တကမ္ဘာလုံးကမြန်မာပြည်ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်
ဥရောပယူနီယံ(အီးယူ)က တကမ္ဘာလုံးက မြန်မာပြည်ရွေးကောက်ပွဲကို
စောင့်ကြည့်နေတယ်လို့ ပြောလိုက်ပါတယ်။
ဒီရွေးကောက်ပွဲကို အနှစ်(၂၀)အတွင်းပထမဆုံးအနေနဲ့ ကျင်းပတာဖြစ်ပါတယ်။
လာမည့် နိုဝင်္ဘာလ(၇)ရက်နေ့ မှာရွေးကောက်ပွဲပြုလုပ်မှာဖြစ်ကြောင်းမြန်မာနိုင်ငံကို
လက်ရှိအုပ်ချုပ်နေတဲ့စစ်အုပ်စုကကြေငြာခဲ့တာဖြစ်ပါတယ်။
အီးယူက တဆက်ထဲပြောကြားရာမှာ ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိ
ဘူးဆိုရင် တရားဝင်တဲ့ရွေးကောက်ပွဲလို့ ကမ္ဘာကယူဆမှာမဟုတ်ကြောင်းဆိုလိုက်ပါတယ်။
လေ့ လာဝေဖန်သူများကတော့ဒီရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲသာဖြစ်ပြီး
အဲ့ဒီရွေးကောက်ပွဲကနေတဆင့် စစ်တပ်က မြန်မာပြည်နိုင်ငံရေးမှာတရားဝင်ဦးဆောင်
မှုအနေအထားကိုရယူနိုင်အောင်လုပ်နေတာသာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူလူထုနဲ့  ကမ္ဘာ့မိသားစုကြီးက မြန်မာ့ရွေးကောက်ပွဲကိုတရားဝင်တဲ့
ရွေးကောက်ပွဲတစ်ခုအနေနဲ့ လက်ခံနိုင်ဖို့ အတွက် နိုင်ငံရေးပါတီအားလုံးဟာ လွတ်လွတ်
လပ်လပ်စည်းရုံးခွင့ိရှိရပါမယ်။ပြီးတော့မဲပေးတဲ့နည်းလမ်းစည်းကမ်းများဟာလဲ လွတ်လပ်ပြီး
တရားမျှတရပါမည်။ ဒီအချက်အလက်တွေကို မြန်မာအာဏာပိုင်များကလုပ်ဆောင်ပေးရမှာ
ဖြစ်တယ်လို့ ရန်ကုန်မြို့ မှာထုတ်ပြန်လိုက်တဲ့ အင်္ဂလိပ်သံရုံးရဲ့ကြေငြာချက်ထဲမှာဖော်ပြခဲ့ပါ
တယ်။အထက်ပါကြေငြာချက်ကို ပြင်သစ် ဂျာမဏီ နဲ့  အီတလီအပါအဝင်အခြားသော
အီးယူနိုင်ငံများကိုယ်စားထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ ကဘဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဘန်ကီမွန်းက
အလားတုကြေငြာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အထွေထွေအတွင်းရေးမှူးက မြန်မာ့
ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ
အားလုံးကိုလွှတ်ပေးဖို့ နဲ့ ၊ ဒါမှသာမြန်မာပြည်တွင်းရှိနိုင်ငံရေးလှုပ်ရှားမှုများမှာ အဆိုပါ
ပုဂ္ဂိုလ်များပါဝင်နိုင်မှာဖြစ်ကြောင်းဆိုပါတယ်။
မြန်မာပြည်ကစစ်တပ်ကအုပ်ချုပ်ခဲ့တာ အနှစ်(၅၀)ကျော်ခဲ့ပြီဖြစ့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ပြီးခဲ့တဲ့
၁၉၉၀ခုနှစ်မှာပြုလုပ်ခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရခဲ့ပေမဲ့
စစ်အာဏာပိုင်များက အာဏာကိုလွဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့ရုံတင်မကဘဲ ငြိမ်းချမ်း
ရေးနိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ပြီးခဲ့တဲ့ ၂၁ နှစ်တာကာလအတွင်း
၁၅ နှစ်တာ (ယနေ့ တိုင်) နေအိမ်အကျယ်ချုပ်ချထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဟာ လာမဲ့ ၂၀၁၀
ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အကြောင်းပြချက်က ရွေးကောက်ပွဲ
ဥပဒေတွေဟာဒီမိုကရေစီနည်းလမ်းမကျသလို တရားမျှတခြင်းလဲမရှိလို့ ဖြစ်ပါတယ်။
အဲ့ဒီရွေးကောက်ပွဲဥပဒေတွေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ရွေးကောက်ပွဲဝင်ခွင့်မရှိ
ပါဘူး။ှ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီအပါအဝင် အခြားပါတီအများအကြားက ရွေးကောက်ပွဲ
လုပ်ငန်းစဉ်တွေဟာတရားမျှတဘူး ၊ ပါတီအမတ်လောင်းတွေရွေးချယ်ဖို့ နဲ့ မဲဆွယ်စည်းရုံး
ဖို့ အတွက်အချိန်လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။ ပါတီများဟာ မိမိတို့ ရဲ့ပါတီအမတ်
လောင်းစာရင်းကို ဒီလကုန်နောက်ဆုံးထားပြီးတင်သွင်းရမှာဖြစ်ပြီး ၊ မဲဆွယ်မှုကို
အာဏာပိုင်များက ကြေငြာပေးမဲ့မဲဆွယ်ကာလမှာဘဲမဲဆွယ်ရမှဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးအမေရိကန်ပြည်ထောင်စုက
အကြိမ်ပေါင်းမြောက်မြားစွာရှုံ့ ချပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံကိုပြီးခဲ့တဲ့မေလကတရား
ဝင်သွားရောက်ခဲ့ပြီးနောက် မှာ အမေရိကန်နိုင်ငံအရှေ့အာရှဆိုင်ရာလက်ထောက်နိုင်
ငံခြားရေးဝန်ကြီး ကတ် ကမ့် ဘဲ(KURT CAMPBELL) ကအောက်ပါအတိုင်ပြောကြားခဲ့ပါ
တယ်။မြန်မာစစ်အာဏာပိုင်တွေဟာ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ စိတ်ပါဝင်စားခြင်းမရှိကြောင်း၊
ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလဲပြုပြင်ပြောင်းလဲလိုစိတ်မရှိကြောင်း ဒါကြောင့် လာမဲ့ 
၂၀၁၀ ရွေးကောက်ပွဲကို တရားဝင်တဲ့ရွေးကောက်အနေနဲ့ ကမ္ဘာကအသိအမှတ်ပြုမှာ
မဟုတ်ဘူးလို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယုံကြည်ကြောင်းပြောကြားသွားပါတယ်။
Translation By Phone Hlaing
EU tells Myanmar world is watching its elections
Sat Aug 14, 6:51 am ET
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Tuesday, August 17, 2010
တကမ္ဘာလုံးကမြန်မာပြည်ရွေးကောက်ပွဲကို စောင့်ကြည့်နေတယ်
Subscribe to:
Posts (Atom)