Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Friday, November 19, 2010

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် တပ်မှူးတပ်သား ပြောစကား (၀၃၄)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်

ဗီအိုအေ၊ ၂၀၁၀ နိုဝင်ဘာ ၁၃။
တပ်မှူးတပ်သား ပြောစကား (၀၃၄)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းကျနေရာက နိုဝင်ဘာ(၁၃)ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါပြီ။ ဒီနှစ်ထဲမှာပဲ ကသာအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တစ်ဦးဖြစ်ခဲ့သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ပါ။ သူ့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး
ဦးဝင်းထိန်ရဲ့ရှုမြင်သုံးသပ်ထားတဲ့ အမြင်သဘော ထားတွေကို ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ “မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်” ခေါင်းစဉ်နဲ့ ဦးရော်နီညိမ်း က စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ စစ်အစိုးရကချမှတ်ခဲ့တဲ့ ထောင်ဒဏ်(၁၄)နှစ်ကို လျှော့ရက်မရှိ အပြည့်အ၀ ကျ ခံခဲ့ရပြီးတော့၊ ပြီးခဲ့တဲ့ဇူလိုင်လ(၁၅)ရက်နေ့က ကသာထောင်ကနေ ပြန်ပြီးလွတ်မြောက်လာသူကတော့ အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်က ဗိုလ်ကြီးဟောင်းဦးဝင်းထိန် ဖြစ်ပါတယ်။ ပြည်ပသတင်းမီဒီယာတွေကို သတင်းမှား တွေ ပေးပို့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၁၉၉၆ခုနှစ်မှာ
ဦးဝင်းထိန်ဟာ ဒုတိယအကြိမ်ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၁၄)
နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကလည်း ဇူလိုင်လ(၂၀)ရက်နေ့မှာ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အထိန်းသိမ်းခံခဲ့ရပြီး ပထမအကြိမ် ထောင်ဒဏ်(၆)နှစ် ကျခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ်မှာ ပြန်ပြီးလွတ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လက်ထောက်တစ်ဦး ဖြစ်လာခဲ့ပုံကို ဦးဝင်းထိန်က အခုလိုရှင်းပြခဲ့ပါတယ်။

ဦးဝင်းထိန်။ ။ စစချင်းကတော့ ကျနော်က ဦးတင်ဦးအနားမှာပဲ ရှိတယ်လေ။ ဒေါ်အောင်ဆန်းစု ကြည်ကနေပြီးတော့ တစ်နိုင်ငံလုံး စည်းရုံးရေး ခရီးထွက်မယ်၊ ထွက်တဲ့အခါ မြို့တွေမှာရင်ဆိုင်ရမယ့် ကိစ္စတွေ ကို ဒိုင်ခံဖြေရှင်းနိုင်မယ့် လူတစ်ယောက် ပေးပါဆိုပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦးဆီကို ပြောတဲ့ အခါမှာ ကျနော်က ပါသွားတယ်။ စစချင်း အထက်မြန်မာပြည်ပေါ့၊
ပြည်တို့ မကွေးတို့ တောင်တွင်းကြီးတို့ အစရှိတဲ့နေရာတွေ သွားတဲ့အခါမှာ အဲဒီကတည်းက သူတို့က အန်အယ်လ်ဒီကို စနစ်တကျ နှိပ်ကွပ်ရမယ်ဆို တာ ညွှန်ကြားချက်ရှိထားတယ်နဲ့ တူတယ်။ ရောက်တဲ့နေရာတွေမှာ ပြဿနာရှာတယ်။ ပြဿနာရှာတဲ့အခါကျ တော့ မ၀တဥက္ကဌတွေက များသောအားဖြင့်ကလည်း စစ်တပ်ကလူတွေ ဆိုတဲ့အခါကျတော့၊ ကျနော်က ပြော ရဆိုရတာ လွယ်တယ်။ သာယာညှင်းပြောင်း ပြောမယ်၊
သို့မဟုတ်လည်း တခါတလေကျရင် ဆွေးနွေးမယ်၊ တခါတလေကျရင်လည်း နည်းနည်းတင်းတင်းမာမာ ပြောမယ်နဲ့ ပြဿနာတွေကို ဖြေရှင်းလာတော့၊ နောက်ဆုံး မှာပြန်လာတဲ့အခါမှာ ကျနော့်ကို ဒေါ်စုရုံးမှာထားပေးပါလို့ မေတ္တာရပ်ခံတော့ ကျနော်ကလည်း လိုလိုလားလား နဲ့ ရောက်သွားတယ်။ ရောက်သွားတဲ့အခါမှာတော့ ဒေါ်စုရဲ့ရုံးကိစ္စတွေ အစည်းဝေးကိစ္စတွေ၊ စာတွေဖတ်တယ်၊ ပြင်တယ် လုပ်တဲ့အခါမှာ၊
သူများတွေက ကျနော့်ကို မျိုးစုံပြောတာပေါ့၊ ဒေါ်စုရဲ့ ပီအေ၊ ဒေါ်စုရဲ့ ပီအက်စ်အို၊ ဒေါ်စုရဲ့ရုံးအဖွဲ့မှူး ဘာညာ။ ကျနော်ကတော့ ကိုယ့်ကိုယ်ကို ရာထူးရယ်လို့ သတ်မှတ်ထားတာကို မရှိဘူး။ ဒေါ်စု အထွေထွေအတွင်းရေးမှူးရဲ့ ရုံးကိစ္စတွေလုပ်ပေးတဲ့ လူတစ်ယောက်အဖြစ်ပဲ ကိုယ့်ကိုယ်ကို သတ်မှတ် ထားတယ်။ ဒါ တစ်ချက်။ နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျနော့်ထက်
ငယ်တာကိုး။ ငယ်တော့ ကျနော့်ကို သူ့ရဲ့လက်ထောက်အနေနဲ့ပြောရမှာ ပါးစပ်က သူနှုတ်တွန့်နေဟန်တူတယ်။ အားနာနေ ဟန်တူတယ်။ ဒါကြောင့် ကျနော့်ရဲ့ရာထူးကို သီးခြားဘာမှ ကျနော်တို့ နှစ်ယောက်ကြားမှာ သတ်မှတ်ထား တာ မရှိဘဲနဲ့ သူများပြောရင်လည်း ရုံးအဖွဲ့မှူးဆိုလည်း ‘ဟုတ်တာပေါ့’၊ ဒေါ်စု လက်ထောက်ဆိုလည်း ‘သြော် ဟုတ်တယ်’၊ ဒေါ်စုရဲ့ ပီအေ ဆိုလည်း ‘ထားလိုက်ပါတော့’။
အဲ…အဲဒီလိုမျိုးနဲ့ ဖြစ်လာတာပါ။

ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့(၂၂)နှစ်အတွင်း ထောင်ထဲမှာ စုစုပေါင်းနှစ်(၂၀)လောက်နေခဲ့ရသူ ဦးဝင်းထိန်ဟာ ၁၉၆၃ခုနှစ် စစ်တက္ကသိုလ်ဗိုလ်သင်တန်းအပတ်စဉ်(၅)ရဲ့ အောင်စစ်သည်ဆုနဲ့ စာပေထူးချွန် ဆု၊ ဆုနှစ်ဆုကိုရပြီး ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်(ကြည်း)မှာ အရာရှိဖြစ်လာခဲ့သူ ဗိုလ်ကြီးဝင်းထိန်ဟာ ၁၉၇၆ခုနှစ်မှာတော့ ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို လုပ်ကြံမယ့်အစီအစဉ် မှာ ပတ်သက်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်ကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဦးဝင်းထိန်ဟာ ၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကာလအထိ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ဌာနေကိုယ်စားလှယ်အဖြစ်၊
အဲဒီခေတ်က အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ရှစ်လေးလုံးအရေး တော်ပုံကြီးကာလမှာ ဦးဝင်းထိန်ဟာ “မျိုးချစ်ရဲဘော်ဟောင်းများ” အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီးတော့၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ရာမှာ အငြိမ်းစား ဗိုလ်ချုပ်ကြီးသူရဦးတင်ဦးရဲ့ လက်ထောက်တွေထဲက တစ်ဦးအဖြစ်နဲ့
အန်အယ်လ်ဒီပါတီထဲကို ရောက်ရှိလာခဲ့ပါတယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ် ချစွာ တာဝန်တွေပေးအပ်ခြင်းခံရသူ ဖြစ်လာတဲ့အခါမှာ။ ကိုယ့်ရဲ့ခေါင်းဆောင်အပေါ် ပထမဆုံး သူ့ရဲ့ ရှုမြင်သုံး သပ်ခဲ့မှုကို ဦးဝင်းထိန်က အခုလို ပြောပါတယ်။

ဦးဝင်းထိန်။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နံမည်ပဲ ကြားဖူးတာကိုး။ နံမည်ပဲကြားဖူးတဲ့အခါကျတော့ သူ့အရည်အချင်းလည်း ကျနော်မသိဘူး။ ကျနော်ထက်လည်း ငယ်တယ်။ နောက်ပြီးတော့ နိုင်ငံခြားမှာလည်း သွားနေတယ်ဆိုတော့၊ ကျနော်သိပ်ပြီးတော့ လေးလေးနက်နက် မရှိမိဘူး။ သို့သော် ခရီးသွားရင်းနဲ့ တွေ့တဲ့အခါမှာ၊
ပြည်သူလူထုနဲ့ဆက်ဆံတာတွေ နောက် သူ့ရဲ့ပြောဆိုတာ တွေ၊ နှစ်ယောက်ချင်းအချိန်ရလို့ ပြောတာဆိုတာတွေ ရှိတဲ့အခါမှာ၊ သူဟာ ကျနော့်ထက် ငယ်သော်လည်းပဲ၊ နိုင်ငံရေးအရည်အချင်းကတော့ ကျနော့်ထက်အများကြီးမြင့်တယ်ဆိုတာ သိလိုက်ရတဲ့အတွက်၊ ဒါကတကြောင်း။ နောက်တကြောင်းက သူ့ရဲ့ စေတနာ၊ ဘာစေတနာလဲဆိုရင် နိုင်ငံရေးလုပ်တဲ့အခါမှာ ဒီနိုင်ငံ ရဲ့ အာဏာအပြောင်းအလဲကို
သွေးထွက်သံယို မရှိဘဲနဲ့လုပ်တဲ့ ထုံးတမ်းစဉ်လာတစ်ခု တည်ဆောက်မယ်ဆိုတဲ့ သူ့ရဲ့စေတနာကို ကျနော်က လေးစားပြီးတော့မှ သူ့ဆီမှာလုပ်ဖို့ သဘောတူခဲ့တာ။

ဦးရော်နီညိမ်း။ ။ ၁၉၈၉ခုနှစ် အာဇာနည်နေ့မှာ စစ်အစိုးရက အန်အယ်လ်ဒီပါတီအနေနဲ့ လူထုကို ဦးဆောင်ပြီး အာဇာနည်ဗိမာန်ကို ချီတက်ပွဲလုပ်ရင်၊ ပစ်ခတ်နှိမ်နင်းမယ်လို့ ရာဇသံပေးထားခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချတာမှာ၊ အနီးကပ် လက်ထောက်ဖြစ်နေသူ ဦးဝင်းထိန်အနေနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို အခုလိုပြောပါတယ်။

ဦးဝင်းထိန်။ ။ အာဇာနည်နေ့ကိစ္စကတော့ ဒါ န၀တအစိုးရ ထောင်ဖမ်းတဲ့သဘောပေါ့။ ဘယ်လို ထောင်ဖမ်းသလဲ ဆိုရင်၊ အာဇာနည်ကုန်းကိုချီတက်တဲ့နေ့မှာ ဘယ်နှစ်ယောက်ပဲလာရမယ်တို့ ဘယ်နှစ်ယောက် ပဲ အလေးပြုခွင့်ရှိတယ်တို့ သတ်မှတ်လိုက်တယ် ဆိုတာ ဒါ တမင်သက်သက် နိုင်ငံရေးဆင်ကွက်ကိုး။ အဲဒါကို ဒေါ်စုက လက်မခံဘဲနဲ့ ပထမ သူတို့အမိန့်ကိုမနာခံဘဲ ချီတက်မယ်ဆိုပြီးတော့၊ ညကျမှ
လူကြီးတွေနဲ့တိုင်ပင်ပြီး တော့ နောက်တစ်နေ့ မချီတက်တော့ဘူးဆိုတဲ့ သဘောဖြစ်တဲ့အခါ၊ ဒါပေမယ့် အဲလိုလုပ်တဲ့အခါမှာ နောက်ကျ သွားပြီ။ သူတို့က နှိပ်ကွပ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ၊ ကျနော်အပါအ၀င် ဒေါ်စုခြံထဲမှာရှိတဲ့လူတွေ အကုန်လုံးကို ထောင်ထဲပို့လိုက်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူက နိုင်ငံတကာအတွေ့အကြုံကော၊ ပြည်တွင်းမှာ ၁၉၈၉ခုနှစ်ဇူလိုင်လအထိ
လှုပ်ရှားခဲ့တာကော၊ နည်းတာမဟုတ်ဘူး။ နောက်ပြီးတော့ အရေးကြီးတဲ့ဆုံးဖြတ်ချက် တွေ ချမယ်ဆိုလို့ရှိရင် ဒီCEC (Central Executive Committee – ဗဟိုအလုပ်အမှုဆောင်ကော်မီတီ) ပေါ့၊ ဦးကြည်မောင်တို့ ဦးအောင်ရွှေတို့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ နဲ့ တိုင်ပင်သလို ကျနော်တို့နဲ့လည်း သီးသန့် တိုင်ပင်တာတွေ ရှိတယ်။ တိုင်ပင်တဲ့အခါမှာ ကျနော်တို့က ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်း
ပြောတဲ့အခါမှာ တခါတလေကျ သူလက်ခံတာလည်း ရှိတယ်။ လက်မခံတာလည်း ရှိတယ်။ သူ လက်မခံတဲ့ဟာတွေလည်း ကျနော်တို့က နားလည်တယ်။ အဲဒီလိုပေါ့၊ တဘက်သတ် န၀တစွပ်စွဲသလို အာဏာကိုသုံးပြီးတော့မှ သူ့အရှိန် အ၀ါနဲ့ လူကြီးတွေကောလူငယ်တွေကော ဒရွတ်တိုက်ပြီး ခေါ်သွားတယ် ဆိုတဲ့ဟာ မဟုတ်ပါဘူး။

ဦးရော်နီညိမ်း။ ။ ပထမအကြိမ် ဖမ်းဆီးခြင်းခံခဲ့ရပြီး(၆)နှစ်အကြာ ၁၉၉၅ခုနှစ်မှာ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ထက် လအနည်းငယ်စောပြီး လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ်မှာ စစ်အစိုးရရဲ့ဖိအားပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်လ်ဒီကနေထုတ်ပယ်ခဲ့ရ တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ်မှာ
ရပ်တည်ခဲ့ပုံကို ဦးဝင်းထိန်က အခုလိုပြောပြပါတယ်။

ဦးဝင်းထိန်။ ။ ၁၉၉၅ခုနှစ်မှာ ကျနော်က ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ လွတ်တယ်။ ဒေါ်စုက ဇူလိုင်လ (၁၀) ရက်နေ့မှာ လွတ်တယ် ဆိုတော့၊ (၅) လလောက် ကွာတာပေါ့။ အဲဒီတုန်းက န၀တရဲ့ ဖိအားပေးမှုကြောင့် ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးတင်ဦးကို အန်အယ်လ်ဒီက ထုတ်ထားပြီးပြီ။ အဲဒီတော့ နယ်တွေမှာလည်း အဲဒီလို ထုတ်ထားလို့ မကျေနပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အသီးသီး တကွဲတပြား ဖြစ်နေကြပြီ။
အဲလိုဆိုတော့ …အင်း ..ဒေါ်စု လွတ်ရင်တော့ ဘယ်လိုများနေမလဲမသိဘူးဆိုပြီး၊ ကျနော် အတွေးတွေ ဝေနေ တာပေါ့။ တကယ်လည်း ဇူလိုင်လ(၁၀)ရက်နေ့ လွတ်တဲ့အခါကျတော့၊ အပြင်ကလူအုပ်ကြီးတွေ အများကြီး ပေါ့လေ။ နိုင်ငံခြားသံရုံကကော နိုင်ငံခြားသတင်းထောက်တွေပါ အကုန်လုံး ရောက်လာတဲ့အချိန်မှာ ပထမဦး ဆုံးမေးတဲ့မေးခွန်းက ဘာလဲဆိုရင်၊ ‘ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ရွှေအပေါ်မှာ
ဘယ်လို သဘောထား သလ’ဲ ဆိုတာ။ အဲဒီမေးခွန်းက သိပ်အရေးကြီးတယ်။ ကျနော်လည်း လုံးဝမမျှော်လင့်ထားဘူး။ ဦးအောင်ရွှေ တို့ ဦးလွင်တို့ဆိုတာက အန်အယ်လ်ဒီကနေ ဒေါ်စုကို ထုတ်ထားတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီအချိန်မှာ ထိုင်နေတာက ညာဘက်မှာ ဦးအောင်ရွှေနဲ့ ဦးလွင်၊ ဘယ်ဘက်မှာ ဦးတင်ဦးနဲ့ ဦးကြည်မောင်၊ ကျနော်က မှတ်တမ်းတင် ပေါ့။ အဲဒီတော့ ဒေါ်စုရဲ့အဖြေက ဘယ်လောက်အထိ အချက်ကျ သလဲ
ဆိုလို့ရှိရင် “ကျမတို့ အခု ဒီလို အတူတူ ထိုင်နေကြတာပဲ ကြည့်ကြပါ။ ဒီလို အတူတူ ညီညီညွတ်ညွတ်ထိုင်နေကြသလို နောင်ဆိုရင်လည်း ဒီလိုပဲ ညီ ညီညွတ်ညွတ် လုပ်သွားကြမယ်”ဆိုတဲ့ အဖြေတစ်ခုနဲ့တင် အရင်တုန်းက န၀တဆင်ထားတဲ့ ဆင်ကွက်ကြီးက အကုန်လုံး ပျက်သွားတယ်။ သူတို့ ဆင်တာက ဘယ်လိုလဲဆိုတော့ ဦးအောင်ရွှေနဲ့ ဦးလွင်ကတော့ ဒေါ်စုကို ထုတ်လိုက်ပြီ။ ဒေါ်စုက မာနကြီးတယ်။
စိတ်ထက်တယ်။ ဒေါ်စုကတော့ ခံမှာ မဟုတ်ဘူး။ ဦးအောင်ရွှေနဲ့ ဦးလွင်ကို ဆော်ကြမှာပဲ။ အန်အယ်လ်ဒီ နှစ်ခြမ်းကွဲမှာပဲ ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်တဲ့ ခွင်ကြီးဟာ၊ အဲဒီအဖြေတစ်ခု တည်းနဲ့ ကိစ္စပြီးသွားပြီလို့ ကျနော်က ဘေးကနေရင်းနဲ့ သဘောပေါက်လိုက်တယ်။

ဦးရော်နီညိမ်း။ ။ ဒီနှစ်ထဲ ၂၀၁၀မတ်လ(၂၉)ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအ လုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဗဟိုဦးစီးအဖွဲ့ဝင်တွေ တိုင်းနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ် ခေါင်းဆောင်အသီသီး တွေရဲ့ စုံညီအစည်းအဝေးကနေ ပါတီကို ရွေးကောက်ပွဲဝင်ရေးအတွက်၊ မှတ်ပုံပြန်တင်ရမယ် ဆိုတဲ့ကိစ္စကို ‘မလုပ်ဘူး’လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ တခါ
ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို မတရားတဲ့ ရွေး ကောက်ပွဲဥပဒေတွေ အောက်ကနေ အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်ဖို့၊ မှတ်ပုံပြန်တင်ဖို့ ဆိုတာတွေကို အဲဒီအချိန်က သူ့ရဲ့သဘောထားကို ပါတီကို ချပြခဲ့ပါတယ်။ ကသာထောင်ထဲမှာ ရှိနေတဲ့ ဦးဝင်းထိန်အနေနဲ့ ပါတီရဲ့ဆုံးဖြတ်ချက် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို ဘယ်လိုရှုမြင်သုံးသပ်ကြည့် ခဲ့ပါသလဲလို့
မေးမြန်းကြည့်ခဲ့ပါတယ်။

ဦးဝင်းထိန်။ ။ အဲ ကျနော်ကတော့ ထောင်ထဲမှာဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဆုံးဖြတ် တာ မတ်လ(၂၉)ရက်နေ့ ဆုံးဖြတ်တဲ့ကိစ္စတွေ ချက်ချင်း မသိဘူးလေ။ ထောင်ထဲမှာ ဂျာနယ်တွေဖတ်တဲ့အခါ ကျတော့၊ ဂျာနယ်မျိုးစုံပေါ့ဗျာ၊ Weekly Eleven တို့ Myanmar Times တို့ The Voice တို့ ဖတ်တဲ့ အခါမှာ၊ အောင်မယ် Voice ဂျာနယ် က နေ၀င်းမောင်တို့ အောင်ထွဋ်တို့က၊ ဟာ..သူတို့က အလံရှူးတွေပဲ။ ဒီ အစိုးရကိုတောင်မှ
တပ်မတော်အစိုးရလို့ ခေါ် သင့်တယ်တို့၊ ပြီးတော့ သူတို့ဟာသူတို့ The Best is Buddhist ပါတို့ပြောပြီးတော့မှ အဂတိ တရားတွေနဲ့ရေးနေတာ တွေ ကြည့်ရတော့၊ ဟာ..ဒီကောင်တွေ တော့ မဟုတ်တော့ဘူးပေါ့။ အဲဒီတော့ ပါတီမှတ်ပုံတင်ကိစ္စ လုပ်ရမယ်လို့ ကြေညာလိုက်တဲ့အခါကျတော့ ကျနော်က စိတ်ထဲမှာ ဘ၀င်မကျဘူး။ မတင်မကျဖြစ်နေတာ။ အဲဒီတော့ အဲဒီ မတ်လမှာပဲ ကျနော့်အမျိုးသမီး ထောင်ဝင်စာလာတဲ့အခါမှာ
ကျနော်က မေးလိုက်တယ်။ ပါတီမှတ်ပုံတင်ကိစ္စနဲ့ပတ်သက်လို့၊ ဗဟိုက မဆုံးဖြတ် ရသေးဘူး။ အဲဒီအချိန်တုန်းက မတ်လ(၂၉)ရက်နေ့ မရောက်သေးဘူး။ ကသာခရိုင်မှာ မြို့နယ်(၇)ခုရှိ တယ် ခင်ဗျ။ ထီးချိုင့်၊ အင်းတော်၊ ၀န်းသို၊ ကောလင်း၊ ရွှေဂူ၊ ကသာ အစရှိသည်ဖြင့် ပေါ့လေ။ အမျိုးသမီးက ပြော တယ်။ ကသာခရိုင်မှာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အစည်းဝေး လုပ်ပြီးပြီ။ (၇)မြို့နယ်လုံးက
မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ် ပြီးတော့ ဗဟိုကို အကြောင်းကြားလိုက်ပြီဆိုတော့ ကျနော့်စိတ်ထဲက ‘ဟုတ်လိုက်လေ’လို့ ..အဲဒီ လို အာမေဋိတ် လိုက် မိတယ်။ သူတို့လုပ်တဲ့ ကိစ္စဟာ၊ ကျနော့်စိတ်ထဲမှာ ရှိတာနဲ့ တစ်ထပ်တည်း ဖြစ်သွား တယ်။ ဖြစ်သွားပြီးတော့၊ ဗဟိုကလည်း အဲဒီလိုပဲ ဆုံးဖြတ်တယ်ဆိုတော့ “ဟာ..ဒီလိုပဲ ဖြစ်ရမှာပေါ့၊ မတိုင် ပင်ဘဲနဲ့ လူတွေအားလုံးဟာ
စိတ်ရဲ့ခံစားမှုနဲ့ စိတ်ရဲ့ဆုံးဖြတ်ချက်နဲ့ သဘောတူညီကြပါလား”ဆိုပြီး ကျေလည်း ကျေနပ်တယ်။ ၀မ်းလည်းသာတယ်။

ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဦးဝင်းတင်က ပြောပါတယ်။ “ ဒီရွေးကောက်ပွဲ ဒီလို ပဲ ဖြစ်လိမ့်မယ်။ ဒီလိုတွေပဲ ကြုံရမယ်” ဆိုတာသိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီရွေးကောက်ပွဲကို အန် အယ်လ်ဒီအနေနဲ့ မ၀င်ဖို့ ဆုံးဖြတ်ချက်ချမှုက ခိုင်မာတယ်၊ ဒီဆုံး ဖြတ်ချက်ချက်ပေါ် မူတည်ပြီးတော့ “ပြည်သူ လူထုကလည်း ကိုယ်မဲမပေးချင်တဲ့ပါတီကို
မဲမပေးဘဲနေလို့ရတယ်”ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူကို သတင်းပေးချက်ကလည်း အောင်မြင်ပေါက်ရောက်တယ်၊ ဒါတွေ အတွက်ကြောင့်မို့လို့ “ဒီ ၂၀၁၀ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီနိုင်တယ်” လို့ ဦးဝင်းတင်က ပြောပါတယ်။ အဲဒီအပေါ်မှာကော ဦးဝင်းထိန် အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ ခင်ဗျာ။

ဦးဝင်းထိန်။ ။ ကျနော်က အခု သွားတာလာတာတွေက ဘတ်(စ်)ကားနဲ့ သွားနေတယ်။ ဘာ့ ကြောင့်လဲဆိုရင် ဘတ်(စ်ကားထဲမှာ လူတွေ ပြောတဲ့ဆိုတဲ့အသံကို နားထောင်ချင်လို့။ အခု ရွေးကောက်ပွဲ လည်းပြီးလို့ မနေ့ကကော တမြန်နေ့ကကော ဘတ်စ်ကားပေါ်မှာ “ ဟာ အန်အယ်လ်ဒီလုပ်တာ မှန်တာပေါ့၊ ဒေါ်စုလုပ်တာ မှန်တာပေါ့” ဆိုတာမျိုးတွေ ကြားရတယ်။ အဲဒီလိုတွေ ဖြစ်လာတယ်။ ပြောရရင်တော့ ပါဠိ
စကားပေါ့ဗျာ။ ဗဟိဒ္ဓ နှင့် အဇ္ဇျတ ၊ ဗဟိဒ္ဓ ဆိုတာ ‘အပြင်’ ပေါ့။ ‘အဇ္ဇျတ’ ဆိုတာ အတွင်းသားပေါ့။ ဗဟိဒ္ဓ အားဖြင့်ဆိုရင် သတင်းစာထဲမှာ ကြည့်လိုက်။ အမတ်တွေဟာ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး၊ ပြည်ခိုင်ဖြိုး အကုန်လုံးပဲ။ ဒါ ဗဟိဒ္ဓအားဖြင့် သူတို့ နိုင်တယ်ဆိုတဲ့ သဘောပေါ်တာပေါ့။ သို့သော်လည်း အဇ္ဇျတ အားဖြင့်ဆိုရင် အရပ်ထဲမှာ သွားကြည့်၊ ဈေးထဲမှာ
သွားကြည့်၊ ဘတ်စ်ကားပေါ် မှာ သွားကြည့်၊ လူတွေက ဒီရွေးကောက်ပွဲကြီးကို ဟာသ လုပ်နေကြတယ်။ အပြစ်ပြောနေကြတယ်။ ဟာ..ရိုက်စားကြီးပါ ကွာ ပေါ့။ အဲဒီတော့ အဇ္ဇျတအားဖြင့်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အနှစ်သာရဟာ မှန်ကန်တယ်။ အမှန်အတိုင်း သုံးသပ်ကြည့်ရမယ် ဆိုရင်တော့ ကျနော်တို့ အန်အယ်လ်ဒီ ဟာ၊ တကယ့် ဒေါင်ဒေါင်မြည်တွေ ပဲ ကျန်တယ်။ နောက်ပြီးတော့ ယောယိယောရာ
informer(စစ်အစိုးရကို သတင်းပေးသူများ) တွေက လည်း အများကြီးပဲ။ ကျနော် သတိထားမိတယ်။ နောက် ဒေါ်စုအနေနဲ့ ဘာ program ချမလဲဆိုတာလည်း ကျနော်တို့ မျှော်လင့်နေတယ်။ အခုတလော ခင်ဗျားတို့လည်း ကြားမှာပေါ့။ “ဒုတိယပင်လုံညီလာခံ” ခေါ်မယ့် ကိစ္စ။ အဲဒီကြေညာချက်ထုတ်တုန်းက ကျနော် ဒုလဘ္ဘ ရဟန်းဝတ်နေလို့ မကြားမိဘူး။ အပြင်ထွက်လာတဲ့ အခါကျမှ ကြားတဲ့အခါကျတော့ စဉ်းစားကြည့်တာမှာ
ဒီအယူအဆဟာ တော်တော်တော့ အဓိပ္ပါယ်ရှိတယ်လို့။ ဘာလို့လဲဆိုရင် ကျနော်တို့တိုင်းပြည်မှာ အခုထက်ထိ တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ်နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရနိုင်သေးဘူး။ တကယ့်စစ်မှန်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရနိုင်သေးတဲ့အတွက် ရအောင်လုပ်ဖို့၊ ဒုတိယအကြိမ်ပင်လုံညီလာခံ လုပ်တာဟာ အင်မတန်အဓိပ္ပါယ်ရှိတယ်လို့ ကျနော် သဘော ပေါက်တယ်။
ကိုယ့်ဘာသာ စဉ်းစားပြီးတော့ ဒါကို သိပ်သဘောကျနေတာ။

ဦးရော်နီညိမ်း။ ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့အခါမှာ ဦးဝင်းထိန် အနေ နဲ့ ကိုယ့်ရင်ထဲကလာတဲ့ ရဲဘော်ရဲဘက် စကားမျိုး ဘယ်လိုများပြောဖို့ စဉ်းစားထားပါသလဲလို့ နောက်ဆုံး မေး ပါရစေခင်ဗျာ။

ဦးဝင်းထိန်။ ။ ကျနော်တို့ နှစ်ပေါင်း(၂၀) အန်အယ်လ်ဒီမှာ လှုပ်ရှားပါဝင်တဲ့အခါမှာ၊ ဒေါ်စုက စပြီးဟိုးအောက်ခြေက အန်အယ်လ်ဒီပါတီဝင်တွေအထိဟာ ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ ပေးဆပ်မှုတွေ အသက် တောင် သေသွားပြီး အသက်စွန့်တဲ့လူတွေ အများကြီးရှိခဲ့တယ်။ ရှိခဲ့တော့၊ အဲဒီလိုလူတွေ ရှိတဲ့အတွက်ကြောင့် ကျနော့်မှာ ဆုံးရှုံးရချည်ရဲ့လို့ ပြောရမှာရှက်တယ်။ အဲဒီတော့
ကိုယ့်ယုံကြည်ချက်ကလည်း ရှိနေတဲ့အတွက် ကြောင့်မို့ ဒေါ်စုလုပ်တဲ့အတိုင်း ကျနော် ဆက်ပြီးတော့ လုပ်ရလိမ့်မယ်။ ဆက်ပြီးတော့လည်း သူ ကျနော့်ကို ဘယ်မှာထားမလဲ၊ သူ့နားမှာ ထားချင်လည်း ထား၊ မထားချင်လည်း မြို့နယ်ပို့မလား၊ တိုင်းပို့မလား၊ ကြိုက်တဲ့ နေရာပို့။ လုပ်မယ်လို့ ကျနော် ဆုံးဖြတ်ပြီးပြီ။ ကျနော်တို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကြီး တစ်ခုလုံးမှာ အန်
အယ်လ်ဒီက ပြတ်ပြတ်သားသား နိုင်ခဲ့တဲ့အတွက်ကြောင့်မို့ အခုရွေးကောက်ပွဲကလည်း သူတို့က တရားဝင် မကြေညာဘဲနဲ့ အာဏာပြန်သိမ်းတာပဲ။ သဘောကတော့ ဒီအတိုင်းပဲ။ ပြည်သူလူထုတွေကို မေးကြည့်လိုက် ရင် မကျေနပ်တဲ့လူက အများကြီး။ ဒါပေမယ့် အကြောက်တရား ရှိနေကြတယ်။ အဲဒီ အကြောက်တရားကို တော့ ကိုယ့်ကိုယ်ကိုဆင်ခြင်ပြီးတော့မှ မတရားတာကို နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ
ဆန့်ကျင်ပေးကြပါ။ အထူး သဖြင့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေကို ပိုပြီးတော့ ထောက်ခံပေးကြပါလို့ မေတ္တာရပ်ခံချင်တယ်။ ဒါပါပဲဗျာ။

Read More...