88G EXILES က ကိုမိုးသီးဇွန် ကိုထွန်းအောင်ဂျော် ကို ကိုကိုလေးတို့  ဂျပန်ကိုလာတုံးက ကျွန်တော် တို့ 
ဂျပန် က ဂျေအေစီ နဲ့ အစည်းအဝေးလုပ်တုံးက သာသနာ့မောလိ ဆရာတော်ကြီးများနဲ့  အတူလက်တွဲပြီး
သြဝါဒခံပြီးလုပ်နေပါတယ်လို့ ပြောသွားပါတယ်။ အခုဘယ်လိုလုပ်ပြီး ကိုအောင်မိုးဝင်းနာမယ်သုံးပြီး
ဆရာတော်ဦးဥတ္တရကိုစော်ကားတဲ့စာကို ၈၈ ဘလောက်မှာတင်ထားရတာလဲဆိုတာကိုနားမလည်နိုင်ပါ
ဘူး ပုဂ္ဂိုလ်တဦးနဲ့ တဦးအကြား အဖွဲ့ အစည်းတခုနဲ့ တခုအကြား ခေါင်းအေးအေးထားပြီး မှားရင်လည်း
မှားသွားကြောင်းအကျိုးအကြောင်းရှင်းပြပြီးတောင်းပန်လိုက်ပါ တဖက်ကလည်းလက်ခံပြီးခွင့်လွှတ်ပေး
စေချင်ပါတယ်။ ကျွန်တော်တို့ အားလုံး ဦးတည်ချက်တခုထဲ တလမ်းထဲသွားနေကြတဲ့လူတွေ အားလုဲံး
ညီညွတ်မှဖြစ်မှာပါ။ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေမှာ အလိုအပ်ဆုံး အရာဟာ ညီညွတ်
ရေးပါ။ အနဖ ခေါင်းဆောင်တွေ ညီညွတ်ကြသလောက် ကျွန်တော်တို့ ဒီမိုကရေစီ ခေါင်းဆောင်တွေ
သူတလူငါတမင်းဖြစ်နေသမျှတော့ ဒီမိုကရေစီ ရဖို့ ဆိုတာအလှမ်းဝေးနေဦးမှာပါဘဲ၊ ကျွန်တော်တို့ 
ဒီမိုကရေစီရေးအင်အားစုတွေမှာတခုတည်းသောအင်အားက ကျွန်တော်တို့ ရဲ့ ညီညွတ်မှုပါ။
နအဖ မှာ ငွေရှိတယ်၊ စစ်တပ်ရှိတယ်၊ ငါတို့ ကွဲရင်ငါတို့ ခံရမယ်ဆိုတဲ့ ညီညွတ်မှုရှိပါတယ်။
ကျွန်တော်တို့ မှာရှိတာကအမှန်တရားဘက်ကရပ်တည်နေတယ်ဆိုတဲ့အင်အားပါ။
ဒီလိုတခုတည်းရှိတဲ့အင်အားကိုမှညီညီညွတ်ညွတ်မတည်ဆောက်နိုင်ကြဘူးဆိုရင် မြန်မာပြည်ကိုလွတ်
လပ်ရေးယူပေးခဲ့တဲ့ ကျွန်တော်တို့ ရဲ့မိဘဘိုဘွားတွေ ခေတ်အဆက်ဆက်ဒီမိုကရေစီရေးအတွက်
အသက်ပေးသွားတဲ့ရဲဘော်ရဲဘက်တွေ ထောင်ထဲရောက်နေတဲ့ရဲဘော်ရဲဘက်တွေ နဲ့ ပြည်တွင်းက
နအဖ စစ်ဖနပ်အောက်မှာအတိဒုက္ခ ရောက်နေတဲ့ တိုင်းရင်းသားပြည်သူတွေ အပေါ်မှာ ကျွန်တော်တို့ 
ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ တာဝန်မကျေဘူးလို့ ဆိုရမှာပါဘဲ။
လွတ်လပ်မှု တဲ့ လူတိုင်းကြိုက်ပါတယ် လူတိုင်းလွတ်လပ်ချင်ပါတယ် လွတ်လွတ်လပ်လပ်ပြောချင်တယ်
ဆိုချင်တယ် ဝေဖန်ချင်တယ် အစရှိသဖြင့်ပေါ့။ ကျွန်တော်တို့ ပြည်ပရောက်ဒီမိုကရေစီရေးလှုပ်ရှားသူတွေ
ဟာများသောအားဖြင့် ဒီမိုကရေစီစနစ်ခိုင်မာနေတဲ့အနောက်နိုင်ငံတွေမှာအခြေစိုက်နေကြတာများမယ်လို့ 
ထင်ပါတယ်(ထိုင်းနဲ့  စင်္ကာပူကလွဲရင်ပေါ့) ။အဲ့ဒီနိုင်ငံတွေမှာအခြေစိုက်နေကြလို့ လွတ်လပ်မှုရဲ့အရသာကို
အထိုက်အလျှောက်သိရှိခံစားနေကြရပြီးပြီလို့ ထင်ပါတယ် ကျွန်တော်တို့ ကိုယ်ကိုယ်
ဘယ်လောက်လွတ်လပ်မှုရဲ့အဓိပ္ပါယ်ကိုဘယ်လောက်ထိနားလည်လက်ခံထားသလဲဆို
တာကိုစံတချို့ နဲ့  လေ့လာကြည့်ကြစေချင်ပါတယ်။
လွတ်လပ်မှုဆိုတာ စိတ်ထင်တိုင်းလုပ်လို့ ရတာကို မဆိုလိုဘူး၊ သင့် မသင့်၊ မှန်
မမှန် စဉ်းစားဆုံးဖြတ်ပြီး ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲ၊ အုပ်စုစွဲ မပါဘဲ အသင့်တော်ဆုံး၊
အကောင်းဆုံး၊ အမှန်ဆုံး၊ လုပ်တာဟာ လွတ်လပ်မှု၊ ဒါကြောင့် လွတ်လပ်မှုဆိုတာ
သဘောထားကြီးမှုနဲ့  အမှန်ကို သိမှုဆိုတဲ့ ဥာဏ်ပညာပေါ်မှာ အခြေခံပြီးမှ ဖြစ်ပေါ်
လာတာပါ။
(ဒီအကြောင်းကို မြန်မာလိုပိုပြီးလေ့လာချင်တယ်ဆိုရင် ဆရာတော်ဦးဇောတိကရေးတဲ့-တွေးမိတိုင်း ပျော်တယ်ဆိုတဲ့စာအုပ်ကို
ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။)
ဒီမိုကရေစီရေးလုပ်ဖော်ကိုင်ဘက်များလွတ်လပ်မှုကိုခံစားတတ်သလို လွတ်လပ်မှုရဲ့
အဓိပ္ပါယ်ကိုလည်းကောင်းမွန်မွန်အဓိပ္ပါယ်ဖော်နိုင်ကြပါစေလို့  ကောင်းကောင်းမွန်
မွန်အသုံးချနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဘုန်းလှိုင်
FWUBC-JAPAN
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Tuesday, October 28, 2008
ညီညွတ်ကြစို့ နဲ့  လွတ်လပ်မှုအဓိပ္ပါယ် FINAL-Re: [8888peoplepower] Fwd: IBMO's response for Moetheezun
Labels:
Articles,
BURMA IMFO,
DEMOCRACY,
My point of view
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment