From: "Moe Hnin Aye"
၂၀၀၉ မင်္ဂလာခုနှစ်တွင်းသို့ မင်္ဂလာရှိစွာခြည်းနင်းဝင်ရောက်လာလေပြီ
နအဖ ၂၀၁၀ ရွေးကောက်ပွဲကြီးနီးလာပြီ အစိုးရမင်းများ များလာတော့မည်
၁၉၉၀ ရွေးကောက်ပွဲအမတ်မင်းများ အဝေးရောက်အစိုးရအဖွဲ့ ကြီးကိုလည်း
တိုးချဲ့ တော့မည် လက်ရှိအဝေးရောက်အစိုးရမင်းများနှင့် ဒီမိုကရေစီလည်း မရ
နိုင် နောက်ထပ်နံမည်တစ်မျိုးနှင့် အစိုးရတရပ်ပေါ်လာမလိုဖြစ်နေရာမှ ပူးပေါင်း
၍ တိုးချဲ့ ဖွဲ့ စည်းတော့မည်ကြားရ၍ ပြည်သူပြည်သားများ ၀မ်းသာရမလိုဖြစ်
နေသည် လက်ရှိအဝေးရောက်အစိုးရ၀န်ကြီးချူပ်ကလည်း သူမသိလို့ ပြောနေ
သည် မည်သို့ဖြစ်လေမည်မသိ နောင်တစ်ချိန်တွင် သူသာလျှင်ဝန်ကြီးချူပ်
ဖြစ်လေသည် ဟူ၍ ၀န်ကြီးချူပ်ဦးစိန်ဝင်းက ပြောလာလျှင် မည်သို့ လုပ်ကြ
မည်နည်း ဘယ်လိုပဲဖြစ်ဖြစ် တိုးချဲ့ ဖွဲ့ စည်းပြီးပါက ၀န်ကြီးများဝန်ကလေးများ
ပေါများလာတော့မည်
နအဖအစိုးရမင်းများကစေလွှတ်လိုက်သောထောက်လှမ်းရေးများကလဲ
များလှသည် နံမည်အတိအကျသိရ၍ အတိုက်အခံများကတော်လှလေသည်
နံမည်တူ စက်ရုံအလုပ်ရုံအလုပ်သမားများကျောချမ်းစရာကောင်းလှသည် ထောက်လှမ်းရေးများနှင့်နံမည်တူနေက ခက်လှခြေပြီ မြန်မာပြည်အငတ်ဘေး
ကလွတ်နိုင်စရာ နယ်စပ်သို့ အလုပ်လာလုပ်ခါမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရ
လျှင်ကိုယ်ကျိုးနဲရခြေမည်
ဘာပဲဖြစ်ဖြစ် အတိုက်အခံတို့ လုံခြုံရေးတိုးမြှင့်ရတော့ပေမည် ကိုယ်ဘေး
ဝန်းကျင်၌ထောက်လှမ်းရေး ယူဆရသူတို့ ရှိမရှိ အကဲခတ်ရပေတော့မည် လူကြီးများနှင့်မသင့်မြတ်သူတို့ ထောက်လှမ်းရေးဖြစ်နေက ခက်ပေတော့မည်
ပြည်သူလူထုကြီးကိုစည်းရုံးရေးလုပ်စရာမလိုပေ ထောက်လှမ်းရေးများတိုးလာ
လျှင်ခက်ပေမည်မဟုတ်လော ကမ္ဘာအင်အားကြီးနိုင်ငံများ စီမံခန့် ခွဲရေးညံ့ဖျင်း
၍ စီးပွားရေးကျဆင်းရလေသည် သူတို့ မှာအစိုးရမင်းအဖွဲ့ များနည်းလှလို့ဖြစ်ရ
သည် ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများပူစရာမလိုပေ အစိုးရမင်းများ များလာ
တော့မည်ဖြစ်၍ စစ်မှန်သောဒီမိုကရေစီနှင့်စည်းကမ်းရှိသောဒီမိုကရေစီများတစ်
ခုခုများမကြာမီကျွန်ုပ်တို့ ရလာပေတော့မည်ဖြစ်၍ အစိုးရမင်းများ များပြားသော်
လည်းပြည်သူပြည်သားတို့ အဖို့ ဝမ်းသာပီတိဖြစ်မိရပါကြောင်း ၂၀၀၉ ခုနှစ်နှစ်
သစ်မင်္ဂလာ အခါသမယတွင် ၀မ်းမြောက်ပိတိဂွမ်းဆီထိဖြင့် ဇနပုဒ်မှအောင်
တုတ် (ယာတောကသာဗျောနှင့်အမျိုးမတော်ပါ)မိတ်ဆွေများထံနုတ်ခွန်းဆက်
သလိုက်ပါသည်။ကောင်းပေစွ ကောင်းပေစွ(စိတ်ညစ်ဖို့ )……..သာဓု၊သာဓု၊
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Monday, January 5, 2009
မင်္ဂလာ၂၀၀၉
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment