအကျင်းတွင် ဒီမိုကရေစီ လိုလားသော ပြည်သူတို့အနေဖြင့် လုံးဝဥဿုံ
လည်စင်းခံ အလျှော့ပေး၍ မဖြစ်ပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ရပါမည်။ ဒီမိုကရေစီ
ဘက်ခြမ်းတွင် ပြတ်ပြတ်သားသား ရပ်တည်၍ အာဏာရှင်တို့၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်
တိုက်ဖျက်ရပါမည်။
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ဖြစ်နိုင်သမျှ နည်းလမ်းများစွာဖြင့် အားတက်သရော
ကြိုးပမ်းလျက်ရှိပါသည်။
ဆန့်ကျင်တိုက်ဖျက်ရာတွင် စည်းစနစ်ကျနစွာဖြင့် ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်လျက်
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲတရပ်ကို ကျင်းပမည်ဖြစ်ပြီး
ဆွေးနွေးပုံ အသေးစိတ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ကာ YouTube, Internet TV အစရှိသည့်
ဆက်သွယ်ရေး နည်းလမ်းများဖြင့် မြန်မာနိုင်ငံ ပြည်တွင်းသို့၎င်း၊ အခြားနိုင်ငံအရပ်ရပ်သို့၎င်း ဖြန့်ချိပြီး
လူထုနှိုးကြားမှုကို အားဖြည့်ဆောင်ရွက်ပါမည်။
သို့ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည့် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲသို့ မည်သူမဆို တက်ရောက်
ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
နေ့ရက် --- ၁၇-၁ဝ-၂ဝ၁ဝ (တနင်္ဂနွေနေ့)
အချိန် --- နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ
နေရာ --- Recycle Center 4 F, Takadanobaba, Shinjuku, Tokyo
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)
နေ့စွဲ - ၁၄-၁ဝ-၂ဝ၁ဝ
Sunday, September 12, 2010
The Statement on Commemoration of 62th Anniversary on International Human Rights Day
The Statement on Commemoration of 62th Anniversary on
International Human Rights Day
December 10, 2010
On this auspicious of the 62th anniversary of International Human Rights day, we, the Burmese pro-democracy activists in Japan express our strong believe in freedom and human rights as a basic foundation for peace and stability of the whole world.
The current military regime in Burma (Myanmar) has violated the human rights systematically so that the people of Burma have faced political, social, educational, health and economic crisis for more than two decades.
Although the article 19 of Universal Human Rights Declaration clearly stated that everyone has right to freedom of expression and seek, receive and impart information, the people of Burma cannot benefit this right. For example, when 1991 Nobel Peace laureate and democracy leader Aung San Suu Kyi was released from house arrest on November 13, 2010, local weekly journals posted that news extensively. So, the several journals have been suspended by the military authorities a couple of weeks ago.
Restrictions on communication and losing the right to get information hinder the development of individual and society. Burma will become a stable society and developed one when the freedom prevail and human rights were guaranteed.
So, we, Burmese pro-democracy activists in Japan declare that we shall try restoration of freedom and human rights in our country, furthermost.
Burmese Pro-democracy Activist in Japan
၆၂ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်
ဒီဇင်ဘာ ၁၀ ၊ ၂၀၁၀ ခုနှစ်
၆၂ နှစ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် ထုတ်ဖော် ပြောဆိုလိုသည်မှာ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးသည် ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် အခြေခံ အကျဆုံးသောအုတ်မြစ်ဖြစ်သည်ဟု ခိုင်မာစွာယုံကြည်ထားသည် ဆိုသည့်အချက်ဖြစ်သည်။
မြန်မာနိုင်ငံကို အုပ်ချုပ်နေသောလက်ရှိစစ်အစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျဖြင့်ကျူးလွန်နေ သောကြောင့် မြန်မာပြည်သူပြည်သားများသည် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် အကျပ် အတည်းများစွာဖြင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ တွင်ဖော်ပြထားသည့် လွတ်လပ်စွာ သဘောဆန္ဒထုတ်ဖော်ပြသခွင့်နှင့် သတင်းအချက်အလက်ရယူပိုင်ခွင့်များချိုးဖောက်ခံနေရပေသည်။ ထင်ရှားသည့် သာဓကတခုမှာ ၁၉၉၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံဝင် ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာခဲ့သည့်သတင်းအား မြန်မာနိုင်ငံတွင်းအပတ်စဉ်ထုတ် ဂျာနယ်များ တွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့သည့်အတွက် ဂျာနယ်အချို့ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခံခဲ့ရခြင်းဖြစ်သည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်သိရယူပိုင်ခွင့်တားမြစ်ခံရခြင်း ဆုံးရှုံးနေရခြင်းများသည် လူတဦးချင်းစီနှင့် လူ့အဖွဲ့အစည်းတိုးတက်ဖွံ့ဖြိုးရေးကိုထိခိုက်နစ်စေပေသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်မှုထွန်းကားပြီး လူ့အခွင့်အရေးအတွက် အာမခံချက်များရှိပါက တည်ငြိမ်သောလူမှုအသိုင်း အ၀ိုင်းတည်ဆောက်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်များရရှိလာနိုင်မည်ဖြစ်သည်။ ထိုသို့သောအခြေအနေများ ရှိမှသာ အာရှဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အထောက်အပံ့ပြုရာရောက်ပေမည်။
ထို့ကြောင့် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်မှုနှင့် လူ့အခွင့်အရေးများ ထွန်းကားရေးအတွက် အစွမ်းကုန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာ့ဒီမိုကရေစီအင်အားစုများ
ဂျပန်နိုင်ငံ


