Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Friday, December 10, 2010

ဒါတွေသိပြီးပြီလား ? မသိသေးရင်ဖတ်ကြည့်ပါ။-SENT BY -U T W

ဒါတွေသိပြီးပြီလား ? မသိသေးရင်ဖတ်ကြည့်ပါ။


အရက်ဖြတ်ဆေးကို နားမလည်ဘဲ သောက်ပြီး အရက်သောက်ပါက ၅ မိနစ်အတွင်း သေနိုင်


ဆေးလိပ်မီးခိုး ရှူရှိုက်မိသောကြောင့် နှစ်စဉ်သေဆုံးသူ ခြောက်သိန်းခန့် ရှိသည်



သွားတိုက်ဆေးတွင် ပါဝင်သော ဓာတု ပစ္စည်းကြောင့် သန္ဓေသား ဦးနှောက် ထိခိုက်နိုင်


တစ်ခါသုံးပလတ်စတစ်အကြည်ဘူးများကို အကြိမ်ကြိမ် အသုံးမပြုသင့်


မုန်လာဥနီသည်​ အသက်ရှည်ခြင်း၏​ လျှို့ဝှက်ချက်​ တစ်ခု​ ဖြစ်ကြောင်း​ သုတေသီများ​ ထောက်ခံပြောကြား


သစ်သီးဖျော်ရည်​ သောက်ခြင်းဖြင့်​ သွေးတိုး​ ရောဂါ​ ဖြစ်နိုင်ခြေ​ လျော့နည်းစေ

အမေရိကန်တွင် စက်ရုပ်လက်တံဖြင့် ခံတွင်းကင်ဆာ ခွဲစိတ်ကုသမှု အောင်မြင်လျက်ရှိ

ဦး​နှောက်​တစ်​ခြမ်း​​ ​ဖယ်​ထုတ်​လိုက်​ရ​သော်​လည်း​ ​အ​မေ​ရိကန်​က​လေးငယ်​ ​အ​သက်​ရှင်​နိုင်​ခဲ့







ဒါတွေသိပြီးပြီလား ? မသိသေးရင်ဖတ်ကြည့်ပါ။

အရက်ဖြတ်ဆေးကို နားမလည်ဘဲ သောက်ပြီး အရက်သောက်ပါက ၅ မိနစ်အတွင်း သေနိုင်



ပြင်ပဆေးဆိုင်များတွင် အရက်ဖြတ်ဆေးကို နားမလည်ဘဲ ဝယ်သောက်ပြီး အရက်သောက်ပါက ဆေးတွင်ပါဝင်သော ပါရယ်ဒီဟိုက် (Paraldehyde) ဓာတ်သည် အရက်နှင့်မတည့်သောကြောင့် ၅ မိနစ်အတွင်း သေနိုင်ကြောင်း ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ဒေါက်တာဇေယျာမင်းက ပြောသည်။ ခန္ဓာကိုယ်အတွင်းသို့ ပါရယ် ဒီဟိုက်ဓာတ်များရှိနေချိန်တွင် အရက်နှင့်ထိတွေ့ပါက ရင်တုန်လာကာ အသက်ရှူကျပ်လာခြင်း၊ ခေါင်းများကွဲ ထွက်မတတ်ကိုက်ခြင်းနှင့် သွေးပေါင် အပြည့် ကျခြင်းတိြု့ဖစ်ကာ အချိန်အနည်းငယ်အတွင်း သေဆုံးမည်ဖြစ်ကြောင်း သိရသည်။ ”တချို့အိမ်ထောင်သည်တွေ ရှိတယ်။ ယောက်ျားမသိအောင် အရက်ဖြတ်ဆေးကို ဆေးဆိုင်မှာ မေးဝယ်ပြီးတော့ အစားအသောက်ထဲ ထည့်ကျွေးတယ်။ ယောက်ျားက မသိဘူး။ အရက်သောက်ချိန် ရောက်တော့ သွားသောက်တယ်။ အရက်နဲ့ဆေး တွေ့တော့ သေရော။ လမ်းဘေးမှာ သေသွားတာတွေရှိတယ်” ဟု အထက်ပါ ဆရာဝန်က ဆိုသည်။ အရက်ကိုစွဲလမ်းစွာသောက် သူများအနေဖြင့် အရက်ဖြတ်မည် ဆိုပါက ကျွမ်းကျင်သောဆရာဝန် များနှင့် ပြကာ ကုသသင့်ကြောင်း၊ ယင်းအရက်ဖြတ်ဆေးများမှာ အသည်းကောင်းမကောင်း စစ်ဆေးပြီး အသည်းကောင်းမှသာ အတိုင်း အဆဖြင့် ခံနိုင်ရည်ရှိမရှိ ဖြည်းဖြည်းချင်းတိုက်ရကြောင်း သိရသည်။ ယင်းဆေးများသည် အသည်းကို ထိခိုက်နိုင်သည့်အတွက် ကြာရှည်အရက်စွဲ သောက် သူများမှာ အသည်းတွင်ထိခိုက်မှုတစ်ခုခု ဖြစ် နေပြီး အရက်ဖြတ်ဆေးသောက်လိုက်သည့်အခါ အသည်းမှာ ပိုမို ပျက်စီးမည်ဖြစ်သည်။ ”ဆရာဝန်တွေက အရက်ဖြတ် ဖို့လာပြတဲ့ လူနာဟာ ဘယ်အဆင့်ရောက်ပြီဆိုတာ သိတယ်။ ဆေးတိုက်ပြီးတဲ့အခါ အရက်ကို သောက်ခိုင်းတယ်။ အသက်ရှူကျပ်၊ ရင်တုန်၊ ခေါင်းကိုက်၊ မူးမိုက်လက္ခ ဏာတွေဖြစ်လာတဲ့အခါ အရက်ကို သောက်ဦးမလားဆိုပြီး မေးတယ်။ လူနာက လက်မခံနိုင်တော့ဘူး ဆိုတဲ့အချိန်မှာ ဖြေဆေးကို ထိုးပေးတယ်။ လူနာကအရက်ကို ကြောက်လာတယ်။ အဲဒီလိုနည်းနဲ့ဖြတ်တာ။ အပြင်မှာဝယ်သောက်ရင် ဖြေဆေးဘာမှန်းမသိတာ။ အသက်ဆုံးရှုံးတာပေါ့” ဟု ဒေါက်တာ ဇေယျာမင်းက ဆိုသည်။ ပြင်ပဆေးဆိုင်မှ အရက်ဖြတ် ဆေးဝယ်သောက်ခြင်းသည် အသည်းကောင်းမကောင်းကို မသိနိုင်သည့်အပြင် ဆေးတိုက်ရမည့် အချိန်၊ ပမာဏတို့ကို မသိနိုင်သော ကြောင့် ယင်းကဲ့သို့ ဝယ်သောက် ခြင်းသည် အသက်ဆုံးရှုံးမှုသာ ဖြစ် နိုင်သောကြောင့် ဆရာဝန်နှင့်သာ ပြသ၍ အရက်ဖြတ်သင့်ကြောင်း ၄င်းက ထပ်လောင်းအကြံပြု သည်။
မင်းထက်စံ






ဆေးလိပ်မီးခိုး ရှူရှိုက်မိသောကြောင့် နှစ်စဉ်သေဆုံးသူ ခြောက်သိန်းခန့် ရှိသည်







ဆေးလိပ်သောက်သူများထံမှ မီးခိုးငွေ့ကို ရှူရှိုက်မိသောကြောင့် သေဆုံးရသူ အရေအတွက်မှာ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် ခြောက်သိန်းခန့်ရှိပြီး ၎င်းတို့အနက်မှ သုံးပုံတစ်ပုံခန့်မှာ ကလေးငယ်များ
ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ခုအား ဗြိတိန်နိုင်ငံ၊ Lancet
ဆေးဂျာနယ်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ သေဆုံးရခြင်းမှာလည်း မိသားစုအတွင်းရှိ ဆေးလိပ် သောက်သူများထံမှ အများဆုံး ရှူရှိုက်မိကြခြင်း ဖြစ်ပြီး တန်ဖိုးကြီးမားစွာ ပေးဆပ်ရခြင်း ဖြစ်ကြောင်း ယင်းဂျာနယ်တွင်
ဖော်ပြထားသည်။

ကမ္ဘာပေါ်ရှိ ဆေးလိပ်မသောက်သူများအနက် ကလေးငယ် ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၅ ရာခိုင်နှုန်း၊ အမျိုးသား ၃၃ ရာခိုင်နှုန်း တို့သည် ဆေးလိပ်သောက်သူများထံမှ မီးခိုးငွေ့များကို
ရှူရှိုက်နေရကြောင်း နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှ ကောက်ယူရှိ သည့် နောက်ဆုံး
အချက်အလက်များ အရ သိရှိရသည်။

၂၀၀၄ ခုနှစ်အတွင်း ဆေးလိပ်ကြောင့် သေဆုံးသူ ၅ ဒသမ ၇ သန်းခန့် ရှိခဲ့ပြီး ၅ ဒသမ ၁ သန်းမှာ မိမိကိုယ်တိုင် ဆေးလိပ်သောက်မှုကြောင့် ဖြစ်ကြောင်း သိရသည်။ သူတစ်ပါး ဆေးလိပ်ငွေ့ကို
ရှူရှိုက်မိသောကြောင့် သေဆုံးရသူများအနက် ထက်ဝက်နီးပါးမှာ အမျိုးသမီးများ
ဖြစ်ပြီး ကျန် အရေအတွက်မှာ ကလေးငယ်များနှင့် အမျိုးသားများ ထက်ဝက်စီခန့်
ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ သေဆုံးရာတွင်လည်း ၆၀ ရာခိုင်နှုန်းမှာ နှလုံးရောဂါကြောင့် ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် ဖြစ်သည်။ ပန်းနာရောဂါနှင့်
ကင်ဆာရောဂါများသည် လည်း သေဆုံးရခြင်း အကြောင်းများ တွင် ပါဝင်ကြောင်း
သိရသည်။

ဆေးလိပ်သောက်သူများထံမှ မီးခိုးများ ရှူရှိုက်မိသောကြောင့် သေဆုံးသူ ပမာဏသည် ကမ္ဘာပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ အရေအတွက်၏ တစ်ရာခိုင်နှုန်း
ပါဝင်ကြောင်း Lancet ဂျာနယ်တွင် ဖော်ပြထားသည်။


ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။
ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။


Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။
ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဆိုတာက ဖုန်းတွေ အချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှတ်တဲ့ electromagnetic radiation ကို ပြောတာပါ။ အမေရိကန်မှာ ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ဖုန်းက radiation ဘယ်လောက်ထွက်တယ်ဆိုတာကို ဖုန်းတွေမှာ ဖော်ပြထားစရာမလိုပါဘူး။

အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့် လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။

ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင် အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။
San Francisco တွင်လည်း အလားတူ ဥပဒေမျိုးကို နောက်နှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။

အမေရိကန်ရှိ ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။ ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။
စိုးရိမ်သူတွေရဲ့ ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။

ဒီသတင်းကတော့ AP သတင်းက ဖော်ပြသွားတာပါ။ ကျွန်တော့်အမြင်က တော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ခင်မှာ အယုံမလွယ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန်၊ လူသုံးကုန် နှင့် ဆေးဝါး company တွေဟာ ယုံကြည်လို့ မရပါဘူး။ သူတို့က သူတို့ ပစ္စည်းရောင်းရဖို့ အတွက်ကို ပဲ စောင်းပေးပြီး သုတေသနပြုကြတာ။ ငွေကြေးထောက်ပံ့ရင်လည်း သူတို့နဲ့ ပလဲနံမ သင့်တဲ့ သုတေသီတွေကိုပဲ ထောက်ပံ့တာ။ အဲဒီတော့ ရလာတဲ့ ရလဒ်တွေကလည်း သူတို့ လိုချင်တာတွေပဲ ဖြစ်တတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်ဆေးလိပ် company ကများ သူတို့ ဆေးလိပ်သောက်ရင် အသက်တိုမယ်လို့ တရားဝင်သုတေသန ပြုထားလို့လဲ။ ဘာရောဂါမှ မဖြစ်ဘူးဆိုပြီးပဲ ငြင်းတာ။ နောက်ဆုံး ဘယ်လိုမှ ငြင်းလို့မရလို့သာ ဆေးလိပ်ဘူးတွေမှာ warming message တွေ ထည့်ပေးတာ။

အဲဒီတော့ ဖုန်းတွေကို အသုံးပြုမယ်ဆိုရင် တတ်နိုင်ပါက hand free နဲ့ သုံးစေချင်တယ်။ bluetooth ကိုပြောတာ မဟုတ်ဘူး။ ကြိုးနဲ့ handfree ကိုပြောတာ။ bluetooth လောက်တော့ စတိုင်မမိဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ကင်ဆာ အဖြစ်ခံပြီးတော့ စတိုင်ထွားလောက်အောင်တော့ မမိုက်စေချင်ဘူး။ ကျွန်တော်ဆိုရင် ဖုန်းကို ခေါင်းနားကို ကပ်ကို ကပ်လို့ မရဘူး။ တစ်မိနစ် ကျော်လာရင်ခေါင်းကိုက်လို့။ handfree ကို အမြဲတမ်းဆောင်ထားရတယ်။ ကင်ဆာဖြစ်မှာ ကြောက်တာလဲ ပါတယ်။ ညအိပ်ရင်လည်း power off ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားတာ ကောင်းတယ်။ ခေါင်းအုံးဘေးမှာ မထားအိပ်သင့်ဘူး။ သူ့ဆီက ဘာရောင်ခြည်တွေထွက်တာဆိုတာ ကိုယ်မှ သေချာမသိသေးတာ။ သတိထားတာပဲ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။



နောက်ဆုံးတစ်ချက်ပြောချင်တာကတော
့ ဖုန်းကို ညအိပ်နေတုန်း အားသွင်းမယ်ဆို ကိုယ်နဲ့ ဝေးရာမှာ ထားတာ ဘေးကင်းလိမ့်မယ်။ အခန့်မသင့်လို့ ထပြီး ပေါက်ကွဲရင် လွတ်တာပေါ့။ :P :D အဲဒီအချက်တွေကတော့ ဖုန်းနဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက် ဖော်ပြထားတာပါ။ စာဖတ်သူအနေနဲ့ အခြားအချက်တွေကို သိလို့ ရှိရင်လည်း comment မှာ ဖော်ပြပေးဖို့ တောင်းဆိုလိုပါတယ်။


သွားတိုက်ဆေးတွင် ပါဝင်သော ဓာတု ပစ္စည်းကြောင့် သန္ဓေသား ဦးနှောက် ထိခိုက်နိုင်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ တက္ကသိုလ်မှ ပရော်ဖက်ဆာ မာဂရက်ဂျိမ်းစ်က “ကျွန်မတို့က ဒီဓာတ်ပစ္စည်းကြောင့် ပြဿနာ ရှိနိုင်ကြောင်း သိပါတယ်။ ဒါပေမယ့် အဲဒီပြဿနာရဲ့ အတိမ်အနက်က ဘယ်လောက်ရှိတယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး”ဟု ရှင်းပြခဲ့



သွားတိုက်ဆေးတွင် ပါဝင်သော ဓာတုဗေဒ ပစ္စည်းတစ်မျိုးကြောင့် ကိုယ်ဝန်ဆောင် သန္ဓေသားများကို ထိခိုက်နိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ Tridosanဟူသော ဓာတုပစ္စည်းသည် သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ စသည်တို့တွင် ထည့်သွင်းထားလေ့ရှိပြီး ယင်းသည် သန္ဓေသားများ၏ ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ တက္ကသိုလ်မှ ပရော်ဖက်ဆာ မာဂရက်ဂျိမ်းစ်က “ကျွန်မတို့က ဒီဓာတ်ပစ္စည်းကြောင့် ပြဿနာ ရှိနိုင်ကြောင်း သိပါတယ်။ ဒါပေမယ့် အဲဒီပြဿနာရဲ့ အတိမ်အနက်က ဘယ်လောက်ရှိတယ်ဆိုတာ မခန့်မှန်းနိုင်သေးဘူး”ဟု ရှင်းပြခဲ့သည်။ Tridosanသည် ဘက်တီးရီးယား ပိုးမွှားများကို သေစေနိုင်သည့် အာနိသင်မျိုး ရှိနေပြီး ဘေးထွက်ဆိုးကျိုးအနေနှင့် သန္ဓေသားလောင်းများ၏ ဦးနှောက်သို့ ထောက်ပံ့ပို့လွှတ်သည့် အောက်စီဂျင်ကို ကန့်သတ်ပစ်နိုင်သည်။ ထိုအခြေအနေသည် သန္ဓေသားက ကလေးငယ်အဖြစ် မွေးဖွားလာချိန်တွင် ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ အမေရိကန် အစားအသောက်နှင့် ဆေးဝါးလုံခြုံရေး ဌာနကမူ ယင်းဓာတ်ပစ္စည်းကို ကန့်သတ်ထားသော ပမာဏအတိုင်း သုံးစွဲခြင်းသည် ဥပါဒ်မဖြစ်နိုင်ကြောင်း ကြေညာခဲ့သည်။ သိုးများတွင် စမ်းသပ်မှုအရ အောက်စီဂျင် ကြွယ်ဝသော သွေးဆဲလ်များကို သွေးကြောများအတွင်း သယ်ယူပေးနေသည့် Oestrogenဟိုမုန်းသည် အန္တရာယ်ကင်းကြောင်း သတ်မှတ်ထားသည့် Tridosan ပမာဏအတိုင်း အသုံးပြုပါက ပြောင်းလဲမှုမရှိကြောင်း သိရသည်။ Oestrogenသည် သန္ဓေသားလောင်းများတွင် အောက်စီဂျင် ပေါကြွယ်သော သွေးများဝင်ရောက် စီးဆင်းနိုင်မှုကို ထောက်ပံ့ပေးသည်။ သွားတိုက်ဆေးကဲ့သို့ ပစ္စည်းများတွင် Tridosanကို ထည့်သွင်းအသုံးပြုရမည့် ပမာဏအား ကန့်သတ်ထားလေ့ရှိပြီး ဥရောပ ကော်မရှင်က သက်ဆိုင်ရာ ကုန်စည်အမျိုးအစား၏ (၀.၀၃)ရာခိုင်နှုန်းထက် Tridosanကို ပိုမသုံးရန် တားမြစ်ထားကြောင်း

သိရသည်။

Source: DailyMail



တစ်ခါသုံးပလတ်စတစ်အကြည်ဘူးများကို အကြိမ်ကြိမ် အသုံးမပြုသင့်

“တစ်ခါသုံးဆိုတော့ တစ်ခါသုံးပြီးလွင့်ပစ်ရမယ်။ ပုလင်းတွေထပ်ခါထပ်ခါ မသုံးရဘူး။ အဲဒီပုလင်းတွေမှာ ကင်ဆာင်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ သုံးထားတယ်။ နောက်ပြီး နေရောင်ခြည်အောက် ပူတဲ့နေရာတွေမှာ မထားသင့်ဘူး။ အပူချိန် ၂၀၀ ဒီဂရီကျော်ရင် ကင်ဆာဖြစ်စေတဲ့ ကာဆီနိုဂျင်တွေ ထွက်လာတယ်”



ပိုလီအီဘလင်း တာရီသဲလိတ်ခေါ် PET ဓာတုပစ္စည်းနှင့် ပြုလုပ်ထားသော တစ်ခါသုံး ပလတ်စတစ် အကြည်ဘူးများတွင် ကင်ဆာရောဂါ ဖြစ်စေသော ဒြပ်စင် (DEHA) (Diethy-Hydroxy-Lamine) ပါဝင်သောကြောင့် ထပ်ခါထပ်ခါ ပြန်လည် အသုံးမပြုသင့်ကြောင်း လုပ်ငန်းခွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောသည်။ “တစ်ခါသုံးဆိုတော့ တစ်ခါသုံးပြီးလွင့်ပစ်ရမယ်။ ပုလင်းတွေထပ်ခါထပ်ခါ မသုံးရဘူး။ အဲဒီပုလင်းတွေမှာ ကင်ဆာင်ဖြစ်စေတဲ့ ဓာတ်တွေနဲ့ သုံးထားတယ်။ နောက်ပြီး နေရောင်ခြည်အောက် ပူတဲ့နေရာတွေမှာ မထားသင့်ဘူး။ အပူချိန် ၂၀၀ ဒီဂရီကျော်ရင် ကင်ဆာဖြစ်စေတဲ့ ကာဆီနိုဂျင်တွေ ထွက်လာတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ ယင်းပလတ်စတစ် အကြည်ဘူးများဖြင့် ရေသိုလှောင်ထားခြင်းများနှင့် သယ်ဆောင်ရ လွယ်ကူသောကြောင့် ရေနေွးသယ်ယူခြင်းများ စသည်တို့ဖြင့် အသုံးပြုနေကြသည်ကို တွေ့ရသည်။ အဆိုပါ ပလတ်စတစ်ဘူးများကို ထပ်ခါထပ်ခါ ဆေးကြော၍ အသုံးပြုသော်လည်း တစ်ခါသုံး ပလတ်စတစ်ဘူးများ၏ အဝပေါက်မှတဆင့် ပလတ်စတစ်ပြိုကွဲပြီး ကင်ဆာရောဂါဖြစ်စေသော ကာဆီနိုဂျင်ဓာတ်များ ရေအတွင်းသို့ စိမ့်ဝင်လာနိုင်သည်။ ယင်း ပလတ်စတစ် အကြည်ဘူးများကို ပြုလုပ်ရာတွင် ကင်ဆာဖြစ်စေသော ဓာတ်တစ်မျိုး ပါဝင်သော်လည်း ယင်းအဆိပ်သင့်၍ ကင်ဆာရောဂါဖြစ်ပွားသော လူတစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံတွင် မတွေ့ရှိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ယင်းပလတ်စတစ် အကြည်ဘူးများကို ကုမ္ပဏီများသည် အဟောင်းဆိုင်များမှ ပြန်လည်ဝယ်ယူပြီး အဟောင်းဈေးကွက်တွင် ပလတ်စတစ် အကြည်တစ်ဘူးလျှင် ၁၅ ကျပ်ပေါက်ဈေးရှိသည်။

Credit: အိဖြူမွန် (7Day News Journal)

မုန်လာဥနီသည်​ အသက်ရှည်ခြင်း၏​ လျှို့ဝှက်ချက်​ တစ်ခု​ ဖြစ်ကြောင်း​ သုတေသီများ​ ထောက်ခံပြောကြား



ေ​ဈး​ကွက်​တင်​ပို့​​တော့​မည့်​​ မုန်လာဥနီ​များ​ ©​ telegraph
မုန် ​လာဥ​နီ​သည်​​​ ​အ​သက်​ရှည်​ခြင်း​၏​​ ​လျှို့​ဝှက်​ချက်​​ ​တစ်​ခု​ဖြစ်​ကြောင်း​​ ​အ​မေ​ရိ​ကန်​​ ​သု​တေ​သီ​များ​က​​ ​ထောက်​ခံ​ပြော​ဆို​လိုက်​သည်​။ ​အယ်​ဖာ​ကယ်​ရို​တင်း​​ ​ဓာတ်​သည်​​ ​လူ​တစ်ဦး​အား​​ ​ကျ​န်း​မာ​သန်​စွမ်း​အောင်​​ ​အ​ထောက်​အ​ပံ့​​ ​ဖြစ်​စေ​ပြီး​​ 

ယင်း ​ဓာတ်​မှာ​​ ​မုန်​လာဥ​နီ​တွင်​​ ​ပေါ​ကြွယ်​ဝ​စွာ​​ ​ပါ​ဝင်​ကြောင်း​​ ​သိ​ရ​သည်​။ DNA​​​ ​ပ​ရို​တင်း​နှင့်​​ ​အ​ဆီ​ဓာတ်​များ​ကို​​ ​အောက်​စီ​ဂျင်​နှင့်​​ ​ဆက်​နွယ်​သော​​ ​ထိ​ခိုက်​မှု​များ​​ ​ဖြစ်​ပေါ်​စေ​ရာ​မှ​​ ​နှ​လုံး​ရော​ဂါ​နှင့်​​ ​ကင်​ဆာ​တို့​​ ​ဖြစ်​ပေါ်​စေ​သော်​လည်း​​ ​အယ်​ဖာ​ကယ်​ရို​တင်း​က​​ ​ယင်း​ကို​​ ​ကာ​ကွယ်​ပေး​နိုင်​ကြောင်း​​ ​သု​တေ​သီ​များ​က​ဆို​သည်​။

မုန်​လာဥ​နီ​တွင်​​ ​အယ်​ဖာ​ကယ်​ရို​တင်း​အ​ပြင်​​ ​ဘီ​တာ​ကယ်​ရို​တင်း​နှင့်​​ ​လိုင်​ကို​ပင်း​တို့​ပါ​​ ​ပါ​ဝင်​ပြီး​​ ​ရော​ဂါ​ကာ​ကွယ်​ဆေး​အ​ဖြစ်​​ ​သတ်​မှတ်​နိုင်​ကြောင်း​​ ​အ​မေ​ရိ​ကန်​​ ​ရော​ဂါ​ကာ​ကွယ်​ရေး​နှင့်​​ ​ထိန်း​ချုပ်​ရေး​ဌာ​န​မှ​​ ​ဒေါက်​တာ​ချို​ယန်​လွီ​က​​ ​ပြော​ဆို​ခဲ့​သည်​။ မုန်​လာဥ​နီ​သည်​​ ​ကင်​ဆာ​ကို​​ ​ကာ​ကွယ်​နိုင်​သည့်​​ ​သ​ဘာဝ​​ ​ဆေး​နည်း​တစ်​ခု​ဖြစ်​သ​လို​​ ​အ​ခြား​သော​​ ​အ​သီး​အ​ရွက်​များ​ကို​​ ​များ​များ​စား​သုံး​ခြင်း​သည်​လည်း​​ ​အယ်​ဖာ​ကယ်​ရို​တင်း​ကို​​ ​ပေါ​ကြွယ်​စွာ​​ ​ရ​ရှိ​စေ​မည်​ဟု​​ ​ဒေါက်​တာ​လွီ​က​​ ​ရှင်း​ပြ​ခဲ့​သည်​။ 

သု ​တေ​သီ​များ​က​​ ​အ​သီး​အ​ရွက်​များ​သည်​​ ​လူ​သား​များ​အ​တွက်​​ ​ရော​ဂါ​ကာ​ကွယ်​ရာ​တွင်​​ ​အ​ရေး​ပါ​သော​​ ​အ​ခန်း​ကဏ္ဍ​မှ​​ ​ရပ်​တည်​နေ​ကြောင်း​​ ​ပြော​ဆို​ခဲ့​သည်​။ ​အယ်​ဖာ​ကယ်​ရို​တင်း​ဓာတ်​သည်​​ ​အ​စိမ်း​ရောင်​၊​​ ​အ​နီ​ရောင်​၊​​ ​အဝါ​ရောင်​ရှိ​သော​​ ​သစ်​သီး​သစ်ဥ​နှင့်​​ ​ဟင်း​သီး​ဟင်း​ရွက်​များ​တွင်​​ ​ပါ​ဝင်​နေ​ကြောင်း​​ ​သိ​ရှိ​ရ​သည်​။



သစ်သီးဖျော်ရည်​ သောက်ခြင်းဖြင့်​ သွေးတိုး​ ရောဂါ​ ဖြစ်နိုင်ခြေ​ လျော့နည်းစေ



သစ်သီးဖျော်ရည်​ ကြိုက်​နှစ်​သက်​သူ​တဦး​​ ©​ dailymail
သစ် ​သီး​ဖျော်​ရည်​​​ ​ပုံ​မှန်​သောက်​သုံး​ခြင်း​သည်​​​ ​သွေး​တိုး​မှု​ကို​​ ​ထိန်း​ညှိ​ပေး​နိုင်​ကြောင်း​​ ​သု​တေ​သ​န​​ ​ရ​လဒ်​များ​က​​ ​ညွှန်​ပြ​လျက်​ရှိ​သည်​။ ​တစ်​နေ့​လျင်​​ ​သစ်​သီး​ဖျော်​ရည်​​ ​နှစ်​ခွက်​မျှ​​ ​ပျမ်း​မျှ​သောက်​သုံး​ သော​​ ​သက်​လတ်​ပိုင်း​​ ​အ​ရွယ်​များ​တွင်​​ 

သွေး ​တိုး​ရော​ဂါ​၊​​ ၎င်း​နှင့်​ဆက်​စပ်​နေ​သော​​ ​နှ​လုံး​ရော​ဂါ​စ​သည်​တို့​​​ ​ဖြစ်​ပေါ်​နိုင်​ခြေ​​ ​လျော့​နည်း​ကျ​ဆင်း​သွား​ကြောင်း​​ ​သိ​ရ​သည်​။

လိ ​မ္မော်​ရည်​ကဲ့​သို့​​ ​သစ်​သီး​ဖျော်​ရည်​များ​ကို​​ ​တစ်​ နေ့​လျင်​​ ​လီ​တာ​ဝက်​မျှ​​ ​ပုံ​မှန်​သောက်​သုံး​ခြင်း​သည်​​ ​ကျန်း​မာ​ရေး​အ​တွက်​​ ​အ​ထောက်​အ​ကူ​​ ​ဖြစ်​စေ​မည်​ဟု​​ ​ပြင်​သစ်​နိုင်ငံ​​ ​အူ​ဗာ​နီတ​က္က​သိုလ်​မှ​​ ​သု​တေ​သီ​များ​က​​ ​ထောက်​ခံ​ခဲ့​သည်​။ ​သွေး​တိုး​ခြင်း​သည်​​ နှ​လုံး​ရော​ဂါ​​ ​ဖြစ်​ ပွား​စေ​သည့်​​ ​အ​ဓိ​က​​ ​အ​ကြောင်း​ရင်း​​ ​တစ်​ခု​ဖြစ်​ပြီး​​ ​ရုတ်​တ​ရက်​​ ​နှ​လုံး​တိုက်​ခိုက်​မှု​​ ​ဖြစ်​စဉ်​အား​လုံး​၏​​ ​၅၀​​ ​ရာ​ခိုင်​နှုန်း​သည်​​ ​သွေး​တိုး​ခြင်း​နှင့်​​ ​ဆက်​နွယ်​နေ​ကြောင်း​​ ​က​မ္ဘာ့​ကျန်း​မာ​ရေး​​ ​အ​ဖွဲ့​ကြီး​က​​ ​ခန့်​မှန်း​ထား​သည်​။ 

လေး ​ပါတ်​ကြာ​​ ​စမ်း​သပ်​မှု​​ ​ရ​လဒ်​များ​က​​ ​လိ​မ္မော်​ရည်​ကဲ့​သို့​​ ​သစ်​သီး​ဖျော်​ရည်​များ​​ ​ပုံ​မှန်​သောက်​သုံး​ခြင်း​သည်​​ ​လူ​တစ်ဦး​တွင်​​ ​သွေး​တိုး​နိုင်​ခြေ​ကို​​ ​သိ​သိ​သာ​သာ​​ ​လျော့​ကျ​သွား​စေ​နိုင်​ကြောင်း​​ ​ပြင်​သစ်​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​​ ​ပြော​ကြား​ခဲ့​သည်​။ ​သို့​သော်​လည်း​​ ​ယ​ခင်​က​​ ​ဆေး​ပ​ညာ​​ ​သု​တေ​သ​န​​ ​စစ်​တမ်း​များ​က​မူ​​ ​​ ​သွေး​တိုး​ကျ​ဆေး​​ ​သောက်​သူ​များ​သည်​​ ​သစ်​သီး​ဖျော်​ရည်​​ ​သောက်​သုံး​မှု​ကို​​ ​မည်​သည့်​အ​တိုင်း​အ​တာ​ထိ​​ ​ခွင့်​ပြု​ရန်​​ ​သင့်​မ​သင့်​နှင့်​​ ​ ပတ်​သက်​ပြီး​​ ​ဆ​ရာ​ဝန်​နှင့်​​ ​ဆွေး​နွေး​တိုင်​ပင်သင့်​ကြောင်း​​ ​အ​ကြံ​ပြု​ထား​ဖူး​သည်​။

ပ ​ညာ​ရှင်​​ ​အ​ချို့​တို့​က​လည်း​​ ​သစ်​သီး​ဖျော်​ရည်​သည်​​ ​အ​ချို့​သော​​ ​ဆေး​ဝါး​များ​ကို​​ ​အာ​နိ​သင်​​ ​လျော့​ကျ​သွား​စေ​နိုင်​ကြောင်း​​ ​ပြော​ကြား​ ထား​ခဲ့​သည်​။

အမေရိကန်တွင် စက်ရုပ်လက်တံဖြင့် ခံတွင်းကင်ဆာ ခွဲစိတ်ကုသမှု အောင်မြင်လျက်ရှိ



အ​မေ​ရိ​ကန်​တွင်​​ ​စက်​ရုပ်​လက်​တံ​ဖြင့်​​ ​ခံ​တွင်း​ကင်​ဆာ​ ​ခွဲ​စိတ်​ကု​သ​မှု​ လုပ်ငန်း​ခွင်​ ©​ unc
အ ​မေ​ရိ​ကန်​တွင်​​ ​စက်​ရုပ်​လက်​တံ​ဖြင့်​​ ​ခံ​တွင်း​ကင်​ဆာ​ ​ခွဲ​စိတ်​ကု​သ​မှု​သည်​​ ​အောင်​မြင်​မှု​များ​​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။ ​ဒက်​ထ​ရွိုက်​ရှိ​ ​ဟင်​န​ရီ​ဖို့​ ​ဆေး​ရုံ​နှင့်​ ​မစ်​ချီ​ဂန်​တ​က္က​သိုလ်​တို့​တွင်​ ​စမ်း​သပ်​မှု​များ​ ​ပြု​လုပ်​ခဲ့​ပြီး​နောက်​ 

သ ​မား​ရိုး​ကျ​ ​နည်း​လမ်း​များ​ထက်​ ​စက်​ရုပ်​လက်​တံ​ ​သုံး​စွဲ​ခြင်း​က​ ​ပို​မို​ထိ​ရောက်​အောင်​မြင်​ကြောင်း​ ​တွေ့​ရှိ​လာခဲ့​သည်​။ 

အ ​ထူး​သ​ဖြင့်​ ​ခံ​တွင်း​ကင်​ဆာ​ ​ဝေ​ဒ​နာ​ရှင်​များ​ကို​ ​ခွဲ​စိတ်​ပြီး​နောက်​ ၎င်း​တို့​အ​နေ​နှင့်​ ​အ​စာ​မ​စား​နိုင်​ခြင်း​၊​ ​စ​ကား​မ​ပြော​နိုင်​ခြင်း​စ​သည့်​ ​အ​ခြေ​အ​နေ​များ​ကို​ ​စက်​ရုပ်​လက်​တံ​ ​နည်း​ပ​ညာ​က​ ​လျော့​နည်း​သွား​စေ​ကြောင်း​ ​သိ​ရ​သည်​။ ​ခံ​တွင်း​ကင်​ဆာ​နှင့်​ ​ဆက်​စပ်​နေ​သည့်​ ဦး​ခေါင်း​၊​ ​လည်​ပင်း​စ​သည်​တို့​အ​တွင်း​မှ​ ​အ​ကြိတ်​များ​ကို​ ​စက်​ရုပ်​လက်​တံ​ဖြင့်​ ​ရှာ​ဖွေ​ခွဲ​စိတ်​ခြင်း​ဖြစ်​သည်​။ 

သ ​မား​ရိုး​ကျ​ ​ခွဲ​စိတ်​မှု​နှင့်​ ​လေ​ဆာနည်း​ပ​ညာ​တို့​သည်​ ​သွေး​အ​မြောက်​အ​မြား​ ​ဆုံး​ရှုံး​စေ​သ​လို​ ​အ​ကြိတ်​အ​နီး​ရှိ​ ​တစ်​သျှူး​များ​ကို​လည်း​ ​ပျက်​စီး​စေ​သည်​။ ​သို့​သော်​လည်း​ ​ရှည်​လျား​သေး​သွယ်​သည့်​ ​စက်​ရုပ်​လက်​တံ​ ​အ​သုံး​ပြု​ ​ခွဲ​စိတ်​မှု​မှာ​မူ​ ​ကျေ​နပ်​ဖွယ်​ ​ရ​လဒ်​များ​ ​ဖြစ်​ပေါ်​စေ​ကြောင်း​ ​ဟင်​န​ရီ​ဖို့​ ​ဆေး​ရုံ​မှ​ ​ဒေါက်​တာ​ ​တာ​မာ​ဂ​ရေ​ဟမ်​က​ဆို​သည်​။ 

ကင် ​ဆာ​ကြိတ်​ကို​ 3D​ ​မြင်​ကွင်း​နှင့်​ ​တွေ့​မြင်​နိုင်​ပြီး​ ​မိ​မိ​တို့​ ​လုပ်​ဆောင်​နေ​သ​မျှ​ကို​ ​သေ​သပ်​စွာ​ ​ဆောင်​ရွက်​နိုင်​ကြောင်း​ ​ဒေါက်​တာ​ဂ​ရေ​ဟမ်​က​ ​ပြော​ကြား​ခဲ့​သည်​။ မစ်​ရှီ​ဂန်​တ​က္က​သိုလ်​ ​သု​တေ​သီ​အ​ဖွဲ့​က​လည်း​ ၎င်း​တို့​သည်​ ​စက်​လက်​တံ​နှင့်​ ​လေ​ဆာ​ရောင်​ခြည်​ ​ကု​ထုံး​ကြား​ ​အ​ကျိုး​အ​ပြစ်​ ​ကွာ​ခြား​မှု​ကို​ ​ဆက်​လက်​လေ့​လာ​နေ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

ဦး​နှောက်​တစ်​ခြမ်း​​ ​ဖယ်​ထုတ်​လိုက်​ရ​သော်​လည်း​ ​အ​မေ​ရိကန်​က​လေးငယ်​ ​အ​သက်​ရှင်​နိုင်​ခဲ့



ဦး​နှောက်​တစ်​ခြမ်း​ကို​​ ​ဖယ်​ထုတ်​လိုက်​ရသည့်​​ ​က​လေး​ငယ်​ ©​ dailymail
အ ​မေ​ရိ​ကန်​မှ​​ ​က​လေးငယ်​ ​တစ်ဦး​သည်​​ ​ရော​ဂါ​ကြောင့်​ ဦး​နှောက်​တစ်​ခြမ်း​ကို​​ ​ဖယ်​ထုတ်​လိုက်​ရ​သော်​လည်း​​ ​အ​သက်​ရှင်​ ​ရပ်​တည်​နိုင်​ခဲ့​သည်​။ ​အ​သက်​ ​၂​ ​နှစ်​သာ​​ ​ရှိ​သေး​သော​ ​က​လေး​မ​လေး​​ ​ကေ​တီ​ဗာ​တီ​ချီ​လာ​သည်​ ​ထူး​ခြား​သော​ 

အာ ​ရုံ​ကြော​ ​အား​နည်း​မှု​ ​အ​ခြေ​အ​နေ​တစ်​ခု​ကြောင့်​ ​တစ်​နေ့​လျင်​ ​အ​ကြိမ်​ ​၅၀​ ​မျှ​ ​သွက်​ချာ​ပါ​ဒ​ ​ဝေ​ဒ​နာ​ကို​ ​ခံ​စား​ခဲ့​ရ​သည်​။ ​သူ​မ​၏​ ​မိ​ဘ​များ​ဖြစ်​သည့်​ ​မာ​ရီ​ရယ်​ဆီ​လာ​နှင့်​ ​ဘ​ရိုင်​ယန်​တို့​သည်​ ​၂၀၀၈​ ​ခု​နှစ်​၊​ ဧ​ပြီ​လ​က​တည်း​က​ ​သ​မီး​ဖြစ်​သူ​၏​ ပုံ​မှန်​မ​ဟုတ်​သော​ ​အ​ခြေ​အ​နေ​ကို​ သ​တိ​ထား​မိ​ခဲ့​ပြီး​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​ခဲ့​ရာ​ ​အ​ဆို​ပါ​ ​အာ​ရုံ​ကြော​ ​ရော​ဂါ​ကို​ ​သိ​ရှိ​လာ​ခြင်း​ဖြစ်​သည်​။ 

အော် ​ရီ​ဂွန်​ရှိ​ ​ပို့​တ​လန်​တွင်​ ​နေ​ထိုင်​သော​ ​က​လေး​မ​လေး​၏​ ​သွ​က်​ချာ​ပါ​ဒ​ ​ဝေ​ဒ​နာ​မှာ​ ​အ​န္တ​ရာယ်​ ​ကြီး​မား​ကြောင်း​ ဆုံး​ဖြတ်​ပြီး​နောက်​ ​ဆ​ရာ​ဝန်​များ​က​ ​မိ​ဘ​များ​နှင့်​ ​ခွဲ​စိတ်​ရေး​ကိ​စ္စ​ကို​ တိုင်​ပင်​ခဲ့​ကြ​သည်​။ နို​ဝင်​ဘာ​ ​၂၂​ ​ရက်​နေ့​က​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​ဆေး​တ​က္က​သိုလ်​ ​ဆေး​ရုံ​မှ​ ​အာ​ရုံ​ကြော​ ​အ​ထူး​ကု​များ​သည်​ ​မိန်း​က​လေး​အား​ ​၈​ ​နာ​ရီ​ကြာ​ ​ခွဲ​စိတ်​မှု​ ​ပြု​လုပ်​ပြီး​ ဦး​နှောက်​တ​ဝက်​ကို​ ​ဖယ်​ထုတ်​လိုက်​ရ​သည်​။ ​မူ​မှန်​မ​ဟုတ်​ဘဲ​ ​ပျက်​စီး​မှု​များ​ ​ဖြစ်​ပေါ်​နေ​သည့်​ ဦး​နှောက်​ခြမ်း​ကို​ ​ဖယ်​လိုက်​သည့်​အ​တွက်​ ​မိန်း​က​လေး​သည်​ ​အ​နာ​ဂတ်​တွင်​ ​သာ​မန်​လူ​တစ်ဦး​ကဲ့​သို့​ ​ကျန်း​မာ​ပျော်​ရွှင်​စွာ​ ​နေ​ထိုင်​သွား​နိုင်​မည်​ဟု​ ​ဆ​ရာ​ဝန်​များ​က​ ​မျှော်​လင့်​နေ​သည်​။ 

ကေ ​တီ​၏​ ​မိ​ခင်​ဖြစ်​သော​ ​မ​ရီ​ရယ်​က​ ​သ​မီးငယ်​သည်​ ​မ​ကြာ​ခ​ဏ​ ​သွက်​ချာ​ပါ​ဒ​ဖြစ်​ပြီး​ ​ဝေ​ဒ​နာ​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ခံ​စား​ရ​ကြောင်း​၊​ ​ဆ​ရာ​ဝန်​များ​က​ ​ထို​အ​တိုင်း​ဆက်​သွား​လျင်​ ​အ​သက်​အ​န္တ​ရာယ်​ ​စိုး​ရိမ်​ရ​သည်​ဟု​ ​ဆ​ရာ​ဝန်​များ​က​ ​ပြော​ကြား​ခဲ့​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။ ​ယခု​အ​ခါ​ ​က​လေး​မ​လေး​၏​ ​အ​ခြေ​အ​နေ​ ​တိုး​တက်​ကောင်း​မွန်​နေ​ပြီး​ ​ခ​ရ​စ္စ​မတ်​တွင်​ ​အိမ်​ပြန်​နိုင်​မည်​ဟု​ ​ဆ​ရာ​ဝန်​များ​က​ ​မျှော်​လင့်​နေ​ကြ​သည်​။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှု ပုံမှန်မြင့်တက်နေ





မြန်မာနိုင်ငံတွင် အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုမှာ ပုံမှန်မြင့်တက်နေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ပုံမှန်မြင့်တက်နေသည်ဟု ဆိုရာ၌ ၁၉၉၄ ခုနှစ်တွင် အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံရသည့် အမျိုးသားရှစ်ဦးတွင် အမျိုးသမီးတစ်ဦး အချိုးနှုန်း ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် အမျိုးသား ၂ဒသမ ၄ဦးတွင် အမျိုးသမီး တစ်ဦး အချိုးနှုန်းရှိလာခြင်းကြောင့် အမျိုးသမီးများ၌ အိတ်ခ်ျအိုင်ဗွီပိုးကူးစက် ခံရမှု ပုံမှန်မြင့်တက်လာခြင်းကို ဖော်ပြနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကောက်ခံထားသော စာရင်းများအရ အိတ်ခ်ျ အိုင်ဗွီပိုးကူးစက်ခံရသူမှာ ကျေးလက်ထက်မြို့ပြတွင် ပိုမိုတွေ့ရှိရကြောင်း၊ ကူးစက်ခံရမှုအများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းတွင် ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများ၌ အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရမှု ပိုမိုတွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ၂၀၀၉ ခုနှစ် အတွင်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၂၃၈၀၀၀ ခန့်ရှိသည်ဟု ယူဆရ ကြောင်း၊ ယင်းအနက် ၇၄၀၀၀ ဦး မှာ အိတ်ခ်ျအိုင်ဗွီပိုးပြန့်ပွားမှုကို ဟန့်တားစေသည့် ART ဆေးကုထုံး လိုအပ်သူများဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် တွင် အေအိုင်ဒီအက်စ် ရောဂါနှင့် ဆက်စပ်နာမကျန်းမှုကြောင့် သေ ဆုံးသူမှာ ၁၇၀၀၀ ခန့်ရှိနိုင်ကြောင်း၊ နှစ်စဉ် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူသစ်မှာ ၁၀၀၀၀ အထက်တွင်ရှိနေ ကြောင်း၊ ယင်းအတွက်ကြောင့် ကူး စက်နိုင်ခြေ အလားအလာ အများဆုံး အခြေအနေတွင် ရှိနေသည့်သူများအား ထိရောက်သည့် ကာကွယ်ရေး လုပ်ဆောင်မှုများကို ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားသူမှာ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသူဖြစ်ကာ ၁၉၉၁ ခုနှစ်တွင် တွေ့ရှိခဲ့သည်။


အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ အမျိုးသား- အမျိုးသမီး အရေအတွက်ပြ ဇယား

ခုနှစ်
အမျိုးသား
အမျိုးသမီး
၂၀၀၄
၁၅၉၇၉၉
၈၉၄၈၇
၂၀၀၅
၁၄၉၀၇၁
၉၄၄၃
၂၀၀၆
၁၃၈၃၈၁
၈၈၅၆၄
၂၀၀၇
၁၂၇၉၃၆
၈၆၉၉၆
၂၀၀၈
၁၁၇၃၃၉
၈၅၆၅၇



0 comments: