Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Sunday, December 19, 2010

CONVERSATION WITH COMRADES(BY PHONE HLAING)

ကိုအောင်မိုးဝင်းရယ် ကိုသက်လင်းရယ်
ကိုသန်းဝင်းရယ် ကျွန်တော်ရယ်အတူတူဆုံဖြစ်
ပြီးစကားတွေအများကြီးပြောချင်ပါတယ်။
နိုင်ငံခြားမှာထက် မြန်မာပြည်မှာပြန်ဆုံချင်ပါတယ်။
ဒေါ်စုမျက်နှာလေးကိုလည်းအနီးကပ်ပြန်မြင်ချင်ပါတယ်။
လေးစားစွာဖြင့်
ဘုန်းလှိုင်

--- On Fri, 12/17/10, Aung Moe Win wrote:

From: Aung Moe Win
Subject: Re: Thank you
To: "phone hlaing"
Cc: "ko than win"
Date: Friday, December 17, 2010, 7:45 PM
ကိုဘုန်းလှိုင်
စိတ်အားထက်သန်စွာဆွေးနွေးမှုနဲ့ခင်ဗျားရဲ့ဆန္ဒတွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်။
၊ နောက်မျိုးဆက်သစ်တွေ ကျနော်တို့လိုမခံစားရအောင် ဗမာပြည်အတွက်
လက်တွဲလုပ်ကြရအောင်ပါ။ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ကိုယ့်မိသားစုတွေဆုံဆည်းနိုင်ကြပါစေဗျာ။
ကျနော်တို့ဘက်ကိုအလည်ရောက်ရင်ပဲဖြစ်ဖြစ်၊တခုခုလိုအပ်ရင်ပဲဖြစ်ဖြစ်
အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ လာရောက်တည်းခိုနိုင်ပါတယ်။
အဆင်ပြေကြပါစေဗျာ။

ခင်မင်လေးစားလျှက်
အောင်မိုးဝင်း

--- On Fri, 12/17/10, phone hlaing wrote:

From: phone hlaing
Subject: Thank you
To: "Aung Moe Win"

Date: Friday, December 17, 2010, 5:09 PM
ကိုအောင်မိုးဝင်းခင်ဗျားအခုလိုစာပြန်ပေးတာကျေးဇူးတင်ပါတယ်.
ဂျပန်မှာလည်းအတတ်နိုင်ဆုံးကြိုးစားပါတယ်။
၇၅ ရာခိုင်နှုန်းတော့ရပါတယ်.
ရာနှုန်းပြည့်တော့မရပါဘူး.
တခါတလေခေတ်နောက်ပြန်ဆွဲသလိုဖြစ်နေပါတယ်.
ဆရာနန်ဒါသိန်းဇံရေးတဲ့ပုဂံ အကြောင်းစာအုပ်ဆီကိုပြန်ပြန်ရောက်သွား
ပါတယ်. ပုံဂံခေတ်မှာမင်းနဲ့ပြည်သူတစ်သားထဲညီညွတ်ကြတယ်လို့ ဆိုပါတယ်
ဘာဖြစ်လို့ လဲဆိုတော့ တူညီတဲ့ရည်မှန်းချက်အပေါ်မှာတကယ်ယုံယုံကြည်ကြည်
နဲ့ တစိုက်မှတ်မှတ်လုပ်သွားကြလို့ ပါဘဲ။
အခုကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေကြားထဲမှာမညီညွတ်တာ
ဟာ ဒီမိုကရေစီလို့ အော်နေကြပေမယ့် တကယ်လက်တွေ့ လုပ်တဲ့အခါ
မှာ ဒီမိုကရေစီဘန်းပြပြီး ပုဂ္ဂိုလ်ရေးရည်မှန်းချက်တွေကိုရှေ့ တန်းတင်
ကြလို့ မညီညွတ်ကြတာများပါတယ်.။ ဂျပန်မှာလည်း အဲ့ဒီလိုမျိုးတွေ့ ရ
ပါတယ်. ပြီးတော့ ရည်မှန်းချက်တခုကိုအကောင်အထည်ဖော်အောင်
မြင်ဖို့ ကအဓိကဖြစ်ပေမည့် အဲ့ဒီရည်မှန်းချက်တခုကို ငါတို့ လုပ်ပေးလိုက်
တာလို့ နာမည်ယူချင်တဲ့စိတ်တွေရှိကြတာကိုလဲသတိထားမိပါတယ် အဲ့ဒါ
ကြောင့်လဲအချင်းချင်းမတည့်ကြတာတွေကိုတွေ့ ရပါတယ်..
ကိုအောင်မိုးဝင်းတို့ ဆီမှာလဲ ဒီလိုအတွေ့ အကြုံတွေအများကြီးကြုံဘူး
မယ်လို့ ထင်ပါတယ်.
ဂျပန်မှာတော့ အမှန်အတိုင်းဝန်ခံရရင် စာမဖတ်နိုင်ကြတာများတာ
ကိုတွေ့ ရပါတယ်.မဖတ်ချင်လို့ မဟုတ်ဘဲဖတ်ဖို့ အချိန်မပေးနိုင်
တာရယ် ဖတ်စရာစာအုပ်ရှာရခက်တာရယ်ကြောင့်ပါ။
ဒီမှာလူတိုင်းအလုပ်လုပ်နေကြပြီး နိုင်ငံရေးတက်ကြွသူတွေတော့
များပါတယ်.။ ချီတက်ပွဲတွေလုပ်ပြီးတို့ အရေးလုပ်နေရုံနဲ့ သိပ်ပြီးမထိ
ရောက်နိုင်ပါဘူး.ဒါပေမဲ့ အင်အားပြဖို့ တော့လိုအပ်ပါတယ်။
ကျွန်တော်တို့ ကအင်္ဂလိပ်လိုအထိုက်အလျှောက်
ဖတ်ဖြစ်ပေမဲ့အင်္ဂလိပ်လိုမဖတ်နိုင်တဲ့လူလဲများတော့ ကိုယ်ဖတ်ထား
တာတွေကို ဝေမျှဖို့ တောင်အတော်ခက်ပါတယ်.
ကိုအောင်မိုးဝင်းညွှန်းတဲ့စာအုပ်တွေကိုရှာဖတ်နိုင်အောင်ကြိုးစား
ပါမယ်.ဒီမှာက စာကြည့်တိုက်တွေက ဂျပန်လိုဘဲံရှိပါတယ်.။
အင်္ဂလိပ်စာအုပ်ကောင်းကောင်းဆိုလို့  FOREIGN AFFAIR လောက်
ဘဲရှိပါတယ် . မဂ္ဂဇင်းလောက်ပဲတင်ပေးပါတယ်.
အွန်လိုင်းမှာ ဝယ်ရင်တော့ရမှာပါ။ ကျေးဇူးအများကြီးတင်ပါတယ်.။

ကိုအောင်မိုးဝင်းတို့ ဆီမှာ ကြိုးစားပန်းစားပညာသင်နေကြတာကို
ကြားရလို့ တကယ်ကိုအားတက်မိပါတယ်.ဂျပန်မှာရှိတော့ရှိပါတယ်
အစိုးရထောက်ပံ့ကြေးနဲ့  ဒါမှမဟုတ် UNHCR ထောက်ပံ့ကြေးနဲ့ 
တက်ကြပါတယ် တနှစ်ကို သုံးလေးယောက်လောက်ပဲ ရှိပါတယ်.
ကိုယ့်စားရိတ်နဲ့ ကိုယ်မတက်နိုင်ပါဘူး ။ ဒီမှာက လူတိုင်းကိုယ့်ဘာ
သာကိုယ်ရပ်တည်ကြရပါတယ်။ နေစရိတ်စားစရိတ် ပညာသင်စားရိတ်
အရမ်းကြီးပါတယ်.။ ပြီးတော့ဒီရောက်မှနိုင်ငံရေးဝင်လုပ်ပြီး ဒုက္ခသည်
လျှောက်တဲ့သူများပြီး ဗီဇာရသွားရင်ပျောက်သွားတဲ့သူများလို့ 
စိတ်တော့နဲနဲ
ညစ်ရပါတယ်။ ကျပျောက်လို့ နာမည်ပေးထားပါတယ်. ကျပြီးရင် ပျောက်
သွားကြလို့ ပါ။ တကယ်စိတ်ပါလက်ပါလုပ်နေတဲ့လူတွေရှိပါတယ် ။ တစ်ခါ လာလဲ
ဒီလူတွေပါဘဲ။ ခေါင်းဆောင်ပိုင်းကိုပြောတာပါ. ကမ်ပိန်ခေါ်လိုက်ရင်တော့
လာစုကြပါတယ်.
ဘယ်လိုအကြောင်းကြောင့်ဘဲဒုက္ခသည်လျှောက်လျှောက် ဒီလမ်းပေါ်လျှောက်ရင်
တတ်နိုင်သမျှဝိုင်းလုပ်ကြဖို့ မေတ္တာရပ်ခံပြီးစည်းရုံးကြတာအတော်အောင်မြင်ပါတယ်.
လူမထွက်နိုင်ရင် ငွေထွက်ကြပါ ဆိုတဲ့ မူနဲ့ လဲသွားပါတယ်.

ကိုသက်လင်းတယောက်လဲဂျာမဏီမှာရောက်
်နေပြီးဆေးရုံတက်နေတယ်
ကြားပါတယ် . သူနဲ့ မတွေ့ ဖြစ်တာ သုံးလလောက်ရှိပါပြီ.။

နအဖနဲ့ ဆွေးနွေးပွဲကိစ္စကိုနဲနဲလောက်ပြောချင်ပါတယ်.
နအဖက သူတို့ ကိုသူတို့ ခိုင်နေတယ်လို့ ယူဆနေသ၍ ဆွေးနွေးပွဲ
ကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး။ ဖိအားများများပေးနိုင်မှဖြစ်မှာပါ။
အဲ့ဒီဖိအားကို ကျွန်တော်တို့ ပြည်ပရောက်အဖွဲ့ အစည်းတွေကလုပ်နိုင်ပါတယ်.
ဘားမားကမ်ပိန်ယူကေတို့  ကိုအောင်ဒင်တို့ FTUB တို့ လုပ်နေကြတာကိုတွေ့ နေ
ရပါတယ်။ဆန်းရှင်းကိုတော့သူတို့ အကြောက်ဆုံးလို့ ထင်ပါတယ်။
သဘာဝဓါတ်ငွေ့ ကငွေတွေအများကြီးရပေမဲ့  ဆန်ရှင်းလုပ်ထားသရွေ့ 
တခြားကုန်ထုတ်လုပ်ငန်းတွေကိုတိုးချဲ့ ဖို့ မဖြစ်နိုင်ပါဘူး ဝယ်မဲ့သူမရှိရင်
ဘယ်သူမှမြန်မာပြည်မှာ လုပ်ငန်းလာထောင်မှာမဟုတ်ပါဘူး။
အဓိကက တော့အမေရိကားရဲ့ဆန်ရှင်ကိုဆက်ထိန်းထားနိုင်အောင်လုပ်ကြဖို့ 
လို့ ပါတယ်. အမေရိကားက မြန်မာလော်ဘီသမားတွေအောင်မြင်တယ်လို့ ထင်
ပါတယ်.

ဂျပန်မှတော့ အခုတော်တော်လေးပြောင်းလဲလာပါပြီး ဘယ်လောက်အထိ
ပြောင်းလဲလာမလဲ ဘယ်လောက်ကြာကြာခံမလဲဆိုတာတော့မပြောနိုင်သေး
ပါဘူး လက်ရှိ အာဏာရပါတီထဲမှာအကွဲအပြဲအရိပ်အယောင်တွေပြနေပြီး
လာမဲ့အောက်လွှတ်တော်ရွေးကောက်ပွဲမှာ မနိုင်ရင် အရင်ပါတီအဟောင်း
ပြန်တက်လာမှာမို့ လို့ ပါ။
အရင်က အစိုးရပေါ်လစီကို ဂျပန်မှာ ဗျူ ရိုဂရက်တွေက ချမှတ်တာပါ
အရင် ကအာဏာရခဲ့တဲ့ လစ်ဘရယ်ဒီမိုကရက် တွေက လက်မှတ်ထိုးရုံ
ထိုးတာပါ။ အခုတက်လာတဲ့ဒီမိုကရက်တစ်ပါတီက တော့သူတို့ ကိုယ်
တိုင်ပေါ်လစီကိုကိုင်တွယ်လာလို့  နိုင်ငံရေးသမားတွေကိုယ်တိုင် ပေါ်လစီ
ကိုင်လာလို့ နဲနဲပြောင်းလဲလာတာပါ။ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့
ဂျပန်လွှတ်တော်အမတ်များသမဂ္ဂကနေတဆင့်လောဘီလုပ်ခဲ့တာအခုမှ
တကယ်ထိထိရောက်ရောက်ရျိလာပါတယ် ။ ဒါပေမဲ့ အမေရိကားရဲ့စံနှုန်း
ကိုခြေဖျားတောင်မမှီသေးပါဘူး။ဂျပန်အစိုးရကိုလည်းမြန်မာပြည်ကို
ဆန်ရှင်လုပ်လာအောင်အခုစည်းရုံးနေကြပါတယ်.။အရင်တုန်းကအိပ်မက်
တောင်မမက်နိုင်တဲ့ကိစ္စပါ.။
အရင်ဗျူရိုဂရက်တွေပေါ်လစီကိုင်
တုန်းက သူတို့ က ကုန်သည်ဆံဆံစဉ်းစားတာပါ နိုင်ငံရေးအတွေးအခေါ်မပါ
ပါဘူး။သူတို့ စဉ်းစားပုံက ရိုးရိုးလေးပါ အတိုက်အခံအင်အားနဲတယ် ညီညွတ်မှု
မရှိဘူး စစ်တပ်မကောင်းဘူး ဒါပေမဲ့စည်းလုံးတယ် အင်အားတောင့်တင်းတယ်
အလွယ်တကူပြိုမကျနိုင်ဘူး =အဲ့ ဒီလိုတွက်ပြီးခြံစည်းရိုးပေါ်ခွထိုင်ခဲ့တာပါ။
စာလည်းအတော်ရှည်သွားပါပြီး
ကျွန်တော့်အပေါ်စိတ်ရှည်လက်ရှည် စာပြန်ပေးတာကို တကယ်
ကျေးဇူးတင်ပါတယ်ခင်ဗျား
လေးစားစွာဖြင့်
ဘုန်းလှိုင်







--- On Fri, 12/17/10, Aung Moe Win wrote:

From: Aung Moe Win


ကိုဘုန်းလှိုင်

ခင်ဗျားဟာ ကျနော်တို့စာတွေအားလုံးကို နားလည်အောင်မဖတ်ဘူးဆိုတာ ကျနော်ပြောခဲ့တာပဲ။
ကျနော်ဆွေးနွေးတဲ့အထဲမှာ၊ ဦးကျော်ငြိမ်းနဲ့ကွန်မြူနစ်တွေကိစ္စပါလို့လား။
ဒါတွေကိုကျနော်တို့လည်းစိတ်မဝင်စားဘူး။အထူးသဖြင့်စစ်အေးတိုက်ပွဲအခင်းအကျင်းထဲမှာ
ရပ်တည်နေတဲ့သူတွေအားလုံးကိုစိတ်မဝင်စားဘူး။အချိန်ကုန်တယ်။
ဒီကြားထဲခင်ဗျားက ဒါတွေပဲပြန်လာတင်နေတော့ ဆွေးနွေးတဲ့အကြောင်းအရာတွေက
တခြားလမ်းကိုရောက်သွားတယ်။
ကျနော့ဆောင်းပါးတွေဖတ်တယ်ဆိုရင်
ကျနော့ရပ်တည်ချက်ကိုရှင်းရှင်းလင်းလင်းသိဖို့ကောင်းတယ်။
ခင်ဗျားသေချာမဖတ်လို့ ခင်ဗျားစာမှာ ထင်သလိုလျှောက်ရေးနေတာပေါ့။ မဟုတ်ဘူးလား။
ခင်ဗျားစာတွေကိုဖတ်ကြည့်ခြင်းအားဖြင့်လည်းခင်ဗျားဘာကိုရေးနေတယ်ဆိုတာ
ကျနော်ခန့်မှန်းမိပြီးသားပါ။ ကလေးတွေမဟုတ်ဘူး။ အဲ့သလို ကိုယ်မသိတဲ့အရာတွေကိုလျှောက်ရေး၊
လျှောက်ပြောနေတဲ့ကိစ္စတွေကိုဖတ်ရမဲ့အချိန်တွေအတွက်လည်းနှမျောတယ်ဗျာ။
ညီညွတ်ရေးကိုခင်ဗျားအခုပြောနေတာတွေထက်၊ ဒေါ်စုမပြောခင်ကထက်
ကျနော်တို့တတွေလေးလေးနက်နက်နားလည်ပြီးသားပါ၊ ဒေါ်စုတို့ကြီးလေးကြီးကို
၈၈ ကျောင်းသားတွေက ညီညွတ်ရေးအတွက်ဖိအားပေးခေါ်တဲ့တယ်ဆိုတဲ့သမိုင်းကိုပြန်လေ့လာပါအုံး။
ဒေါ်စုပြောမှညီညွတ်ရေးကိုနားလည်သွားတယ်ဆိုတဲ့သူတွေထဲမှာ ကျနော်တို့တတွေမပါဘူး။
တလျောက်လုံးဒီညီညွတ်ရေးပေါ်မှာအခြေခံပြီးတိုက်လာခဲ့တာပဲမဟုတ်လား။

နဝတ က အောက်တန်းကျမောက်မာနေသရွေ့၊မောက်မာခေါင်းမာနေသရွေ့၊
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာဘယ်တော့မှမရဘူး။
အေး-ကျနော်တို့ညီညွတ်ရေးတည်ဆောက်တယ်ဆိုတာလည်းအဲ့ဒီလိုပဲ။
ကိုယ့်ကိုယ်ကို ပညာတတ်ဆိုပြီးဘဝင်မြင့်၊အောက်ခြေလွတ်နေတဲ့သူတွေက
သူများကိုအထင်သေးနေသေးသရွေ့ ညီညွတ်ရေးတည်ဆောက်လို့ဘယ်တော့မှမရဘူး။
ခြစားနေတဲ့သူကလူတန်းစားတရပ်ဖြစ်လာပြီး၊တကယ်ရင်းခဲ့ရသူတွေက ငတ်နေတဲ့အနေအထားမှာလည်း
ပြဿနာတွေကဆက်ရှိနေအုံးမှာအမှန်ပဲ။
ကျနော်စာရေးဆရာပါ။ ခင်ဗျားရေးတဲ့အသုံးအနှုန်းတွေကိုတကြောင်းချင်းပြန်စစ်ပါအုံး။
ဘာတွေကိုဖော့ရေးပြီး၊ဘာတွေကိုပင်းရေးထားသလဲဆိုတာဗမာစာဖတ်သူတိုင်းနားလည်ပါတယ်။
အဲ့ဒါကခင်ဗျားအခွင့်အရေးမို့၊ခင်ဗျားရေးနိုင်တယ်ဆိုပေမဲ့ အဲ့သလိုအသုံးအနှုန်းတွေအယူအဆတွေနဲ့
ကြားကနေဝင်ပါလို့မရဘူးလေ။ နှစ်ဘက်လုံးဆီက ညီညွတ်ရေးလိုချင်ရင်လည်း၊ဖြစ်နေတဲ့ကိစ္စတွေကို
သိရတယ်။ နားလည်ရတယ်။ ကြားကနေဖြတ်ဖြတ်ဝင်ပြီး ကိုယ်ဂဂဏဏမသိတဲ့အကြောင်းအရာတွေမှာ စာအရှည်ကြီးလျှောက်ရေးနေတော့အာရုံနောက်တာအမှန်ပဲ။

ကွဲပြားတဲ့အယူအဆတွေကိုငြင်းခုန်ကြတာလက်ခံတယ်။အမေရိကန်စာသင်ကျောင်းတွေမှာ၊
စာတမ်းတွေမှာ ဒီလိုအချက်တွေကိုပဲရေးကြရတာပဲ။ ဘာလို့နိုင်ငံရေးလုပ်ခါစလူငယ်တယောက်လိုလာရှင်းပြနေတာလဲ။
ဒါပေမဲ့ ကွဲပြားမှုကိုတင်တဲ့အခါ၊ စော်ကားမှုကိုရှောင်ကျဉ်ရတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ စော်ကားတာတွေကိုလွတ်လွတ်လပ်လပ်လုပ်လို့မရဘူး။
စာတွေကိုသေချာပြန်ဖတ်ပါအုံးလို့တိုက်တွန်းပါရစေ။
နောက်တခုက ကိုယ်ညွှန်းတဲ့စာမျက်နှာ၊အချက်အလက်တွေကိုခိုင်ရတယ်။
မခိုင်လို့တဘက်ကထောက်ပြတာကို စိတ်ဆိုးရင် အဲ့ဒါဒီမိုကရေစီသဘောကိုနားမလည်သူဖြစ်တယ်။

ဒီအချိန်ဟာဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျနော်တို့သိတယ်။
ကျနော်တို့ဖြတ်ခဲ့တာအနှစ်(၂၀)ကျော်ပြီ။ ညီညွတ်ရေးဆိုတာ
အသွေးအသားထဲကလိုလိုချင်ချင်ရှိမှရတဲ့အရာဇြစ်တယ်။
ဘဝတခုလုံးပေးလာတဲ့သူတွေအများကြီးပါ။ ညီညွတ်ရေးကို ခင်ဗျားလိုချင်တာထက်ကျနော်တို့ပိုလိုချင်တယ်ဆိုတာစွဲစွဲမြဲမြဲမှတ်ထားပါ။
ဒါပေမဲ့ ကျနော်ပြောခဲ့သလိုပဲ၊ မောက်မာတဲ့လူတွေ၊
ဘဝင်လေဟပ်နေတဲ့လေသံတွေ၊ဆရာကြီးဂိုက်ဖမ်းနေတဲ့လူတွေနဲ့
ညီညွတ်ရေးလုပ်ဖို့ဆိုတာလွယ်တဲ့အရာမဟုတ်ဘူး။
ကျောင်းသားတွေကိုစော်ကားနေတဲ့ဘဝင်ရူးကိုလည်းညီညွတ်ရေးလုပ်စရာအကြောင်းမရှိပါ။
ကျနော့်အဖြေကိုသိပြီးပြီဆိုတော့ ခင်ဗျားအနေနဲ့ဆက်မျှော်လင့်စရာမလိုတော့ဘူးလို့ထင်ပါတယ်။
နောက်တခု၊
(ခင်ဗျားအဝန်းအဝိုင်းမှာတွေ့ခဲ့ရတဲ့လူတွေလောက်ကိုကြည့်ပြီး လူတိုင်းစာမဖတ်ဘူးမထင်လေနဲ့။
ဗမာပြည်အမေရိကန်သံရုံးမှာကြိုးစားလေ့လာနေတဲ့လူငယ်တွေ၊ နိုင်ငံတကာမှာ
ကျောင်းတက်နေတဲ့မျိုးဆက်သစ်တွေကိုမြင်ရင် ခင်ဗျားအယူအဆမှားသွားတယ်
ဆိုတာချက်ချင်းသိသွားမယ်)

ခင်ဗျားလည်းစာဖတ်တာဝါသနာပါတယ်ဆိုရင်ကစ်ဆင်းဂျားရဲ့ဒီပလိုမေစီစာအုပ်ဖြစ်ဖြစ်
the Art of Diplomacy စာအုပ်ဖြစ်ဖြစ်၊ Conflict Resolution Theories စာအုပ်တွေဖြစ်ဖြစ် ဖတ်ကြည့်ပါလား။ အဆင့်တိုင်းအဆင့်တိုင်းကိုဘယ်လိုအလျော့အတင်းလုပ်ရမယ်ဆိုတာ
နားလည်သွားပါလိမ့်မယ်။ ဘယ်လိုလူတွေကြောင့် တွေ့ဆုံဆွေးနွေးရေးတွေပျက်ခဲ့တယ်ဆိုတာတွေလည်း
သဘောပေါက်သွားပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာကတော့၊ညီညွတ်ရေးကို ခင်ဗျားလို၊ လိုချင်တဲ့သူတွေချည်းပါ။
အတွေ့အကြုံအရနားလည်သူတွေချည်းပါ။
နိုင်ငံတကာက ဗမာပြည်လှုပ်ရှားမှုတွေကိုဘယ်လိုသုံးသပ်နေတယ်ဆိုတာလည်း
အမြဲမပြတ်ဖတ်နေကြတဲ့သူတွေပါ။၊ကွဲပြဲမှုတွေထဲမှာ ပျော်နေကြတဲ့သူတွေမဟုတ်သလို၊စီးပွားလာရှာနေသူနေတွေလည်းမဟုတ်ပါ။
ဒီကိစ္စကို ဒီလောက်နဲ့ရပ်ကြရအောင်ပါ။ ကျနော်ရပ်တည်ချက်၊သဘောထားကိုလုံလုံလောက်လောက်ပြောခဲ့ပြီလို့
ထင်ပါတယ်။ ဂျပန်မှာ ခင်ဗျားက ဦဆောင်ပြီးညီညွတ်ရေးတည်ဆောက်နိုင်ပါစေဗျား။

အောင်မိုးဝင်း



--- On Fri, 12/17/10, phone hlaing wrote:

From: phone hlaing
Subject: Fw: Re: [NLDmembrsnSupportersofCRPPnNLDnDASSK] Re: ကိုနိုင်အောင်
To: "Aung Moe Win" , "NLDSUPPORTERS"
Date: Friday, December 17, 2010, 2:05 PM


--- On Fri, 12/17/10, phone hlaing wrote:

From: phone hlaing

ကိုအောင်မိုးဝင်းခင်ဗျား
ကိုအောင်မိုးဝင်းတို့ ကြားထဲမှာဝင်ရေးလို့ ကျွန်တော့်အတွက် ငါးကြင်းသားအလည်သားလည်း
မရဘာဘူး လိုလည်းမလိုချင်ပါဘူး ၊ တကယ်သဘောရိုးနဲ့ ခင်ဗျားတို့ ကိုညီညွတ်စေချင်လို့ ပါ
ကိုအောင်မိုးဝင်းရေးတဲ့ဆောင်းပါးတွေကို ကျွန်တော်တလေးတစားဖတ်တယ် သိမ်းထားတယ်
အဲ့ဒီလိုဘဲ ကိုဘိုဘို ရေးတဲ့ဆောင်းပါးတွေကိုလဲတလေးတစားဖတ်တယ် ။ အားလုံးကိုလေးစား
ပါတယ်။
ကျွန်တော်တို့ ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်စုကိုယ်တိုင် သူ့ ကိုအသေသတ်ဖို့ 
ကြိုးစားခဲ့တဲ့ နအဖခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့တွေ့ ဆုံဆွေးနွေးပွဲတွေဖြစ်ဖို့ 
သဘောထားကြီးကြီးနဲ့ လုပ်ကိုင်နေလို့  ကိုအောင်မိုးဝင်းတို့ 
နဲ့ ကိုဘိုဘိုတို့ အမေရိကားကကိစ္စတွေဟာ ဒေါ်စုနဲ့  နအဖကြားက အဖုအထစ်
လောက်မကြီးနိုင်ဘူးလို့ ထင်ပါတယ်။ ဒေါ်စုပြောသလိုညီညွတ်ကြပါလို့ ပြောချင်
ပါတယ်။ခင်ဗျားတို့ အားလုံးကို လေးစားလို့ ပြောနေတာပါ. မလေးစားရင် ဝင်တောင်
မရေးဘူး ဖတ်တောင်ဖတ်မှာမဟုတ်ပါဘူး
ဒေါ်အောင်ဆန်းစုကြည်ကိုခင်ဗျားတို့ 
ကျွန်တော်တို့ အားလုံးတကယ်လေးစားတယ် တကယ်အားကိုးတယ်ဆိုတာ
ပြောစရာမလိုပါဘူး။ သူ့ ကိုတကယ်လေးစားတယ် တကယ်တော်တဲ့ခေါင်း
ဆောင်လို့ ယုံကြည်ရင် ကျွန်တော်တို့ အားလုံးနောက်လိုက်ကောင်းတွေဖြစ်ဖို့ 
လိုပါတယ်။ခေါင်းဆောင်ကောင်းကဦးဆောင်ပြီး နောက်လိုက်ကောင်းတွေကဝိုင်း
ရံဖို့ လိုပါတယ်။ ဒေါ်စုအမြဲတန်းပြောတယ်မဟုတ်လား ကျွန်မတယောက်ထဲနဲ့
ဒီမိုကရေစီရအောင်မလုပ်နိုင်ပါဘူးဆိုတာလေ။

ဒီနေ့ အပြင်ကပြန်လာတော့လမ်းမှာ ဆရာဒေါက်တာအောင်ခင်ဘာသာပြန်ထားတဲ့
making enemy ရဲ့နောက်ဆုံးစာပိုဒ်ကလေးကိုဖတ်မိလို့ အခုစာရေးရင်းသတိရလို့ ထည့်ပေးလိုက်ပါတယ်
မေရီကယ်လဟန်က -မြန်မာနိုင်ငံရေးဟာ စည်းလုံးညီညွတ်ရေးတောင်းဆိုတဲ့အဆင့်ထက်
ပိုပြီးရင့်ကျက်မလာသေးကြောင်းသုံးသပ်ထားပါတယ်တဲ့ ။
ကွဲပြားတဲ့အယူအဆ၊ မတူတဲ့အမြင်၊ ခြားနားတဲ့တောင်းဆိုချက်၊ ပြိုင်ဆိုင်မှု၊ ယှဉ်ပြိုင်မှု
စတာတွေမရှိရင် ဒီမိုကရေစီလည်းမရှိနိုင်ပါဘူး လုံးဝဥဿုံစည်းလုံးညီညွတ်ရေးကို ဦး
စားပေးနေတာဟာ လိုအပ်ချက် တောင်းဆိုချက်အမျိုးမျိုးကို လိုက်လျောနိုင်မဲံ့နည်း
လမ်းပေါ်ထွက်ရေးကို ဟန့် တားသလိုဖြစ်နေပါတယ်လို့ သုံးသပ်ထားပါတယ်.။
(ဒီစာအုပ်က-၂၀၀၃)ထုတ်ဆိုတော့နဲနဲတော့ကြာနေပေမဲ့ခေတ်နောက်မကျသေးပါဘူး။
ခွန်နှစ်ကျော်ကြာလာတာတောင် မေရီကယ်လဟန်သုံးသတ်တဲ့အဆင့်မှာ ဘဲ မြန်မာနိုင်ငံရေး
အဆင့်ကရပ်နေတယ်ဆိုရင်တော့ အဲ့ဒီအတွက်ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိတယ်လို့ 
ကျွန်တော့်အနေနဲ့ ယူဆပါတယ်။
လေးစားစွာဖြင့်
ဘုန်းလှိုင်

--- On Thu, 12/16/10, Aung Moe Win wrote:

From: Aung Moe Win


ကိုနိုင်အောင်

ပြန်လည်သင့်မြတ်ရေးလုပ်တယ်၊ ကြားကနေ ညှိနှိုင်းပေးတယ်ဆိုတာ အကြောင်းအရာတခုကို ဂဂဏဏသိတဲ့သူမှလုပ်လို့ရတာ၊ တိုက်တွန်းသင့်တာပါ။
လူတယောက်ရဲ့စာကိုဖတ်ကြည့်ရင် ဘာကိုဦးတည်တယ်ဆိုတာ စာရေးသူရော၊ဖတ်သူရောသိပါတယ်။
တယောက်မှ ကလေးတွေမဟုတ်ဘူး။
အမေရိကားမှာဘာတွေဖြစ်ခဲ့တာကို ဘာမှမသိတဲ့လူက၊ ကြားဖူးနားဝသမိုင်းတွေဝင်လျှောက်ပြောပြီး
ငါးကြင်းသားအလယ်ကနှိုက်ဖို့ကြိုးစားနေတာကို ခင်ဗျားက “ ပြန်လည်သင့်မြတ်ရေးလုပ်နေသူ”လို့
အဓိပ္ပါယ်ဖွင့်နေတာကို ညံ့တယ်လို့ပြောနေတာဖြစ်ပါတယ်။( ညံ့ချင်ယောင်ဆောင်တာလည်းဖြစ်ချင်ဖြစ်မှာပါ)။

ညီညွတ်ရေးအတွက် အကျင့်စရိုက်တွေပြင်ကြမယ် ဆိုတာကိုလက်ခံတဲ့အတွက်ဝမ်းသာပါတယ်။
အမှန်ပါပဲ။ အစိုးရနဲ့အတိုက်အခံနိုင်ငံရေးသမားတွေကြားမှာပြန်လည်သင့်မြတ်ရေးမရခင်၊
ကိုယ့်အင်အားစုတွေကြားမှာ သံသယရှင်းဖို့လိုပါတယ်။

ခင်ဗျားလည်း ပျော်ရွှင် ငြိမ်းချမ်းပါစေဗျား။

အောင်မိုးဝင်း

--- On Fri, 12/17/10, Naing Aung wrote:

From: Naing Aung

Date: Friday, December 17, 2010, 2:09 AM

Dear Ko AMW,
I am OK to be stupid and idiot for congratulating to someone who is trying to be reconciliatory. :-)
I also agree your points on things to be changed for building unity.
Be the change yourself to the change you want to see is important if I re-phrase from what you said.
Reading the different perspectives of event or a history is very educating if it is objective based.
Please don't think that supporting that particular writing is not standing on one side.
As i said before, I appreciate your articles too.
Be happy and peaceful.

best,
DNA

(Naing Aung)

Secretary General
Forum for Democracy in Burma (FDB)

Central Executive Member
Network for Democracy and Development (NDD)

Phone: 66 81 8837230
Fax: 66 55 546260
E-Mail: dna_freeburma@yahoo.com
dna.freeburma@gmail.com
Skype: dnaforfreeburma
Website: democraticforumburma.org
Postal Add: P.O Box (142)
Mae Sot Post Office
Mae Sot, Tak 63110
Thailand





On Dec 17, 2010, at 1:31 PM, Aung Moe Win wrote



ကိုနိုင်အောင်
ဘာကို Congratulation လုပ်တာလဲဗျ။ ခင်ဗျား ဒီလောက်ညံ့လိမ့်မယ် လို့ အစက မသိခဲ့ဘူး။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ငါးကြင်းသားကိုဝမ်းဗိုက်သားက ယူဖို့ချောင်းနေတဲ့ စေ့စပ်ညှိနှိုင်းရေးသမားလိုလို၊ အောက်လေနဲ့လာလုပ်နေသူတွေ၊ သမိုင်းကို ကြားဘူးနားဝတွေနဲ့
လျှောက်ရေးနေတဲ့သူတွေက လုပ်ပေးလို့ရတာမဟုတ်ဘူး ဆိုတာလောက်တော့ ခင်ဗျားသိဖို့ကောင်းတာပေါ့။ အားလုံးညီညွတ်ကြပါဆိုတာ ပါးစပ်ကပြောနေလို့ရတာမဟုတ်ဘူး။
တယောက်ချင်းစီက ခြစားမှုတွေ၊ ကိုယ့်ဘာသာမာန်မာနထောင်လွှားမှုတွေ၊ အုပ်စုဖွဲ့ပြီး ပျက်စီးနေကြတာကို ပထမဆုံးပြုပြင်ကြဖို့လိုပါတယ်။
အကျင့်စရိုက်တွေပြင်လိုက်ကြရင် ပြည်ပမှာ ပထမဆုံးအဆင့်အနေနဲ့
ကျောင်းသားညီညွတ်ရေးရလာမယ်။ နောက်-- အမျိုးသားပြန်လည်သင့်မြတ်ရေးရလာပါလိမ့်မယ်။
ဒီလောက်ပဲ အကြံပေးပါရစေ။

အောင်မိုးဝင်း

--- On Thu, 12/16/10, Naing Aung wrote:

From: Naing Aung

Date: Thursday, December 16, 2010, 9:15 PM

Congratulation Ko Phone Hlaing! It is really thoughtful, insightful and reconciliatory.
Good job.
best,
DNA

(Naing Aung)

Secretary General
Forum for Democracy in Burma (FDB)

Central Executive Member
Network for Democracy and Development (NDD)

Phone: 66 81 8837230
Fax 66 55 546260
E-Mail dna_freeburma@yahoo.com
dna.freeburma@gmail.com
Skype dnaforfreeburma
Website democraticforumburma.org
Postal Add:P.O Box (142)
Mae Sot Post Office
Mae Sot, Tak 63110
Thailand




ကိုနိုင်အောင် ။ ကိုဘုန်းလှိုင် နှင့်ကိုလွမ်းဆွေ


ကျနော် ဟာ ကွန်မြူနစ်လည်းမဟုတ်သလို ဆိုရှယ်လစ် လဲ မဟုတ်ပါ
ဆိုရှယ်လစ်ကိုရော ကွန်မြူနစ်ကိုရော ကျုပ်စိတ်မ၀င်စားပါ ။
ကျုပ်စိတ်ဝင်စားတာက ဒီမိုကရေစီကျင့်စဉ် (ခေါ် ) ဒီမိုကရေစီပန်းတိုင်ပါ ။
ဒါကြောင့် တိုင်းပြည်ကိုဒီမိုကရေစီဖေါ်ဆောင်ပေးနိုင်တဲ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကိုရော ၊ ဒီမိုကရေစီကိုမြတ်နိုးစွာ တိုက်ပွဲဝင်နေကြသော
ဒီမိုကရေစီအင်အားစုများကို အထင်သေးခြင်း ၊ နှိမ့်ချခြင်း ၊ စော်ကားခြင်း ၊
အခြေအမြစ်မရှိ ဘဲဆရာလုပ်ခြင်း ၊ လူထုတွေဝေအောင်ဝေဖန်တိုက်ခိုက်ခြင်းတွေကို
မဆိုင်းမတွ ၊မလွဲမသွေ ပြန်လည် ကာကွယ် တုန့်ပြန် တိုက်ပွဲဝင်သွားမှာပါ
ဘာကြောင့်လဲဆိုယင် ဒီမိုကရေစီဘက်တော်သားတိုင်းမှာတာဝန်ရှိတယ်ဟု
ယုံကြည်လို့ဘဲ ပုဂ္ဂိုလ်ရေးကိုကျနော်လည်းတိုက်ချင်တဲ့ဆန္ဒလုံးဝမရှိရိုးအမှန်ပါ
သို့သော်လည်း အထက်ပါကျနော်ဆိုခဲ့တဲ့အတိုင်းစော်ကား မော်ကားလုပ်လာရင်တော့
လူပုဂ္ဂိုလ် ၊အဖွဲ့အစည်း ဘာဖြစ်ဖြစ် ကျနော်အနေနှင့်ဘာကိုမှစဉ်းစားမဟုတ်ဘူးဆိုတာဘဲ
တိုင်းပြည်အတွက်ဆိုရင်ကျုပ်ရဲ့ပုဂ္ဂိုလ်ရေးဘယ်လောက်ထိခိုက် ရင်းနှီးလိုက်ရပါစေ
ကျုပ်ဂရုမစိုက်ဘူး ဆိုတာဘဲ ကျုပ်ဂရုစိုက်အလေးနက်ထားတာက ဒီမိုကရစီခေါင်းဆောင်ဒေါ်စုနှင့်
ဒီမိုကရေစီအင်အားစုများရဲ့ အရင်းအနှီးပေးတိုက်ပွဲဝင်နေကြမှုကြောင့် အခုရရှိနေတဲ့နိုင်ငံရေး
အခင်းအကျင်း ၊နိုင်ငံရေးပါဝါကို လုံးဝလက်လွှတ်မဆုံးရှုံးခံနိုင်ဘူး ။ ဒီရရှိထားတဲ့အခွင့်အရေးကို
မိမိရရဆုတ်ကိုင်၍ ဒီမိုကရေစီပန်းတိုင်ကိုဘယ်လိုရောက်အောင်ချီတက်ကြမလဲဆိုတာဘဲကျုပ်ဂရုစိုက်တယ်
ယခု ရတဲ့အခွင်းအရေးပေါ်တွင်မိမိရရဆုတ်ကိုင်၍ မနားမနေ ၊မဆုတ်မနှစ် ၊အမျှော်အမြင်ကြီးမားစွာ၊ရဲရင့်ပြတ်သားစွာဦးဆောင်
တိုက်ပွဲဝင်နေကြသော ခေါင်းဆောင် ဒေါ်စု နှင့်တခြားဒီမိုကရေစီခေါင်းဆောင်များ ၊ဒီမိုကရေစီသူရဲကောင်းများနောက်မှ
မတွေဝေစတမ်း ပြတ်သားစွာရပ်တည် ၊၀ိုင်းရံရမယ်လို့ ကျုပ်ခိုင်ခိုင်မာမာယုံကြည်ထားတယ် ဒါကြောင့်ကျုပ်ပြတ်ပြတ်သားသားရပ်တည်တယ်
ကျုပ်အတွက်ဘာမှတွေဝေစရာမရှိဘူး၊နောက်ကနေသစ္စာရှိရှိဖြောင့်ဖြောင့်တန်းတန်းလိုက်တယ် ။
အခုအချိန်မှာ ကျုပ်အတွက်အရးကြီးဆုံးက တိုင်းပြည်အရေးမှာ ကျုပ်လိုပွန်းကလေးတခု ကျဆုံးသွားတာဟာ ကျုပ်အတွက်ဘာမှအရေးမကြီးပါ
အရေးကြီးတာက တတိုင်းပြည်လုံးမျှော်လင့် ယုံကြည်နေကြတဲ့ဒီမိုကရေစီ ပန်းတိုင်ကိုရောက်အောင်ဖန်တီးပေးနိုင်တဲ့ တိုင်းပြည်ရဲ့လူထုခေါင်းဆောင်
ဒေါ်စု နှင့် ဒီမိုကရေစီခေါင်းဆောင်များ မထိခိုက်ဘို့ ၊ မဆုံးရှုံးဘို့ ၊သူတို့ကိုလူထုမတွေဝေဘို့ ၊သူတို့သွားနေတဲ့လမ်းကိုဖြောင့်ဖြူးအောင်သွားနိုင်ဖို့သာ
အရေးကြီးတယ်လို့ကျုပ်ခိုင်ခိုင်မာမာယုံကြည်တယ် ။ဒါကြောင့်ကျုပ်ရဲ့ ဘုရင် ၊ဘုရင်မကြီးတွေအကျအဆုံးမခံနိုင်ပါ ဒီဘုရင်၊ဘုရင်မကြီးတွေမကျဆုံးဘို့
ကျုပ် ပွန်းကလေးကအစားခံကာကွယ်သွားမယ်ဆိုတာ ခင်ဗျားတို့နားလည်စေချင်တယ်၊
ကျုပ်ကညီညွတ်ရေးကိုလိုလားသူပါ ၊ဒီမိုကရေစီအင်အားစုအချင်းချင်း ညီညွတ်မှုကိုဘယ်လိုနည်းနှင့်မဆို တည်ဆောက်ဖို့အဆင်သင့်ပါ
ဒီမိုကရေစီအင်အားစုကိုစော်ကား အထင်သေး တဲ့မည်သည့်ပုဂ္ဂိုလ်ကိုမှ ကျုပ်အတွက်ညီညွတ်ရေးမလိုအပ်ပါ ၊

ကိုနိုင်အောင်

ကိုဘုန်းလှိုင်စာကိုဘာကြောင့် ၊ဘယ်လိုရည်ရွယ်ချက်နဲ့ ထောက်ခံရေးတယ်ဆိုတာကို ကျုပ်လိုက်မှီတယ်ဆိုတာကိုခင်ဗျားနားလည်ပါ
ဒီအချိန်မှာ တိုင်းပြည်အရေးကြီးတဲ့ကာလမှာ စစ်မျက်နှာမဖွင့်ချင်ဘူးဆိုတာ ကျုပ်ရင်ထဲကဆန္ဒအမှန်ပါ
ဒါပေမဲ့ ခင်ဗျားကကျုပ်ကိုစစ်မျက်နှာဖွင့်ချင်တယ်ဆိုရင်လဲ ကျုပ်အဆင်သင့်ပါ ။

ကိုဘုန်းလှိုင်

ခင်ဗျားပွင့်ပွင့်လင်းလင်းမိတ်ဆက်ပြီး အတွေးအခေါ်အယူအဆကိုတင်ပြတာကိုကျုပ်လေးစားအသိအမှတ်ပြုပါတယ်
ခင်ဗျားစာထဲမှာပါတဲ့အကြောင်းအရာကိုငြင်းမယ်ဆိုရင်ငြင်းစရာအများကြီးပါ၊ဒါပေမဲ့ကျုပ်မငြင်းတော့ပါ
ခင်ဗျားသိအောင်တခုနှစ်ခုလောက်ဘဲထောက်ပြလိုက်ပါရစေ
ခင်ဗျားပြောသလိုဦးကျော်ငြိမ်းနှင့်ဆိုရှယ်လစ်အုပ်စုမှာလူတော်တွေအများကြီးရှိသလိုကွန်မြူနစ်ဖက်မှာလဲလူတော်တွေအများကြီးရှိတယ်ဆိုကို ခင်ဗျားလက်ခံဘို့
လိုအပ်ပါတယ် ကျနော်သူတို့တော်တာ မတော်တာကိုဝေဖန်နေခြင်းမဟုတ်ပါ တိုင်းပြည်အပေါ်မှာထားတဲ့သူတို့ရဲ့စိတ်စေတနာ၊စိတ်ထားကိုဘဲကျုပ်ထောက်ပြတာပါ
သူတို့တွေဟာတော်ကြပါတယ်ကျုပ်လက်ခံတယ်ဒါပေမဲ့ တိုင်းပြည်မျက်နှာကိုမကြည့်ဘဲလုပ်ခဲ့ကြတဲ့လုပ်ရပ်တွေကိုတော့ကျုပ်လုံးဝလက်မခံဘူး ။
သူတို့တွေဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုမကြည့်ကြဘဲ သူ့အုပ်စု ကိုယ့်အုပ်စု အာဏာရရေးအတွက် နည်းပေါင်းစုံယုတ်မာကြ ၊ညစ်ပတ်ကောက်ကျစ်ကြနဲ့
သူတို့ရဲ့အယူအဆပေါ်မှာ မောက်မာ ၊ဘ၀င်မြင့်လှကြပါတယ်ဒါကြောင့်ကျုပ်တို့တိုင်းပြည်ဟာ နာကျင်လှတဲ့သမိုင်းဆိုးကိုအခုထိခံစားနေကြရတယ်ဆိုတာဘဲ
တော်တာတတ်တာထက်တိုင်းပြည်အပေါ်ထားတဲ့စိတ်စေတနာကသာပိုအရေးကြီးပါတယ် ။
နောက်တခုက ဘိုဘိုကျော်ငြိမ်းစာကိုလေးနက်စွာပြန်ဖတ်စေချင်တယ် သူ့စာမှာဒီမိုကရေစီအင်အားစုတွေကိုဘယ်လောက်စော်ကားထားတယ် ၊ဆိုတာပေါ်လွင်လာပါလိမ့်မယ်
ဒါကြောင့်ကျုပ်တုန့်ပြန်တာဘဲ ။ ဘိုဘိုကျော်ငြိမ်းက ယခုခေတ်ကဒီမိုကရေစီအင်အားစုတွေကစာမဖတ်ကြဘူးဆိုတာကိုခင်ဗျားကဗြောင်ထောက်ခံထားတယ် ဒါမမှန်ဘူးလို့
ကျုပ်ထင်တယ် ခင်ဗျားရှု့ထောင့်ကကြည့်ရင်တော့ မှန်ကောင်းမှန်လိမ့်မယ် တကယ်တော်တဲ့ တကယ်စာဖတ်တဲ့သူတွေအများကြီးရှိတယ်ဆိုတာကိုခင်ဗျားမတွေ့ဖူးသေးလို့
ဘဲဟုကျုပ်ယူဆတယ် ။

ကိုလွမ်းဆွေ

အထက်ပါကိစ္စတွေနှင့်တော့ ခင်ဗျားနဲ့မဆိုင်ပါဘူး ထောက်ပြစရာရှိလို့ပေါင်းရေးလိုက်တာပါ
ခင်ဗျားရေးတဲ့ဆောင်းပါးမှာ ခင်ဗျားနှင့်လူထုခေါင်းဆောင်ဒေါ်စု နှင့်သဘောထား ( ၃) ခုကွဲတယ်လို့ဆိုတာကိုတော့ ကျုပ်ဘာမှမငြင်းလိုပါ
ဒီမိုကရေစီအနှစ်သာရအရ ကွဲလွဲပိုင်ခွင့်ရှိပါတယ် ၊ဒါပေမဲ့လို့ ခင်ဗျားအယူအဆကို Poll လုပ်ကြည့်တဲ့အခါ အခုဒေါ်စုရှေ့တန်းတင်လုပ်နေတဲ့
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုအကောင်အထည်ဖေါ်မဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဟာလူကြိုက်အနည်းဆုံးအောက်ဆုံးမှာလို့ခင်ဗျားဆိုတယ်
ယခုအချိန် မတွေဝေစတမ်းကျောချင်းကပ်ဝိုင်းရံရမယ့်အချိန်မှာခင်ဗျားလုပ်ရပ်ဟာ ဒေါ်စုလုပ်ရပ်အပေါ် လူထုကိုတွေဝေအောင်လုပ်တယ်လို့
ကျုပ်စွပ်စွဲတယ် ဒါဟာလုပ်သင့်တဲ့အလုပ်မဟုတ်သလိုခင်ဗျားရိုးသားတယ်လို့လဲကျုပ်မထင်ပါ ၊လုံးဝမလုပ်သင့်တဲ့ကိစ္စပါ ၊
Poll လုပ်တဲ့အခါ တွေ့ဆုံဆွေးနွေးရေး ကလူကြိုက်များတယ်လို့ ခင်ဗျားဆိုတယ် ခင်ဗျားနားလည်ရမှာက တွေ့ဆုံဆွေးနွေရေးနှင့် ပြဿနာကို
အဖြေရှာဖို့ တွေ့ဆုံဆွေးနွေးဖို့ကြိုးစားနေတဲ့ ၂၁ရာစု ပင်လုံညီလာခံနဲံ့အနှစ်သာရအတူတူဘဲဆိုတာကိုနားလည်ဖို့ပါ ခင်ဗျားစာက
ကိုယ့်ရှူးကိုယ်ပတ်နေတယ်ဆိုတာနားလည်ပါ ။
ခင်ဗျားနာမည်ကြီးချင်တယ်ဆိုလဲ ရိုးရိုးသားသားကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားစေချင်တယ် ဒီမှီခိုပြီးမလုပ်ပါနဲ့ ရှက်စရာကောင်းပါတယ်
ခင်ဗျားအတွက်အကျိုးမရှိသလို တိုင်းပြည်အတွက်လဲအကျိုးမရှိပါ ကျုပ်တို့တိုင်းပြည်ရဲ့အနာဂတ်ကို ဂရုစိုက်ပါ ၊ရိုးသားခြင်းဟာအရာရာအားလုံးအတွက်
အကောင်းဆုံးသောအရာပါ .၊ နောက်ဒီလိုလုပ်ရပ်မျိုးမလုပ်ပါနဲ့လို့အကြံပေးပါရစေ ၊၊

နိဂုံး

ကျနော်သည် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီမိုကရေစီ အင်အားစုများကိုမထိခိုက်မစော်ကားသ၍မည်သူကိုမှတိုက်ခိုက်ဘို့
မရည်ရွယ်ပါကျနော်ကိုမတိုက်ခိုက်စေချင်ရင်ခေါင်းဆောင်တွေကိုမထိခိုက် မစော်ကားပါနဲ့ ရှင်းရှင်းလေးပါ ။
လူထုခေါင်းဆောင်ဒေါ်စုနှင့် ဒီမိုကရေစီခေါင်းဆောင်များရဲ့လက်ရှိရရှိထားသောအခွင့်အရေးကိုမိမိရရဆုပ်ကိုင်၍အမျှော်အမြင်ကြီးမားစွာ
သတ္တိရှိရှိရဲရင့်ပြတ်သားစွာ တိုက်ပွဲဝင်နေမှုကြောင့် လူထုအားလုံးမျှော်မှန်းကြသောဒီမိုကရေစီပန်းတိုင်သို့ မလွဲမသွေရောက်ရှိတော့မည်ဖြစ်ကြောင်း
ခိုင်မာစွာယုံကြည်လျှက် ။

အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့်ဒီမိုကရေစီခေါင်းဆောင်ကြီးများကိုပွန်းကလေးသဖွယ်ကာကွယ်ဝိုင်းရံနေတဲ့

&nbs p; သန်းဝင်း
12 / 17 /2010


ကိုအောင်မိုးဝင်း ကိုသန်းဝင်း နဲ့ 
ကိုဘိုဘိုကျော်ငြိမ်း နဲ့ 
ကိုဝင်းတင့်ထွန်း
တို့ ခင်ဗျား

ကိုဘိုဘိုကျော်ငြိမ်းရေးထားတာကိုဖတ်ရပါတယ်
ကိုဝင်းတင့်ထွန်းပြန်ဖြေရှင်းထားတာကိုလဲဖတ်ရပါတယ်။
ကိုအောင်မိုးဝင်းနဲ့  ကိုသန်းဝင်းတို့ ရေးထားတာတွေကိုလဲဖတ်ရပါတယ်။

ကိုဘိုဘိုကျော်ငြိမ်းမှာ သူ့ အဖေကို ချီးကျူးချင်တာကိုတွေ့ ရပါတယ်
ကွန်မြူနစ်အဟောင်းအသစ်တွေကို အမြင်မကြည်လင်တာကိုတွေ့ ရပါတယ်
ဦးကျော်ငြိမ်းက ဗိုလ်ချုပ်ကျော်ဇောကို ကြောက်လို့  သူတာဝန်ကျတဲ့ စစ်တိုင်းကို
မသွားဘူးဆိုတာဖြစ်နိုင်ပါတယ်။ သူ့ ကြောက်ပုံကို ကျွန်တော်နားလည်ထားတာ
ကိုရှင်းပြချင်ပါတယ်။ ဦးကျော်ငြိမ်းဟာ ဆိုရှယ်လစ်ပါ(ဒီမိုကရက်တစ်ဆိုရှယ်လစ်ပါ)
ဒီမိုကရေစီရေးသည်ပထမ ဒုတိယ တတိယပါ ဆိုရှယ်လစ်ရေးသည်နောက်ဆုံးမှပါ
ပြီးတော့ဦးကျော်ငြိမ်းဟာ ဘယ်ကွန်မြူနစ်ကိုမှမယုံလို့  ဗိုလ်ချုပ်ကျော်ဇောရဲ့လုပ်ကြံ
ခံရမှာကိုကြောက်လို့ မသွားတာလို့ ယူဆပါတယ်။
တည်မြဲသန့် ရှင်းမကွဲခင် ၁၉၅၆ -၅၇ လောက်မှာ ချစ်ကြည်ရေးနဲ့  စီးပွား
ရေးပူးပေါင်းဆောင်ရွက်မှုမစ်ရှင်ဆိုပြီးဆိုဗီယက်ကိုတစ်လ တရုတ်ပြည်ကို
တစ်လ ပြီးတော့အရှေ့ ဥရောပနိုင်ငံတွေကိုတစ်လ (၃)လဆက်တိုက်
သွားခဲ့ပါတယ် အဲ့ဒီမစ်ရှင်ခေါင်းဆောင်က ဦးကျော်ငြိမ်း(ဒုတိယဝန်ကြီး
ချုပ်-စီးပွားရေးပါ)အဲ့ဒီမှာကျွန်တော့်အဖေလဲပါပါတယ်။ သူပြန်ပြောပြတာက
သူတို့ နဲ့ အတူ အဲ့ဒီအချိန်က ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ 
ရန်ကုန်ဆေးရုံအုပ်ကြီးရာထူးနှစ်ခုစလုံးကိုယူထားတဲ့ဒေါက်တာဦးအေး
ကိုခေါ်လာပါတယ်တဲ့  ဘာဖြစ်လို့ လဲ့ဆိုတော့ ဒီမစ်ရှင်ခေါင်းဆောင်ဖြစ်တဲ့
ဦးကျော်ငြိမ်းအပါအဝင် မစ်ရှင်အဖွဲ့ ဝင်တွေ အားလုံဟာ ဗမာဆိုရှယ်လစ်
တွေဖြစ်ပြီး အားလုံးဟာ အန်တီကွန်မြူနစ်တွေဖြစ်လို့ ကွန်မြူနစ်နိုင်ငံတွေ
မှာ ရောက်နေတုန်းရောဂါတခုခုဖြစ်ရင် ဆေးကုရအောင်ခေါ်လာတာပါတဲ့
ကွန်မြူနစ်နိုင်ငံတွေကဆရာဝန်တွေကိုမယုံလို့ ပါ မဟုတ်တယုတ်ဆေးတွေ
ထိုးလွှတ်လိုက်မှာစိုးလို့ လို့ သိရပါတယ် အဲ့ဒီလောက်အထိအောင် ဆိုရှယ်
လစ်တွေက ကွန်မြူနစ်ဆိုရင်မယုံတာပါ။(ဗမာကွန်မြူနစ်တင်မကဘူး
ဘယ်ကွန်မြူနစ်မှမယုံတာပါ)။
ကျွန်တော်က ဂျပန်ကပါ။
ဂျပန်မှာ မြေနီကုန်းကိုသန်းဆွေဆို တဲ့ပုဂ္ဂိုလ်ရှိပါတယ်.။ သူကပြောပါတယ်
သူဟာအခုအချိန်အထိကွန်မြူနစ်ပါ။ ဦးကျော်ငြိမ်းဟာ တခြားအတိုက်အခံတွေ
ကို ဥပဒေနဲ့ အညီ ဆက်ဆံပေမဲ့ ကွန်မြူနစ်တွေကိုတော့အပြတ်ရှင်းလေ့ ရှိတယ်
လို့ ပြောပါတယ်။အဲ့ဒါကိုကျွန်တော်လဲသဘောတူပါတယ်။ ကျွန်တော့်အဖေက
ဦးကျော်ငြိမ်းရဲ့လူယုံတစ်ဦးပါ ။အဖေကကွန်မြူနစ်နဲ့ ပတ်သက်တဲ့သူ့ ရဲ့အမြင်ကို
ပြောတာက ကွန်မြူနစ်တွေက အာဏာကိုဘယ်လိုရရ ရအောင်ယူမှာ အာဏာရရင်
ပြန်ပြီးဖယ်ပေးမှာမဟုတ်ဘူး ဒါကြောင့် ငါတို့ ဆိုရှယ်လစ်တွေနဲ့ ကွန်မြူနစ်တွေ
ကြားထဲမှာ သူတို့ ကငါတို့ ကိုအပြတ်ရှင်းရင်ရှင်း ဒါမှမဟုတ်ငါတို့ ကသူတို့ အပြတ်
ရှင်း ဒီနှစ်လမ်းဘဲရှိတယ်လို့ ပြောပါတယ်။အဲ့ ဒီတော့ ဆိုရှယ်လစ်အုပ်စုနဲ့ 
ကွန်မြူနစ်အုပ်စုကြားမှာအပြတ်ရှင်းရေးဘဲရှိခဲ့တယ်ထင်ပါတယ်။အဲ့ဒီရန်လို
မှုတွေ အခုအချိန်အထိဒုတိယနဲ့ တတိယမျိုးဆက်အထိပါလာကြတယ်
ထင်ပါတယ်.။ ကို အောင်မိုးဝင်းနဲ့ ကိုသန်းဝင်း တို့ မှာလဲ ဦးကျော်ငြိမ်း
ပေါ်မှာရော ကိုဘိုဘိုကျော်ငြိမ်းပေါ်မှာပါ အာဂါတတွေ ရှိနေတယ်ဆိုတာ
ကို ခင်ဗျားတို့ စာတွေရေးနေတဲ့အထဲမှာတွေ့ ရပါတယ်။
ကိုဘိုဘိုကျော်ငြိမ်းရော ကိုထွန်းကျော်ငြိမ်းပါ ကျောင်းသားအရေးအခင်းနဲ့ 
ထောင်ကျဘူးတယ်လို့ ကျွန်တော့်အဖေက ပြောပြလို့ သိရပါတယ်။
တယောက်ဆိုရင် အင်းစိန်ထောင်ထဲအထိ အဖေက ထောင်ဝင်စာသွားတွေ့ 
ခဲ့ရပါတယ်။ ကို ဘိုဘိုလား ကိုထွန်းကျော်ငြိမ်းလားမသိပါဘူး ။
မချိုနဲ့ ပတ်သက်ပြီး ကျွန်တော့်အဖေက ၁၉၉၀ ရွေးကောက်ပွဲကာလမှ
တစ်ခုဘဲပြောခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့ ဆရာဦးကျော်ငြိမ်းပုံကို ရွေဂုံတိုင်
က ဦးကျော်ငြိမ်းအိမ်မှာစေ့ စေ့ ကြည့်ရင်းကျွန်တော့်ကိုပြောခဲ့တာပါ
ငါ့ ဆရာကို နာမယ်ဖျက်မဲ့ သမီးတဲ့ ။
အချိန်တွေ ကြာလာအခု ၂၀၁၀ ဖြစ်လာပြီဆိုတော့ အသက်တွေလဲကြီးလာပြီဆို
တော့အမြင်မှန်ရလာပြီလို့ တော့မျှော်လင့်ပါတယ်။
ကိုဘိုဘိုကျော်ငြိမ်းလေသံထဲမှာ ဆရာကြီးလေသံပါနေတာကို
တွေ့ ရပါတယ် အဲ့ဒီလေသံမျိုးကိ အမေရိကန်နိုင်ငံသားဖြစ်နေတဲ့ ကျွန်တော့်ရဲ့ဆရာ
တစ်ဦးနဲ့ စကားပြောဖြစ်တော့လဲ အလားတူလေသံကိုခံစားမိပါတယ်။ အမေရိကားမှာအရမ်း
အနေကြာနေသူတွေနဲ့  အမေရိကန်နိုင်ငံသားဖြစ်နေသူဗမာတွေမှာ တစ်ခြားဗမာတွေ
တခြားလူမျိုးတွေထက်ငါတို့ ပိုသိတယ်ပိုတတ်တယ်ဆို
တဲ့စိတ်ရှိတာကိုတွေ့ ရပါတယ်။ ဘာဖြစ်လို့ လဲ
ဆို တော့ဂျပန်မှာဆက်ဆံရတဲ့အမေရိကန်လူမျိုး(အဖြူအမဲအကုန်) လုံးလဲ အဲ့ဒီအမြင်
ရှိတာကိုတွေ့ ရတော့ နားလည်ပေးလို့ ရလာပါတယ်။
အမေရိကန်တွေဟာ သူတို့ ဟာအမြဲတန်းနံပါတ်တစ်လို့ ထင်တတ်ကြတာကိုတွေ့ ရလို့ ပါ။
ပြီးခဲ့တဲ့ အပတ်ထဲမှာဘဲ သမတအိုဘားမားမိန့် ခွန်းတစ်ခုထဲမှ WE USE TO BE NUMBER
ONE လို့ သုံးသွားတာတွေ့ လိုက်ရပါသေးတယ်။
ကျွန်တော့်အဖေက ရေနံချောင်းကပြည်သူ့ ရဲဘော်
ဒုတိယဥက္ကဌလုပ်ခဲ့ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့အကို ဦးအောင်သန်းက ဥက္ကဌပါ။
ဦးကျော်ငြိမ်းနဲ့ မတွေ့ ခင်ကပါ။ ကျွန်တော့်အဖေက ဦးကျော်ငြိမ်းကို မတွေ့ ခင်က
တွေ့ တဲ့နေရာမှာသတ်ချင်လောက်အောင်မုန်းခဲ့ပါတယ်။
ရေနံချောင်းမှာတုံးက သူသိထားကြားထားရတာတွေ နိုင်ငံရေး
တရားပွဲတွေမှာ ဦးကျော်ငြိမ်းမကောင်းကြောင်းတွေ ပြောကြဟောကြာတာတွေ
ကြောင့်လို့ ပြောပါတယ်။
၇န်ကုန်မှာတက္ကသိုလ်တက်တော့ ဦးကျော်ငြိမ်းတရားဟောတာကိုနားထောင်ပြီး
ဦးကျော်ငြိမ်းကိုအသေသတ်ချင်တဲ့သူက ဦးကျော်ငြိမ်းမှ ဦးကျော်ငြိမ်းဖြစ်သွားပါ
တယ်။ တည်မြဲသန့် ရှင်းကွဲတော့ ဦးကျော်ငြိမ်းရန်ကုန်မှာရွေးကောက်ပွဲဝင်တော့
သူ့ ရဲ့ မဲကိုယ်စားလှယ်ဟာ ဦးဖိုးထော်လို့ သိရပါတယ်။ ဦးဖိုးထော်ဟာ သခင်စိုးရဲ့
လူယုံတစ်ဦးပါ။ ဦးကျော်ငြိမ်းနဲ့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်ဘယ်ဟာကောင်းသလဲဆိုတာ
လာဆွေးနွေးရင်းနဲ့ ကွန်မြူနစ်လူထွက်ဖြစ်သွားပြီးဦးကျော်ငြိမ်းမှ ဦးကျော်ငြိမ်းဖြစ်သွား
ပါတယ်။
ဦးကျော်ငြိမ်းအိမ်မှာ အာဇာနည်နေ့ တိုင်းဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့အာဇာ
နည်ကြီးတွေအတွက်နှစ်တိုင်း ဦးကျော်ငြိမ်းမသေခင်အချိန်အထိဆွမ်းအမြဲကပ်ပါတယ်
ဦးနု လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အိန္ဒီယကပြန်လာတော့ ၊ ဦးနုတို့  သခင်စိုးတို့  နဲ့ 
နိုင်ငံရေးခေါင်းဆောင်ဟောင်းတွေ အာဇာနည်နေ့ မှာဦးကျော်ငြိမ်းအိမ်မှာ
ပြန်ဆုံကြပြီး (1986-87လောက်လို့ 
ထင်ပါတယ်)မကြာခင်ဒီမိုကရေစီလမ်းစပေါ်လာနိုင်စရာရှိတယ် အဲ့ဒီအချိန်ကျရင်
ဦးကျော်ငြိမ်းကိုခေါင်းဆောင်တင်ပြီးတိုက်ကြမယ်လို့  ဦးနုကိုယ်တိုင်ကပြောခဲ့ပြီးအားလုံး
သဘောတူခဲ့ကြတယ်လို့ သိရပါတယ် ။ အခု ဦးနုသေသွားပေမဲ့ အဲ့ဒီတုန်းက
မြန်မာပြည်ပြန်ရောက်ခါစ ဦးကျော်ငြိမ်းရဲ့ကိုယ်ရေးအရာရှိဝင်လုပ်နေတဲ့ ဦးသုဝေ
တော့ရှိနေပါသေးတယ်.။ သူ့ ကိုမေးကြည့်ရင်သိနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ကြီးလဲ
မသေသေးပါဘူး။ဒါပေမဲ့ သူလဲနိုင်ငံရေးနားမလည်ဘဲနိုင်ငံရေးတတ်ချင်ရောင်ဆောင်
နေတဲ့ သူကြီးဆိုတော့မသိဘူးလို့ ပြောချင်ပြောနိုင်ပါတယ်။
အဲ့ဒါတွေအားလုံးကျွန်တော်တော့်အဖေပြောပြလို့ သိတာပါ.။
ကျွန်တော့်အဖေနာမည်က ဦးနိုင်ဝင်း(ရဲဘော်နိုင်ဝင်းပါ) သူနောက်ဆုံးလုပ်ခဲ့တာက
ဒီငြိမ်းရဲ့ဗဟိုအလုပ်အမှုဆောင်ပါ။ ဦးကျော်ငြိမ်းအုပ်စုရဲံကိုယ်စား အန်ကယ်ဦးဘဆွေ
လေး၊ ဘဘဗိုလ်မှူးထွန်းတင်(တချို့ က ဗိုလ်မှူးထွန်းငြိမ်းလို့ လှောင်ခေါ်ကြတယ်)တို့ နောက်မှာ
ဒီငြိမ်းထဲကိုဝင်ခဲ့တာပါ။ ဦးနုရဲ့စင်ပြိုင်အစိုးရကို နောက်ဆုံးအချိန်အထိထောက်ခံခဲ့တဲ့ ဦး
ကျော်ငြိမ့်းရဲ့တပည့်ပါ။အဖေက ဗကသအထွေထွေ အတွင်းရေးမှူးလုပ်ခဲ့ပါသေးတယ်
ဖဆပလခေတ်မှာ ဗကသ နဲ့ ဗကသ ဌာနချုပ်ဆိုပြီး ကျောင်းသားသမဂ္ဂ နှစ်ခုရှိတယ်လို့ 
ကြားဘူးပါတယ်။ အဖေက အစိုးရကျောင်းသားပေါ့ (ဒိအက်စ်အိုလေ) အဲ့ဒီအချိန်တုန်းက အန်ကယ် ဦးကိုယုတို့ အန်တီဒေါ်မြင့်မြင့်ခင်တို့ က အတိုက်အခံကျောင်းသားတွေပါ (ပမညတ-မြေပေါ်ကွန်
မြူနစ်လို့ ဆိုရှယ်လစ်တွေက မြင်ပါတယ်)
အန်ကယ်ဦးဝင်းခက်တို့ ရောပေါ့ ။
အဲ့ဒီတုန်းကဒီမိုကရေစီခေတ်ဆိုတော့ ကိုယ်ယုံကြည်ရာကို
လွတ်လွတ်လပ်လပ်လုပ်လို့ ရပါတယ်။ အဖေက အမြဲနောက်တယ် အန်ကယ်ဦးဝင်းခက်မှာ
ညီအကိုသုံးယောက်ရှိတယ်တဲ့  ဦးဝင်းခက်(ကွန်မြူနစ်) ဦးဘန်စိန်(ဆိုရှယ်လစ်) နဲ့ ဦးဟန်စိန်
(တပ်ထဲက) တို့ ဆိုတော့ ခင်ဗျားတို့ ညီအကိုသုံးယောက်က ဘယ်အစိုးရတက်တက် ငါတို့ 
အစိုးရဘာပေါ့ ဗျာလို့ ပြောဘုးပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ပထမဆုံးကွန်မြူနစ်ကျောင်းသားသုံးယောက်ထဲကတယောက်ဖြစ်တဲ့
ကိုဘကောင်းနဲ့ ကျွန်တော့်အဖေကမယားညီအကိုပါ။သေတဲ့အထိကွန်မြူနစ်ပါဘဲ
ဆရာဦးဘကောင်းသေတော့ ဆရာဦးတင်မိုးက ဘီဘီစီကတဆင့် သူအကြောင်းကိုဂုဏ်
ပြုပြောကြားတော့မှ ရပ်ကွက်ထဲကလူတွေက ဦးဘကောင်းဆိုတာဘယ်လိုလူလဲဆိုတာ
သိသွားကြပြီးတလေးတစားလာပြီးအသုဘပို့ ကြတယ်လို့ ဆရာ့ကလေးတွေ =ကျွန်တော့်
ညီနဲ့ ညီမ တဝမ်းကွဲ-ကပြောပြလို့ သိရပါတယ်။
နိုင်ငံရေးအရ အမြင်မတူပေမဲ့  သူတို့ အတွေနဲ့ တော့ကျွန်တော့်အဖေက အရမ်းခင်ပါတယ်။
အန်ကယ်ဦးကိုယုရဲ့အကို လားညီလာမသိဘူး ဗိုလ်ချုပ်တန်ယုဆိုင်အမှုတုန်းကဆိုရင်
အဖေကိုယ်တိုင် အင်းစိန်ထောင်ထဲမှာသက်သေထွက်ပေးခဲ့ရတာ ။ သူတော်တော်ကို
စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ အဖေကပြောဘူးတယ်။ သူပြောတာက ဒေါ်ခင်မေသန်း
(ဒေါက်တာတောင်ကြီးရဲ့မိန်းမကို ဦးနေဝင်းကြာခိုထားတာ) လုပ်သမျှ ဗိုလ်ချုပ်တန်ယုဆိုင်က
ကြားထဲကခံလိုက်ရတာလို့ ပြောတယ်။
ကျောင်းသားသမဂ္ဂသမိုင်းစာအုပ်ထဲမှာ ဖဆပလကိုထောက်ခံတဲ့ ဒီအက်အို နဲ့  ဗကသ လား
ဗကသ ဌာနချုပ်လားအကြောင်းကို မှတ်တမ်းတင်ထားမယ်ဆိုရင်တော့ ကျွန်တော့်အဖေ
နာမည်ကိုတွေ့ ရမှာပါ။ ဖဆပလအစိုးရကိုဆန့် ကျင်တဲ့ကျောင်းသားသမဂ္ဂအကြောင်းဘဲ
မှတ်တမ်းတင်ထားမယ်ဆိုရင်တော့တွေ့ ရမှာမဟုတ်ပါဘူး။

ဖဆပလခေတ်က ထောင်နဲ့ အခုခေတ်ထောင် ကွာချင်တိုင်းကွာတယ်ဆိုတာကို ထောင်ထဲကနေ
သခင်တင်မြတယောက် စာအုပ်တွေတအုပ်ပြီးတအုပ်ရေးနေတာကို ကြည့်ရင်သိသာပါတယ်.။
နိုင်ငံရေးသမားချင်းလေးစားမှုရှိတယ်ဆိုတာသိသာပါတယ်။

ကိုဘိုဘိုတို့ နိုင်ငံခြားရောက်သွားတာ ကျွန်တော့်အဖေမှာလဲတစိတ်တပိုင်းတာဝန်ရှိပါတယ်။
ကိုသောင်းကျော်ငြိမ်းက ရူပဗေဒနဲ့ ဘွဲ့ ရတယ် နျူကလီးယားဖစ်ဆစ်ကို ဝါသနာပါတယ်။
အဲ့ဒီတုန်းက ဦးကျော်ငြိမ်းက ဘီအယ်ဘွဲ့ ရတော့ သူ့ သားကိုဘီအယ်ဖြေခိုင်းတာ ဝင်ခွင့်
စာမေးပွဲ ဖြေတာ နှစ်ခါဆက်တိုက်ကျလို့  ဦးကျော်ငြိမ်းကကြိမ်းမောင်းနေတုန်း အဖေ
ရောက်သွားတော့ အကိုကြီးဘာဖြစ်နေတာလဲလို့ မေးတော့ မောင်နိုင်ဝင်းရေ ဒီကောင်
ဘီအယ်ဖြေတာကျလို့ သောက်သုံးကိုမကျဘူး ငါ့ သားလို့ ပြောရမှာတောင်ရှက်တယ်လို့ 
ပြောတယ်တဲ့အဲ့ ဒီတော့ အဖေက ကိုသောင်းကျော်ငြိမ်း(သူ့ အိမ်နာမယ်က ကုန်းဘောင်
လားမသိဘူး) ကို မင်းဘယ်လိုဖြစ်တာလဲမေးတော့ ကျွန်တော်မှ ဝါသနာမပါတာလို့ 
ပြောတော့ ဒါဆိုရင် ဘာဝါသနာပါသလဲလို့ မေးတော့ နျူကလီးယားဖစ်ဆစ်လို့ 
ပြောတော့ အဖေက အကိုကြီးသားက နျူကလီးယားဖစ်ဆစ်ဝါသနာပါတယ်ဆိုတော့
အမေရိကားကိုသွားတာပိုကောင်းတယ်လို့ အကြံပေးခဲ့တယ်လေ အဲ့ဒီက စပြီး
ကိုသောင်းကျော်ငြိမ်းအမေရိကားရောက်ပြီး နျူကလီးယားဖစ်ဆစ်နဲ့ ဒေါက်တာဘွဲ့ 
ရခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းကို ဘိုဘိုရယ် ကိုထွန်ကျော်ငြိမ်းရယ် လဲ
တယောက်က ဆရာဝန် တယောက်က အာအိုင်တီနောက်ဆုံးနှစ်နဲ့ နဲ့  ကျောင်းထုတ်
ခံထားရပြီး ဦးကျော်ငြိမ်းရဲ့သားများဖြစ်တယ်ဆိုတဲ့ ဘွဲ့ ထူးဂုဏ်ထူးကြောင့် အစိုးရအလုပ်
မရ ဘဲ အိမ်မှာ ပလပ်စတစ်အိပ်လုပ်တဲ့စက်ကို မချိုနဲ့ တွဲ လုပ်နေပြီးနောက်ပိုင်း
ကိုသောင်းကျော်ငြိမ်းကလှမ်းခေါ်ပေးလို့ အမေရိကားကိုရောက်သွားကြတာပါ
သူ တို့ တတွေက ကျွန်တော်တို့တတွေထက်ပိုပြီးမဆလခေတ်မှာ အနှိမ်ခံရပါတယ်။
၈၈ အရေးအခင်းဖြစ်တော့ မချို ဖဆပလဆိုင်းဘုတ်ထထောင်တော့ အဖေကသွားပြီး
ရံပေးခဲ့တယ်။ အဲ့ဒီတုန်းက ကို ဘိုဘိုတို့  ကိုထွန်းကျော်ငြိမ်းတို့ နဲ့  ကျောင်းသား
အရေးအခင်းတုန်းကထောင်ကျဖော်ကျဖက်တွေဖြစ်တဲ့  ဦးပွင့်ကောင်းသား (နာမည်
မေ့ ) ၊ ကမ္ဘာလုံးသက္ကင်္န်းတိုက်ပိုင်ရှင်ရဲ့သား(ကိုစိုးဝင်းစိန်လို့ ထင်တယ်) နောက်
ကိုဇာဂနာရဲ့အကို ကို ဝဏ္ဏ ၊ ကိုကျော်လင်း တို့ လာပြီးရံပေးခဲ့တယ်။ အဲ့ဒီအချိန်က ဒေါ်
အန်တီနော်နွဲ့ရီကအမေရီးကားမှာရောက်နေတယ်။ ဖဆပလ(ဗဟို) မှာ အဖေက ဒုတိယ
ဥက္ကဝင်လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမချိုနဲ့ သဘောထားချင်းမတိုက်ဆိုင်တော့လို့ 
အဲ့ဒီကထွက်ပြီး ဒီငြိမ်းထဲဝင်ခဲ့တယ်။ အန်တီ ဒေါ်နွဲရီအမေရိကားကပြန်လာတော့
အန်ကယ်ဦးဘဆွေလေး ဘဘ ဗိုလ်မှူးထွန်းတင်တို့ နဲ့ အတူတူ ဒေါ်နွဲ့ ရီဆီသွား
ပြီးမချိုက် ဒေါ်နွဲ့ ရီဆီပြန်အပ်ပါတယ်ဆိုတာကို သွားပြောခဲ့ကြတယ်။

နောက်ဆုံးပြောချင်တာက ကိုဘိုဘိုပြောတဲ့ လက်ရှိခေတ်နိုင်ငံရေးလုပ်နေတဲ့သူတွေ
အပေါ်သုံးသပ်ထားတာကို ကျွန်တော်တော့လက်ခံပါတယ်(၉၀ ရာခိုင်နှုန်းမှန်ပါတယ်)
ကျွန်တော်တို့ တတွေ့ အများစုစာမဖတ်ကြဘူး။ အဲ ဒါနဲ့ ပတ်သက်ပြီး
ထပ်ပြီးပြောရဦးမယ် (ဦးကျော်ငြိမ်းချီးမွန်းခန်းဖွင့်တာမဟုတ်ပါဘူး)
ကျွန်တော် ဗမာပြည်မှာတုန်းက အတွေးအမြင်မဂ္ဂဇင်းထဲမှာဖတ်ရတယ်
ဆောင်းပါခေါင်းစဉ်က ဆင်ဆိုသည်မှာတဲ့ ၊ ရေးတဲ့ သူက ဆရာကြီးဆန်းထွန်း-မန်း
တက္ကသိုလ်ပါ ။ သူက ဘုန်းကြီးလူထွက် အိန္ဒီယမှာ ဦး ကျော်ငြိမ်းတီဘီဖြစ်လို့ ဆေးသွား
ကုတုန်းက သူ(ဘုန်ကြီးဝတ်နဲ့ ) နဲ့ ဦးကျော်ငြိမ်းတွေ တော့ စကားပြောရင်းကိုယ်သန်တဲ့
ဘက်ကိုယ်ဆွဲပြောကြတော့ ဘုန်းကြီဦးဆန်းထွန်းက ဘာသာရေးဘက်ဆွဲပြော ဦးကျော်
ငြိမ်းကနိုင်ငံရေးဘက်ဆွဲပြောကြပြီး နောက်ဆုံးတော့ဦးကျော်ငြိမ်းကနိုင်သွားတယ်လို့ 
ဦးဆန်းထွန်းကရေးထားတဲ့  ဒါပေမဲ့ သူ့ စိတ်ထဲမှာ ဦးကျော်ငြိမ်း“ဟာနိုင်ငံရေးသမား
ဆိုတော့နိုင်ငံရေးအကြောင်းငါ့ ထက်ပိုသိတာတာဘာထူးဆန်းလို့ လဲ့ အထင်ကြီး
စရာမရှိဘာဘုးလို့  စိတ်ထဲမှာကောက်ချက်ဆွဲလိုက်ပါတယ်တဲ့။ အဲ့ ဒီလိုနဲ့ 
ရန်ကုန်ပြန်ရောက်ပြီး ဘုန်းကြီးလဲလူဝတ်လဲပြီး ဆရာကြီးဆန်းထွန်း-မန်းတက္ကသိုလ်
ဆို ပြီးဖြစ်လာခဲ့တာ တနေ့ ကြတော့ ရန်ကုန် ဗဟန်းဘက်မှာ ကုန်ကားတွေနဲ့ စာအုပ်
တွေတိုက်လာတာတွေ့ လို့ ဘယ်ကစာကြည့်တိုက်ရွှေ့ တာလဲလို့ မေးမိပါတယ်တဲ့ 
အဲ့ဒီတော့ဒေသခံတွေက ပြောလိုက်ပါတယ်တယ် အဲ့ဒါစာကြည့်တိုက်ရွှေ့ တာမဟုတ်
ပါဘူး ဦးကျော်ငြိမ်းအိမ်ပြောင်းလာတာပါ လို့ ပြောလိုက်တော့ ဆရာကြီး မန်းတက္ကသိုလ်
ဆန်းထွန်းက အခုလို ဦးကျော်ငြိမ်းကို မှတ်ချလိုက်ပါတယ်တဲ့  အော်ဆင်ဆိုတာဒါပါလား
တဲ့ ။
ဒီလိုလူမျိုးရဲ့ တပည့်တယောက်ဖြစ်တဲ့ကျွန်တော့်အဖေပြန်ပြောပြတဲ့ဦးကျော်ငြိမ်းဆိုတဲ့လူနဲ့ 
အပြင်ကစာအုပ်တွေထဲမှာရေးထားတဲ့ဦးကျော်ငြိမ်းအကြောင်းတွေမတူတာကို တွေ့ ရတော့
ကျွန်တော်ကိုယ်တိုင်တောင် စိတ်မကောင်းဖြစ်မိပါတယ် သားအရင်းဖြစ်တဲ့ ကိုဘိုဘို ကျော်
ငြိမ်း မခံချင်ဖြစ်တာမထူးဆန်းပါဘူး။ ကိုဘိုဘိုကျော်ငြိမ်းကိုကျွန်တော်ပြောချင်တာက နဲနဲ
သည်းည်းခံပေးစေချင်ပါတယ်။ ဦးကျော်ငြိမ်းကို မုန်းတဲ့လူတွေ မကြိုက်တဲ့လူတွေ အပြစ်တင်
တဲ့လူတွေ အများကြီးရှိသလို ဦးကျော်ငြိမ်းကို လေးစားတဲ့လူတွေ ကြည်ညိုတဲ့လူတွေ
အများကြီးရှိပါတယ်။ ဥပမာ-ဦးနုက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ 
ဗမာပြည်ကို ပြန်လာတဲ့နောက်ပိုင်း ကိုကျော်ငြိမ်း ကျုတ်မှားသွားတယ်။ ကျုတ်ကတော့
ဘာသာရေးဘဲလုပ်တော့မယ် နိုင်ငံရေးကိုခင်ဗျားဘဲဦးဆောင်ပေးပါလို့ ပြောခဲ့တယ်။
သခင်စိုးကလဲထောင်ထဲကထွက်လာတော့ ကိုကျော်ငြိမ်းရေ ကျုတ်တို့ မှားသွားတယ်
ခင်ဗျားက တိုင်းပြည်ကိုတကယ်ကောင်းအောင်လုပ်နေတာ ကျုတ်တို့ က တောခိုပြီး
တိုင်းပြည်ကိုပျက်အောင်လုပ်ခဲ့ကြတာလို့ ပြောခဲ့ပါတယ်။
အဲ့ဒီပုဂ္ဂိုလ်တွေဟာဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ခဲ့တဲ့ခေါင်းဆောင်တွေပါ
သူတို့ ကအလေးစားခံရတဲ့ဦးကျော်ငြိမ်းပါ။ ဒါဆိုရင်ကြေနပ်ပါတော့ ကိုဘိုဘို။
ဒါတွေဟုတ်မဟုတ်သိချင်ရင် ဦးသုဝေကိုမေးကြည့်လို့ ရပါတယ်။
နောက်ထပ်ထပ်ပြီးဘယ်သူနဲ့ မှ ဦးကျော်ငြိမ်းအကြောင်းမငြင်းခုန်ပါနဲ့နေတာ့။
ကျွန်တော်သိထားတဲ့စာအုပ်ထဲမှာမပါတဲ့ဦးကျော်ငြိမ်းအကြောင်းတွေအများကြီးရှိပါသေးတယ်.။
တခုတော့ကြုံတုန်းပြောလိုက်ပါဦးမယ်။
စစ်ကိုင်းရွာသစ်ကြီးတိုင်းရင်းသားဖွံ့ ဖြိုးရေးသိပ္ပံကိုတည်ထောင်ခဲ့တဲ့သူဟာ ဦးကျော်ငြိမ်းပါ
တရုတ်ပြည်ကိုတစ်လ ချစ်ကြည်ရေးခရီးအသွားလေဆိပ်မှာ မြန်မာတိုင်ရင်းသားတွေအများ
ကြီး တရုတ်ပြည်လေဆိပ်မှာလာကြိုတော့အံ့အားသင့်သွားကြပါတယ်.။ဒါနဲ့ မေးလိုက်တော့
အဲ့ဒါ တရုတ်တိုင်ရင်းသားတွေပါလို့ ပြောပါတယ်တဲ့ ။ ဦးကျော်ငြိမ်းက ကျွန်တော့်အဖေအပါ
အဝင် သုရဲ့ လူတွေကို ပြောတာက တရုတ်ကတော့ တို့ တိုင်းရင်းသားတွေကို သူတို့ တိုင်း
ရင်းသားတွေ လုပ်ကုန်ပြီ လူမျိုးတော့အပျောက်မခံနိုင်ဘူး ဒို့ တိုင်းရင်းသားတွေ လူမျိုး
မပျောက်အောင်ထိန်းသိမ်းဖို့ တခုခုလုပ်မှဖြစ်မယ်လို့ ပြောပြီး မြန်မာပြည်ပြန်အရောက်မှာ
စစ်ကိုင်းရွာသစ်ကြီးကတိုင်းရင်းသားဖွံ့ ဖြိုးရေးသိပ္ပံကိုတည်ထောင်ခဲ့ပါတော့တယ်။ ဖွင့်ပွဲ
ကတော့ ဦးနေဝင်၆၂အာဏာသိမ်ပြီး နောက်ပိုင်းမှ ဖွင့်ပွဲလုပ်ဖြစ်လို့ တချို့ ကဦးနေဝင်းက
လုပ်ခဲ့သလိုလိုထင်နေကြတာပါ(တချို့ တိုင်းရင်းသားတွေထဲမှာ ဦးကျော်ငြိမ်းကို မဟာ
ဗမာလူမျိုးကြီးဝါဒကျင့်သုံးသူဆိုပြီးသူများပြောသံကြားနဲ့ ပြောနေတဲ့အသံတွေကြားဘူးလို့ 
ရေးလိုက်တာပါ.။
ကချင်ပြည်နယ်ရွာ(၃)ရွာကိစ္စဆိုရင် တရုတ်က ကချင်ပြည်နယ်က ရွာ(၃) ရွာနဲ့ အခု ရှမ်းပြည်
နယ်ထဲက ကိုးကန့် နယ်နဲ့ လဲဖို့ ပြောခဲ့တာ ဦးနု ဦနေဝင်း ဦးဘဆွေတို့ ကပေးဖို့ သဘောတူ
ခဲ့ပြီး ဦးကျော်ငြိမ်းတယောက်ဘဲမပေးနိုင်ဘူး ကချင်ပြည်နယ်ထဲမှာ လူထုဆန္ဒခံယူပွဲ
လုပ်ြုပီးမှာ ကချင်လူထုသဘောထားအတိုင်းဖြစ်စေရမယ်လို့ ပြောခဲ့တာပါ။
တရုတ်ပြည်မှာဖြစ်ခဲ့တဲ့ကိစ္စတွေပါ။ ဦးကျော်ငြိမ်းနဲ့ အဖွဲ့ တရုတ်ပြည်မရောက်ခင် ဦးနု ဦးနေဝင်း
ဦးဘဆွေတို့ ကအရင်ရောက်ခဲ့ကြပြီးစစ်အင်အားပြချိမ်းခြောက်လို့ ကြောက်ပြီးကတိပေးခဲ့
ကြတာလို့ ဦးကျော်ငြိမ်းကသုံးသပ်တယ်လို့ အဖေကပြောပါတယ်.။ အဲ့ဒီတုန်းကကျွန်တော့်
အဖေလဲဦးကျော်ငြိမ်းရဲံ့အဖွဲ့ ထဲမှာပါပါတယ်။ ဦးကျော်ငြိမ်းနဲ့အဖွဲ့ ကိုလည်းတရုတ်က စစ်အင်အားပြ
ချိန်းခြောက်ခဲ့ပေမဲ့မကြောက်ခဲ့ကြပါဘူး။ အဲ့ဒီတုန်းက ဦးကျော်ငြိမ်းနဲ့ အဖွဲ့ ကို တရုတ်က ရေငုတ်
သင်္ဘောရော ခရူဇာစစ်သင်္ဘောတွေပါထုတ်ပြုပီးစီးခိုင်းလို့ အမှတ်တရရိုက်ခဲ့တဲ့ဓါတ်ပုံတွေ ကျွန်တော်
ငယ်ငယ်က အဖေပြလို့ ကြည့်ခဲ့ရပါသေးတယ်။ အခုတော့အဖေ့ ကို စင်ပြိုင်အစိုးရကိစ္စနဲ့ လာဖမ်းတုန်း
တအိမ်လုံးမွှေသွားလို့ ရှိသေးလားတော့မသိဘူး။
ဒီငြိမ်းအဖွဲ့ ဖွဲ့ ပြီး ဒီငြိမ်းနှစ်ပတ်လည်စာစောင်မှာ ကချင်ပြည်နယ်ရွာ(၃)ရွာကိစ္စကို ဦးနု
က ရှင်းပြခဲ့တော့မှာ့ အော်ဒါကြောင့်ကိုးလို့ သဘောပေါက်လိုက်ပါတယ်။ ကချင်ပြည်နယ်က
ရွာ(၃) ရွာကိစ္စ ကို အစပထမပိုင်းက ကျွန်နော်သိထားတာက ကချင်ပြည်နယ်က ရွာတွေကို
တရုတ်က မတရားအနိုင်ကျင့်ယူသွားတယ်လို့ ယူဆပြီး ကြောက်ပြီးပေးလိုက်တယ်လို့ 
ယူဆခဲ့ရတဲ့ ဦးနု ဦးနေဝင်း ဦးဘဆွေတို့ ကို တော်တော်အချဉ်ပေါက်သွားပါတယ်။
ုဦးကျော်ငြိမ်းကိုတော့တော်တော်လေးစားသွားပါတယ်။ဒါပေမဲ့ (၃)ယောက်(၁)ယောက်
ဖြစ်နေလို့ ဆန္ဒခံယူပွဲလုပ်တဲ့အဆင့်အထိမရောက်ဘူးလို့ ထင်ပါတယ်။ ပေးလိုက်ကြ
တယ်လေ။
ဒါပေမဲ့ ဦးနုက ဒီငြိမ်းနှစ်ပတ်လည်စာစောင်မှာရှင်းပြတာက တရုတ်ကတောင်းတဲ့
ကချင်ပြည်နယ် ရွာ(၃) ရွာရှိတဲ့ ဒေသဟာ တရုတ်ပြည်ဝန်ကြီူးချုပ် ချူအင်လိုင်ရဲ့
မွေးဖွားရာဒေသဖြစ်လို့  သူတို့ ဝန်ကြီးချုပ်ရဲံဇာတိမွေးရပ်မြေဟာ မြန်မာပြည်ထဲ
မှာလို့ ပြောရင်ရှက်စရာကြီးဖြစ်နေလို့  အဲ့ဒီဒေသထက်ပိုပြီးမြေနေရာအများကြီး
ပိုကြီးတဲ့ကိုးကန့် ဒေသကို မြန်မာပြည်ကို ပေးပြီး ကချင်ပြည်နယ်က ဖီမော် ကန်လန်
ကန်ဖန် (နာမည်အကြမ်းဖျင်း) ရွာ(၃)ရွာကိုတောင်းတာဖြစ်တဲ့အကြောင်းရှင်းပြလို့ 
အော်ဒါဆိုရင်လဲပေးမယ်ဆိုရင်ပေးလို့ ဖြစ်တာပါဘဲ- ကချင်ပြည်နယ်က ရွာ(၃)ရွာ
ပေးလိုက်ရပေမဲ့  ကိုးကန့် နယ်ကိုပြန်ရတယ်(ဒါကြောင့် ကိုးကန့် ဟာမြန်မာတိုင်း
ရင်းသားစာရင်းဝင်ဖြစ်လာတာပါ) ရှမ်းပြည်နယ် မှာထိတ်တခြမ်းကျွန်းဖြစ်နေတာ
တဆက်တည်းဖြစ်သွားပါတယ်။့ အမြတ်က တရုတ် မြန်မာချစ်ကြည်ရေးပါဘဲ။
အခုအသက်ထင်ရှားရှိနေတဲ့ဘဘဗိုလ်ချုပ်ကျော်ဇောကို မေးကြည့်ရင်သိနိုင်ပါတယ်။
ဘဘဗိုလ်ချုပ်ကျော်ဇောဆိုလို့ -သူကိုယ်တိုင်ရေးကိုယ်ရေးအထုတ်ပတ္တိထဲမှာ
မပါတဲ့ သူ့ ရဲ့အရေးပါ တဲ့ဗမာလွတ်လပ်ရေးအခန်းကိုဒီမှာ တင်ပြချင်ပါတယ်။
ဒါတွေကိုပြောပြခဲ့တာက ကိုဘိုဘိုကျော်ငြိမ်းရဲံအဖေ ဦးကျော်ငြိမ်းပါဘဲ.။
ဦးကျော်ငြိမ်းကကွန်ုမြူနစ်ဆိုရင်အသေမုန်းတယ် ကွန်မြူနစ် ဗိုလ်ချုပ်ကျော်ဇောကိုသူမုန်း
တယ်လို့ ထင်တယ်. ဒါပေမဲ့ (ဗိုလ်ချုပ်)ကျော်ဇောဆိုတဲ့လူ ကိုသူမမုန်းဘူး -သူက မူအရ
တိုက်တာ-အဲ့ဒါက ဖဆပလခေတ်ကခေါင်းဆောင်တွေ ရဲ့ချစ်စရာကောင်းတဲ့အချက်ဘဲ.
ကျွန်တော်တို့ အားလုံး ကိုဘိုဘိုတို့ ကိုအောင်မိုးဝင်းတို့  ကိုသန်းဝင်းတို့ 
ကိုဝင်းတင့်ထွန်းတို့ အတုယူကြရအောင်ပါ။
ဦးကျော်ငြိမ်းပြောခဲ့တဲ့ ဗိုလ်ချုပ်ကျော်ဇောအကြောင်းက -
ဗမာပြည်ကိုလွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်နဲ့ဆွေးနွေးတော့ 
အင်္ဂလိပ်က ညစ်တွန်းတွန်းပြီးပြောပါတယ်တဲ့မင်းတို့ နိုင်ငံမှာ
နိုင်ငံရေးသမားကောင်းတွေ ရှိတယ်ဆိုတာငါတို့ လက်ခံပါတယ်တဲ့ 
ဒါပေမဲ့ လွတ်လပ်ရေးရရင် ကိုယ်နိုင်ငံကို ကိုယ်ကာကွယ်ဖို့ အတွက်
စစ်ခေါင်းဆောင်ကောင်းရှိဖို့ လိုတယ် ။ တကယ်တော်တဲ့စစ်ခေါင်း
ဆောင်ရှိမှဖြစ်မယ်လို့ ပြောလို့  ဗမာစစ်တပ်ကိုယ်စား ဗိုလ်ချုပ်
ကျော်ဇောက အင်္ဂလန်ကိုသွားခဲ့တယ်လို့ ကျွန်တော့်အဖေကို ဦး
ကျော်ငြိမ်းကပြောပြခဲ့ပါတယ်တဲ့။ နိဂုံးချုပ် ဦးကျော်ငြိမ်းဆက်
ပြောတာကအင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေက ပြောတယ်တဲ့ မြန်မာပြည်မှာ
ဒီလောက်တော်တဲ့စစ်ခေါင်းဆောင်တယောက်ရှိလိမ့် မယ်လို့ သူတို့ 
လုံးဝမမျှော်လင့်ထားဘူးဆိုပြီး အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေကိုယ်တိုင်
ဗိုလ်ချုပ်ကျော်ဇောကို အရမ်းကိုလေးစားသွားကြတယ်လို့ ပြောပါတယ်။
အဲ့ဒီလို ဦးကျော်ငြိမ်းပြောပြလို့ ကျွန်တော့်အဖေက အရမ်းကိုလေးစားနေတဲ့
ဗိုလ်ချုပ်ကျော်ဇောကို အဖေက စမ်းချောင်းက သူ့ အကိုရဲ့ ဘုးရားကိုးဆူပွဲ
မှာမိတ်ဆက်ပေးလို့ သိရပါတယ်တဲ့။ဘယ်လိုမိတ်ဆက်ပေးလဲဆိုတော့
ဗိုလ်ချုပ် ဒါကျွန်တော့်ညီပါ တရားရုံးချုပ်ရှေ့ နေပါ
ဗိုလ်ချုပ်အိမ်မှာ အိမ်ငှါးတင်ထားတာဆင်းမပေးတဲ့ကိစ္စကို သူလုပ်ပေးလိမ့်မယ်လို့ 
ပြောတော့ ဗိုလ်ချုပ်ကျော်ဇောက အသံတိုးတိုးလေးနဲ့ ပြန်ပြောခဲ့တာကတော့
သူတို့ နေစရာမရှိလို့ နေ တာ နေပါစေတဲ့လေ။
အဖေက သူ့ မျက်စိရှိလို့ သာမြင်ရတယ် နားရှိလို့ သာကြားရတယ် သူသိပ်လေးစားတဲ့
ဗိုလ်ချုပ်ကျော်ဇောဆိုတာ စကားပြောရင်တောင်တိုးလွန်းလို့ မနည်းနားထောင်ယူရတဲ့
တကယ့်လူအေး လူရိုးလူကောင်းကြီးပါလားတဲ့။
ကဲ ကျွန်တော်လဲရေးချင်တာတွေရေးပြီးပါပြီ။ ကျွန်တော့်အသက်က (၄၃)ဆိုတော့
ကိုဘိုဘိုတို့ ကိုအောင်မိုးဝင်းတို့ ကိုသန်းဝင်းတို့  ကိုဝင်းတင့်ထွန်းတို့  ကို -ကို တပ်ပြီး
ခေါ်တာ မလေးစားသလိုဖြစ်ရင် စော်ကားသလိုဖြစ်ရင် တောင်းပန်ပါတယ်။
စိတ်ဆိုးလို့ ဆဲရင်လဲခံပါ့ မယ်။
ကျွန်တော့်အကြောင်းသိချင်ရင်တော့
ကိုအောင်မိုးဝင်းက- ကိုသက်လင်း(ရဲရင့်သက်ဇွဲ)ကိုမေးကြည့်နိုင်ပါတယ်
ကိုဘိုဘိုက-မေးစရာမလိုဘူးထင်ပါတယ်-ကိုဘိုတို့ အိမ်တွင်းရေးတွေ အပြင်လူ
မှမသိနိုင်တာ။မချိုနဲ့  ဦးသုဝေကို မေးလို့ ရနိုင်ပါတယ်
ကိုသန်းဝင်းတို့ ကိုဝင်းတင့်ထွန်းတို့ ကတော့
ဂျပန်က ကိုဘုန်းမြင့်ထွန်း(ABFSU-JP) နဲ့ ကိုရဲငြိမ်းအလင်းအိမ်
တို့ ကိုမေးကြည့်နိုင်ပါတယ်။အမေရီးကားမှာဆိုရင်တော့
ဖို့ ဝိန်းမှာနေတဲ့ ကိုဘုန်းကျော် (သူ့ အဖေက
ပုလောအန်အယ်ဒီအမတ်-ဦးကြည်ရွှေ) အေဘီမှာ တပ်ခွဲ မှူးလုပ်ပြီးမှ
အမေရိကားရောက်တာ အခုအမေရီးကားမှာ ရောက်တာကြာပြီ
အေဘီက ကိုသံခဲတို့ သူ့ ကိုကောင်းကောင်းသိပါတယ်။သူနဲ့ က
ငယ်သူငယ်ချင်းပါ။

နောက်ဆုံးကျွန်တော်ပြောချင်တာက လူတိုင်း ကိုယ့်အမြင့်နဲ့ကိုယ်မှန်ကြပါတယ်။
နိုင်ငံရေးအမြင်မတူတာနဲ့  ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ တခြားစီဖြစ်တယ်ဆိုတာကို
သတိထားစေချင်ပါတယ်.။ ဘုရားကဟောထားပါတယ် သတိဆိုတာ အပိုမရှိ
လိုတာဘဲရှိပါတယ်တဲ့။..
ဖဆပလခေတ်လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ခေတ်ကလို ဒီမိုကရေစီအတွက်
ကိုယ်ပိုင်ခံစားချက်ကလေးတွေကိုဘေးအသာချပြီးစုစုစည်းစည်းနဲ့ ဒီမို
ကရေစီပန်းတိုင်ဆိကိုချီတက်ကြရအောင်ပါ။
လေးစားစွာဖြင့်-
ဘုန်းလှိုင်


From Aung Moe Win
Subject ကလိမ်ကကျစ်ဘိုဘိုကျော်ငြိမ်း

Date Tuesday, December 14, 2010, 5:49 PM

ကြုံတုံးလေး ပုံပြင်လေးတပုဒ်ဝင်ပြောမလားလို့ စိတ်ကူးမိတယ် ကိုသန်းဝင်းရေ

ကျနော့သူငယ်ချင်း ဆေးကျောင်းသားတွေပြောပြတဲ့အဖြစ်အပျက်တခုပါ။

တနေ့တော့ သူတို့တတွေ၊ အရူးဆေးရုံကို အလည်ရောက်သွားကြတယ်။
အပေါက်ဝမှာ သူတို့ကို ကြိုနေတဲ့ ဆရာဝန်တယောက်က
“ ကဲ--ကဲ လာကြ မင်းတို့ကို ငါရှင်းပြမလို့ စောင့်နေတာ” ဆိုပြီး ဦးဆောင်ခေါ်သွားတယ်။ ဒီနေရာက ယဉ်ယဉ်လေးရူးတဲ့သူတွေကိုထားတဲ့နေရာ၊ ဒီနေရာကတော့ အလွန်ဆိုးတဲ့အရူးတွေကိုထားတဲ့နေရာ၊ ဟောဟော ကြည့် အဲ့ဒီကောင် အသံကုန်ညှစ်အော်တော့မယ်--- ဘာညာပေါ့။ ဆေးကျောင်းသားတွေကလည်း အဲ့ဒီ ဆရာဝန် ပြောသမျှလိုက်မှတ်တာပေါ့။ အခန်းတခုကိုလည်း ချိုးဝင်လိုက်ရော၊ ဆရာဝန်တွေ အနားယူနေတဲ့ အခန်းတခန်းကိုဖြတ်လိုက်ကြတယ်။
အဲ့ဒီထဲက ဆရာဝန်တွေက လူအုပ်ကို အံ့အားတသင့်ကြည့်နေတယ်။ ပြီးတော့တံခါးကို အပြေးဖွင့်လိုက်ပြီး “ ဟာ ဒီ အရူးနဲ့တော့ ဒုက္ခပဲ။ ဘယ်သူ့ ဂျူတီကုတ်ကို ခိုးပြီး ကျောင်းသားတွေကို လိမ်နေသလဲမသိပါဘူး” လို့ အော်ပြောတယ်။

ဦးဆောင်ရှင်းပြနေတဲ့ ဆရာဝန်လူလိမ် အရူးက ကျောင်းသားတွေကို တိုးတိုးလေးပြောတယ်။
“ အဲ့ဒီကောင်တွေကဗျာ။ သူတို့ ကိုယ်သူတို့ နပိုလီယံ လို့ ပြောနေကြတယ်။ တကယ်တော့ နပိုလီယံအစစ်က ကျုပ်ဗျ။ ကျုပ်” ဆိုပြီး သူ့မျက်နှာ ကို လက်ညှိုးနဲ့အကြိမ်ကြိမ်ထိုးပြ တဟားဟားရီပြီးထွက်ပြေးသွားတော့တယ်။ လက်စသတ်တော့ နပိုလီယံအစစ်လို့ပြောနေတဲ့သူက အရူးဖြစ်နေတာကိုး၊

အင်းမ် ခင်ဗျားပြောတဲ့ ချင်းမိုင်ထမင်းဆိုင်က ပုဂ္ဂိုလ်ကြီးလည်း နပိုလီယံအစစ်အကြီးများဖြစ်နေမလားဗျာ။

ဘာပဲဖြစ်ဖြစ်ဗျာ မော်ဒန်ရွာတရွာတည်မယ်ဆိုရင်၊ ဘုန်းကြီး၊ စုံးမ၊ အရူး
ဆိုတဲ့အရာ သုံးခုမရှိမဖြစ်လိုတယ်ဗျ။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့
ငပိရေချိုကြိုရင်းစဉ်းစားနေတဲ့ မဟာဗျူဟာ တခုပဲဗျို့။
သန်းရွှေက သွေးတိုးရှိတော့ အဲ့ဒီဗျူဟာက အလုပ်ဖြစ်မယ်ထင်တယ်


--- On Tue, 12/14/10, Than Win wrote

From Than Win
Subject [SYCB] ကလိမ်ကကျစ်ဘိုဘိုကျော်ငြိမ်း

တချို့လူတွေ က ဖိုင်ဖွင့်မရဘူးဆိုပါတယ်။
ကျနော့ဘလောက်ကိုသွားလိုက်ပါ။ကလိမ်ကကျစ်ဘိုဘိုကျော်ငြိမ်း
အကြောင်းရေးထားပါတယ်။

http://yakathathanwin.blogspot.com/















အခုလို စာပြန်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား
ကိုဘိုဘိုစာကိုကျွန်တော်ထပ်ပြီးသေသေချာချာဖတ်ပါမယ်ခင်ဗျား
စာမဖတ်ကြဖူးဆိုတာက ကျွန်တော့်ပတ်ဝန်းကျင်နဲ့ ကျွန်တော်သိထားတဲ့
သတင်းအချက်အလက်တွေအရပြောမိတာပါ. ကိုအောင်မိုးဝင်းနဲ့ ကိုသန်း
ဝင်းတို့ ပြောပြလို့ ကျွန်တော့်အယူအဆ ကအကန့် အသတ်အတိုင်းအတာ
တခုအထိဘဲမှန်တာကိုနားလည်လာပါတယ်. စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးကြတဲ့
အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား.
လေးစားစွာဖြင့်
ဘုန်းလှိုင်



0 comments: