Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Monday, November 22, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မှတ်တမ်း-၂၁-၁၁-၂ဝ၁ဝ

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)
အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မှတ်တမ်း
၂၁-၁၁-၂ဝ၁ဝ
Recycle Center, Takadanobaba, Shinjuku-ku, Tokyo, Japan
1. ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏ သက်တမ်းကို ရွေးကောက်ပွဲ ရလဒ်များ
အတည်ပြုနိုင်သည်အထိ တိုးမြှင့်လိုက်ပါသည်။
2. ကော်မတီအနေဖြင့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မူလရည်ရွယ်ချက်များအရ
ဆက်လက် လုပ်ဆောင်နေသည့် တချိန်တည်းမှာပင် ကော်မတီ၏ ၁၄-၁၁-၂ဝ၁ဝ ထုတ်ပြန်
ကြေညာချက်အတိုင်း ပြည်သူအားလုံး ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိနိုင်ရေးအတွက်
(က) ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူလျက် ပူးပေါင်းပံ့ပိုး လှုပ်ရှားခြင်းနှင့်
(ခ) မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း မတရားဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်သော
ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ
အမြန်ဆုံး ပြန်လွှတ်ပေးရန် လှုပ်ရှားခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်နေမည် ဖြစ်သည်။
3. အထက်ဖော်ပြပါအကြောင်းရင်းများမှ ထွက်ပေါ်လာနိုင်မည့် အကျိုးတရားကောင်းများကို မျှော်ကိုးလျက်
ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများအကြား တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန်
ယုံကြည်မှု၊ လေးစားမှု၊ ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ တာဝန်ခံနိုင်မှုနှင့် လူ့အခွင့်အရေးများ ဆိုင်ရာ
လွတ်လပ်မှု အစရှိသည့် ဒီမိုကရေစီ အခြေခံစံနှုန်းများအတိုင်း ပိုမို ညီညွတ်စွာ ပူးပေါင်းလှုပ်ရှားရန်
မရှိမဖြစ် လိုအပ်လာပါသည်။
4. သို့ပါ၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ အဓိက လုပ်ငန်းစဉ်များဖြစ်သော
အစည်းအဝေးနှင့် အကောင်အထည်ဖော် လှုပ်ရှားမှုများတွင် ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ
လူပုဂ္ဂိုလ် တဦးချင်းအား၎င်း၊ အဖ့အွဲ စည်းများအား၎င်း ယနေ့မှစ၍ အနာဂတ် နိုင်ငံရေး လှုပ်ရှားမှုများ၌
ညီနောင်သားရင်းများသဖွယ် ပြန်လည် ပါဝင်ပူးပေါင်းကြပါရန် နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်
ပါသည်။
5. လာမည့် တနင်္ဂနွေနေ့ (၂၈-၁၁-၂ဝ၁ဝ) တွင် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)၏
အစည်းအဝေး ကျင်းပမည် ဖြစ်ပါသည်။ (အစည်းအဝေး အကြောင်းကြားစာကို သီးခြားပေးပို့ပါမည်)။
ထို့ပြင် အခါအားလျော်စွာ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပရန်လည်း ဆုံးဖြတ်ပါသည်။
6. ၂၃-၁၁-၂ဝ၁ဝ နေ့တွင် လှုပ်ရှားမည့် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို
ထောက်ခံပွဲ” တွင် အောက်ပါအစီအစဉ်များကို ဆုံးဖြတ်အတည်ပြုပါသည်။
အခမ်းအနားမှူးများအဖြစ် ဦးဇော်မင်းထွန်းနှင့် ဒေါ်ကျင်ဟောက်လွန်
ဒေါ်အောင်ဆန်းစုကြည်အား အပြည့်အဝ ထောက်ခံကြောင်း ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ
အရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ ဖတ်ကြား၍ လက်မှတ်
ရေးထိုးကြပါမည်။ (ဖတ်ကြားသော ထုတ်ပြန်ချက်များကို စာအုပ်အဖြစ် စုစည်းမည် ဖြစ်သော
ကြောင့် မိတ္တူတစောင်စီ ပေးပါရန်။)
ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်ပို့မည့် “လူထုအသံ” အော်တို (Auto) စာအုပ်တွင်
မည်သူမဆို၊ မည်သည့် နိုင်ငံသားမဆို မိမိတို့ တဦးချင်းအနေဖြင့် ပြောဆိုမှာကြား အကြံပေးလို
သည်များကို ရေးသားကြပါမည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူများအားလုံးအပြင် နိုင်ငံတကာအသိုင်းအဝိုင်း
ကပါ ကြည့်ရှုနိုင်မည့် ဗီဒီယိုနှင့် ဓါတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးပါမည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ
မြန်မာ အာဏာပိုင်များ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊
နိုင်ငံရေး ပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာ
တစောင် စုစည်း ထုတ်ပြန်ပါမည်။ (ဖတ်ကြားမည့်သူ - ဦးလွင်အောင်စိုး)
ကြိုဆိုထောက်ခံပွဲသို့ မိမိတို့အစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို ယူဆောင်
လာကြပါရန် အကြောင်းကြားအပ်ပါသည်။
ကြိုဆိုထောက်ခံပွဲတွင် We stand with Daw Aung San Suu Kyi စာတမ်းနှင့်
ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါရှိသော T-shirt များကို ဝတ်ဆင်နိုင်ရေးအတွက် စီစဉ်ထား
ပါမည်။
ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ
ဆက်သွယ်မေးမြန်းရန် - 090-4964-9718, 090-9813-7192, 080-4005-7098, 080, 090-2525-1966,
080-5404-6600, 090-6031-4394, 080-5070-0080, 090-6040-8282, 090-5318-5054,
080-5888-3925.

0 comments: