Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Tuesday, August 26, 2008

ဧရာဝတီ | သြဂုတ် ၂၅၊ ၂၀၀၈အလင်းရောင် လက်ဖြာည … သို့မဟုတ် … လေးဖြူနဲ့ IC ရဲ့ နာဂစ်ရန်ပုံငွေပွဲ … The Irrawaddy (Burmese Version)






ညနေ ၄း ၄၀ နာရီ။

မိုးရွာပြီးစ ကောင်းကင်က ခပ်မှိုင်းမှိုင်းဖျော့တော့နေချိန် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမကြီးဘေးမှာရှိတဲ့ သုဝဏ္ဏ္ဏ မိုးလုံလေလုံ အားကစားရုံကြီး ရှေ့မှာတော့ သစ်လွင်တောက်ပတဲ့ အ၀တ်အစားတွေနဲ့ လူငယ် ထောင် ပေါင်းများစွာ စုရုံး ရောက်ရှိနေကြတယ်။ သူတို့မျက်နှာတွေက တက်ကြွလန်းဆန်းနေတယ်။ သူတို့တတွေကို လုံထိန်း ရဲကားတွေ၊ အချူပ်ကား တွေနဲ့ ရာပေါင်းများသော လုံထိန်း ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေတယ်။



ဒါပေမယ့် ဒီလူငယ်တွေက လုံထိန်းရဲတွေကိုသတိမမူအား အချင်းချင်းစကြနောက်ကြနဲ့ ပျော်ရွှင်လို့နေကြတယ်။ သူတို့တွေ ဟာ နာဂစ်ဒုက္ခသည်တွေကိုကူညီဖို့ ရန်ပုံငွေရှာတဲ့ နာမည်ကျော် IRON CROSS တေးဂီတအဖွဲ့နဲ့အတူ သီဆိုဖျော်ဖြေမယ့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ရဲ့ စတိတ်ရှိုးပွဲလာရောက်ကြတဲ့လူငယ်တွေပါ။

“လက်မှတ်တွေ ၁၃၀၀၀ နော်၊ ကုန်တော့မှာ”ဆိုတဲ့လက်မှတ်ရောင်းတဲ့သူတွေရဲ့အသံတွေကလည်း ဆူညံ နေတယ်။ မြန်မာ ပြည်မှာ ဈေးအကြီးဆုံးလို့ဆိုနိုင်မယ့် စတိတ်ရှိုးလက်မှတ် တစောင် ကျပ် ၁၅၀၀၀ ၊ ၁၀၀၀၀ ၊ ၉၀၀၀ ဈေးနှုန်းတွေဟာ များပြားလွန်းလှတဲ့ ဈေးနှုန်းဖြစ်ပေမယ့်စတိတ်ရှိုးငတ်နေတဲ့ လူငယ်တွေကတော့ ဈေးနှုန်းကို ဂရုမထား၊ အံ့သြဖွယ်ကောင်း လောက်အောင် ရုံပြည့်ရုံလျှံဝယ်ယူအားပေးကြလို့ ရက်ပိုင်းအတွင်း လက်မှတ်တွေရောင်းကုန်သွားတယ်။ မူလ က ၂၄ ရက် တရက်တည်းကျင်းပဖို့ စီစဉ်ထားပေမယ့် လက်မှတ် မရလိုက်တဲ့ သူတွေအများအပြားရှိတာမို့ ၂၅ ရက်ကိုပါထပ်ပြီး ပွဲကျင်းပ ဖို့စီစဉ်ခဲ့တာလို့ရှိုးပွဲ စီစဉ်သူ ALPINE သောက်ရေသန့် ကုမဏီက တာဝန်ရှိသူ တဦးကဆိုပါတယ်။

သုဝဏ္ဏအားကစားရုံကြီးရှေ့မှာ လူတွေ၊ ကားတွေ၊ ဈေးသည်တွေ၊ ရဲတွေ ရှုပ်ယှက်ခတ်နေတယ်။ ရှိုးပွဲကျင်းပမယ့် အားကစားရုံထဲဝင်ဖို့ တန်းစီနေတဲ့ လူတန်းကြီးကလည်း ရထားတန်းကြီးပမာ ရှည်လျားလွန်းလှတယ်။

ညနေ ၅ နာရီ။

သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးထဲမှာ ဂီတကို ချစ်မြတ်နိုးကြတဲ့ လူကြီးလူငယ် အရွယ်မျိုးစုံ မိမိတို့လက်မှတ် ၀ယ်ယူ ထားရာနေရာအသီးသီးကို ရောက်ရှိနေရာယူကြတယ်။ တချို့က ထိုင်ခုံတွေမှာနေရာယူနေကြသလို တချို့ ကတော့ မတ်တတ်ရပ် အားပေးဖို့ ဟန်ပြင်နေကြတယ်။

ALPINE သောက်ရေသန့်နဲ့ မြန်မာဘီယာဆိုတဲ့ ဆိုင်းဘုတ်တွေက ရုံအတွင်းမှာ ပြည့်နှက်နေရာယူထားတယ်။ တေးဂီတ ဖျော်ဖြေမှုပေးမယ့် စင်ကြီးကတော့ သံတိုင်တွေနဲ့တည်ဆောက်ထားပြီး ခန့်ညားလွန်းလှတယ်။ တေး ဂီတစင်ကို ပရိုဂျက် တာတွေနဲ့တန်ဆာဆင်ထားပြီး အနီရောင် i နဲ့ c ဆိုတဲ့ စာလုံးကြီးနှစ်ခုကလည်း စတိတ်ရှိုး စင်ကို ပိုပြီးထင်ရှား ပေါ်လွင်စေ တယ်။ ပရိုဂျက်တာပေါ်မှာကတော့ လေးဖြူ၊ အငဲ၊ ၀ိုင်ဝိုင်းနဲ့မျိုးကြီး တို့ရဲ့ ပုံရိပ် လေးခု နဲ့ IRON CROSS ဆိုတဲ့ စာတန်းကြီး ထိုးထားပြီး နောက်ခံ ရော့ခ် တေးဂီတအသံတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေတယ်။


ညနေ ၅ နာရီ ၁၁ မိနစ်။

ပရိုဂျက်တာပေါ်မှာ မြစ်ပြင်ကျယ်တွေ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ တံငါတွေ၊ ဆော့ကစားပြေးလွှားနေတဲ့ ကလေးငယ်ပုံ ရိပ်တွေက လှုပ်ရှားသက်ဝင်ပြသတယ်။ အဲဒီနောက်မှာတော့ လျှပ်စီးလျှပ်လက်ရောင်တွေထပြီး မုန်တိုင်းဒီရေတွေတက်လာ တဲ့ ပုံတွေ တခုတခုပြီး ပြသတယ်။ ပြီးတော့ ငိုကြွေးနေတဲ့ကလေးငယ်တွေ၊ ဒုက္ခရောက်နေတဲ့ လူကြီးလူငယ်တွေရဲ့ပုံတွေက ဆက်တိုက်ဆိုသလိုပေါ်ထွက်လာတယ်။

“အားလုံးရဲ့ မျက်ရည်ကိုယ်စီဆုတောင်းခြင်းများနဲ့…..ဒီကမ္ဘာမှာကျခဲ့ရ ၊ မိဘမဲ့ကလေးများ အမေရေ ခေါ်တဲ့ အသံများလား …”ဆိုတဲ့“နေရောင်အောက်က အသက်ရှုသံများ”သီချင်းကို မျိုးကြီး၊ လေးဖြူ၊ အငဲ နဲ့ ၀ိုင်ဝိုင်းတို့ သံပြိုင်စတင်သီဆိုလိုက်ချိန် မှာတော့ ပရိသတ်ရဲ့ လက်ခုပ်သံတွေ၊ သီချင်းကို သံပြိုင်လိုက်လံသီဆိုတဲ့ အသံတွေ က အားကစားရုံတခုလုံးလျှံထွက် ဖုံးလွှမ်းသွားတယ်။

အဲဒီသီချင်းပြီးတဲ့ နောက်မှာတော့ အဆိုတော် အငဲက “အချစ်ကခါး” သီချင်းဆိုပါတယ်။ ပရိသတ်တွေက ခုန်ပေါက်ကကြ သလို တချို့ဆယ်ကျော်သက် အရွယ်အမျိုးသမီးငယ်လေးတွေက အငဲ လို့အော်ပြီး မျက်ရည်တွေ ကျကြတယ်။ တချို့ ဆယ်ကျော်သက် အမျိုးသားလူငယ်တွေကလည်း အင်္ကျီတွေချွတ်လို့ ကခုန်ကြတယ်။

နာမည်ကျော်အဆိုတော်တွေဖြစ်တာနဲ့အညီ ပရိသတ်ရဲ့အားပေးမှုကလည်း ကြောက်ခမန်းလိလိ။ ပရိသတ်ကြိုက် နှစ်သက် ပြီးသား နာမည်ကြီး ရော့ခ်တေးသီးချင်းတွေ၊ အချစ်သီချင်း အေးအေးလေးတွေကို အငဲနဲ့ ၀ိုင်ဝိုင်းတို့က ဆက်တိုက် သီဆိုကြပါတယ်။

ညနေ ၅ နာရီ ၃၈ မိနစ် မှာတော့ ...

ဘယ်တော့မှ စတိတ်ရှိုးမဆိုတော့ပါဘူးလို့ ကြေညာထားတဲ့ အဆိုတော်ကြီး လေးဖြူ တကိုယ်တော်ဖျော်ဖြေသီဆို ဖို့ပြင်ဆင် ချိန်မှာ တော့ ပရိတ်သတ်တွေက “လေးဖြူ” “လေးဖြူ”ဆိုပြီး ညာသံပေးအော်ဟစ်သံတွေက သုဝဏ္ဏ အားကစားရုံ ပြင်ပ ထိအောင် ဟိန်းထွက်သွားတယ်။

“ခင်ဗျားတို့နဲ့အတူ နာဂစ်လေဘေးဒုက္ခသည်တွေအတွက် ကုသိုလ်ပြုရတာ အရမ်းပျော်ရွှင်ပါတယ်။ အားလုံး မင်္ဂလာပါ”လို့ လေးဖြူနှုတ်ခွန်းဆက်ပြီးချိန်မှာတော့ ပရိသတ်ရဲ့ လှုပ်ရှားမှုတွေက လေးဖြူ သီဆိုတဲ့ ရော့ခ် သီချင်းတွေမှာ နစ်မျောခုန် ပေါက်ကြတယ်။ ပွဲစချိန်ကတည်းက ရုံပြည့်ရုံလျှံနေတဲ့ လူအုပ်က ပွဲစပြီး ၄၅ မိနစ် လောက်အကြာမှာ ပို၍ပို၍ များပြား လာပါတယ်။

“ဒီပွဲလောက်ပရိတ်သတ်များတာ တခါမှ မမြင်ဖူးဘူး။ အတော်ကို အားရစရာကောင်းတယ်”လို့ ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် တဦးက မှတ်ချက်ပြုတယ်။

နာမည်ကျော် ဟစ်ဟော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ကတော့ “အကြီးကျယ်ဆုံးနဲ့ အအောင်မြင်ဆုံးပွဲပါပဲ။ အားကျမိပါတယ်” လို့ စတိတ်ရှိုးပွဲကို ခုန်ပေါက် အားပေးကခုန်ရင်း မှတ်ချက်ပေးတယ်။

ရော့ခ်သီချင်းတွေသီဆို နာမည်ကြီးတဲ့ အမျိုးသမီးအဆိုတော် ကော်နီကလည်း “ပရိသတ်များနဲ့အတူတူ ပျော်ရွှင်ရပါတယ်။ ဂုဏ်ယူပါတယ်”လို့ ရယ်မောစွာနဲ့ တုံ့ပြန်မှတ်ချက်ပြုတယ်။ စူးရှတဲ့ အသံနဲ့အချစ်သီချင်းတွေရော၊ ရော့ခ်သီချင်းတွေပါ သီဆို နိုင်တဲ့ ပရိသတ်အချစ်တော် ချောစုခင်ကလည်း “ဘာဖြစ်ဖြစ် အခုလို ကိုလေးဖြူစတိတ်ရှိုးပြန်ဆိုတဲ့အတွက် ပရိသတ် အတွက်ရော ချောစုကပါ အရမ်းပျော်တယ်။ ဒီနေ့ ၂၄ ရက်နဲ့မနက်ဖြန် ၂၅ ရက်ပါ ၂ ရက်စလုံး ကိုလေးကို အားပေးမယ်။ မကြည့်ရတာကြာပြီဖြစ်တဲ့ ကိုလေး ရဲ့ ဖျော်ဖြေတာ ပြန်ကြည့်ရတဲ့အတွက် အရမ်းမိုက်ပါတယ်”လို့ သူမရဲ့ခံစားချက်ကို ထုတ်ဖော်ပြောပါတယ်။

စတိတ်ရှိုးပွဲကိုလာကြည့်တဲ့ ပရိသတ်အရေအတွက်က ခန့်မှန်းဖို့ခက်လောက်အောင် များပြားလွန်းလှတယ်။ ပွဲလုံခြုံရေး တာဝန်ယူထားတဲ့ လုံခြုံရေးဝန်ထမ်းတဦးကတော့ အနည်းဆုံး ငါးသောင်းကျော်ရှိမယ်လို့ ခန့်မှန်း တယ်။ ပရိသတ်တွေထဲမှာ နိုင်ငံခြားသားတွေ တော်တော်များများကိုလည်း တွေ့ရတယ်။

ပရိသတ်အချစ်တော် လေးဖြူ၊ ၀ိုင်ဝိုင်း၊ အငဲနဲ့မျိုးကြီးတို့ဟာ သီဆိုဖျော်ဖြေချိန်မှာ ပရိသတ်ဘက်ကို မိုက်ကရိုဖုန်း ကို ထိုးပေးပြီး ပရိသတ်ရဲ့သံပြိုင်သီချင်းလိုက်လံသီဆိုမှုကို အသိအမှတ်ပြုရင်း ပရိသတ်ကိုလည်း အရွှန်းဖောက် ပါတယ်။

“ပရိသတ်ကြီး မျိုးကြီးမြှောက်ပေးတိုင်း အင်္ကျီတွေချွတ်မနေကြနဲ့ အအေးပတ်ကုန်လိမ့်မယ်”လို့ အဆိုတော်အငဲက ပြောတော့ ပရိသတ်တွေကလည်း ရယ်ကြတယ်။

လေးဖြူကလည်း “ရောမီသောဖော (တရုတ်ကားထဲကပုံစံအတိုင်းလုပ်ပြ)”ဆိုပြီး ပရိသတ်ကို နောက်တယ်။

တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ ပရိသတ်နဲ့ အဆိုတော်တွေ အပေးအယူ မျှမျှ အတိုင်အဖောက် ညီလာ ကြတယ်။ အဆိုတော်တွေက ပရိသတ်ကို အစွမ်းကုန်ဖျော်ဖြေ ကြသလို ပရိသတ်တွေကလည်း ပွဲကို စည်းကမ်း ရှိရှိ ရန်ပွဲမရှိအား ပေးနေကြတယ်။

ည ၉ နာရီ မိနစ်၂၀ အချိန်ကျတော့ …

အဆိုတော်လေးဖြူက “ဒီညလေးကိုတော့ ဘယ်လိုမှမေ့လို့ရတော့မှာမဟုတ်ပါဘူး” လို့ပြောပြီး ပွဲကို နိဂုံးချူပ်ဖို့ ပြင်တော့ ပရိသတ်တွေက အော်ဟစ်ပြီး သီချင်းတောင်းကြတယ်။

ပရိသတ် တောင်းဆိုမှုကြောင့် လေးဖြူက နောက်ထပ်သီချင်းနှစ်ပုဒ် ထပ်ဆိုပေးမယ်။ မနက်ဖြန်ကျရင်လည်း ကျနော်ဆွဲရ ဦးမယ် (သီချင်းထပ်ဆိုရဦးမယ်)။ အဲဒီတော့ နှစ်ပုဒ်ပြီးရင် ပွဲနားကြပါစို့လို့ တောင်းပန်ပါတယ်။

ည ၉နာရီ ၃၀ မိနစ်အချိန် မှာတော့ …

အဆိုတော် လေးဖြူက နောက်ဆုံးပွဲသိမ်းသီချင်းအနေနဲ့ သူ့ရဲ့ပထမဆုံးသော နာမည်ကြီး သီချင်းဖြစ်တဲ့ “အလင်းရောင်” သီချင်းကို ဖျော်ဖြေတော့ ပရိသတ်ကလည်း သီချင်းကို သံပြိုင်အော်ဟစ်သီဆိုကြတယ်။ တချို့ပရိသတ်တွေက မီးခြစ် ကိုခြစ်ပြီး မီးတောက်လေးတွေကို ဝှေ့ယမ်းပြီး လွမ်းလွမ်းဆွေးဆွေးအားပေးကြတယ်။

ပွဲကို လာရောက်အားပေးတဲ့ အသက်၂၀ ကျော်အရွယ် ပြင်သစ်နိုင်ငံသူလေးတဦးရဲ့မျက်နှာမှာ မျက်ရည်တွေ ကျနေတာကို တွေ့လိုက်ရတယ်။ ဘာဖြစ်လို့လဲ လို့ မေးလိုက်တော့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် သီဆိုကြတဲ့ အဆိုတော်တွေနဲ့ အားပေးကြတဲ့ ပရိသတ်ကို မြင်တွေ့ရတာ သူမအဖို့ဝမ်းသာလွန်းလို့ မျက်ရည်ကျတာပါလို့ ပြောတယ်။

ည ၉ နာရီ ၄၀ မိနစ် အချိန်မှာပဲ …

နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ဖျော်ဖြေတဲ့ရန်ပုံငွေ စတိတ်ရှိုးပွဲက အောင်မြင်အေးချမ်းစွာနဲ့ အဆုံးသတ်သွား ပါတော့တယ်။ ။

0 comments: