http://www.irrawaddy.org/bur/index.php/articles/2-articles/2712-2010-03-04-07-42-11
ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး၊ အထ အထိုင်
Thursday, 04 March 2010 14:40 ခက်ထန်
ယခုနှစ်တွင် ဖြစ်ပေါ်လာမည်ဟု ဆိုသည့် ရွေးကောက်ပွဲ အတွက် အနည်းဆုံး ရှိသင့် ရှိသင့်ထိုက်သော ပြင်ဆင်ခွင့် ပြုရမည့် အချိန်မှာ အနည်း ငယ်သာ ကျန်တော့သည်။ ထိုအချက်ကပင် ရွေးကောက်ပွဲ၏ ဖြစ်လာလတ္တံ့သော သရုပ်သကန်ကို ဖော်ပြနေသယောင် ရှိသည်။ သို့သော် ဤအခြေအနေမှာပင် ကွဲပြားခြားနားသော အထိုင်ပေါ်မှနေ၍ ရွေးကောက်ပွဲသို့ ဝင်ရေး၊ မဝင်ရေး ဘက်နှစ်ဘက်မှာလည်း အကြောင်းပြချက် ကိုယ်စီဖြင့် ပြင်ဆင်နေကြသည်။ အပြန်အလှန် ဝေဖန် စောကြောနေကြသည်။ မည်သို့သော အခြေခံ ကွဲပြားချက်ပေါ်မှ ပြင်ဆင်ကြသနည်းဟု သုံးသပ်ကြည့်ရန် ရှိသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခင်တပတ်က ၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံ ကျင်းပရာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တခု ပါဝင်ခဲ့ပြီး အကြိတ် အနယ် ရှိခဲ့သည်။ ဝင်ရေး ဘက်တွင် မကြာသေးမီက ပေါ်ပေါက် လာသည့် ဒီမိုရက်တစ် ပါတီမှ ဦးသုဝေနှင့် မြန်မာနိုင်ငံရှိ NGO တခုမှ ဒေါက်တာ ခင်ဇော်ဝင်းတို့က ရပ်တည် ပြောဆိုခဲ့ ကြပြီး မဝင်ရေး ဘက်တွင် ပြည်ပ အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) မှ ဦးမောင်မောင်က ပြောဆိုသည်။ ယင်းသို့ ဝင်ရေး မဝင်ရေး ဘက် နှစ်ဘက် အပြင် နယ်ပယ် မျိုးစုံမှ လာသော ပရိသတ်များ၏ မေးခွန်းများ၊ ဝေဖန်မှုများ၊ စကားစစ်ထိုး မှုများသည် အနည်းနှင့် အများဆိုသလို မြန်မာ့နိုင်ငံရေး ဝန်းကျင်၏ စရိုက် လက္ခဏာကို ရောင်ပြန်ဟပ် ဖော်ပြနေ သယောင် ရှိသည်။
ရွေးကောက်ပွဲ ဝင်ရေး၊ အထ
ရွေးကောက်ပွဲဝင်ရေးဆိုရာ၌ ပြည်တွင်းနိုင်ငံရေးအင်အားစုတချို့၏ ခြေလှမ်းကို ဆိုလိုပါသည်။ အစဉ်အလာ ရှိခဲ့သည့် ဝါရင့် နိုင်ငံရေးသမား တချို့၊ ယင်းတို့၏ ပါတီများ၊ ရွေးကောက်ပွဲကို ထွက်ပေါက်ဟု သဘောထား ပေါ်လွင်စွာ ဖော်ပြလာသော ပြည်တွင်း မီဒီယာများဟု ထည့်သွင်း ရေတွက်နိုင်သည်။ သူတို့အဖို့ ကာလရှည်ကြာစွာ မလူးမလွန့်သာသည့် အနေအထားမှ ရွေ့လျား လိုလာသော သဘောကို ထင်ဟပ်သည်။ လှုပ်ရှားစရာ 'ခွင်' မရှိသည့် အချိန်တွင် ရွေးကောက်ပွဲကို ကောက်ရိုးတမျှင် အဖြစ် ယူဆလာသည်။ လွှတ်တော်တွင် အလိုအလျောက် နေရာရမည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဟူသော ပြဌာန်းချက်ဖြင့် ချည်တုပ်ထားသည့်တိုင် လတ်တလောတွင် ဘောင်အတွင်းမှ လှုပ်ကြည့်ကြမည့်၊ လွှတ်တော်ကိုလည်း 'စင်' တခု အဖြစ် မြင်ယောင်ကြည့်နေကြသည့် သဘောကို တွေ့ရသည်။
ဝင်ရေးဘက်မှ ရပ်တည် ပြောဆိုရန် ညီလာခံ တက်ရောက်လာသည့ှ် ဦးသုဝေနှင့် ဒေါက်တာခင်ဇော်ဝင်းတို့က အထက်ပါ အတိုင်းပင် ရည်ညွှန်း ပြောဆိုခဲ့ကြသည်။ စစ်တပ်သည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အကာအကွယ်ယူ၍ တပ်ဆုတ်သည်ဟု ဦးသုဝေက ယူဆသလို၊ နိုင်ငံရေးသမားများ မလှုပ်ဘဲနေကြလျှင် မြန်မာပြည် အခြေအနေ ပိုဆိုးသွားမည် ဟုလည်း ဒေါက်တာခင်ဇော်ဝင်းက ထောက်ပြသည်။ သူတို့က ရွေ့လျားမရသည့် အနေအထားတွင် စစ်အစိုးရ ဖွင့်ပေးလာသည့် ကန့်သတ်ချက် လမ်းကြောင်းအတွင်းမှ မျှောလိုက်ကြည့်ကြမည်ဟု သဘောရသည်။
ဤ ဝင်ရေးဘက်ကို သုံးသပ်ကြည့်လျှင် အလျှော့အတင်းနှင့် ကစားနေရသည့် အဖြစ်ကို မြင်ရသည်။ ရသည့် အောက်ခြေကို တဆင့် တိုးကြည့်မည်၊ 'ထ' ကြည့်မည်။ သူတို့အတွက် လွှတ်တော်နှင့် လွှတ်တော်ရောက်မှ မီးစင်ကြည့်ကရေးသည် ဒုတိယ အစီအစဉ် ဖြစ်နေသည်။ အောက်မှ အထက်သို့ မျှော်ကြည့်သည့် စနစ်ဟု မြင်ရသည်။ သို့သော် ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ ဖြစ်မည်လား၊ လှုပ်ကြည့်မှ မြုပ်မည်လား ဆိုသည်က စောင့်ကြည့်ရန်သာ ရှိသည်။
ရွေးကောက်ပွဲ မဝင်ရေး၊ အထိုင်
မဝင်ရေး အထိုင်တွင် ပြည်ပရောက် နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၊ ပြည်ပ မီဒီယာတချို့တို့ ပါဝင်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ဝင်ရေး မဝင်ရေးကို ရွှေဂုံတိုင်ကြေညာချက်ဖြင့် စည်းသတ်ထားသည်။ လိုက်လျောလျှင် ရွေးကောက်ပွဲဝင်မည်၊ မလိုက်လျောလျှင် မဝင်ဟု လမ်းကြောင်းပေးထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ မဝင်ရေး ရပ်တည်သူများ အနေဖြင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်သည်။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုသူက တောင်းဆိုသည်။ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံဆော်သြသူက ဆော်သြသည်။ ၉၀ ရွေးကောက်ပွဲ ရလဒ်မှ အစချီ၍ စစ်အာဏာပိုင်များ၏ ကတိကဝတ်၊ လုပ်ထုံး လုပ်နည်းများကို လုံးဝမယုံကြည်ဟု ငြင်းဆိုသည်။ ရွေးကောက်ပွဲကို လက်မခံကြောင်း၊ စစ်အစိုးရက ရွေးကောက်ပွဲကို ဆက်လုပ်လျှင် တိုက်ပွဲ ဆက်ဝင်မည်ဟု ဦးမောင်မောင်က ဦးသုဝေ၊ ဒေါက်တာခင်ဇော်ဝင်းတို့ ရှေ့မှောက်မှာပင် ပြောခဲ့သည်။
မဝင်ရေးဘက်မှ သုံးသပ်ရမည်ဆိုလျှင် လျှော့ရန်လည်း မရှိသလို၊ အချော့လည်း မခံဟူသော ခံယူချက်ကို ထင်ဟပ်ပြသည်။ ဝင်ရေး 'အထ' အဖွဲ့နှင့် မတူဘဲ အထက်ပိုင်း ပေါ်လစီဖြစ်သော ၂၀၀၈ အခြေခံဥပဒေပိုင်းမှ စတင် ကိုင်တွယ် ပြင်ဆင်လိုပြီး ကျန်ကိစ္စက ဒုတိယ အစီအစဉ်ဖြစ်သည်။ အထက်မှ အောက်သို့ တဆင့်ချင်း သွားရန် စဉ်းစားသည့် စနစ် ဖြစ်သည်။ ကမ္ဘာ့မိသားစု အဖွဲ့အစည်းများကို ဆွယ်တရားဟောမည်ဖြစ်သည်။ အထိုင်အနေနှင့် 'ယိုင်' ဖို့ မရှိဟု သုံးသပ်ရသည်။
အဓိကအားဖြင့် နှစ်ဘက်စလုံး၏ ဦးတည်ရာ လမ်းကြောင်းတို့မှာ ရသလောက် စပြီး ပေါ်လစီကို တက်ပြင်ရေး၊ ပေါ်လစီ အပေါ်ပိုင်း ပြင်ပြီးမှ အသေးစိတ် ဆက်သွားရေး ဟူ၍ ပြောင်းပြန် ဖြစ်နေကြသည်။ အတွင်းက 'ဘောင်'ကို ကန့်သတ်ချက် အနေနှင့် လက်ခံပြီး ကစားသည်၊ အပြင်က 'ဘောင်'ကို ဖျက်သိမ်းပစ်ရေး အရင် တောင်းဆိုသည်။ တနည်းအားဖြင့် ဝင်ရေး အပိုင်းက အပျော့ထည် သုံးပြီး မဝင်ရေးက အမာထည်ကို ကိုင်စွဲသည်။
တဖက်တွင် စစ်အစိုးရက တွေ့ဆုံ ဆွေးနွေးရေးကို မသိကျိုးကျွံ ပြုလျက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် ပြည်တွင်း အတိုက်အခံ အင်အားစုကို ချည့်နဲ့အောင် လုပ်ထားဆဲ ဖြစ်သည်။ ခါးပိုက်ဆောင်ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ခြေလှမ်း သွက်လာခြင်း၊ စစ်ဝတ်စုံ ချွတ်ရန် ပြင်ဆင်ခြင်း၊ ပုဂ္ဂလိကပိုင် ခေါင်းစဉ်အောက်မှ စီးပွားရေး လုပ်ငန်းများကို လွှဲပြောင်းယူလာခြင်း စသည့် မူမမှန်သော ခြေလှမ်းများကို တွေ့နေရသည်။
အာဏာပိုင်တို့က ရွေးကောက်ပွဲအတွက် လုံလောက်သည့် ပြင်ဆင်ခွင့် မပေးသေးခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့မှာ ရွေးကောက်ပွဲကို လက်ခံလိုသူ၊ ဝင်လိုသူများအတွက်ပင် ထိခိုက်စေသော အချက်များဖြစ်သည်။ ယင်းအချက်သည်ပင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများ အဖို့ ခိုင်မာသော အကြောင်းပြချက်လည်း ဖြစ်လာစေသည်။ ဝင်ချင်သူများအဖို့ သေချင်သည့်ကျား တောပြောင်း ဖြစ်မည်လော၊ အစဉ်တစိုက် ဆန့်ကျင်သူများအဖို့ရော မည်မျှ အထိုင် ညောင်းဦးမည်လဲ ဆိုသည်မှာ မကြာမီ ထွက်ရှိလာမည်ဟုမျှော်လင့်ရသော ရွေးကောက်ပွဲဥပဒေအပြင် ရှေ့တလှမ်းတိုးသွားမည့် ရွေးကောက်ပွဲ ရလဒ်အပေါ် မူတည်ပေသည်။ ။
Where there's political will, there is a way
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Sunday, March 7, 2010
ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး၊ အထ အထိုင်
Wednesday, October 21, 2009
Burmese Pro-democracy Leaders Visit US Sen. Webb
Burmese Pro-democracy Leaders Visit US Sen. Webb
By LALIT K JHA Wednesday, October 21, 2009
WASHINGTON — A delegation of pro-democracy leaders met US Sen. Jim Webb to present their views on the current situation in Burma and their perspective on the way forward, in particular with regard to sanctions and restoration of democracy in Burma.
The delegation was led by Maung Maung, the general secretary of the exiled National Council of the Union of Burma, and Bo Hla Tint, the foreign minister of the exiled National Coalition Government of the Union of Burma. They were accompanied by legal advisers from the Public International Law and Policy Group.
Webb, who recently became the first US law maker to visit Burma in a decade, has emerged as a key player in the Obama administration in shaping America’s Burma policy. He met with Snr-Gen Than Shwe and the pro-democracy leader Aung San Suu Kyi during his visit.
Maung Maung said the meeting helped them to understand each other’s points of view, and they learned that they share the same goals.
“He [Webb] clarified that his stand on sanctions was not lessening sanctions. He emphasized that he was misquoted by the media,” Maung Maung told The Irrawaddy. “He is not for the lifting of sanctions right now, at the moment. This is what we learnt from him.”
Maung Maung said Webb told the delegation that he wants more economic development, peace and prosperity in Burma. “He wants to help us,” he said.
He said they advised Webb that the present US policy of not lifting sanctions but working to increase diplomatic contacts is a sound policy.
“We are in support of the present Burma policy,” he said, adding that it needs to be continued with consistent and concentrated effort on the part of the US.
The delegation gave the senator reports on the issues of national reconciliation and ethnic nationalities.
http://www.irrawadd y.org/article. php?art_id= 17033

