Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Wednesday, September 23, 2009

အတောင်ဖြန့်လာတဲ့ သိမ်းငှက်

http://mizzimaburmese.com/edop/songpa/3856-2009-09-23-08-45-27.html

မကြာသေးခင်က နယူးယောက်တိုင်းမ် သတင်းစာကြီးရဲ့ နိုင်ငံတကာ သတင်းစာဖြစ်တဲ့ အင်တာနေရှင်နယ် ဟယ်ရယ်ထရီးဗွန်း သတင်းစာကြီးမှာ စိတ်ဝင်စားစရာ သတင်းဆောင်းပါးတပုဒ် ပါလာပါတယ်။

ဆောင်းပါးရှင် သောမတ်စ် ဖူလာက လောနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံ ဟုတ်မဟုတ် မေးမယ်ဆိုရင် မေးတဲ့သူအပေါ် မူတည်ပြီး အဖြေနှစ်မျိုး ထွက်ပါလိမ့်မယ်။ လောနိုင်ငံ အစိုးရနဲ့ ပြည်သူတွေကို မေးရင် ကွန်မြူနစ်နိုင်ငံပါလို့ ဖြေမှာဖြစ်ပြီး၊ အမေရိကန်အစိုးရကို မေးရင်တော့ မဟုတ်တော့ဘူးလို့ ဖြေမှာဖြစ်တယ်ဆိုတဲ့ သဘောမျိုး ရေးထားတာပါ။ ဒါဟာ အမေရိကန်နိုင်ငံက လောနိုင်ငံကို မာ့စ်-လီနင် နိုင်ငံများ စာရင်းကနေ ပယ်ဖျက်လိုက်တဲ့အပေါ် အခြေခံပြီး ရေးထားတာပါ။ ဒီလိုပယ်ဖျက်လိုက်ခြင်းက အမေရိကန်ရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်သွယ်မှုတွေကို လမ်းပွင့်သွားစေမှာ ဖြစ်ပါတယ်။

အမေရိကန်သိမ်းငှက်ဟာ သူ့လက်သည်းကိုဝှက်ရင်း အတောင်ပံဖြန့်နေပါပြီ။

ဒီလိုအဖြစ်အပျက်တွေဟာ ”အပြောင်းအလဲ၊ အပြောင်းအလဲ” လို့ ကြွေးကြော်တက်လာတဲ့ အိုဘားမား အစိုးရလက်ထက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ အရင်က ပိတ်ဆို့အရေးယူမှုလုပ်ခဲ့တဲ့ နိုင်ငံတွေအပေါ် ပိတ်ဆို့မှုတွေ ပယ်ဖျက်ပြီး ဆက်ဆံရေးတွေ ထူထောင်သွားဖို့ ကြိုးပမ်းချက်တွေပါ။

"ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်မယ့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ် ဥာဏ်ဝင်းကို ကုလသမဂ္ဂ ပရဝုဏ်ရဲ့ ၂၅ မိုင်ထက် ကျော်မသွားရဘူး ဆိုတဲ့ ပြည်ဝင်ခွင့် ဗီဇာကို ကျော်လွန်ပြီး မိုင်ပေါင်း ၂၀၀ ကျော်ဝေးတဲ့ ဝါရှင်တန်ဒီစီက မြန်မာသံရုံးကို သွားရောက် လည်ပတ်ခွင့် ပြုခဲ့ပါတယ်။"တိုက်တိုက်ဆိုင်ဆိုင် အဖြစ်တွေလည်း ရှိနေပါတယ်။ အမေရိကန်နဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေတဲ့ နိုင်ငံတွေမှာ အမေရိကန်နိုင်ငံသားတွေ ရှေ့ဆင့်နောက်ဆင့် အဖမ်းခံခဲ့ရပါတယ်။

အီရန်နိုင်ငံမှာ ၃၁ နှစ်အရွယ် အမျိုးသမီး သတင်းထောက် ရိုဆာနာ ဆာဘာရီ (Roxana Saberi) အဖမ်းခံရပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာတော့ ယူနာလီး (Euna Lee) နဲ့ လော်ရာလင်း ( Laura Ling) သတင်းထောက် အမျိုးသမီး နှစ်ယောက် အဖမ်းခံလိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ အဖမ်းခံရတဲ့ အမေရိကန် နိုင်ငံသားကတော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့တဲ့ ဘုရားသခင်ရဲ့ စေတမာန်လို့ ကိုယ့်ကိုယ်ကို ကြွေးကြော်နေတဲ့ ဂျွန်ဝီလျံ ယက်တောပေါ့။ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံက အမေရိကန်အကျဉ်းသားတွေကို ကယ်ထုတ်ရင်းနဲ့ အဲဒီနိုင်ငံတွေမှာ အမေရိကန်နိုင်ငံက အဆင့်မြင့် ဆက်ဆံရေးတွေ ထူထောင်လိုက်နိုင်ပါတယ်။

ဒါတွေဟာ သမ္မတ အိုဘားမားလက်ထက်မှာ ပြောင်းလဲလာတဲ့ နိုင်ငံတကာဆက်ဆံရေး နယ်ပါယ်ထဲက တိုက်ဆိုင်မှု မရှိဘူးလို့ ယုံရခက်ခက် အဖြစ်အပျက်တွေပါ။



ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တောင် ခက်ခက်ခဲခဲ တွေ့ရတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အလွယ်တကူ ရင်းရင်းနှီးနှီး တွေ့ခွင့်ရသွားခဲ့တဲ့ အမေရိကန် ဆီးနိတ်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ဟာ မြန်မာပြည်က ပြန်လို့ မကြာခင်မှာပဲ မြန်မာပြည်ဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒတွေ ပြောင်းလဲဖို့ တိုက်တွန်းတဲ့ ဆောင်းပါးရှည်ကြီးတစောင်ကို နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ ရေးသားခဲ့ပြန်ပါတယ်။

အမေရိကန်ရေတပ်အရာရှိ၊ ရှေ့နေ၊ အဆင့်မြင့်ကာကွယ်ရေး အရာရှိ၊ သတင်းထောက်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ စာရေးဆရာ အမျိုးမျိုးဖြစ်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွားကာကွယ်ရေးကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

... ဒီအထဲမှာ မြန်မာနိုင်ငံကိုလည်း ချန်လှပ်ထားမယ့် အလားအလာ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေ လုပ်ဖို့အတွက် မြန်မာ အပါအဝင် အာဏာရှင် နိုင်ငံတွေက သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဘဝတွေအပေါ် လုံလောက်တဲ့ ချဉ်းကပ်မှုတွေ လုပ်ရဲ့လားဆိုတာတော့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ ...ဂျင်မ်ဝက်ဘ်ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒပြောင်းလဲရေး ဆောင်းပါးကို လေ့လာကြည့်မယ် ဆိုရင်တော့ အမေရိကန် အစိုးရ လုပ်ဆောင် စဉ်းစားဖို့ အချက် ၄ ချက် ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ တရုတ်နဲ့ ရုရှားကြောင့် မအောင်မြင်နိုင်ဘူး ဆိုတာကို ထောက်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ စီးပွားရေး မြှုပ်နှံမှုတွေ ပိုတိုးပြီး လုပ်လာနိုင်သလို ရုရှားနိုင်ငံဟာ မြန်မာရဲ့ နျူကလီးယား လေ့လာမှုကို ကူညီနေတယ်ဆိုပြီး အမေရိကန်တွေကို ကွန်မြူနစ် တစ္ဆေနဲ့ ခြောက်လိုက်ပါတယ်။ အဲဒီအပြင် စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာနဲ့ အဆက်ပြတ်ပြီး အထီးကျန် ပိုဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။ အဲဒီအတွက် မြန်မာရဲ့ တုံ့ပြန်မှုကို ဆန်းစစ်တဲ့အနေနဲ့ လာမယ့် ရွေးကောက်ပွဲကို အမေရိကန်က ကူညီပံ့ပိုးမှုတွေ ပေးသွားရမယ်လို့ ဆိုပါတယ်။

ဒုတိယတချက် ထောက်ပြတာကတော့ အမေရိကန်နိုင်ငံဟာ တပါတီစနစ် နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ အောင်မြင်မှုတွေ အကျိုးစီးပွားတွေ ရနေတဲ့အတွက် မြန်မာနိုင်ငံနဲ့လည်း မဆက်ဆံစရာ အကြောင်းမရှိဘူးလို့ ပြောထားတာပါ။ ဗီယက်နမ်မှာ ပြောင်းလဲပွင့်လင်းလာမှုတွေဟာ ၁၉၉၄ ခုနှစ်မှာ အမေရိကန်ကုန်သွယ်ရေး ပိတ်ဆို့မှုကို ပယ်ဖျက်လိုက်တာဟာ အရေးပါတဲ့ အကြောင်းဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

တတိယအနေနဲ့တော့ တရုတ်ကို မြန်မာ့အရေးမှာ နှုတ်ပိတ်မနေအောင် တိုက်တွန်းဖို့ ဆော်သြောထားတာပါ။ တရုတ်တနိုင်ငံထဲက မြန်မာနဲ့ ဆက်ဆံရေး ပြေလည်နေတာမျိုး မမြင်ချင်ဘူးဆိုတဲ့ သဘောမျိုးလည်း ပါပါတယ်။

နောက်ဆုံးတချက်အနေနဲ့ကတော့ မြန်မာနဲ့ ဆက်ဆံရေးကို လူသားချင်းဆိုင်ရာ ကိစ္စမျိုးတွေနဲ့ အမြန်ဆုံး စရမယ်ဆိုတဲ့ တိုက်တွန်းချက်ဖြစ်ပါတယ်။ တဖက်မှာတော့ အမေရိကန်ရဲ့ ဂုဏ်သိက္ခာအတွက် မြန်မာအပေါ်ထားတဲ့ ပိတ်ဆို့မှုတွေကို ထားသင့်သလောက် ဆက်ထားဖို့တော့ တိုက်တွန်းထားပါတယ်။

ဒီဆောင်းပါးဟာ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒပြောင်းလဲဖို့ အမေရိကန်က စဉ်းစားနေတဲ့အချိန်မှာ ထွက်ပေါ်လာတာပါ။

ဒီမတိုင်ခင်ကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန်ရဲ့ ရပ်တည်ချက်ကို ထိုင်းနိုင်ငံမှာလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရင်း ထုတ်ဖော်ခဲ့ပါတယ်။

မစ္စစ်ကလင်တန်က မြန်မာပြည်ရဲ့ လူ့အခွင့်အရေးမှတ်တမ်း ဆိုးရွားနေမှုတွေကို ထောက်ပြခဲ့ပါတယ်။ အဲဒီအချိန်က မပြီးပြတ်သေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကိုလည်း ရှုတ်ချခဲ့ပါတယ်။ အသစ်အနေနဲ့တော့ တိုင်းရင်းသူအမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်ရမ်းကားမှုတွေကို ထောက်ပြသွားပါတယ်။

ဒါပေမဲ့ မြန်မာကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ တပြိုင်ထဲပဲ မြန်မာဟာ တိုးတက်ပြောင်းလဲမှုတွေကို ထင်ထင်ရှားရှား ပြနိုင်ခဲ့မယ်ဆိုရင် မြန်မာနဲ့ ဆက်ဆံမှု တိုးတက်လာအောင်လုပ်ဖို့ အဆင်သင့်ရှိတယ် ဆိုတာကိုလည်း မဖြစ်မနေ ထည့်သွင်း ပြောကြားသွားပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြန်မာနဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒ ပြန်လည်စမ်းစစ်မှုတွေ စလာတာပါ။ သိပ်မကြာခင်မှာတော့ ကုလသမဂ္ဂမှာ ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့ဆိုတဲ့ ၁၄ နိုင်ငံပါဝင်တဲ့ အဖွဲ့ကို မစ္စစ်ကလင်တန်က စကားပြောဖို့ ရှိပါတယ်။ ဒီပွဲမှာ မကြာခင်မှာ ထုတ်ပြန်ကြေညာတော့မယ့် မြန်မာနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒသစ်ကို ထင်ဟပ်တဲ့ ပြောဆိုမှုတွေ ပေါ်လာနိုင်တယ်လို့ အကဲခတ်တွေက မျှော်လင့်နေကြပါတယ်။

ဒီလို ထုတ်ပြန်မှုတွေ မထွက်လာခင်မှာဘဲ အပြောင်းအလဲတချို့ကိုတော့ စတွေ့နေရပါပြီ။

ကုလသမဂ္ဂ အစည်းအဝေးတက်ရောက်မယ့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ဥာဏ်ဝင်းကို ကုလသမဂ္ဂ ပရဝုဏ်ရဲ့ ၂၅ မိုင်ထက် ကျော်မသွားရဘူးဆိုတဲ့ ပြည်ဝင်ခွင့်ဗီဇာကို ကျော်လွန်ပြီး မိုင်ပေါင်း ၂ဝဝ ကျော်ဝေးတဲ့ ဝါရှင်တန်ဒီစီက မြန်မာသံရုံးကို သွားရောက်လည်ပတ်ခွင့် ပြုခဲ့ပါတယ်။

အဲဒီနောက်မှာ ၁၄ နှစ်အတွင်း အမေရိကန်မှာလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာပါတယ်။ ဒါတွေဟာ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲရဲ့ လက္ခဏာတွေလို့ ထင်မယ်ဆိုရင်လည်း ထင်လို့ ရနေနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အမေရိကန်ကတော့ သူ့ရဲ့ အကျိုးစီးပွားနဲ့ယှဉ်ပြီး နိုင်ငံတကာမှာထားတဲ့ အာဏာရှင် နိုင်ငံတွေအပေါ် ပိတ်ဆို့မှုတွေ လျော့ချပြီး ချဉ်းကပ်ဆက်ဆံတဲ့ နည်းဗျူဟာတွေကို သုံးလာတာ အထင်အရှားပဲ ဖြစ်ပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံကိုလည်း ချန်လှပ်ထားမယ့် အလားအလာ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေ လုပ်ဖို့အတွက် မြန်မာအပါအဝင် အာဏာရှင်နိုင်ငံတွေက သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဘဝတွေအပေါ် လုံလောက်တဲ့ ချဉ်းကပ်မှုတွေ လုပ်ရဲ့လားဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

(စာရေးသူ ရော်နယ်အောင်နိုင်သည် ပြည်ပတွင် နေထိုင်နေသည့် မြန်မာသတင်းစာဆရာတဦးဖြစ်ပြီး လက်ရှိအချိန်တွင် သတင်းစာနယ်ဇင်းသင်တန်းများ ပို့ချပေးလျက်ရှိသည်။ သူသည် Network Media Group သတင်းနှင့် မီဒီယာကွန်ယက် ကို တည်ထောင်သူ၊ အယ်ဒီတာချုပ်ဖြစ်ပြီး ဘီဘီစီ မြန်မာပိုင်းအစီအစဉ် သတင်းထောက်တဦးလည်းဖြစ်ခဲ့သည်။)

0 comments: