Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Wednesday, September 23, 2009

ဧ၀ံ မေ သုတံ -(ဖတ်ရှုပြီးကိုယ်တိုင်ဆုံးဖြတ်ကြပါခင်ဗျား)

၂၀၀၈ ဖွဲ့ စည်းပုံကို မပြင်ဘဲနဲ့  ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရင် ဘာမှအဓိပ္ပါယ်မရှိဘူးဆိုတာ လူအများနားလည်ထားပြီးသား
ထင်ပါတယ် စစ်အာဏာရှင်တွေကို တရားဝင် အသိအမှတ်ပြု ပြီး တရားဝင်နိုင်ငံရေးစင်မြင့်ပေါ်တင်ပြီး ခင်ဗျားတို့ ထင်တာ
လုပ်ကြပါတော့ ကျွန်တော်တို့  ဘာမဆိုလက်ခံပါတယ် လို့ ပြောတာတဲ့အတူတူပါဘဲ ဘယ်လို ဘဲဖြစ်ဖြစ် ပြည်တွင်းက
လတ်တလော နိုင်ငံရေးဖြစ်စဉ်တွေ ကို သိရှိရအောင် ဒီဆောင်းပါးကို ကူးယူဖော်ပြပေးလိုက်ပါတယ်။
လေးစားစွာဖြင့်-
ဘုန်းလှိုင်
PEACEFUL BURMA




FROM

http://kabarmakyay.blogspot.com/

(၁၄-၉-၀၉)နိုင်ငံရေးသမားခေါင်းဆောင်များမှ၊ ပြည်သူသို့ ပြောကြားလိုသော သတင်းစကားနှင့် မည်သို့ သော ခေါင်းဆောင်မျိုးဖြစ်ကြောင်း၊ ပြည်သူတို့ လေ့လာသုံးသပ်နိုင်ရန် ပေါင်းကူးပေးမည့် ကျောင်းသား လူငယ်အဖွဲ့၏ ဖိတ်ကြားချက်အရ၊ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေ ပြောကြားသောမိန့်ခွန်း။


ဧ၀ံ မေ သုတံ

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း ပါတီဖွဲ့စည်းရေး၊ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများ မကြေညာသေးပါ။
၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ အမှန်တကယ် ကျင်းပဖြစ်မည် မဖြစ်မည်ကိုလဲ မည်သူကမျှ ကံသေ ကံမ မပြောနိုင်ပါ။ အရာအားလုံးသည် အရှက် သိက္ခာ ကင်းမဲ့သော အတ္တရူး လူ့တိရစ္ဆာန်အာဏာရှင်တဦးထံ ၌သာ ရှိနေသေးသည်ကို မငြင်းနိုင်ပါ။ စစ်ဖက်ဝန်ထမ်းများ အရပ်ဖက်ဝန်ထမ်းများအပါအ၀င် ရဟန်းရှင်လူ ပြည်သူအပေါင်းမှာလည်း “ဂုတ်ပေါ် ဒါးမိုး ”အခြေအနေမှာ ရှိနေပါသည်။
မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေါင်းစည်း ညီညွတ်အောင် ကြိုးစားရင်း ဒီမိုကရေစီ အရင်ရအောင် လုပ်ပြီးမှ ညီညွတ်အောင်လုပ်တာက ပိုသင့်မယ်ထင်တယ်ဟု ၀ါရင့်ဘလေါ့ဂါတယောက် တလောက ညီးသွားသလို ကျနော်တို့ရဲ့ညီညွတ်ရေးကလဲ အသိခေါက်ခက် အ၀င်နက်နေဆဲဖြစ်ပါသည်။

အတ္တရူး လူ့တိရစ္ဆာန် အာဏာရှင်နှင့် အာဏာရှင်အရိုက်အရာခွဲတန်းအလှည့်မျော် စစ်မလှိုင်တစုက ဥပဒေပြုရေးအာဏာ တရားစီရင်ရေးအာဏာ အုပ်ချုပ်ရေးအာဏာတို့ကို ထင်သလိုသုံးပြီး နိုင်ငံတော်အကြမ်းဖက် ၀ါဒနှင့် ရမ်းကားနေသည့်အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းကို နားလှည့် ပါးရိုက်လုပ်ကာသူတို့ ပိုမိုအခိုင်အမာဖြစ်စေမည့် အခြေခံဥပဒေကို ဇွတ်အတင်း အတည်ပြု ခဲ့ပြီးဖြစ်သည်။ဆက်လက် ၍ ၂၀၁၀ ရွေးကောက်ပွဲနှင့်သရဖူဆောင်းမည့်ခြေလှမ်းကိုလည်း အထင်း သားမြင်သာနေပါသည်။သူတို့စိတ်ကြိုက် ရေးဆွဲထားပြီးဖြစ်သည့် ၂၀၀၈ အခြေခံ ဥပဒေအရ ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာ တရားမျှတစေရန် သူတို့စစ်တပ်ကြီးတခုလုံးဘေးထွက်ထိုင်ပေးကာ ကုလသမဂ္ဂအမှူးပြုသောနိုင်ငံတကာကြီးကြပ်ရေးလက်သို့ထိုးအပ်ကာ ကျင်းပစေသည့်တိုင် မြန်မာပြည်သူတို့အတွက်မည်သို့မှထူးလာမည်မဟုတ်။၂၀၀၈ အခြေခံ ဥပဒေကိုပြန်လည်သုံးသပ်ပြင်ဆင်ရန် တောင်းဆိုမှုဆိုသည်မှာလည်းကျွဲပါးစောင်းတီးသည်ကမှ ရွံ့လူးခိုက်နှင့်ကြုံလျှင် စည်းဝါး လိုက်သယောင်ရှိဦးမည်။

သူကတော့ လူထု ဆန္ဒခံယူပွဲနှင့် အတည်ပြုခဲ့သည့် အခြေခံ ဥပဒေကို ဖျက်လိုဖျက်ဆီး မလုပ်ကြရန်(၆၄) နှစ်ပြည့် တပ်မတော်နေ့ အခမ်းအနားတွင်ပြောကြားခဲ့သေးသည်။

ထို့ကြောင့် ထိုစစ်အာဏာရှင်တို့အားဖယ်ရှားပြစ်ရေးသာကျနော်တို့အတွက် တခုတည်းသော အဓိက နည်းလမ်း ဖြစ်သည်။ အရင်းမှလှန် အမြစ်မှတူးကာ ဖယ်ရှားနိုင်မည်လား တစခြင်းတလွာခြင်းခွာ၍ ဖယ်ရှားနိုင်မည်လား ဆိုသည်က အခြေအနေအပေါ်တည်ပါမည်။
မည်သို့ပင်ဖြစ်စေအခြင်းခြင်းညီညွတ်မှု နားလည်မှု အပေးအယူမျှဖို့ အရေးအလွန်ကြီးသည်ကို ကျနော်တို့အားလုံး နှစ်နှစ်ကာကာ သဘောပေါက်ဖို့လိုက်နာကျင့်ကြံဖို့ နည်းလမ်းရှာဆောင်ရွက်ဖို့ နောက်ဆုံအခြေအနေကိုလည်းရောက်နေပါပြီ။

ထိုစစ်အာဏာရှင်တို့အားဖယ်ရှားပြစ်ရေးအတွက် ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးရမည်မှာ မလွဲမသွေ ပြုလုပ်ရမည့်တိုက်ပွဲတရပ်ဖြစ်သည်။ခုအချိန်မှာ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တရားဝင် ကြေညာ ပြင်ဆင်လုပ်ကိုင်နေတဲ့ ပါတီများနဲ့ နိုင်ငံရေးသမားများလည်းရှိနေပါသည်။(နအဖ၏ လံရှူးများစကားထဲထည့်မပြောပါ)ဒါကြောင့် ကျနော်တို့ထဲမှာဘဲ ဆန့်ကျင်ဖက် ဖြစ်နေတယ်ဆိုတဲ့ ပြဿနာတရပ်ကိုလည်းအကျယ်ကြီးကို ကြားနေရပါတယ်။

ကျနော့အမြင်ကို ပြောရရင်တော့ဒါဟာဆန့်ကျင်ဖက်လမ်းနှစ်ခုမဟုတ်ပါ။

ထိပ်တိုက်ပြဿနာတရပ်လည်းမဟုတ်ပါ။

လမ်းကြောင်းတခုထဲပေါ်က ရှေ့ဆင့်နောက်ဆင့်အလုပ်တွေသာ ဖြစ်ပါတယ်။ကျနော်တို့၂၀၁၀ရွေးကောက်ပွဲကို တားဆီးဆန့်ကျင်တိုက်ပွဲဝင်မှု အောင်မြင်တဲ့အခါ ရွေးကောက်ပွဲဝင်ရေးဆိုတာ မရှိနိုင်တော့ပါ။ ဒါ့အတွက်ဘာ့ကြောင့်ကျနော်တို့ခြင်း အင်အားအပျက်ခံငြင်းခုံဆန့်ကျင် တွန်းတိုက် နေကြမှာလဲ။တဆက်ထဲမှာဘဲ သဘောသဘာဝအရ တိုက်ပွဲဆိုတာ အနိုင်အရှုံးရှိမြဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ကျနော်တို့ တခဲနက်ဆန့်ကျင်ခဲ့ပါတယ်။ အရှိန်အဟုန်နဲ့ “ဗုတ်နိုး” ခဲ့ပါတယ်။ နအဖက ဗြောင်လိမ်ပြီး ဗြောင်ဘဲစားသွားပါတယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာ ကျနော်တို့ အမျော်အမြင်ကြီးကြီး အပေးအယူ အချိတ်အဆက် ရှိရှိနဲ့ စစ်အာဏာရှင်ဖယ်ရှားပြစ်ရေးအဓိကရည်မှန်းချက်ကို မျက်ခြေပြတ်မခံဘဲ ခိုင်မာပြည့်စုံစွာတိုက်ပွဲဝင်ဖို့သာ ပြင်ဆင်သင့်ပါတယ်။တနည်းအားဖြင့် အမြစ်လှန်ခြေမှုန်းကြပါမယ်။ တစစီခွါတလွာစီလှီးဖြတ်မဲ့သူများ အရံအသင့်ရှိနေပါစေ။နွေးထွေးစွာကြိုဆိုရန် မသင့်ပါ(သ)လား။

အရှည်တည်တန့်မယ့်ဒီမို ကရေစီ အတွက်လိုအပ်တဲ့ ခေါင်းဆောင်မှုအရည် အသွေးတွေကိုရိုးသားမှုရှိရှိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ခံမှုရှိရှိ လုပ်ကိုင်နိုင်ဖို့ပြင်ဆင်ထားရပါမယ်။ ကျနော်တို့ဟာ အများ စုံညီသဘောထားကျအောင် စည်းရုံးနိုင်စွမ်း ရှိသူတွေ၊ သဘောထားအမြင် ကျယ်ပြန့် မျှတ သူတွေဖြစ်ဖို့လိုပါတယ်။ တရားမျှတရေးကို ဦးထိပ်ပန်ပြီးအများ ပြည်သူအကျိုးစီးပွားကို ဦးစား ပေးလုံးပမ်းသူတွေ ဖြစ်ရပါမယ်။ ဒါ့အပြင် မတူညီတဲ့ ရပ်တည်ချက်တွေကိုလည်း သဘောထား ကြီးကြီး သည်းခံ နိုင်သူတွေဖြစ်ဖို့ အခြားသူတွေရဲ့ အယူအဆ ပြောစကားတွေကို နာကြားနားထောင်နိုင်ဖို့လည်းလိုပါမယ်။
ဒါကြောင့် ခုရက်ပိုင်းအတွင်း သတင်းပရိတ်သတ်တွေ သတင်းဌာနတွေနဲ့ နိုင်ငံရေး အသားပေး ဘလော့ဂါများ အကြား ရေပန်းစားခဲ့တဲ့ “ဒီမိုကရက်တစ်ပါတီ” အမည်ဖြင့် ပါတီတရပ် ဖွဲ့စည်းပြီး လာမည့် ၂၀၁၀ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သတင်းများကို နားထောင် ဖတ်ရှု (ဂျီတော့လ်ခ်စသည်က)မေးမြန်း ကြားသိ ရသည်များမှ ကျနော် သတိထားမိတဲ့ ကွဲလွဲမှုလေးတချို့နဲ့ ထွက်ပြီးသတင်းများမှာ ကျယ်ကျယ်ပြန်ပြန့် မပါ သေးတဲ့ အချက်အလက်အချို့ကို ကျနော်ကြားသလို မျှဝေလိုက်ပါတယ်။




ကွဲလွဲမှုလေးတချို့ကတော့ (ဗွီအိုအေ မြန်မာသတင်း16 September 2009) နိုင်ငံရေးသမားကြီး ဦးသုဝေကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားရာမှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - မြန်မာပြည် (United Democratic Party of Myanmar) နဲ့ UDP ပါတီလို့ ပြောသွားတာကြားလိုက်ရပီး တကယ်ပါတီရဲ့အမည်မှန်က ဒီမိုကရက်တစ်ပါတီ လို့ ကြားသိရပါတယ်။

နောက်တခုက သတင်းတွေထဲမှာ ၀ါရင့်နိုင်ငံရေးသမား နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲလို့ ကြားသိရပြီး အမှန်က ဒီပွဲကို ကျောင်းသား လူငယ်အဖွဲ့ဆိုတာက စီစဉ်ပြီး ဖိတ်ကြားလို့ ဦးသုဝေ ဦးဝင်းနိုင်တို့ တက်ရောက်ပြောကြားတာ လို့ ကြားသိရပါတယ်။( ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး မြို့နယ် အာဏာပိုင်ထံမှ ခွင့်ပြုချက် မယူခဲ့သဖြင့် ဥပဒေချိုးဖောက်သည်ဟုဆိုကာ သတိပေး လက်မှတ်ရေးထိုးခိုင်းခြင်းခံရရာမှာတော့ အဲဒီကျောင်းသားလူငယ်အဖွဲ့ရဲ့ တာဝန်ရှိသူတွေ ပါမပါမသိရပါ။) နောက်အနည်းငယ်ကွဲလွဲမှုကတော့ သတင်းများမှာ တက်ရောက်သူ လူ၂၀ခန့်လို့ ဆိုပေမဲ့ တကယ်တက်ရောက်သူ ၆၀ ကျော်ရှိလို့ ထိုင်စရာမပေးနိုင်လို့ နဲနဲအဆင်မချောဖြစ်သွားတာတွေ့ရတယ်လို့ ကြားရပါတယ်။
ဆက်လက်ပီး အဲဒီပွဲမှာ ဦးသုဝေပြောကြားခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံကို တင်ပေးလိုက်ပါတယ်။

(၁၄-၉-၀၉)နိုင်ငံရေးသမားခေါင်းဆောင်များမှ၊ ပြည်သူသို့ ပြောကြားလိုသော သတင်းစကားနှင့် မည်သို့ သော ခေါင်းဆောင်မျိုးဖြစ်ကြောင်း၊ ပြည်သူတို့ လေ့လာသုံးသပ်နိုင်ရန် ပေါင်းကူးပေးမည့် ကျောင်းသား လူငယ်အဖွဲ့၏ ဖိတ်ကြားချက်အရ၊ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေ ပြောကြားသောမိန့်ခွန်း။

မင်္ဂလာပါခင်ဗျား၊ ဒါလောက်များတဲ့ သတင်းဌာနပုဂ္ဂိုလ်များကို တွေ့ရလိမ့်မယ်လို့ ကျနော် မမျှော်လင့်ခဲ့ပါ ဘူး။ အခုလို တွေ့ရတာ အလွန်ဝမ်းသာပါတယ်။ ကျနော့်ကို လူငယ်ကျောင်းသားများက (၂၀၁၀) ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ကျနော့်သဘောထားကို ပြည်သူသို့ ပြောပြပေးပါလို့ ဖိတ်တဲ့အတွက် ကျနော် ရောက်ရှိလာခြင်း ဖြစ်ပါ တယ်။ ကျနော်တို့ နိုင်ငံရဲ့ စစ်အစိုးရဟာ အင်ဒိုနီးရှားကို အတုယူတာပါလို့ တချို့ကပြောတယ်။ တချို့ကလဲ တောင်အာဖရိကကို အတုယူ၊ လက်တင်အမေရိက၊ တရုတ်ကို တုတာလို့ ပြောသံကြားရပါတယ်။ ကျနော် နားလည် သလောက်တော့၊ ဘယ်နိုင်ငံ၊ ဘယ်သူ့ကိုမှအတုမခိုးပါဘူး။ သူတို့ အတွေးအခေါ်၊ သူတို့ ယုံကြည်ချက်နဲ့ လုပ်တာပါ။ မဆလမှ ဆင်းသက်လာတာဖြစ်လို့၊ မဆလ နည်းဟန်ရှိတယ်လို့တော့ ပြောနိုင်ပါတယ်။ မတူတာက စီးပွားရေး စနစ်လောက်ပါပဲ။ ဒီခေတ်စီးပွားရေးဟာ တစ်ပါတီအာဏာရှင်ပဲဖြစ်ဖြစ်၊ ကွန်မြူနစ်အာဏာရှင်ပဲဖြစ်ဖြစ်၊ အာဏာရှင် တွေအားလုံးလိုလို၊ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးကြတယ်။ မပြောင်းရင် ခေတ်နောက်ကျမှာ ကျန်ရစ်ခဲ့မှာပါ။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံလဲ ပြောင်းကိုပြောင်းရပါတယ်။ ပြောင်းတဲ့ အတွက်လဲ အားလုံး စီးပွားရေးတိုးတက်လာကြပါတယ်။ စနစ်တကျ လိမ်လိမ်မာမာ လုပ်တတ်သူတွေက ပိုတိုးတက်တာပေါ့။ တစ်ကမ္ဘာလုံး ဂလိုဘယ်လိုင်ဇေးရှင်းဆိုတော့၊ တစ်ကမ္ဘာလုံးဆက်သွယ်ပြီး

ရင်းနှီးမြှုပ်နှံကြတယ်။ ရောင်းတယ်၊ ၀ယ်တယ် စုပေါင်း လုပ်ကြတော့၊ အနည်းဆုံး အထိုက်အလျောက် စီးပွားဖြစ်ကြတာဘဲ။ အဲဒီ အာဏာရှင်တွေက အုပ်ချုပ်ရေးအာဏာ ကိုသာ လက်မလွှတ်ကြသေးတာပါ။ ဘာပဲပြောပြော၊ ဒီမိုကရေစီမဟုတ်တဲ့ အဓမ္မ၀ါဒီအစိုးရတွေဟာ၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့နေရာမှာ တူကြတော့၊ သူ့နိုင်ငံကို ငါအတုယူသလိုလို၊ ငါ့နိုင်ငံကို သူအတုယူသလိုလို ထင်ကြတာဖြစ်ပါတယ်။

နိုင်ငံသမိုင်းအဖြစ်အပျက်တွေမှာ၊ ကျနော်တို့နိုင်ငံနဲ့ ခပ်များများတူတဲ့ အင်ဒိုနီးရှားနိုင်ငံအကြောင်းကို ကျနော်ပြောပါမယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ ဗြိတိသျှကိုလိုနီအဖြစ်၊ နှစ်(၁၀၀)ကျော်နေခဲ့ရသလို၊ အင်ဒိုနီးရှား နိုင်ငံလဲ၊ ဒတ်ခ်ျတို့ရဲ့ ကိုလိုနီအဖြစ် အနှစ်(၃၀၀)ကျော်နေခဲ့ရပါတယ်။ မြန်မာ့လွတ်လပ်ရေးရည်ရွယ်ပြီး ဗိုလ်ချုပ် အောင်ဆန်းတို့၊ ဗြိတိသျှအစိုးရကို အံတုဆန့်ကျင်ခဲ့သလို၊ တချိန်တည်းမှာဘဲ၊ အင်ဒိုနီးရှားမှာ အသက်(၂၆)နှစ်ရွယ် ဆိုကာနိုက၊ အင်ဒိုနီးရှားအမျိုးသားရေးပါတီကို ထောင်ပြီး၊ ဒတ်ခ်ျအစိုးရကို အံတုပါတယ်။ အဖမ်းခံရတယ်။ သူ့ကြွေး ကြော်သံက ဒို့နိုင်ငံ၊ ဒို့လူမျိုး၊ ဒို့ဘာသာစကား။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့၊ မြန်မာနိုင်ငံကို ဂျပန်တွေဝင်ရောက်သိမ်းပိုက်သလို၊ အင်ဒိုနီးရှားကိုလဲ ဂျပန် တွေ သိမ်းပိုက်လိုက်ပါတယ်။ အင်ဒိုနီးရှင်း ထောင်ပေါင်းများစွာကို စစ်တပ်ထဲအတင်းသွင်းပြီး အရှေ့တောင် အာရှ စစ်ပွဲတွေအတွက် ခေါ်သွားတာ ရာထောင်ချီပြီး သေကြေပျောက်ဆုံးကုန်တယ်။ ဂျပန်ကို အင်ဒိုနီးရှားလူထုအခွန် တော်တွေပေးရတယ်။ အင်ဒိုနီးရှားအလံလဲ မထောင်ရဘူး။ နိုင်ငံတော်သီချင်းလဲ ဆိုခွင့်မပေးဘူး။ (၁၉၄၅)ခုနှစ် ဂျပန်လက်နက်ချတော့၊ ဆိုကာနိုနဲ့ ဟာတာတို့က အင်ဒိုနီးရှားလွတ်လပ်ရေးကို ကြေညာ လိုက်တယ်။ သို့သော် ကိုလိုနီအရှင်ဟောင်း၊ ဒတ်ခ်ျရောက်လာပြီး အုပ်ချုပ်တယ်။ ဒတ်ခ်ျအစိုးရကို ဆက်တော်လှန် တော့၊ (၁၉၄၉)ခုနှစ်မှာ လွတ်လပ်ရေးရတယ်။ အဲဒီအချိန်ကစပြီး၊ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့တာ (၁၉၅၉)နှစ်ထိ (၁၀)နှစ်ကြာတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို အသုံးပြုရာမှာ အတွေ့အကြုံ ရင့်ကျက်ခြင်းမရှိသေး တဲ့ နိုင်ငံရေးသမားတွေ ခေါင်းဆောင်တဲ့အတွက် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ ဆိုကာနိုရဲ့ ၀ါဒက အနောက်နိုင်ငံနယ်ချဲ့ကို တိုက်ခဲ့သူပီပီ၊ အနောက်ဆန့်ကျင်ရေးဝါဒဖြစ်နေတယ်။ သူ့မိန့်ခွန်းတစ်ခုမှာ အမေရိကန်ကို ရည်ရွယ်ပြီါးသ အသ့ ငူ တငအ့ ပသကမ ငေိ…လို့ပြောခဲ့တယ်။ မြန်မာ့တပ်မတော်ဟာ တော်လှန်ရေးမှပေါက်ဖွားလာခဲ့သလိုဘဲ၊ အင်ဒိုနီးရှားတပ်မတော်လဲ တော်လှန်ရေးမှ ပေါက်ဖွားတာဖြစ်တယ်။ တော်လှန်ရေးပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံအုပ်ချုပ်ရေးအစိုးရအဖွဲ့တွေမှာ ပါကြတယ်။ စစ်ခေါင်းဆောင်တွေက တပ်မတော်မှာ ဆက်လက် ဦးဆောင်ကြတယ်။ ဒါကြောင့် အုပ်ချုပ်ရေး၊ စစ်ရေးခေါင်းဆောင်တွေဟာ လုပ်ဖော်လုပ်ဖက်တွေ ဖြစ်ကြတယ်။ ပါလီမန်ဒီမိုကရေစီစနစ်အရ၊ တပ်ဟာ အရေး မပါတဲ့နေရာ ရောက်နေတယ်။ ကာကွယ်ရေးဝန်ကြီးဟာ အရပ်သားဖြစ်လို့၊ တပ်အရောင်မှေးမှိန်နေတဲ့အတွက် ဗိုလ်ချုပ်တွေက မကျေနပ်ဖူးပေါ့။ အင်ဒိုနီးရှားအစိုးရအုပ်ချုပ်ရေးဟာ လွတ်လပ်ရေးရပြီး (၁၀)နှစ်ကြာတဲ့အခါ၊ ထိထိရောက်ရောက်မအောင် မြင်တော့ ဆိုကာနိုက ပÍ္စသီလဆိုတဲ့ါကငိနိနာသခမခေပ စနစ်ကို ချမှတ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးတွေအားလုံး အစိုးရသြဇာအောက်မှာ ထားလိုက်တာပေါ့။ စစ်တပ်ကလဲ ပူးတွဲအုပ်ချုပ်ရေးဆိုပြီး လွှတ်တော်မှာ ၁^၃ ပုံ၊ အုပ်ချုပ် ရေးမှာ ၁^၅ ပုံ၊ အထက်ဆုံးအဖွဲ့မှ အောက်ကျေးရွာအထိဝင်ပါတယ်။ အဲဟိုတုန်းက ဆိုကာနိုရဲ့အားဟာ စစ်တပ်၊ ကွန်မြူနစ်ပါတီ၊ မူဆလင်ဘာသာရေးအဖွဲ့တွေနဲ့၊ နိုင်ငံသား တရုတ်စီးပွားရေးသမားတွေဖြစ်တယ်။ ဆိုကာနိုဆိုတာက အင်ဒိုနီးရှားနိုင်ငံရဲ့သူရဲကောင်း၊ လွတ်လပ်ရေး ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီးဆိုပြီး ကြည်ညိုလေးစားခြင်းခံရတယ်။ ပြီးတော့ ဆိုကာနိုဟာ အပြောအဟောကောင်းတဲ့ နေရာမှာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်စာရင်းဝင်ဖြစ်တယ်။ သို့သော်လဲ လောကမှာ အခြေအနေတွက အမြဲပြောင်းနေပါတယ်။ ကံဇာတာကျလာပြီဆိုရင် မကောင်း ကျိုးတွေ ဖြစ်လာတော့တာဘဲ။ ဆိုကာနိုရဲ့ အားတစ်ခုဖြစ်တဲ့ မူဆလင်ဘာသာရေးအဖွဲ့တွေက အင်ဒိုနီးရှားကို အစ္စလာမ်နိုင်ငံအဖြစ် ကြေညာဖို့လုပ်တယ်။ အဲဒါကို စစ်တပ်နဲ့ကွန်မြူနစ်ပါတီက လက်မခံဘူး။ တစ်ခါ စီးပွားရေးသမားမှာ ဘယ်လိုဖြစ်သလဲဆိုတော့ အစိုးရက စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ တရုတ်စီးပွားရေးသမားတွေကို စီးပွားရေးလုပ်ငန်းအားလုံးချပေးပြီး ဝေစားကြတယ်။ ဆိုကာနိုရဲ့ အနီးကပ်ဗိုလ်ချုပ်ကြီး(၂)ယောက်ဆိုရင် စီးပွားရေးဗိုလ်ချုပ်ကြီးတွေလို့ ထင်ရှားတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုပါတော့ အရင်းအနှီးက (၁၀၀)ပို့လို့ရတယ်။ ဒါပေမယ့် ဗိုလ်ချုပ်တွေ၊ တရုတ်ကုန်သည်ကြီးတွေနဲ့ ဆက်သွယ်လုပ်ရမှာဆိုတော့ ရှယ်ရာထည့်ပေးထားရတယ်။ အဲဒါနဲ့ စစ်ဗိုလ်ချုပ်တွေရော၊ တရုတ်ကုန်သည်ကြီးတွေပါ အလွန်ချမ်းသာကုန်တယ်။ လူထုကြီးကတော့ စားရမယ့်၊ သောက်ရမယ့်၊ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတော့ မကျေ မနပ်ဖြစ်ပြီး တရုတ်နဲ့အင်ဒိုနီးရှင်းလူမျိုးရေး ပဋိပက္ခဖြစ်ကြပါတယ်။ ဘန်ဒွန်းမှာ တရုတ်ဆိုင်နဲ့ အိမ်တွေ (၁၅၀၀) လောက် ပျက်စီးသွားအောင်ဖျက်ဆီးခံရပါတယ်။ တစ်ခါ စစ်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးတွေက အကျင့်ပျက်ပြီး ချမ်းသာနေတော့ တပ်နာမည်ပျက်တယ်။ နိုင်ငံ တိုးတက်မှု နှောင့်နှေးစေတယ်ဆိုပြီး စစ်ဗိုလ်ငယ်တွေက တော်လှန်ကြတယ်။ သူပုန်အစိုးရလို့ ကြေညာပြီး၊ စစ်ဗိုလ်ချုပ်ကြီးတွေကို ပြန်ပေးဆွဲတယ်။ သတ်ပစ်ကြတယ်။ စစ်ဗိုလ်ချုပ်တွေ အများအသတ်ခံရတယ်။ နောက်ဆုံး စစ်ဦးစီးချုပ်ကိုပါ ပြန်ပေးဆွဲသွားတယ်။ ကျန်တဲ့ စစ်ဗိုလ်ချုပ်တွေက ရှေ့တန်းမထွက်ရဲကြတော့ဘူး။ အဲဒီအချိန်မှာ အထူးတပ်ရဲ့ဗျူဟာမှူးလေး ဗိုလ်မှူးချုပ် ဆိုဟာတို ရှေ့တန်းထွက်ပြီး တပ်ကို စည်းရုံးတယ်။ ရေတပ်၊ ရဲတပ် တို့ကိုလဲ သူ့လက်အောက်မှာ ထားလိုက်တယ်။ ဆိုကာနိုရဲ့ါကငိနိနာသခမခေပ နဲ့ ပူးတွဲ အုပ်ချုပ်ရေးတို့ကို အခွင့်အရေး ယူပြီး အရပ်သားတွေနေရာမှာ တပ်နဲ့အစားထိုး တိုးချဲ့ ဖွဲ့စည်းလိုက်တယ်။ ဒီလို အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ ကွန်မြူနစ်ပါတီက အာဏာသိမ်းဖို့ ကြံတယ်။ အင်ဒိုနီးရှားကွန်မြူနစ်ပါတီဟာ ရုရှား-တရုတ်ပြီးရင် ကမ္ဘာမှာ အင်အားအကြီးဆုံးပါ။ ကေဒါ (၃)သိန်းနဲ့ ပါတီဝင် (၂)သန်းကျော်ရှိတယ်။ အာဏာသိမ်းဖို့ ကြံတယ်ဆိုတဲ့ ကွန်မြူနစ်ပါတီကို ဆိုဟာတိုရဲ့ စစ်တပ်ရယ်၊ ပြည်သူ့စစ်လို့ ခေါ်ရမလားမသိ၊ အရပ်သားလက်နက်ကိုင်တွေက ရက်ရက်စက်စက် အစုအပြုံလိုက် သတ်ပစ်လိုက်တာ (၁)သန်း ကျော်သေတယ် လို့ဆိုတယ်။ ဆိုဟာတိုက ဆိုကာနိုနဲ့ သွားတွေ့ပြီး ကွန်မြူနစ်ပါတီကို နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှား ပစ်ကြောင်း ကြေညာခိုင်းတယ်။ ဆိုကာနိုဟာ နိုင်ငံတော်ရဲ့ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီးဆိုတော့ မာနရှိမှာပေါ့။ သူ့ကို ထောက်ခံတဲ့ ပါတီလဲဖြစ်နေပြန်တော့ ဘယ်ကြေညာမှာလဲ။ ဒါနဲ့ ဆိုကာနိုကို ဖမ်းဆီးလိုက် ပါတယ်။ အရင်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးဟာ သေတဲ့အထိ မထင်မရှားနဲ့ နေသွားရရှာတယ်။ ဆိုဟာတိုက (၁၉၆၅)ခုနှစ်မှာ သမ္မတအာဏာယူပြီး အာဏာကို ခိုင်မာအောင် ကြိုးစားတယ်။ တစ်မိန့် တစ်အာဏာစနစ်ကို ထူထောင်တယ်။ တပ်ထဲမှာ သစ္စာရှိတဲ့လူတွေကိုသာထားပြီး သူ့အမိန့် မတည်တဲ့ စစ်ဗိုလ်တွေ ကို သံအမတ်ခန့်တဲ့လူ ခန့်တယ်။ ရာထူးချတယ်၊ ရွှေ့တယ်။ ဖြုတ်တဲ့လူ ဖြုတ်တယ်။ တပ်နဲ့ ဝေးအောင် ထားတယ်။ စီးပွားရေးကိုလဲ သူ့လူတွေနဲ့၊ သားသမီးအမျိုးတွေလက်ထဲမှာ ထားတယ်။ ဂိုကာ ပါတီမှာလဲ သူ့လူတွေပဲ ခန့်တယ်။ လွှတ်တော်မှာ အတိုက်အခံမရှိရဘူး။ ဆိုဟာတိုရဲ့ လမ်းစဉ်ကို နားလည်အောင်ဆိုပြီး တပ်မတော်သားတွေ၊ ၀န်ထမ်းတွေ၊ ဆရာတွေ၊ ဆရာဝန်တွေ အားလုံးမွမ်းမံသင်တန်းတက်ကြရတယ်။ ရွေးကောက်ပွဲကို (၅)နှစ်တစ်ကြိမ် ကျင်းပပေးပါရဲ့။ လူထုထောက်ခံတဲ့ နိုင်ငံရေးပါတီကို အမျိုးမျိုး ကန့်သတ် ချုပ်ချယ်တယ်။ နိုင်ငံရေးပါတီ(၁၇)ခု မိမိပါတီဝင်တွေကိုယ်တိုင်က ဖျက်သိမ်းပစ်အောင် ဖိအားတွေပေးတယ်။ နိုင်ငံရေးဆိုတာကိုတောင် မကောင်းတဲ့ အဓိပ္ပါယ်ဖြစ်အောင် လုပ်ပစ်တယ်။ အားလုံးကိုလဲ သူသံသယရှိတယ်။ ဘယ်သူ့ကိုမှ မယုံဘူး။ ဘယ်လိုပဲ ပိုင်အောင်လုပ်လုပ်၊ ကံတတ်တဲ့အချိန် ကံကျတဲ့အချိန်ရှိတယ်။ ပြဿနာပေါ်ချင်တော့ စီးပွားရေး ကလဲ ကျတယ်။ ဆန်အထွက်ကလဲ လျော့သွားတယ်။ ကုန်ဈေးနှုန်းကလဲ တက်တယ်။ သတင်းစာ(၁၂)စောင်ကိုလဲ ပိတ်ပစ်လိုက်တယ်။ ပြည်သူရာပေါင်းများစွာကိုလဲ ဖမ်းလိုက်တယ်။ (၁၉၉၈) တက္ကသိုလ်မှာ ကျောင်းသား (၄)ယောက်ကို ပစ်သတ်လိုက်တယ်။ အဲဒါကြောင့် ကျောင်းသားတွေအုံ ကြွပီး ဆန္ဒပြကြတယ်။ စစ်တပ်ကို နှိမ်ခိုင်း ပေမယ့် တပ်ကကျောင်းသားတွေကို စာနာပြီး ရှောင်သွားတယ်။ ဆိုကာနိုကို ဆန့်ကျင်ခဲ့စဉ်က ဆိုဟာတို အသုံးပြုခဲ့ တဲ့ ဗိုလ်ချုပ်တွေကပဲ ကျောင်းသားတွေကို အားပေးအားမြှောက်ပြုနေတယ်။ ဆိုဟာတို ကျချိန်ရောက်လာပြီဖြစ်လို့၊ စစ်တပ်အပါအ၀င် လူတန်းစားအသီးသီးက ဆန့်ကျင်ကြတယ်။ ဆိုဟာတိုက နိုင်ငံပြုပြင်ရေးတွေ လုပ်ပေးပါမယ်။ ရွေးကောက်ပွဲအသစ်လဲ ကျင်းပပေးပါမယ်။ အဲဒီရွေးကောက်ပွဲမှာ သူလဲ အရွေးမခံတော့ဘူးလို့ ကြေညာပါရဲ့။ ဒါပေမယ့် သူ့ကို ဘယ်သူမှ မယုံတော့ဘူး။ ဒါနဲ့ ဆိုဟာတိုက အစိုးရအဖွဲ့သစ်ကို ဖွဲ့တယ်။ သူခန့်လိုက်တဲ့ ၀န်ကြီးတွေ၊ စစ်ဗိုလ်တွေက အစ၊ ဘယ်သူမှ လက်မခံကြဘူး။ နှုတ်ထွက်လိုက်ကြတယ်။ ကက်ဘိနက် မှာ ဆိုဟာတိုတစ်ယောက်ပဲ ကျန်တယ်။ အရင်တုန်းက ဆိုဟာတိုနားမှာ ၀ိုင်းဝိုင်းလည်နေတဲ့ လူတွေ၊ ဆိုဟာတိုကျွေးမွေးထူထောင်ပေးခဲ့တဲ့ လူတွေအားလုံး၊ ဆိုဟာတို အနားက ဖယ်ခွာသွားကုန်ကြပါတယ်။ စိတ်ဓါတ်အကြီးအကျယ်ကျသွားတဲ့ ဆိုဟာတိုဟာ ခေါင်းငိုက်စိုက်နဲ့ သမ္မတ ရာထူးမှ နှုတ်ထွက်လိုက်ပါတော့တယ်။ ဒုသမ္မတ ဟာဘီဘီက သမ္မတရာထူးတက်ယူပြီးတဲ့အချိန်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးလွှတ်လိုက်ပါတယ်။ သတင်းလွတ်လပ်ခွင့်တွေရလာတယ်။ နိုင်ငံရေးပါတီတွေလဲ အသီးသီး ပေါ်လာကြတယ်။ ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်တယ်ဆိုပါတော့။ သို့သော် ဒီမိုကရေစီအသီးအပွင့်တွေ သီးပွင့် လာပြီး ပြည်သူတွေစားသုံးနိုင်ဖို့က ပြည်သူတွေကိုယ်တိုင်ကြိုးစားယူရအုံးမှာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အပြောင်းအလဲဟာ၊ ရှောရှောရှုရှု၊ လွယ်လွယ်ကူကူမဟုတ်ပါဘူး။ အရှေ့ဥရောပ၊ လက်တင်အမေရိက၊ အင်ဒိုနီးရှား အပါအ၀င် အတွေ့အကြုံများအရ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီ ချက်ချင်းရဖို့တော့ ခက်ပါတယ်ဗျာ။ ကဲ..ကျနော်တို့ တိုင်းပြည်အကြောင်းကို ကျနော်ဆက်ပြောပါမယ်။ စစ်အစိုးရအုပ်ချုပ်နေတာ အနှစ်(၂၀) ရှိသွားပါပြီ။ ပြည်သူကငြီးငွေ့နေပါပြီ။ အစိုးရပေါ်လစီကလဲ မိမိအာဏာတည်မြဲရေး ပေါ်လစီ ဖြစ်နေတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ တကယ်ကြိုးစားနိုင်တဲ့ အခွင့်အလမ်းတွေမရှိ။ တကယ် အကူအညီ ရနိုင်တဲ့ နိုင်ငံတွေနဲ့ ချစ်ကြည်မှုကမရှိ၊ အကူအညီကမရ။ ရန်ဖြစ်တဲ့ ပေါ်လစီဖြစ်နေတယ်။ ပြည်သူတွေ အလုပ် အကိုင်ရရှိဖို့၊ စားဝတ်နေရေးကြောင့်ကြမှုကင်းဖို့၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြည့်စုံဖို့၊ ပြည်သူတွေက မျှော်လင့်နေကြပါပြီ။ ဒါကြောင့် အပြောင်းအလဲကို တကယ်လိုချင်နေကြတာ ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲကို တောင့်တနေချိန်မှာ အစိုးရက (၂၀၁၀) ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာတယ်။ ဒီရွေးကောက်ပွဲနည်းအားဖြင့်၊ နိုင်ငံနဲ့ပြည်သူတို့အတွက် ကျနော်တို့ တစ်စုံတစ်ခု အကျိုးပြုနိုင်လိမ့် မယ်လို့ ယူဆပြီး၊ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းလိုက်ကြပါတယ်။ ရွေးကောက်ပွဲ ၀င်ရေးရည်ရွယ်ချက်က အဓိက(၂)ချက်ပဲ ကျနော်တင်ပြချင်ပါတယ်။ ပထမအချက်က တိုင်းပြည်မှာ ယိုယွင်းပျက်စီး နေတာဟူသမျှကို ထိထိရောက်ရောက်ပြင်ဆင်နိုင်ဖို့။ ပြည်သူလူထုရဲ့ အသံကျယ်ကျယ်လောင်လောင် ကြားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကို ကျနော်နည်းနည်းချဲ့ပြီး ပြောပါမယ်။ နိုင်ငံရဲ့ ပြဿနာတွေအပေါ် နိုင်ငံရေးသမားတွေကချည့် သဘောထားတွေထုတ်ထုတ်ပြီး ပြောနေကြတယ်။ ပြည်သူတွေ ပြောမယ့်အသံကိုလဲ ကျနော်တို့ အလေးထားရမယ်။ ကိုယ်ကသာပြောပြီး ပြည်သူကို ချန်ထားရင် အဲဒါ ဒီမိုကရေစီမဟုတ်ဘူးလေ။ ဒီမိုကရေစီလို့ တစာစာအော်နေပေမယ့် လက်တွေ့အလုပ်က ဒီမိုကရေစီဆန်ရမယ်။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး၊ ကိုယ့်အကျိုးချည့်ပဲကြည့်ပြီး ပြည်သူ့အကျိုးဘက်ကစဉ်းစားမပေးရင် မမှန်ဘူး။ ပြည်သူ့ဆန္ဒထုတ်ဖော်ဖို့ အကောင်းဆုံးနည်းလမ်းဟာ ရွေးကောက်ပွဲဘဲ။ ကျနော် ရှင်းပြပါမယ်။ (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲတုန်းက မဲဆန္ဒပေးခဲ့တဲ့သူတွေရယ်၊ အဲဒီရွေးကောက်ပွဲ တုန်းက အသက်မပြည့်လို့ မဲမပေးလိုက်ရသူတွေဆိုပြီး ၂ မျိုးရှိပါတယ်။ ကိုးဆယ်ခုနှစ်မဲပေးစဉ် အသက် ၃၀-၄၀ ရှိတဲ့ ပုဂ္ဂိုလ်တွေ အခု (၂၀၁၀)မှာ အသက် ၅၀-၆၀ဖြစ်နေပြီ။ သူတို့ မဲပေးခဲ့ပြီးတဲ့နောက် ဒီအနှစ်(၂၀)အတွင်းမှာ သူတို့တွေ့ကြုံခံစားရတဲ့ အခြေအနေပေါ်မှာ သူတို့သဘောထားတွေ ပြောဖို့လိုတယ်။ ပြောခွင့်ပေးရမယ်။ အမှန် ကတော့ (၄)နှစ်တစ်ကြိမ် သူတို့သဘောထားတွေ ထုတ်ဖော်ခွင့်ပေးရမှာပါ။ သူတို့သဘောထားတွေဟာ အခြေအနေ ပြောင်းသလို၊ ပြောင်းနိုင်ပါတယ်။ ဒါကြောင့် သူတို့လက်ရှိ သဘောထားပြောခွင့်ပေးရမယ်။ ဟိုအနှစ် (၂၀)တုန်းက သဘောထားကို တသမတ်တည်း၊ လှေနံဒါးထစ် မှတ်လို့မရဘူး။ တစ်ခါ (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲတုန်းက အသက်မပြည့်လို့ မဲမပေးနိုင်ခဲ့သူတွေ၊ ဥပမာ-အသက်(၁၆-၁၇)နှစ် လူငယ်တွေဟာ အခု(၄၀)နားရောက်ကုန်ပြီ။ ပြီးတော့ သူတို့လို အင်မတန်တက်ကြွတဲ့ သက်တန်းအရွယ် တွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ရှိတယ်။ လူဦးရေ (၅၆)သန်းဆိုရင် သူတို့(၂၈)သန်းရှိတာပေါ့။ အဲဒီ(၂၈)သန်းသောတက်ကြွတဲ့ အရွယ်လူငယ်တွေရဲ့ ဆန္ဒထုတ်ဖော်ခွင့် ပေးရမယ်။ အဲဒီ လူငယ်လူရွယ်တွေကို ပြောခွင့်မပေးဘဲ ငါပဲပြောမယ်၊ ငါ့ပါတီပဲပြောမယ် လုပ်နေရင် ဒီမိုကရေစီစနစ်နဲ့ မအပ်စပ်ပါဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲဆိုတဲ့ တံခါးပေါက်က မဲပေးခွင့်ရှိတဲ့ ပြည်သူတွေအားလုံး ၀င်ကြပါစေ။ ၀င်နိုင် အောင် ရွေးကောက်ပွဲကို ကျနော်တို့ကြိုဆိုရမယ်။ ရွေးကောက်ပွဲ တရားမျှတမှုရှိတာ မရှိတာ နောက်တစ်ပိုင်း။ အဲဒါကို နိုင်ငံရေးပါတီကချည်း စဉ်းစားရမှာ မဟုတ်ဘူး။ ပြည်သူကလဲ စဉ်းစားရမယ်။ ဆုံးဖြတ်ရမယ်။ ရွေးကောက်ပွဲဟာ ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တာ မဟုတ်ဘူးလား။ တရားမျှတအောင် ပြည်သူတွေကလဲ အများကြီးပံ့ပိုးနိုင်တယ်။ မတရားတာတွေ၊ မသမာတာတွေကို တွေ့အောင်ရှာပြီး ကန့်ကွက်ရမယ်။ တားဆီးရမယ်။ အဟန့်အတားမလုပ်ရင် မတရားလုပ်မယ့် သူတွေက လုပ်သွား မှာပေါ့။ ဒါကြောင့် ဒီမိုကရေစီဆိုတာ ကိုယ်တိုင်ပါဝင်ပြီးလုပ်ရပါမယ်။ သူများလုပ်ပေးလိမ့်မယ်ဆိုပြီး နို့သက်ခံယူဖို့ စောင့်မနေပါနဲ့။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီက ရွေးကောက်ပွဲဝင်မယ်ဆိုတာ၊ ဒီမိုကရေစီထွန်းကားရေးအတွက် ကိုယ်တိုင် လုပ်ဖို့ ၀င်တာပါ။ ဒါပေမယ့် ကျနော်တို့ချည်းလုပ်ရင် ကျနော်တို့ လုပ်သလောက်ပဲရမှာပေါ့။ ပြည်သူတွေ ကိုယ်တိုင် ပါဝင်လုပ်မှ ဒီမိုကရေစီ ပြည့်ပြည့်ဖြိုးဖြိုးကြီးကို ရမှာ။ ဒါကြောင့် ကျနော်ထပ်ပြောပါမယ်။ ဒီကာလမှာ ပြည်သူတွေ တွေဝေမနေပါနဲ့တော့။ ရွေးကောက်ပွဲမှာ ကိုယ်တိုင်တက်တက်ကြွကြွ မဲပေးမယ်လို့ ဆုံးဖြတ်ပါ။ ဒီမိုကရေစီလိုချင်ရင်တော့ ဒီမိုကရက်တစ်ပါတီကို မဲပေးပါ။ အဲဒါ တိုက်ရိုက်အကျဆုံးပြောတာပါ။
ကျေးဇူးတင်ပါတယ်။















သြဂုတ်လ(၃၀) ရက် ငါးကြိမ်မြောက်အစီးအဝေး


ဥက္ကဌ ဦးသုဝေ(အလယ်) အလုပ်အမှုဆောင် ဒုဥက္ကဌ ဦးရဲထွန်း(၀ဲ) ဒုဥက္ကဌ ဦးဘတင့်ဆွေ(ယာ)






(မျက်မှန်နှင့် ပုဝါချထားသူ)ဒေါ်သန်းသန်းနု နှင့်ဝဲဖက်ကပ်လျက်ထိုင်နေသူမှာ ဦးငြိမ်းဖြစ်သည်။
ဒေါ်နေရီဗဆွေ (ဓါတ်ပုံ၏ယာစွန် )































အမှတ်(၆) ဦးဝိဇ္ဖာလမ်း၊ ရေကျော်ရပ် ပုဇွန်တောင်မြိုနယ်ရှိ စုရပ်အိမ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့က

ပြုလုပ်သည့်ဆွမ်းကပ်အလှူ။

ကိုနေမျိုးဝေ စုဆောင်းပေးထားသော ရွေးကောက်ပွဲ ၀င်မည် ဆိုသူတို့၏ ဆက်သွယ်ရန် ဖုန်းနံပတ်များ

1. ဦးကိုကို 064-50410 / 09-2165036

2. ဦးကိုကိုနိုင် 01-580480

3. ဦးကျော်စိုးလင်း 01-244924

4. ဦးခင်မောင်ထွေး တဆင့် 064-24751

5. ဦးစိုးကြွယ် တဆင့် 01-629463

6. ဦးညိုမင်းလွင် 01-578503

7. ဦးညွန့်မောင် 01-244924

8. ဦးဌေးဝင်း တဆင့် 01-710553

9. ဦးတင်မောင်အေး 01-243633 / 09-503452

10. ဦးတင်လှ တဆင့် 01-593259

11. ဦးတင်ဟန် တဆင့် 064-24751

12. ဒေါ်နန်းရွှေကြာ တဆင့် 02-57618 / 02-57109

13. ဦးနေမျိုးဝေ 09-8610719

14. ဦးမျိုးခိုင် တဆင့် 01-611272 / 01-610083

15. ဦးမြင့်အောင် 01-645001

16. ဦးရဲမင်း တဆင့် 02-57618 / 02-57109

17. ဦးလှမြင့် 068-21398

18. ဦးဝင်းဇော် 064-24259 / 09-2201141

19. ဦးသန်းမင်းစိုး တဆင့် 01-291375

20. ဦးသန်းအေး တဆင့် 09-8590990

21. ဦးသိန်းတင်အောင် 01-682581

22. ဦးအုန်းလွင် 01-296693 / 09-5197648

23. ဦးအောင်ဘွား 01-296693 / 09-5197648

24. ဦးအောင်မျိုးဥိး 01-500610

25. ဦးအောင်သန်းတင့် တဆင့် 063-50642

26. ဦးကျော်မြင့် 09-5333193

27. ဦးသုဝေ 09-5084963

28. ဦးကြည်ဝင်း 01-637076

29. ဦးရဲထွန်း ( အငယ် ) 01-556554

30. ဦးသိန်းကြည် 063-50641

31. ဦးထွန်းအောင်ကျော် 01-504882 / 01-505307

32. ဦးလှသိန်း 01-504882

33. ဦးငြိမ်းမောင် 01-504882

34. ဦးရဲထွန်း ( အကြီး ) 09-5185511 / 01-538669

35. ဦးတင်ထွန်းမောင် 01-540987

36. ဦးဌေး 09-8534539

37. ဦးရွှေအုံး 01-510541 /01-510764

38. ဦးတင်အုံး တဆင့် 01-662461

39. ဦးတင်ဝင်း 045-48321

40. ဦးဘိုမောင်း တဆင့် 01-553869

41. ဦးမျိုးသန့် တဆင့် 09-6570445

42. ဒေါ်ချိုချိုကျော်ငြိမ်း 09-5161173

43. ဦးတင်စိုး 01-504882

0 comments: