ဒို့ သမိုင်းကို ------ဒို့ ပဲရေးရမယ်
ဆရာတို့ရေး ……
တခါတလေ စာဖတ်ရင်းနဲ့  စာရေးချင်တဲ့စိတ်က ပေါ်တော့လာတယ်။ ပျင်းတဲ့စိတ်ဘက်က များတော့ မရေးဖြစ်ပြန်ဘူး ။
အခု ပျင်းတဲ့စိတ်လေး ဖယ်ပြီးရေးလိုက်ဦ်းမယ်။
ရေးရမယ့် အကြောင်းလို့ လည်းထင်တယ်၊ကိုယ်ကတော့ အပြည့်အ၀ကို
ထောက်ခံတယ် အားလည်းပေးတယ်။အများတကာကိုလည်း ထောက်ခံအားပေး
စေခြင်းတယ်။
ရေးမှာက မြန်မာပြည်နိုင်ငံရေး အကြောင်းပါပဲ။
အဲတခုတော့ ကြိုပြောပါရစေ၊ ကိုယ်ရေးတာက ပြည်သူတယောက်အနေနဲ့ မြင်တာ ကြားတာ ကြုံတာတွေအပေါ်ကနေ ရေးတာပါ ၊
သိလွန်း တတ်လွန်းလို့ မဟုတ်ပါဘူး။
ဒီလို …..
အခုUNမှာ စစ်အာဏာရှင်အစိုးရကို တရားဝင်အစိုးရ မဟုတ်ကြောင်း၊ မြန်မာလူထုကို ကိုယ်စားမပြုကြောင်း၊ ဒါကြောင့် UNမှာရှိတဲ့ စစ်အာဏာရှင်အစိုးရရဲ့  ကိုယ်စားလှယ်နေရာကို ဖယ်ရှားဖို့ အတွက် ပြည်ပကိုရောက်နေတဲ့ ၉၀ရွေးကောက်ပွဲ အနိုင်ရ အမတ်များကလုပ်နေကြတယ်၊ ဒါတကယ့်ကို လုပ်သင့်လုပ်ရမယ့် အလုပ်ပဲ၊ ကိုယ်တို့ မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်က စ,လို့ တရားမ၀င်တဲ့ စစ်အာဏာရှင်အစိုးရတွေ အဆက်ဆက် အုပ်ချုပ်လာတာ ကနေ့အထိပဲ။
ဒီစစ်အာဏာရှင်အစိုးရတွေဟာ တရားဝင်အစိုးရမဟုတ်တာ လူတိုင်းကသိကြပေမယ့်၊
အခုလိုမျိုး UN မှာတရားဝင် နိုင်ငံတကာကို တင်ပြနိုင်ခြင်းက ပထမဆုံးပဲ ၊ ဒီလိုတင်ပြနိုင်ခြင်းကလည်း စစ်အာဏာရှင်အစိုးရက သူတို့ ကိုယ်တိုင် လုပ်ပေးခဲ့တဲ့ ၉၀ ရွေးကောက်ပွဲမှာ ပြည်သူများက တခဲနက်
ရွေးချယ်ပေးထားလို့ အနိုင်ရကိုယ်စားလှယ်များထဲက တချို့  ပြည်ပကိုရောက်
လာနိုင်တဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်။
ပြည်တွင်းကနေ ဒီလိုမျိုးလုပ်နိုင်ဖို့ ဆိုတာ အတော်ကို မလွယ်တဲ့ကိစ္စ မဟုတ်လား။
UNက ဒီကိစ္စတင်ပြတဲ့အပေါ် လက်ခံပြီး ဆွေးနွေးခဲ့ အဆင့်ကိုရောက်တယ် အ
တိုင်းအတာ တခုအထိတော့ အောင်မြင် ထိရောက်သွားခဲတယ် အချက်အ
လက် မပြည့်စုံသေးတဲ့ အတွက် အပယ်ခံခဲ့ရတာက တပိုင်းပေါ့၊
နောက်တကြိမ် ကျရင် အခုတခေါက်ရဲ့ လိုအပ်တဲ့ဟာတွေကိုပြည့်
စုံအောင်ပြင်ဆင်ပြီး တင်သွင်းနိုင်ခဲ့ရင်တော့ အကျိုးရလာဒ်တွေဖြစ်ပေါ်လာပါလိမ့်မယ်။
ဒီလိုဖြစ်အောင် အခုဒီကိစ္စလုပ်နေကြတဲ့ လူကြီးတွေကို ကိုယ်တို့ တွေ
ဝိုင်းရံဖို့ လိုအပ်တယ်၊ကိုယ်တတ်နိုင်တဲ့ဟာ ဖြည့်ဆည်းပေးဖို့ လို
တယ် ။
ဒါမှာပဲ စစ်အာဏာရှင်အုပ်စုက အမျိုးသားရင့်ကြားစေ့ အခြေခံဖြစ်တဲ့ တွေ့ ဆုံ့ ဆွေးနွေးရေးဘက်ကို ဦးလှည့်လာမယ်။
စစ်အာဏာရှင်အစိုးရဟာ ဘယ်တုန်းကမှ တရားဝင် အစိုးရမဟုတ်ခဲ့ဘူး၊
စစ်အာဏာရှင်အစိုးရဟာ ဘယ်တုန်းကမှ ရဟန်းပြည်သူကျောင်းသားများ၏
ဆန္ဒ သဘောထားများကို အလေ်းမထားခဲ့ဘူး၊
စစ်အာဏာရှင်အစိုးရဟာ ဘယ်တုန်းကမှ တရားဥပဒေကို လေးစားလိုက်နာရ
မှန်းမသိခဲ့ဘူး၊
စစ်အာဏာရှင်အစိုးရဟာ ဘယ်တုန်းကမှ တိုင်းရင်းသားပြည်သူများတွက် ကောင်းကျိုးများကို မဆောင်ရွက်ခဲ့ဘူး၊
ဒါကြောင့် စစ်အာဏာရှင်အစိုးရဟာ ဒို့ တတွေကို အုပ်ချုပ်ရမယ့် အစိုးရမျိုး မဟုတ်ဘူး၊
သမိုင်းပေးတာဝန် တရပ် အနေနဲ့ ဒို့ ပြည်သူတွေက ဒီစစ်အာဏာရှင်တွေကို
ဒို့ တိုင်းပြည်ကနေ ဖယ်ရှားပစ်ရမယ်။
၉၀ရွေးကောက်ပွဲအနိုင်ရ အမတ်များရဲ့ UN ကနေ အခု ဆောင်
ရွက်မှုများ အပေါ် အလေးထားပူးပေါင်းဆောင်ရွက်ခြင်းထောက်ခံအားပေးခြင်းဖြင့် ဒို့ ရဲ့ သမိုင်းမှတ်ကျောက်ကို တင်ကြပါစို့  ။
ကိုနေ၀န်း ၊၊
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Wednesday, October 15, 2008
ဒို့ သမိုင်းကို ------ဒို့ ပဲရေးရမယ်-BY-ကိုနေ၀န်း ၊၊
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment