Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Showing posts with label HRWUB. Show all posts
Showing posts with label HRWUB. Show all posts

Friday, August 13, 2010

2010 Aug 12 FTUB call for united action (Bur)

2010 Aug 12 FTUB Call for United Action (Bur)

Read More...

Tuesday, June 8, 2010

(၉၉)ကြိမ်မြောက်ILOညီလာခံ စံနှုန်းစံထားကော်မတီ၊ အထူးကြားနာချက်မှ ချမှတ်သောဆုံဖြတ်ချက်အပေါ် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်၏ ထုတ်ပြန်ကြောငြာချက်

2010 June 8 Statement on Conclusion of Special Sitting on Conv 29 Fcd Lbr _Bur_-1

Read More...

Friday, April 30, 2010

2010 Mayday declaration by FTUB

2010 Mayday declaration by FTUB

Read More...

Tuesday, April 27, 2010

Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign လှုပ်ရှားမူကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမျူးချုပ်ထံပေးပို့ ရန်ပြင်ဆင်။



သတင်းမှတ်တမ်း ။ PNS-Japan
၂၀၁၀ ခုနှစ် ဧပြီလ (၂၆)ရက်။

နျူကလီးယားကင်းစင်သော မြန်မာနိုင်ငံ Nuclear Free Burma ဖေါ်ဆောင်ရေး Signature Campaign လှုပ်ရှားမူ ကို ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ FTUB ဂျပန် ကော်မတီမှ ဦးစီးကောက်ခံလာခဲ့ရာ ဧပြီလ ၂၆ ရက်နေ့ တွင် ကောက်ခံထားသည့် လက်မှတ်များကို စုစီးပြီး FTUB နာယက Dr.မင်းညို ထံ လွှဲအပ်သည့် အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။

FTUB(Japan) ကိုယ်စားလှယ် ဒေါ်ခင်ဆွေအေးမှ Signature Campaign လှုပ်ရှားမူနှင့်ပတ်သက်၍ ရှင်းပြရာမှာ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ အရင်းအမြစ်များ ပိုင်ဆိုင်သည့် နိုင်ငံများအနက် နံပါတ်(၉)အဆင့်တွင် ရှိပြီး Hydro power ရေအားလျှပ်စစ်ဖြင့် စီမ်းအင်မဂ္ဂါဝပ် အမြောက်အများထုတ်လုပ်နိုင်သော နိုင်ငံဖြစ်သည်။ နှစ်စဉ် ရေအား လျှပ်စစ်စွမ်းအင် နှင့် သဘာဝဓါတ်ငွေ့ များမှ ရောင်းချရငွေသည်လည်း မြန်မာနိုင်ငံ၏ နှစ်စဉ် ၀င်ငွေ၏ ၅၀% ကျော်ရရှိလျက်ရှိသည်။

ထိုကြောင့် နအဖ မှ စွမ်းအင်လုံလောက်မှု မရှိဟုသော အကြောင်းပြချက်ဖြင့် နျူကလီးယား စွမ်းအင်ကို ထုတ်လုပ်ရန် ကြိုးပမ်းမှုမှာ လက္ခံ ယုံကြည်နိုင်ဘွယ်ရာ မရှိသည့်အပြင် နျူကလီယား စွမ်းအင်မှတဆင့် နျူကလီယား လက်နက်ပိုင်ဆိုင်သော နိုင်ငံဖြစ်ရန် လုပ်ဆောင်နေခြင်း၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် လုပ်ဆောင်နေသည့်အတွက် အခုလို Signature Campaign လှုပ်ရှားမူကို လုပ်ဆောင်ရကြောင်း ရှင်းလင်းပြောကြားသွားပါသည်။ ဂျပန်နိုင်ငံတွင် Sign Campaign ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ အနျူမြူ၏ ဆိုးကျိုးကို ဂျပန်လူမျိုးတို့  ကိုယ်တိုင် ခံစားခဲ့ကြရပြီး ကမ္ဘာတစ်ဝန်း နျူကလီးယား လက်နက်လျော့ချရန် နျူကလီယားအဆိပ် အတောက် ကင်းရှင်းရန် ကြိုးစားနေသော နိုင်ငံဖြစ်သည့်အတွက် ဂျပန်နိုင်ငံတွင် လှုပ်ရှားမှုကို စတင်ပြုလုပ်ရခြင်းဖြစ်သည်။

နိုင်ငံတော်ဘတ်ဂျက် ဒေါ်လာသန်းပေါင်းထောင်ချီ အကုန်ကျခံနေခြင်းသည် နျူကလီးယားစွမ်းအင်မှ ရရှိလာမည့် အကျိုးကို ပြည်သူများ စံစားနိုင်မည်မဟုတ်၊ နျူကလီးယားနှင့်ပတ်သက်သည့် ခေတ်မှီနည်းစနစ်ဖြစ် ထိမ်းသိမ်း ဆောက်ရှောက်မှု ၊ ဘေးထွက်စွန့် ပစ် ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာမည့် အန္တရာယ် အလွန်စိုးရိမ်ရကြောင်းနှင့် နျူကလီယား စွမ်းအင်ကို ကန့် ကွက်နေသည်မဟုတ် နအဖမှ နျူကလီယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေခြင်းကို ကန့် ကွက်ရကြောင်းကို FWUBC ဒု ဥက္ကဋ္ဌ ကိုဘုန်းလှိုင်မှ ထောက်ပြ ပြောဆိုသွားပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်ပြည်သူများ နှင့် ဂျပန်အလုပ်သမားသမဂ္ဂများထံမှ စုစုပေါင်းလက်မှတ် (တစ်သေါင်း)ကျော် ကောက်ခံရရှိထားကြောင်း သိရှိရပါသည်။ လာမည့် ၂၉ ရက်နေ့ ဂျပန်အလုပ်သမားနေ့ (မေဒေး)နေ့  နောက်ဆုံးထား ကောက်ခံသွားမည်ဖြစ်ပြီး ကောက်ခံရရှိထားသည့် လက်မှတ်များကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမျူးချုပ်နှင့် လုံခြုံရေးကောင်စီ နိုင်ငံများသို့  ပေးပို့ သွားမည်ဖြစ်ပါသည်။ ဂျပန်အစိုးရကို တိုက်တွန်း တင်ပြသွားနိုင်ရန်အတွက် FTUB ဗဟိုနှင့် ဆွေးနွေးတိုင်ပင်ပြီး ဂျပန်ရောက် အင်အားစုများနှင့် ပူးပေါင်းပါဝင်ပြီး ပိုမိုကျယ်ပြန့် သည့် လှုပ်ရှားမူကို ဆက်လက်ဖေါ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ PNS-Japan

Read More...