ဘဝဟူသည် တိုက်ပွဲအမြဲရှိသည်ဟု ဆိုကြ၏။ ဘဝက တိုက်ပွဲ ဆိုပါလား။ တကယ်ပဲ ဘဝက တိုက်ပွဲလား။
အေးအေး ဆေးဆေး နေလို့ ကော မရဘူးလား။ အောင်မြင်ချင်သူ တိုးတက်ချင်သူတို့ ကတော့ ဘဝကို
တိုက်ပွဲအဖြစ် ခံယူကြသည်။ ဘဝကို တိုက်ပွဲအဖြစ် ရှုမြင်ကြသည်။ ဘဝကို တိုက်ပွဲ ပမာ သဘောထားကြသည်။
ယောကျာင်္းတို့ ဇွဲ သေကာမှလျှော့ရမည်ဟု ဆိုကာ ဝီရိယကို အမြဲမောင်းတင်ထားကြသည်။ အောင်မြင်သူအများစု
က ဝီရိယ ကိုးဆယ့်ကိုးကျပ်သားထဲကို အသိဥာဏ်ပညာ တစ်ကျပ်သားထည့်ပြီး ရောသမမွှေလိုက်လျှင် အောင်မြင်
မှုအထွပ်အထိပ်သို့  ရောက်ပါသည်ဟု ဆိုမိန့် ကြသည်။ အောင်မြင်မှု၏ အဓိကသော့ချက်သည် ဝီရိယ၊ လုံ့ လ၊ ဇွဲ ဟု
သတ်မှတ်ခဲ့ကြသည်။
ဘောလုံးပွဲတစ်ပွဲကန်ရာမှာ အနိုင်၊ အရှုံး၊ သရေဟု အဖြေသုံးမျိုးရှိသည်။ ဘောလုံးပွဲမှာ အနိုင်အရှုံးပေါ်မှ ကြည့်
လို့ ကောင်းသည်။ သရေဆိုလျှင် သိပ်ကြည့်လို့ မကောင်း။ ဂိုးမရှိသရေဆိုလျှင် ပိုဆိုးသေးသည်။ သို့ ရာတွင် သရေ
ဆိုတာရှိနေခြင်းကလည်း ဘောလုံးပွဲ၏ ဆွဲဆောင်မှု တစ်ခုပင်ဖြစ်သည်။ လိဂ်ပွဲတွေမှာဆိုလျှင် သရေဆိုတာက
မျှော်လင့်ချက်တစ်ခု၊ အင်အားတစ်ခုဖြစ်သည်။ ထိုသရေဆိုတာကပင် နောက်ဆုံးတစ်နေ့ မှာ အနိုင်အရှုံး အဆုံးအဖြတ်
ပေးတာရှိသည်။
စာမေးပွဲဖြေဆိုရာမှာတော့ အောင်တာနှင့်ကျတာ၊ နိုင်တာနှင့် ရှုံးတာ နှစ်မျိုးသာရှိသည်။ သရေဆိုတာမရှိ။ ဘဝမှာ
ကော သရေဆိုတာ ရှိပါသလား။ ဈေးလောကမှာတော့ မြတ်လည်းမကျန်၊ အရှုံးလည်းမပြဆိုလျှင် အရင်းဟု သတ်မှတ်
ကြသည်။ အရှုံးနှင့် အနိုင်ကို ဈေးလောကမှာလို အရှုံးအမြတ်တွက်လျှင် ဘဝမှာလည်း သရေဆိုတာရှိသည်။ တကယ်တော့
လည်း အနိုင်ထဲမှာ အရှုံးရှိသလို အရှုံးထဲမှာလည်း အနိုင်ဆိုတာရှိနိုင် သည်သာ။ ယူတတ်သည့်အပေါ်မှာ တည်ပါလိမ့်မည်။
သိမ်ကြီးဈေး၊ ဗိုလ်ချုပ်ဈေး စသည်မှာ ဈေးရောင်းနေသူတွေ ဈေးရောင်းမကောင်းလျှင် မေတ္တာပို့ နေ၊ ဂုဏ်တော် ပွားနေ
ပုတီးစိပ်နေ၊ တရားမှတ်နေ၊ ဥစ္စာမရလျှင် ကုသိုလ်ရရမည်။ ကုသိုလ်ရတာ အမြတ်မဟုတ်လား။
ကလေးဘဝမှာ ပထမမူကြို၊ နောက်တော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အသီးသီးမှာ ပညာတွေ
သင် စာတွေတတ်၊စာတွေကျက်၊ စာမေးပွဲတွေ ဖြေနှင့် ကြိုးစားပမ်းစားအားထုတ်နေရခြင်းသည် ဘဝတိုက်ပွဲဟုဆိုလိုက
ဆိုနိုင်သည်။ ကျောင်းပြီးသွားတော့ ကိုယ်ဝါသနာ ပါရာ ကိုယ်သန်ရာ သို့ မဟုတ် ဘဝအကျိုးပေးအရ ရောက်ရာနေရာ၊
ကျရာတာဝန်တို့ ကို ထမ်းဆောင်နေရခြင်းသည် ဘဝတိုက်ပွဲဟု သတ်မှတ်လိုက သတ်မှတ်နိုင်သည်။
တချို့ က ဆရာဝန်၊တချို့က အင်ဂျင်နီယာ တချို့က ကျောင်းဆရာ၊ တချို့ က ကုန်သည်၊ တချို့ ကပွဲစား၊ တချို့ က
စာရေးဆရာ၊ တချို့ က သရုပ်ဆောင် စသည် ဆိုင်ရာလုပ်ငန်းခွင်မှာ ရုန်းကန် လှုပ်ရှားနေရခြင်းသည် ဘဝတိုက်ပွဲ
ပင်ဖြစ်သည်။ တိုက်ပွဲဟူသည် တိုက်ကတည်းက အနိုင်ရလိုသဖြင့် တိုက်ခြင်းဖြစ်သည်။ သို့ သော် နိုင်တာလည်းရှိမည်။
ရှုံးတာလည်းရှိမည်။ တချို့ နိုင် ၊ တချို့ ရှုံး၊ အနိုင်နှင့် အရှုံး ရောပြွမ်းနေတာလည်းရှိမည်။ နိုင်သလိုလိုနှင့် ရှုံး၊ ရှုံးသလိုလို
နှင့် နိုင် ဆိုတာတွေလည်းရှိမည်။
ဘဝဆိုတာ ရန်ကုန်မြို့ မှာ ဘတ်စ်ကားစီးရတာနှင့်တော့ တူသည်။ ညနေရုံးဆင်းချိန် ဆူးလေဘုရားလမ်းမှတ်တိုင်မှာ
နေအိမ်အသီးသီးသို့ ပြန်ကြမည့် မြိုါနယ် အသီးသီးက ခရီးသည်တွေသည် အိမ်ပြန်လိုဇောနှင့် ဆိုင်ရာဘတ်စ်ကားတွေ
ပေါ်ကို တိုးပြီးတော့တက်ကြရသည်။ တိုက်ချင်ရာတိုက်၊ တိုက်ပြီးတော့ တက်ကြရသည်။ ဘဝဆိုတာကလည်း ဘတ်စ်ကား
ခရီးသည်တွေပမာသာ ဖြစ်သည်။ တိုးပြီးတော့ တက်နေကြရသည်။ ဒီတော့ ဘဝဆိုတာ တိုက်ပွဲ အမြဲရှိသည်ဆိုသော
စကားက ဖြစ်နိုင်ချေရှိသည်။
တိုက်ပွဲအသီးသီးမှာ တချို့ က အပြင်ပန်းမှာ အောင်မြင်သည်၊ နိုင်သည်ဟု ယူဆရသော်လည်း အတွင်းပိုင်းမှာ
ရှုံးနေတာ ရှိနေတတ်သည်။ တချို့ က အပြင်ပန်းမှာ ရှုံးနေသည်ဟု ထင်ရသော်လည်း အတွင်းပိုင်းမှာ အောင်မြင်တာ၊
နိုင်တာတွေလည်း ရှိတတ်သည်။ လူအများစုကတော့ အောင်မြင်ျမှု၊ ကျဆုံးမှု၊ အနိုင်နှင့်အရှုံးကို အပြင်ပန်းကြည့်ပြီး
တော့သာ ဆုံးဖြတ်ကြသည်။ တကယ်တော့ အပြင်ပန်းကြည့်ပြီးတော့ အနိုင်နှင့် အရှုံးဆုံးဖြတ်ခြင်းသည် မှန်ကန်တိကျ
သော ဆုံးဖြတ်ချက်တော့ မဖြစ်နိုင်ချေ။
အလောင်းတော်သည် ဘဝတစ်ခုမှာ ကုဒါလပဣိတဟူသော နာမည်နှင့် ရသေ့ ဖြစ်ခဲ့သည်။ အလောင်းတော်သည်
သူ လူဝတ်ကြောင်တုန်းက သိမ်းဆည်းထားသော ပြောင်းဖူးဆန်တစ်စလယ်နှင့် ပေါက်တူးတစ်ချောင်းအပေါ် သံယောဇဉ်
မပြတ်လို့  ရသေ့ဝတ်လိုက်၊လူပြန်ထွက်လိုက်နှင့် သံသရာလည်နေသည်။ လူပြန်ထွက်တာ ခြောက်ကြိမ်မြောက်ရှိသွားသည်။
နောက်ဆုံးအကြိမ်မှာ အလောင်းတော်က သံယောဇဉ်ဖြတ်လိုက်သည်။ ပြောင်းဖူးဆန်ထုပ်နှင့် ပေါက်တူးကို ဂင်္ဂါမြစ်ထဲ ပစ်
ချလိုက်သည်။ ပစ်ချလိုက်ပြီးနောက် အလောင်းတော်က “အောင်ပြီ...........နိုင်ပြီ ” ဟု အသံကုန်သုံးကြိမ်တိုင်တိုင် အော်
ဟစ် ကြွေးကြော်လိုက်သည်။
ထိုအခိုက် ထိုအနီးမှာ ဗာရာဏသီမင်းကလည်း တိုက်ပွဲအောင်နိုင်ပြန်လာပြီး အောင်ပွဲခံနေသည်။ အလောင်းတော်၏
အောင်ပြီ....... နိုင်ပြီဟူသော အသံကိုကြားရလို့  အကျိုးအကြောင်း ခေါ်ယူမေးမြန်းသည်။ အလောင်းတော်က သူ့ဘဝဖြစ်ကြောင်းကုန်စင်ကို သံတော်ဦးတင်ပြီး “အရှင်မင်းကြီး။ အရှင်မင်းကြီး အောင်တယ်၊ နိုင်တယ်ဆိုတာ အပြင်အပ
က ရန်သူကို အောင်နိုင်တာပဲ။ အကျွနုပ်အောင်နိုင်တာက အတွင်းရန်ကို အောင်နိုင်တာ။ အရှင်မင်းမြတ် အပြင်အပက ရန်သူ
ကို အောင်နိုင်တယ်ဆိုတာ အခန့် မသင့်ရင်ကိုယ်က ပြန်ရှုံးရဦးမယ်။ အတွင်းရန်ကို အောင်နိုင်တာကမှ အောင်နိုင်မှုစစ်စစ်
ဖြစ်ပါတယ်” ဟု လျှောက်တင်လေသည်။
မိမိတို့ အပြင်အပ ဘဝတိုက်ပွဲမှာ အောင်မြင်တာတွေ အနိုင်ရတာတွေ ရှိတယ်။ ကျောင်းသားဘဝမှာ စာမေးပွဲအောင်ကြ
သည်။ ဆရာဝန်၊ အင်ဂျင်နီယာ စသည်ဖြစ်တော့ ပညာရေးမှာ အောင်မြင်သည်။ လုပ်ငန်းရှင်ကြီးဖြစ်တော့ စီးပွာယးရေးမှာ
အောင်မြင်သည်။ စာသင်၊ စာပြ၊ ဆေးကု၊ သရုပ်ဆောင် စသည့် ကိုယ့်လုပ်ရပ် ကို အများက အသိအမှတ်ပြုအားပေးကြ
တော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်သည် ဟု ဂုဏ်ယူကြသည်။ အခြားပြိုင်ရဆိုင်ရ ထိပ်တိုက်တွေ့ ရသောပွဲတွေမှာ
အောင်မြင်မှု၊ အနိုင်ရမှုတွေသည် အမှန်တော့ အားရကျေနပ်ဖွယ်ကောင်းသော အာမခံချက်ရှိသော အောင်နိုင်မှုမျိုးတော့
မဟုတ်သေးချေ။
ဘုရားလက်ထက်တော်က သူဌေးသမီးကုဣလကေသီသည် ကြံကြံ ဖန်ဖန် သူသတ်ကုန်းသို့  သတ်ဖို့ ရန်ထတ်လာသော
ရာဇဝတ်သားသူခိုးကိုမှ စွဲစွဲလမ်းလမ်းချစ်မိရှာသည်။ သူခိုးဆိုတော့ သူခိုးအကျင့်ကမပျောက်။ သူခိုးကြံပဲကြံသည်။
ကဣလကေသီကို တောင်ပေါ်ညာခေါ်သွား လက်ဝတ်ရတနာတွေကို ချွတ်ယူကာ တောင်အောက်တွန်းချ သတ်ဖို့ ကြံစည်
သည်။ လူတစ်ယောက်လုံးတောင် ရထားပြီးမှ အားလုံးကို ပိုင်ဆိုင်နေပြီမဟုတ်လား။ ဘာလိုသေးတော့လို့ လဲ။ တော်တော်
တုံးသည့်ကောင်ပဲ။ လူဆိုးသူခိုးကို ကယ်ရုံတင်မက ယုံမှတ်ကာ ပုံအပ်မိတော့ ကုဣလကေသီ ဒုက္ခရောက်ရရှာသည်။
ဝဋ္ဋ်ကြွေးကြောင့်လား၊ ရေစက်ကြောင့်လား၊ တစ်ခုခုတော့ တစ်ခုခု။
ကုဣလကေသီကလည်း ခပ်ညံ့ညံ့မိန်းမတော့မဟုတ်။ မာယာနှင့်ဖျားယောင်းပြီး သူက ဦးအောင်တွန်းချပစ်လိုက်သည်။
တောင်စောင့်နတ်က ကုဣကေသီကို ပညာရှိပါပေသည်ဟု ချီးကျူးစကားဆိုသည်။ ကုဣလကေသီလည်း ရှက်ရှက်နှင့်
အိမ်ကိုမပြန်ရဲတော့။ ခြေဦးတည့်ရာသွားရင်းက ပုရဗိုဇ်မတွေကျောင်းရောက်၊ ပုရဗိုဇ်မဝတ်၊ နောက်တော့ ဘိက္ခုနီမဝတ်ပြီး
ရဟန္တာမကြီးဖြစ်သွားသည်။ ဘဝဆိုတာ အဆိုးကြီးဆိုးပြီးလျှင် အကောင်းကြီးကောင်းတတ်သည်။ သို့ သော် လူတိုင်းတော့
လည်း ဟုတ်မည်မထင်။
တရားသဘင်မှာ ရဟန်းတော်တွေ စပ်မိစပ်ရာပြောကြတော့ ကုဣလကေသီ ထေရီမသည် တကယ့်စစ်ပွဲကြီးတစ်ပွဲကို အနိုင်
နွှဲခဲ့တာပဲဟု ချီးကျူးစကားပြောကြသည်။ ရဟန်းတွေစကားဘုရားကြားရတော့ “ရဟန်းတို့  အပြင်အပကရန်သူတွေကို
အောင်နိုင်တယ်ဆိုတာ စစ်မှန်တဲ့ အောင်နိုင်ခြင်းမဟုတ်ဘူး။ မိမိကိုယ်တွင်းက ကိလေသာရန်သူကိုနိုင်မှသာ စစ်မှန်တဲ့နိုင်ခြင်း
ခေါ်တယ်။ စစ်မြေပြင်မှာ ရန်သူစစ်သည်တော်ဆယ်သိန်းကို နိုင်လိုက်ခြင်းဟာ မြင့်မြတ်တဲ့နိုင်ခြင်းမဟုတ်ဘူး။ တစ်ယောက်
တည်းသော မိမိကိုယ်ကိုနိုင်မှသာ မြင့်မြတ်တဲ့နိုင်ခြင်းဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်နိုင်မှ တကယ့်သူရဲကောင်းစစ်စစ်ပဲ” ဟု
မိန့် တော်မူသည်။
ဘဝဟူသည် တိုက်ပွဲဖြစ်သည်။ သို့ သော် မိမိတို့ တိုက်နေတာက အပြင်လောကကို မျက်နှာမူပြီးတိုက်နေကြသည်။
တကယ့်တိုက်ပွဲစစ်စစ်က မိမိကိုယ်တွင်းမှာသာ ဖြစ်သည်။ မိမိ အဇ္ဈတ္တကိုယ်တွင်းကို မျက်နှာမူပြီးတိုက်ပွဲဝင်ရမည်။ ကိုယ်
တွင်းက ကိလေသာရန်သူကို ရှာဖွေပြီး ချေမှုန်းရမည်။ အပြင်ရန်ကို ချေမှုန်းနေလို့  ငြိမ်းချမ်းရေးရမည်မဟုတ်။ အတွင်းရန်
ကို ချေမှုန်းနိုင်မှသာ ငြိမ်းချမ်းရေးစစ်စစ်မှန်မှန်ရရှိလိမ့်မည်။
ဘဝတိုက်ပွဲမှာ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ နိုင်ငံရေး စသည်ဆိုင်ရာအောင်မြင်မှုတွေ ရှိကြသည်။ အနိင်
ရတာတွေ များခဲ့ပါပြီး။ သို့ သော် ကိုယ့်ကိုယ်ကိုယ်တော့ မနိုင်ကြသေးပါ။ ကိုယ့်စိတ်ကိုယ်တော့ မနိုင်ကြသေးပါ။ ကိုယ့်လောဘ၊
ကိုယ့်ဒေါသ၊ ကိုယ့်အတ္တ စတာတွေတော့ နိုင်အောင်မတိုက်နိုင်ကြသေးပါ။ ကိုယ့်ကိုယ်ကိုယ်နိုင်မှ၊ ကိုယ့်စိတ်ကိုယ် နိုင်မှ၊
ကိုယ့်လောဘ၊ ဒေါသ၊ အတ္တ၊ မာန တွေကိုနိုင်မှ တကယ့်အောင်နိုင်သူ၊ အောင်မြင်သူဖြစ်ပါလိမ့်မည်။ ရွှေဘိုမြို့  အဝင်
မဟာအောင်မြေဘုရားဝင်းအတွင်း၌ အလောင်းဘုရားစစ်မချီခင် အမြဲနင်းခဲ့သော မဟာအောင်မြေဟူ၍ ယခုတိုင်ရှိသည်။
ဗုဒ္ဓအလိုအရတော့ တကယ့်မဟာအောင်မြေသည် မိမိတို့ နှလုံးအိမ်အတွင်းမှာသာရှိသည်။ မိမိ၏ စစ်မှန်သောအောင်ပွဲကို
မိမိ၏နှလုံးသားအတွင်းမှာသာ ရှာဖွေ တွေ့ ရှိနိုင်သည်။
အရှင်သံဝရလင်္ကာရ
ဓမ္မပိယဆရာတော်
၂၀၀၉-မေလထုတ်-အတွေးအမြင်(အမှတ်-၂၀၆)မှ ကူးယူဖော်ပြသည်။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Saturday, July 11, 2009
မဟာအောင်မြေ(ဓမ္မပိယဆရာတော်)
Labels:
Articles,
BURMA,
KNOWLEDGE,
RELIGION,
မြန်မာဆောင်းပါး
Subscribe to:
Posts (Atom)