Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Showing posts with label YE YINT THET ZWE. Show all posts
Showing posts with label YE YINT THET ZWE. Show all posts

Monday, February 14, 2011

ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်ဆုံးလွှင့်ထူလိုက်ကြရဲ့ 

ပဉ္စလက်ဆံဆံ
မှော်အတတ်များ
အတောမသတ်ကြီးထွား
ကောင်းတာကလွဲလို့ 
မကောင်းတာမှန်သမျှ
အကုန်ရတဲ့ နေရာကြီးမှာမွေးဖွားကြီးပြင်း
ကျနော်တို့ ရဲ့  လူငယ်တွေ
လူဖျင်းတွေတော့ မဟုတ်ဘူး ။

အရင်က ဘာတွေဖြစ်ခဲ့လဲ
အခု ဘာတွေဖြစ်နေလည်း
နောက်ဘာတွေ ဖြစ်ဦးမှာလဲ
အကုန်သိတယ်…..။
အရင်က ဘာတွေလိုချင်ခဲ့လဲ
အခု ဘာတွေ လိုချင်နေလဲ
နောက် ဘာတွေလိုအပ်ဦးမလဲ
အကုန်သိတယ် ။

အင်္ဂလိပ် ဗမာ ပထမစစ်
……………….. ဒုတိယစစ်
………………. တတိယစစ်
နယ်ချဲ့ ကျွန် ဖြစ်ခဲ့ရတာ သိတယ် ၊
သူ့ ကျွန်အဖြစ် နွံနစ်မခံ
မျိုးချစ်တွေရဲ့  ပုန်ကန်မှုတွေကို သိတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သိတယ်
နတ်မောက်နယ်သား ဗိုလ်မင်းရောင်ကို သိတယ်
လယ်သမားအရေးတော်ပုံ ဆရာစံကို သိတယ်
သခင်အောင်ဆန်းကို သိတယ်
သခင်ဗဟိန်းကို သိတယ်
သခင်သန်းထွန်းကို သိတယ်
ဗိုယ်အောင်ကျော်ကို သိတယ် …
သူတို့ မမွေးခင်က သမိုင်း
သူတို့ ရဲ့  ဘ၀ အစိတ်အပိုင်းတခုလိုကို သိတယ်။

သူတို့ မွေးပြီးတဲ့နောက်ပိုင်း
ခမ်းနားကြီးကျယ်တဲ့ 
ကျောင်းသားလှုပ်ရှားမှုသမိုင်း
ပြည်သူလူထု လှုပ်ရှားမှု သမိုင်း
သံဃာ့ လှုပ်ရှားမှု သမိုင်း
ရိုင်းစိုင်းတဲ့ အုပ်စိုးသူလူတစုရဲ့ 
လူမဆန်တဲ့ သမိုင်း
အကုန်သိတယ် ။
မျိုးဆက်တို့ ရဲ့ စီးဆင်းမှု
တာဝန်သိမှု တာဝန်ယူမှုများထဲက
ကိုယ့်ဘ၀ထက် ပြည်သူ့ ဘ၀ကို ပိုချစ်တဲ့
အမေ တယောက်ရဲ့ အကြောင်းကို သိတယ် ။

အရိုင်းစံ အရိုးခံ လူသားဘ၀ကို ချစ်မြတ်နိုးတဲ့ 
သုံးဆယ့်နှစ်နှစ် အရွယ် လူတယောက်
ရာဇ၀င်ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေ
စိတ်ဓာတ်နဲ့ စိတ်ထား စံထားလောက်တဲ့တရားများ
မျိုးဆက်သစ်လူငယ်များရဲ့ အကြားမှာ
တောက်ပ ၀င်းလက် အနာဂတ်အတွက်
သူတို့ 
ဖေဖေါ်ဝါရီ တဆယ့်သုံးရက်ကို အမြင့်မြတ်ဆုံး လွှင့်ထူလိုက်ကြရဲ့  ……။

ရဲရင့်သက်ဇွဲ

Read More...

Tuesday, February 8, 2011

ဘာတွေထားခဲ့မလဲ

သေလွန်ပြီးနောက် ပြန်မရောက်ဘူး

လောကလူ့ ရွာ ဤကမ္ဘာဝယ်

ရှင်သန်နေရ တခဏတွင်

နွားခြေရာခွက် ပင်လယ်ထင်လျက်

တပ်မက်တွယ်တာ မနေသာဘူး ---၊



မသေခင်ရ ဒီဘ၀မှာ

ရှာထားစီးပွား ဥစ္စာများအား

အမှန်ထင်အပ် ပုံမအပ်နှင့်

သမုဒ္ဒရာထက် ရေပွက်ပမာ

ရှိသည်သာတည်း ---၊



တမလွန်ခရီး ထွက်သွားနှင့်ပြီ

ဘာမှမပါ လက်ချည်းဗလာ

သိမှတ်ရာတည့်

သောသောညံညံ ငိုကြွေးသံလည်း

နားဝယ်မကြားသာပြီ

ဘာများတတ်နိုင်ဦးမည်နည်း ---၊



ဘ၀သံသရာ ကြင်လည်လာခိုက်

မွေးဖွားသေဆုံး လူဖြစ်ရှုံးရ

အပမ္မာဒေန သမ္မာဒေထ

မမေ့သောတရား နှလုံးသားမှာ

ဆင်ခြင်ကာထား လွတ်မြောက်လေမလား

ကြိုးစားချင်သည် ---၊



ရှင်သန်ခြင်းနောက် ကောက်ကောက်လိုက်ပါ

မရဏမင်းရဲ့  သိမ်ဖျင်းအမိန့် 

အရိပ်ပမာ ကပ်လျက်သာတည့်

ကြောက်စိတ်ကိုပယ် လူ့ ဘုံလယ်တွင်

များကျိုးကိုသာ ရှေ့ ရှုပါလျက်

စေတနာမှန်ပင် စမ်းရေလျင်သို့ 

တသွင်သွင်စီး အေးမြပြီးလျှင်

စာပန်း စာခိုင် စာငုံ စာဖူး

အထူးထူးတို့  ငါလျှင်ရေးဖွဲ့ ချင်ခဲ့ ---၊



မင်း ငါ သူ လူတကာတို့ 

လူ့ ဘုံခန်းဝါ လူတို့ ရွာတွင်

မသေခင်မှာ

ဘာတွေထားခဲ့မည်လဲ ---၊



ရဲရင့်သက်ဇွဲ

၂၀၀၁

Read More...

Sunday, January 30, 2011

ပန်းဆိုးတန်းသို့  ဖြတ်သန်းခြင်း

အလွမ်းတွေနဲ့  မှိုင်းမှိုင်းဝေနေတဲ့ 

ညနေခင်းကို

လွယ်အိတ်ထဲက ထုတ်ခင်းလိုက်တယ် ….



စာငတ်နေတဲ့ စိတ်က

ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းမှာ

ထမင်းတနပ်နဲ့ ချိန်ဆ

ဒွိဟဖြစ်နေတယ် ….



အေမီ ဒေစီ ကေသီ

ဝေရီရီ အမှောင်ရိပ်မှာ

စိုးရိမ်စိတ်နဲ့  ဈေးဦးမှပေါက်ပါ့မလား

အရင်အတိုင်းပဲ အပြုံးများ နွမ်းလျ

အိမ်ပြန်ခက်တဲ့ ညတွေကြုံဦးမယ် ….



သစ်ရွက်အသေများပေါ်က

ရက်စက်သောဂီတ

လိုချင်တပ်မက်မှုက

ငါ့ ရင်ကို ချေမွနေတယ်

ခပ်လှမ်းလှမ်းက

ခလေးငယ်ရဲ့ တောင်းရမ်းသံမှာ

အိပ်ကပ်ထဲက အသပြာ

ခေါင်းထောင်ထလာတယ် …..



ငါ မမြင်ဘူးသော မျက်နှာစိမ်းများ

အကောင်းစားကားများ

ကဗျာတစ သတိရတယ်

သူခိုးဖမ်းပါ

လမ်းကြားမှာလား

ပန်ကာအောက်မှာ ထိုင်နေသည် …..



ပန်းဆိုးတန်းပလက်ဖောင်းတလျှောက်

တလှမ်းချင်းလျှောက်အလာ

အဟောင်းဆိုင်ကလေးရဲ့  စာအုပ်ပုံကြား

ဖူးချစ်ရဲ့  ကြိုးစင်ပေါ်က မှတ်စု

ငါ့ နှလုံးသားကို တူနဲ့ ထုလေတယ် ….



စာအုပ်အဟောင်းတန်းကို ကျောခိုင်း

မြင်နေကြ နွမ်းလျလျမျက်နှာများ

သောကစွန်းထင်း ပေကျံနေသော မျက်ဝန်းများကို

ခပ်ယဲ့ယဲ့ ပြုံးပြ နှုတ်ဆက်ထွက်ခွါ

မောင်လေးအောင်ရဲ့ ကဗျာ

ဖူးချစ်က သင်တို့ ကို ချစ်ခဲ့သည်

ငါ့ အာရုံမှာ ငြိတွယ်လိုက်ပါ …..



ငါ မြင်ဘူးတဲ့ သူတွေနဲ့ 

ငါ စီးးဘူးတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန်ကားများ

တိုးဝှေ့  ဖြတ်သန်း

ငါ့ ၀ိညာဉ်ဟာ အခိုးအငွေ့ အဖြစ်

နာကျင်စွာ ပျံသန်းသွားခဲ့…….။



ရဲရင့်သက်ဇွဲ

၂၆ ၀၁ ၂၀၁၁

Read More...

Wednesday, January 19, 2011

ဇန်န၀ါရီ တဆယ့်ခုနှစ်ရက်

အေးစက်စူးရှတဲ့

ဆောင်းလေကြမ်းတို့ရဲ့

အညှာအတာကင်းမဲ့မှုကို အံတုရင်း

သူစိမ်းဆန်သော ဇန်န၀ါရီနေ့ရက်များထဲ

ငါ... မင်းကို သတိရနေမိတယ်...။



တခါတရံ

နေ့မှန်း ညမှန်းမသိရတဲ့

အမှောင်ခန်းလေးထဲမှာ...

တခါတရံ

ကြိုးသမားတွေရဲ့

ချောက်ချားဘွယ်ရာ

အခန်းထဲမှာ...

အခုတော့ ရာဇ၀တ်သားတွေနဲ့ 

ရောပြွန်းနေတဲ့ အခန်းထဲမှာ

လေးဆယ့်ခုနှစ်နှစ်မြောက်မွေးနေ့ကို

မင်း ဘယ်လိုခံစားမှုမျိုးနဲ့

ကျော်ဖြတ်နေမှာလဲဆိုတာ

ငါ သိချင်လိုက်တာ...။





ကုန်လွန်ခဲ့တဲ့...

ပြီးဆုံးခဲ့တဲ့...

ထောင်တွင်း တဆယ့်သုံးနှစ်ကို ကြံ့ကြံ့ခံရင်း

နောက်ထပ် ဖြတ်သန်းရမယ့်

တဆယ့်သုံးနှစ်တာကာလကို

ဘယ်လိုခံနိုင်ရည်တွေနဲ့

မင်း... ဖြတ်သန်းမယ်ဆိုတာ

ငါ... ကြေကြေကွဲကွဲနဲ့

တွေးနေမိသေးတယ်။



သားတွေ အနားမှာမရှိဘဲ

ရောက်ရောက်လာတဲ့

(သားတွေရဲ့)

မွေးနေ့တွေကိုလည်း

ရင်ကွဲပက်လက် မျက်ရည်စက်နဲ့

အမေ ဖြတ်သန်းနေမှာ အသေအချာပါပဲ။

ငါ့မှာတော့...

အဝေးမြေတနေရာကနေ

ကြေကွဲနေရင်း

အမေ့ရဲ့ သားတွေအပေါ်ထားတဲ့

ချစ်ချင်းမေတ္တာတရားမှာ ခိုနားနေမိတယ်။



လေးဆယ့်ခုနှစ်နှစ်မြောက် မွေးနေ့မှာ

ညီတယောက်က

အကိုတယောက်ကို ချစ်မြတ်နိုးတဲ့တရား

ရဲဘော်တယောက်က

သူ့ရဲ့တိုက်ဖေါ်တိုက်ဖက်

သွေးသောက် တယောက်ကို ယုံကြည်လေးစားတဲ့တရား

ချစ်ချင်းမေတ္တာများနဲ့ နာကြားပါ။



ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး...

ငါတို့ ဘယ်တော့မှ လက်မမြှောက်ဘူး...

ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး...။



(မော်လမြိုင်ထောင်တွင်းမှ အကိုသို့ )



ရဲရင့်သက်ဇွဲ

Read More...

Saturday, January 8, 2011

တောင်သမန်အင်းက အလွမ်းပွင့်ဝေနှင်း

တောင်သမန်အင်းက အလွမ်းပွင့်ဝေနှင်း

ဘ၀ရဲ့ မှတ်တမ်း
ရုပ်ရှင်ထဲက ဇာတ်လမ်းလို
စာတမ်းထိုး ………
လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်က ………
နောက်ခံဂီတသံက
ခေါက်ရှာငှက် ပျံသန်းပုံမျိုး ……။

သတ္ထုနွယ်ကြိုးတွေက
သံစဉ်လှိုင်းများ အပြန်အလှန်သယ်ဆောင်
နုနယ်ပျိုမျစ်သော
နှစ်ကာလတချို့  ……

နှလုံးသားချင်း ဖလှယ်
အတွယ်အတာနဲ့ သမုဒယ
ဘ၀ချိုချို
နှစ်ကာလတချို့  ……

တီတီတာတာ
သား သမီးနဲ့ အတူနေရ
ငါ့ ဘဝ
နှစ်ကာလတချို့ ……

ခွဲနေရဦးမယ်
အတိုင်းအတာ တခုအထိ
မိသားစုနဲ့ ဝေး
နှစ်ကာလ တချို့  …..

ဂလိုဘယ်လိုက်ဇေရှင်းတဲ့ 
ကမ္ဘာ့ရွာ ခေတ်ကြီးထဲမှာ
ကလစ် တချက်နှိပ်ရုံနဲ့ 
အရုပ်မြင် အသံကြား
အလွမ်းက ပါးလျသွားလား
အလွမ်းက အားရသွားလား
နှစ်ကာလတချို့  ……

နှစ်ဆယ့်လေးနှစ်ကြာတဲ့အခါ
ညီမလေးရေ ….
အဲဒီ နံနက်ခင်းက
တောင်သမန်အင်းမှာ မြူနှင်းတွေ ဝေနေပုံ သတိရ
မယ်ဇယ်ပင် ခြေရင်းမှာ မြူနှင်းတွေ ဝေနေပုံများ သတိရ
သီချင်းသံတိုးတိုးသဲ့သဲ့ ကြားရဲ့ လား
နောက်ထပ်တို့  မဝေးဘူး ……။

(တယောက်ဘ၀ကို တယောက်ထွေးပွေ့ နှစ်ဆယ့်လေးနှစ်ပြည့် အမှတ်တရ)

ရဲရင့်သက်ဇွဲ ၂၉ ၁၂ ၂၀၁၀

Read More...

Friday, January 7, 2011

အလွမ်းပွင့်တို့  ရိုက်ချိုးတဲ့ မျက်ရည်တာရိုး

အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတယ် …..။

ကောင်းကင်ကတော့
အုံ့ မှိုင်းနေဆဲ
မျက်စေ့တဆုံး အဖြူရောင်တွေဖုံးလို့ 
ငှက်ကလေးတွေတောင်မှ
တေးမသီနိုင်ရှာကြဘူး
သစ်ရွက်ကလေးတွေတောင်မှ
နှင်းတို့ ရဲ့ မျက်နှာ မော့မကြည်ရဲရှာကြဘူး …….။

တကမ္ဘာလုံးက အေးခဲမှုတို့ 
ငါနေတဲ့အရပ်ကို စုပုံပို့ လိုက်သလား
သတိရတမ်းတခြင်းတွေကတော့
အေးခဲမှုတွေကိုထိုးဖောက်
မင်းဆီအရောက်
ပျံသန်းနေကြလေရဲ့  …..။

မိသားစုဆိုတဲ့ အတွေး
နွေးထွေးမှုကိုပေးတယ်
မိသားစုအရေး
သားသမီးအရေး
အနာဂတ်အရေး
အတွေးများ မိုးမဆုံး မြေမဆုံး …..။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတုန်း …..။

ရဲရင့်သက်ဇွဲ ၁၇ ၁၁ ၂၀၁၀

Read More...

ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်

ဝိဥာဉ်နီတို့  ပေးတဲ့လက်ဆောင်

ယုံကြည်ပါ ရဲဘော်တို့ 
နှစ်တနှစ် ကုန်ဆုံးသွားတိုင်း
ဟောဒီ နှလုံးသားတွေ
နာကျင်ကြေကွဲ တမ်းတ
အသက်စွန့် သွားတဲ့ ရဲဘော်တွေကို
သတိတရ ရှိနေမိတယ် …..။

ယုံကြည်ပါ ရဲဘော်တို့ 
တကမ္ဘာ မခြားသေးပါဘူး
အနှစ်နှစ်ဆယ်ကျော် ကာလမှာ
အပြောင်းအလဲတွေ များတဲ့ကြား
ငါတို့ ခေတ်ရဲ့  သွေးစွန်းနှစ်များ
ဟောင်းမသွားဘူး ပြောင်းမသွားဘူး …..။

ယုံကြည်ပါ ရဲဘော်တို့ 
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမဖေါက်ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမမဲ့ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ အမြတ်မထုတ်ဘူး
မပြီးဆုံးသေးသော တိုက်ပွဲ
ငါတို့  ဆက်လက်ဆင်နွှဲမယ် …..။

ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ရဲ့ 
ယုံကြည်ချက် မျှော်လင့်ချက်
အန္တိမ ပန်းတိုင်
မယိုင်မလဲ ခိုင်မြဲသော
သံမဏိစိတ်ဓာတ်များ
ငါတို့  အားလုံး ထပ်တူထပ်မျှ
နှစ်သစ်ကို သယ်ဆောင်သွားမှာပ …..။

ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ပေးတဲ့ နှစ်သစ်လက်ဆောင်
အဆိုးအကောင်း အကျိုးအကြောင်း
ညီညွတ်ရေးသာ အရေးကြီးကြောင်း
ညီညွတ်ရေးတရား နားမခါးစေကြောင်း
မညီညွတ်တဲ့အခါ
ဟင်္သာကိုးသောင်း ပျက်စီးကြောင်းတရား
ငါတို့  အသက်နဲ့ ထပ်တူ မှတ်သားနာယူပါ့မယ် .....၊

အသင်တို့ ၏ သွေးစွန်းစကား
ရင်ဝယ်ထားလျက်
ဒီမိုကရေစီရလျင် အမျှဝေမည်
စစ်အာဏာရှင်စနစ် မုချ ကျဆုံးစေရမည် …..။

(အသက်စွန့် သွားသောရဲဘော်အပေါင်း၏ ယုံကြည်ချက်အလံကို ခိုင်ခိုင်မြဲမြဲလွှင့်ထူတိုက်ပွဲဝင်လျက်)

ရဲရင့်သက်ဇွဲ ၂၈ ၁၂ ၂၀၁၀

Read More...