Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Sunday, September 13, 2009

ကျမနဲ့ စကားအခြေအတင် နှင့် နိုင်ငံရေးစစ်ရေးပညာရှင်များ--ဟူသည်

ကျွန်တော် ဒီဆောင်းပါးကို လေးစားစွာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်။

ဘုန်းလှိုင်


ကျမနဲ့ စကားအခြေအတင် နှင့် နိုင်ငံရေးစစ်ရေးပညာရှင်များ--ဟူသည်

Friday, August 28, 2009

ကျမ လွန်ခဲ့တဲ့နှစ်ရက်လောက်က အမေရိကန် က ကျမတို့ ရဲ့ရဲဘော်တစ်ဦးနဲ့ စကားအခြေအတင်ပြော ဖြစ်ခဲ့ကြ ပါတယ်။သူနဲ့ကျမလူခြင်းခုမှတွေ့ ဖူးပေမဲ့ ကျမတို့တတွေကလူရင်း တွေပဲပေါ့ နင်ဘာလုပ်ခဲ့လဲငါဘာလုပ်ခဲ့လဲလို့ မေးခွန်းနှစ်ခုကြားမှာပဲ လူရင်းတွေဖြစ်သွားပါတယ် ၈-၈-၈၈ထဲက ခင်လာခဲ့တဲ့သူတွေပမာပေါ့ ဒါဟာဒီမိုကရေစီ အရေးပုံကာလမှာ တိုက်ပွဲဝင်ရဲဘော်အားလုံးရဲ့ သွေးကစကားတွေ လို့ ပြောလို့ ရပါတယ်။

ဒါပေမဲ့ ဖြတ်သန်းခဲ့တဲ့ပုံစံခြင်းခြားနားတဲ့အပေါ်မှာကျမကို အဲဒီ့ရဲဘော်က စေတနာစောဒက တွေနဲ့ နင်နိင်ငံခြား
ကိုသွား ///သွားသင့်တယ် လို့ စတင်တိုက်တွန်းတော့တာပါပဲ ။ သူကိုယ်တိုင်က မြန်မာပြည်မှာ ဦးဆောင်ခဲ့တဲ့
ကျောင်းသားခေါင်းဆောင်တွေထဲကတစ်ဦးအပါအ၀င်ဖြစ်သလို တောထဲတောင်ထဲမှာလည်းသေနတ်ဆွဲပြီးငတ်
ခဲ့သူပေပဲဆိုတော့ သူ့ စေတနာစကား ကျမလက်ခံနားကြားနိုင်ပါသေးတယ်။ဒီနေရာမှာ အာပလာလို့ ကျမပြော
လေ့ရှိတဲ့ နိုင်ငံရေးအတုအယောင် ၊ခိုလုံခွင့်အတွက်နိုင်ငံရေးဟန်ပြ၊ဘ၀ရပ်တည်ရေးအတွက် နိုင်ငံရေးလို့ ကြွေး ကျော်သူကများ လာပြောရင် ဖြင့် ကျမ ပါးစပ်ပေါက် နဲ့  တွေ့ ဦးမှာ --တွေ့ ကို တွေ့ ဦးမှာ --ပေါ့

အကြေအလည် ဆွေးနွေးခဲ့ရပုံများကဖြင့် သူပြောတာ'' ငါတို့ တွေ နိုင်ငံခြားမထွက်ခင်က ငါတို့ ကိုယ်င့တို့ သိတ်
ဟုတ်လှချည် ထင်ခဲ့တာဟ ဟိုလည်းရောက်ရော ငါ တို့ သိထားတက်ထားတာတွေ ဘာမှမဟုတ်မှန်း သိတော့
တယ်။ နင်တို့ လည်း ကိုယ်ထင်ထားတဲ့ ကိုယ်မြင်တဲ့ ခြုံပုတ်လေးလောက် ကိုကြီးတယ်ထင်မနေနဲ့  သွား နိုင်ငံ
ခြား တိုင်ပြည်တခုခု သူတို့ ဘာသာစကားတွေ မသင်ရတဲ့ အမေရိကန် ကနေဒါ လို မျိုး နိုင်ငံတွေ သွားစမ်းပါ
နင့်သမီးတွေ ခုချိန် ထက်ထက်မြတ်မြတ်နဲ့ ပညာ သင်နေရမဲ့အရွယ် ''--- တဲ့
"ကျမ ပြန်ပြောဖြစ်ပါတယ် နိုင်ငံခြား ဆိုတာကျမလည်းမက်ပါတယ် တိုးတက်မယ် ခေတ်မှီမယ် ကျမမှာ မရှိတဲ့
ပညာရပ်တွေလည်းရမယ် ကျမသမီးလေးတွေလည်း ဖွံ့  ဖြိုးတိုးတက်မှုပိုမယ် ဆိုတာကိုပေါ . ဒါပေမဲ့ ကျမငယ်
စဉ်ကတည်း က ဒီ ဒီမိုကရေစီဆိုတဲ့ လမ်း ကိုလျောက်ခဲ့တယ် နိုင်ငံရေးဆိုတာသိခြင်း နားလည်ခြင်းမရှိပဲကိုယ့်
ရှေ့လူတွေ အတုံးအရုံးသေတာတွေ တွေ့  ပြီး မခံချင်စိတ်ဖြစ်ခဲ့ရာက ခု ထိကျမမှာမပြီးသေးတဲ့တာဝန်တွေအ
လားခံစားနေရတုန်းပဲ -ကျမ လိုပဲ ရဲဘော်အသီးသီးကဖွံ့ ဖြိုးတိုးတက်ဖို့ နိုင်ငံခြားသွားသူတွေ ကြည့်ပဲ ဆိုရင်?''
အဲဒီ့မှာ သူက ထပ်ပြောပါတယ် ''ညီမတို့ မှာ CAPACITY & EDUCATION အများကြီးလိုသေးတယ် အကို
တို့ တိုင်းပြည်အတွက် ဒါတွေ အရေးကြီးတာ သူများနိုင်ငံတွေ ကြည့်အကိုတို့ တွေ သိတ်ကိုနောက်ကျနေတာ''
ဆိုပြီး ကျမ ကို တိုးတက်စေ့ချင်တဲ့စေတနာ ထပ်ပြောပြန်ပါတယ်
ကျမ ကနောက်ထပ် ထပ်ပြီးအကြောင်းပြချက်ပေးပါတယ် "ကျမတို့ ရဲ့ရည်ရွယ်ချက်ဟာဒီမိုကရေစီရဖို့ ရည်ရွယ်ခဲ့တာပါ ပညာရှင်ကြီးဖြစ်ရမယ် ငါတို့ ဘ၀တွေ တိုးတက်မြင့်မားရမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ 
ဒီလမ်းကိုလျောက်ခဲ့တာမဟုတ်ပါဘူး" ကျမသမီးတွေ ပညာရေး သူတို့ ဖာသာကြိုးစားရပါလိမ့်မယ် အကြီး
ကိုလည်းကျမအသိတွေပေးထားတယ် အငယ် ကို လည်း ဒီနိုင်ငံမှာပဲပြုစုပျိုးထောင်ပါမယ် အလင်းမ၀င် လက်
နက်မချရတဲ့နည်း နဲ့  ပြန်ဝင်ရမယ် ဆို မြန်မာပြည်ပဲပြန်မှာပါ ။ ၂၀၁၀ ကို မဆိုလိုပါဘူး ကျမတို့ ပြန်ရမဲ့နေ့ ရှိ
လာဦးမှာပါလို့  ကျမ ယုံကြည်ပါတယ် ဘာ့ကြောင့်လဲ ဆိုရင် မြန်မာပြည် က ကိုယ်ပြည် ကိုး ဒါ့အပြင်တဆက်
တည်း စကားကျွံခြင်းမဖြစ်ရအောင် နေလို့ ရသရွေ့  အကြပ်အတည်းမကြီးမားသရွေ့ ကျမ နေနေဦးမှာပါ လို့ 
ပြောဖြစ်ခဲ့ပါတယ် ။အဲဒီ့လို့ပြောတဲ့ အခါ သူလက်လျော့ သွားတယ်ထင်ပါတယ် ကျမ ကအယူအဆ နဲ့ပြောနေ
တာ မဟုတ်ပါဘူး ယုံကြည်ချက်နဲ့ ပြောနေတာပါ ။
ဒါကတော့ကျမယုံကြည်ချက်ထဲက ပြည်ပနိုင်ငံတစ်ခု ကိုထွက်သွားပြီး ကျမကိုယ်ကိုယ်ဖြည့်ဖို့ ထက်တော်လှန်
ရေးအပြီးသတ်ဖို့ သာ ပို လို အပ်တယ်ဆိုတဲ့ တစ်ချက်ပေါ့ ။နေမရလို့ ရပ်တည်ဖို့ မပြေလည်လို့ နိုင်ငံခြားထွက်
ရသူတွေ ကို စာနာနားလည်ပေးနိုင်ပေမဲ့ ငါတို့ တော်လှန်ရေးဝေးသေးပါတယ်ကွာ မပြီးနိုင်သေးပါဘူး ဒီတော့
တို့ ပညာရေးနဲ့ ဘ၀မြင့်ရေးအဓိက လို့  ပြောလာမဲ့ / တဲ့ သူတွေ အတွက်တော့ အားတော့နာပါတယ် --
တိုင်းပြည်ကိုပြန်မလာတာအကောင်းဆုံးပါပဲ ။ အဲဒီ့ရဲဘော်တစ်ဦး နဲ့ဆွေးနွေးခန်း ကတော့ ဒီမှာပဲပြီးပါတယ် ။။
သူလည်းကျမ ရဲ့ပွင့်လင်းမှုကိုလေးစားသလို သူ့ ရဲ့ ရပ်တည်ချက်နဲ့ ယနေ့ တာဝန်ယူမှုတချို့ ကိုလည်းသိထား
တဲ့အတွက် လေးစားပြီးသားပါ။

ကျမဆက်ပြီးတင်ပြချင်တာက ဒီကိစ္စ နဲ့ ဆက် -ဆက် နေတဲ့  ပညာရှင်များရဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာပါ ။။
ကျမတို့ တိုင်းပြည်ဟာ ပညာမတက်သူတွေ အုပ်စိုး လို့  ချွတ်ခြုံကျတယ်ပညာတက်တွေ နဲ့ပဲ ခေတ်မှီ တဲ့နိုင်ငံ
တော်သစ်တည်ဆောက်ရ မယ် ဆိုတာ ငြင်းမရတဲ့ ၀ိသေသ ပါ အဲ --ငြင်းလို့ ရတဲ့ အရာကတော့ တော်လှန်
ရေးတစ်ခုအောင်မြင်ဖို့ ဒီဘ၀မှာပညာရှင် ဖြစ်ကာမှရမယ်ဆိုတဲ့ အယူအဆကတော့ကျမပြတ်ပြတ် သားသား
ငြင်းပြလိုက်ချင်တာပါပဲ ။ ပညာတက်ဆိုရာမှာ ခု တော်လှန်ရေးအင်အားစုများ ပြောနေတဲ့ PHD ဘွဲ့ များ ကို
ဆိုလိုတာပါ မြန်မာပြည်က ရိုက်သတ်လို့ မကုန်တဲ့ သာမာန် အတန်းရ ဘွဲ့ ရ တွေ ကိုမဆိုလိုပါဘူး။ ပညာဆို
တာ လူခိုးလို့ မရတာကြောင့် ကိုယ့်ဆီမှာခိုင်မာတယ် ပညာရွှေအိုးလူမခိုးလို့ ရှေးကစာဆိုရှင်များ မိန့်ခဲ့တာပါ။
ကျမလည်းပညာတက် ဘွဲ့ ရ ပညာရှင်ကြီးဖြစ်ချင်တာပေါ့ ဘယ်သူမဖြစ်ချင်ပဲရှိပါ့မလဲ ဒါပေမဲ့ တော်လှန်ရေး
တခုမှာတော့ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်မယ်ဆိုတဲ့ အတ္တသတ်သတ်ကြည့်နဲ့တော့ ပညာရှင် တွေဖက်ခုန်
မကူးသွားကြပါနဲ့ ။ တွေးခေါ်မျော်မြင်မှု နဲ့ နိုင်ငံတကာစံနှုန်းတွေ ဟာလေ့လာကျတ်မှတ်ရင်ရနိုင်ပါတယ် ။
ဒါကို အစွန်းရောက်ပြီး တော်လှန်ရေး ကိုကျောခိုင်းသွားမယ် ဆို ဘယ်လို ပညာရှင်ကြီးတွေ ဖြစ်သွားပါစေ
တော်လှန်ရေး ရဲ့ ဒဏ်ခတ်တာတော့ခံရပါလိမ့် မယ် ။

ကျမကြားနေသိနေရပါတယ် အရေးတော်ပုံကြီး မှာဘယ်တုန်းကမှာဘယ်နေရာမှာမှ မတွေ့ ဘူး မကြားဖူးတဲ့
သူတွေ က တစ်ခါတစ်ရံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုများဝေဖန်လိုက်ရင်ဖြင့် စာထဲကသင်ရိုး ညွန်းတန်းတွေအတိုင်းပါပဲ ဘာတဲ့ နိုင်ငံရေးသိပ္ပံ ဆိုသည်ကများ ကျမ ကတစ်ခါတစ်ရံ ဟား တိုက်
မိပါတယ် စစ်ရေးကျွမ်းကျင်သူ နိုင်ငံရေး ကျွမ်းကျင်သူ ဘယ့်နှယ့် သူ့ တို့ နောက်က ဘွဲ့ တက်လည်း
တက်နိုင်ရိုးရဲ့ သူတို့ သာတကယ်ကျွမ်းရင် မြန်မာပြည်ဒီမိုကရေစီရတာကြာပါပကော --

တော်လှန်ရေးမှာ နောက်မှပဲပါပါ ရှေ့ကပဲပါပါ တော်လှန်ရေးမှာ ပါဝင်လာပြီဆိုကတည်းကတိုင်းပြည်အတွက်
ပေးဆပ်မဲ့ တိုင်းပြည်အကျိုးကို ဆောင်ရွက်မဲ့ ပုဂိုလ်ကြည့် ပါပဲ သတိထားရမှာက အတွေ့ အကြုံနဲ့ ကျော်ဖြတ်
မှုအားကောင်းသူသာလျှင် တော်လှန်ရေးရဲ့ အားနည်းချက် အားသာချက်ကို ပုံဖော် သုံးသပ် နိုင်တာပါ ။ပညာ
ရှင်တွေ ကတော့ စာအုပ်ထဲကအတိုင်း အခြားနိုင်ငံတွေ ရဲ့ဖြစ်စဉ်တွေ အတိုင်းသုံးသပ်မယ်ဆိုရင် အဲဒီ့သူတွေ
မှာရှိတဲ့ပညာရပ်တွေ ကို ပိုက်ထားပြီး အတွေ့ အကြုံတွေ ကို ကျော်ဖြတ် ဖို့ လို့ အပ်ပါတယ် ။ ဒါ့ကြောင့် တိုင်း
ပြည်ပြန်လည်တည်ဆောက်ရေးမှာ နည်းနာကောင်းတဲ့ နိုင်ငံကြီးတွေ ၇ဲ့ စံနမူနာကိုယူပြီး ပညာရှင်တွေ နဲ့ပေါင်း
ပြီး တိုင်းပြည်တည်ဆောက်ရမှာ ဖြစ်ပေမဲ့ တော်လှန်ရေးကာလ မှာတော့ သတ္တိရှိရှိ ပြတ်ပြတ်သားသား တိုက်
ရဲတဲ့ စေတနာမှန်တဲ့ တော်လှန်ရေးသမား တွေ များများရှိနေဖို့  သာအဓိက ကျတယ် ဆိုတဲ့  ကျမအယူအဆ
ကို တင်ပြလိုက်ပါတယ် ။

Posted by မေအိခင် (လယ်ဝေး) at 10:37 AM

Read More...