Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Friday, May 29, 2009

ပြည်ပနိုင်ငံရေးလှုပ်ရှားမှု အမြင်-by Phone Hlaing-FWUBC

Date-29-05-2009
အမေရိကားမှာက နိုင်ငံကျယ်ပြီး လူတွေပြန့် ကျဲနေလို့ လူစုလို့ မရနိုင်ဘူးဆိုတာကိုကျွန်တော်တို့ 

နားလည်ပါတယ်။ အမေရိကန်အစိုးရကို ချည်းကပ်ပြီး နအဖကိုအများဆုံးဖိအားပေးနေတာ

အမေရိကားကရဲဘော်တွေလို့ ကျွန်တော်တို့ နားလည်ထားပါတယ်။တကယ်လေးစားပါတယ်။

ဂျပန်မှာက ကျွန်တော်တို့ ဗမာအများစု စုနေတာက တိုကျိုမှာပါ ဒါကကျွန်တော်တို့ ရဲ့အားသာ

ချက်ပါ။ပြီးတော့ဂျပန်ကနိုင်ငံရေးလှုပ်ရှားသူတွေကြားထဲမှာတယောက်နဲ့ တယောက်အဆက်အသွယ်

အမြဲရှိနေကြပါတယ်။ပြည်တွင်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လိုအပ်ရင် ဆန္ဒပြပွဲတွေချက်ခြင်းလုပ်နိုင်

နေပါပြီ ။ ဒါပေမဲ့ကျွန်တော်တို့ မှာအားနဲနေတာက ဂျပန်အစိုးရကိုစည်းရုံးဖို့ အားနဲနေပါတယ်။

ကျွန်တော်တို့ နဲ့ နီးစပ်မှုရှိတာကအာဏာရပါတီနဲ့ အဓိကအတိုက်အခံပါတီကအမတ်တချို့ ပါ။

ဒါပေမဲ့ဂျပန်ရဲ့အုပ်ချုပ်ရေးရန္တရားကိုတကယ်မောင်းနှင်နေတာက ဂျပန်အစိုးရမဟုတ်ပါဘူး။

ဂျပန်အစိုးရဝန်ထမ်းတွေဖြစ်တဲ့ ဗျူရိုဂရက်တွေပါ ။ဗျူရိုကရေစီကဂျပန်မှာအရမ်းအားကောင်းတော့

ဂျပန်အစိုးရအဇွဲ့ တွေ တက်လိုက်ဆင်းလိုက်၊ ဝန်ကြီးချုပ်တွေတက်လိုက်ဆင်းလိုက်ဖြစ်နေပေမဲ့လဲ

ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေးဘာမှသိပ်ပြီးအပြောင်းအလဲမရှိဘာဘူး ဘာကြောင့်လဲ့ဆိုတော့

ဂျပန်ရဲ့တကယ့်ပေါ်လစီမိတ်ကာတွေဟာ ဗျူရိုဂရက်အရာရှိကြီးတွေဖြစ်နေကြလို့ ပါ။

အမေရိကန်သမတဟောင်းကလင်တန်တောင်သူအာဏာရှိနေတဲ့အချိန်တုန်းကပြောသွားသေးတယ်

မဟုတ်လား ဂျပန်တွေက လုပ်ပါမယ်လုပ်ပါမယ်လို့ ကတိတွေပေးပေးသွားပေမဲ့တကယ်တန်းကတိ

အတိုင်းဘာမှဖြစ်မလာဘူး အပြောတခြားအလုပ်တခြားလို့ ဝေဖန်သွားဖူးပါတယ်။

ဂျပန်ရဲ့မြန်မာပြည်ပေါ်လစီဆိုတာလဲဒီတိုင်းဘာဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနကနေကြေငြာချက်တွေ

ထုတ်နေပေမဲ့ သူတို့ (ဗျူရိုဂရက်တွေ) ကသူတို့ နိုင်ငံအကြိုးစီးပွားကို အရင်ကြည့်လေ့ရှိလို့ 

ဗမာပြည်မှာစစ်တပ်ကခိုင်ခိုင်မာမာအာဏာကိုချုပ်ကိုင်ထားတယ် ၊နောက်ကွယ်က တရုတ်ကထောက်ခံ

နေတယ်၊ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေဟာညီညွတ်မှုမရှိဘူး အင်အားမရှိဘူး

လို့ သုံးသတ်တယ်လို့ ယုံကြည်ရပါတယ်။

(ကျွန်တော်တို့ စည်းလုံးညီညွတ်မှုရှိတယ်၊အင်အားရှိတယ်၊အနဖကို

ကိုင်လှုပ်နိုင်ပြီလို့ သူတို့ ယူဆလာရင်ဂျပန်ရဲ့ပေါ်လစီသိသိသာသာပြောင်းလဲလာမှာပါ။)

ဒါကြောင့်စစ်အစိုးရကိုမြွေမသေတုတ်မကျိုးဆက်ဆံတဲ့ပေါ်လစီကိုကျင့်သုံးနေပါတယ်။ဒါကြောင့်

ဂျပန်ရဲ့ဗမာပြည်ဆိုင်ရာပေါ်လစီကိုတကယ်တန်းပြောင်းလာအောင် ကျွန်တော်တို့ 

ဂျပန်က ဗမာနိုင်ငံရေးလုပ်သူတွေ အများကြီးကြိုးစားကြရပါဦးမယ်။ ဒါကကျွန်တော်တို့ ရဲ့အားနဲချက်

ပါ။တကယ်တန်း နအဖ ကိုပြည်ပကဖိအားပေးနိုင်တာက သက်ဆိုင်ရာနိုင်ငံအစိုးရတွေ အဲ့ဒီအစိုးရတွေ

ရဲ့ပေါ်လစီတွေအပေါ်မှာသြဇာညောင်းတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့ အစည်းတွေကိုစည်းရုံးနိုင်ဖို့  ပြီးတော့

သက်ဆိုင်ရာနိုင်ငံတွေကပြည်သူတွေကိုဗမာပြည်အကြောင်းပိုမိုသိရှိနားလည်လာအောင်ရှင်းပြစည်း

ရုံးပြီးပြည်သူတွေကတဆင့်ဆိုင်ရာအစိုးရတွေကိုအောက်ခြေကနေဖိအားပေးဖို့ တောင်းဆိုဖို့ လုပ်ကြ

ရမှာပါ ၊ လော်ဘီလုပ်ရမှာပါ ပြီးတော့မှ ဆိုင်ရာအစိုးရတွေကအတဆင့် နအဖကို ဖိအားပေးဖို့ ပါ။

ဆန္ဒပြပွဲ ဆိုတာအဲ့ဒီလုပ်ငန်းစဉ်ရဲ့တစိတ်တဒေသပါ။အမေရိကရဲဘော်တွေ ဆန္ဒ ပြပွဲမှာ

လူမများလို့ စိတ်မကောင်းမဖြစ်ကြပါနဲ့  အမေရိကန်အစိုးရကို လော်ဘီများများလုပ်နိုင်ဖို့ ကအဓိကပါ။

အဲ့ဒီနေရာမှာ အမေရိကားနဲ့ အီးယူ ကဗမာနိုင်ငံရေးသမားတွေ ကထိပ်မှာနေရာယူထားပါတယ်။ပြည်တွင်းကရဲဘော်တွေကိုလဲစိတ်အား

လူအား ငွေအားတတ်နိုင်သလောက်ပံ့ပိုးဖို့ ကတော့အဓိကအကျဆုံးလို့ 

ထင်ပါတယ်၊ ပြည်တွင်းကပြည်သူလူထုကြားထဲမှာနိုင်ငံရေးအသိစိတ်ဓါတ်မီးတောက်ကိုငြိမ်းမသွား

အောင်ဝိုင်းဝန်းပံ့ပိုးထိန်းသိမ်းဖို့ လိုပါတယ်။လူထုမပါရင်ဘာမှလုပ်လို့ မရပါဘူး။ စိတ်ဓါတ်သေမသွား

ဖို့ အရေးကြီးပါတယ်။

လေးစားစွာဖြင့်-

ဘုန်းလှိုင်

FWUBC-JAPAN


--- On Fri, 29/5/09, Aung Zin wrote:



From: Aung Zin
Subject: Re: [8888peoplepower] japan/tokyo report
To: 8888peoplepower@yahoogroups.com
Date: Friday, 29 May, 2009, 11:24 AM





ခဏခဏတော့ အပြန်အလှန်တွေ မရေးချင်ဘူး...
ရေးတဲ့စာ တွေကို သေသေချာချာဖတ် ပြီးမှ Reply လုပ်သင့်တယ်။
ယှဉ်ပြိုင်ခြင်းကို ရေးထား ပြောထားတာ မဟုတ်ဘူး...။
နှိုင်းယှဉ်ုကည့်ုကအောင်....။ ဆိုတဲ့စာေုကာင်းက တယောက်နဲ့ တယောက် ယှဉ်ပြိုင်စေခြင်း
မဟုတ်ဘူး။ အမေရီကား မှာလည်း ဂျပန်မှာ လို စည်းစည်းလုံးလုံးဖြစ်စေချင် တာပါဘဲ..။
အမေရီးကား အင်အားစုတွေနဲ့  ဂျပန် အင်အားစုတွေ ဟာ ဘယ်လိုအေုကာင်းနဲ့ မှ
စိတ်ဝမ်းကွဲစရာ မရှိပါဘူး...။
အေုကာင်းရင်းခံက အမေရိကားက အင်အားစု တွေပါပဲ။ အတွင်းပိုင်းမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ
ဘေးကုကည့်ပြီး သီအိုရီ တွေ လျောက်ပြီး ရွတ်ပြနေတတ်ရင် ဟုတ်လှပြီထင်နေုကတာ
အနှစ်နှစ်ဆယ်ရှိ ပါပြီကောလား...။
ကားမီးရှို့ ခိုင်းတဲ့သူကိုလည်း ... ဒါဟာမလုပ်သင့်ဘူးဆိုတာရဲရဲ ထောက်ပြရမယ်။
ရှူးတိုးတိုး စစ်အုပ်စု အုကိုက် ဖြစ်နေမယ် ဆိုတဲ့ ခပ်ညံ့ညံ့ အပြောတွေ ကသာ ဒီမိုကရေစီရေးနောက်
နှေးနေတာ ဖြစ်တယ်။ အရှိကို အရှိ အတိုင်း ထောက်ပြနေ ခြင်းဟာ အမှန်တရား ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို လိမ်ညာနေခြင်းဟာလည်း အောင်မြင်ခြင်းနဲ့  ဝေးသထက် ဝေးစေပါတယ်။
အများညီ ကှ်ျ ကျွဲဖတ်နေ တဲ့အကျင့်ဆိုးတွေကိုပြင်ဘို့ အချိန်တန်ပါပြီ ။။။။။။
တိုင်းပြည်ကို ချစ်ရင် အမှန်တရားကို ချစ်ပါ..။ နိုင်ငံရေးလုပ်နေသူ တွေဟာအမှန်ကို အမှန်အတိုင်း
ပြောရဲတဲ့ သူတွေဖြစ်တယ်ဆိုတာကို (မောင်ရင်ဘယ်သူဖြစ်ဖြစ်) ခံယူထားစေ ချင်ပါတယ် ။
မိုးကြိုး
အမေရိကန် ပြည်ထောင်စု


--- On Thu, 28/5/09, aung moe wrote:


From: aung moe
Subject: Re: [8888peoplepower] japan/tokyo report
To: 8888peoplepower@ yahoogroups. com
Received: Thursday, 28 May, 2009, 12:57 PM


နိုင်ငံေ၇းလုပ်တယ် ဆိုတာ ကိုယ်တက်နိုင်တဲ့ဘက်က ကိုယ့်နိုင်ငံအတွက် လုပ်ကြတာပါပဲ
ဘယ်သူက ပိုလုပ်နိုင်တယ်။ ဘယ်နိုင်ငံကတော့ ပိုလုပ်နိုင်တယ်ဆိုပြီး နှိုင်းယှဉ် ၍ မရပါ
ဂျပန်က လှုပ်ရှားမှုတွေ အားရစရာကောင်းတယ်ဆိုရင် ၀မ်းသာစရာပါပဲ အမေရိကားက
အားနည်းတယ်ဆိုရင် အားများအောင်လုပ်ရမယ်။ တစ်ယောက်နဲ့တစ်ယာက် ယှဉ်စရာမလိုပါ
ညီညွတ်အောင်။ စည်းလုံးမှုရှိအောင် လုပ်ရမှာပါ။ စိတ်ဝမ်းကွဲအောင်မလုပ်သင့်ပါ။
တစ်ဦးနဲ့တစ်ဦးစိတ်ဝမ်းကွဲအောင်လုပ်နေရင် ကျွန်တော်တို့နိုင်ငံဘယ်တော့မှ ဒီမိုကရေစီမရတော့ပါဘူး
နအဖ အကြိုက်ဖြစ်သွားပါမယ်။ အားလုံးကိုညီညွတ်စေချင်ပါတယ်။



2009/5/28 Aung Zin





ဂျပန်ကရဲဘော၊်ရဲမေတွေကိုချီကျူးပါတယ်။ လှုပ်ရှားမှုတွေက အားရဘို့ကောင်းတယ်၊
ဝန်ုကီးချုပ် ရုံးစိုက် ရာ .......
ခေါင်းဆောင်ုကီးများဟုေုကွးေုက်ာနေသူတွေ စုဝေးရာ......
အမေရိကန်မှာတော့ .... ကျိုးတိုးကျဲတဲနဲ့ ....။
်လေကိုနဲနဲ လျော့ပြီး... အလုပ်နဲ့ သက်သေပြုကဘို့ လိုပါတယ်။
ဒီစနေ ဒီပဲယင်းပွဲ နယူးယောက်မှာ အင်အား ဘယ်နှစ်ယောက် စည်းရုံးနိုင်မလဲ...။
နှိုင်းယှဉ်ုကည့်ုကရအောင်....။
အားလုံးကို အားကိုး ပါတယ်။

--- On Thu, 28/5/09, htun-ko pwar wrote:

0 comments: