Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Thursday, January 8, 2009

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် နှစ်သစ်သံန္နိဌာန်

Tuesday, 06 January 2009 19:14 မင်းဇင်

http://www.irrawadd y.org/bur/ index.php? option=com_ content&view=article&id=563:2009- 01-06-12- 16-18&catid=14:2008- 10-21-07- 40-03&Itemid=25

အကယ်၍ သမိုင်းတကျော့ ပြန်လည်ခဲ့ပါလျှင် အပျော်ရွှင် ဆုံးသူမှာ မြန်မာ စစ်အစိုးရသာ ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဦးဆောင်မှု အောက်တွင် ကာလ ကြာရှည်စွာ အလုပ်ဖြစ်၊ အောင်ပွဲရခဲ့သော စစ်အစိုးရက ကစားနည်းဟောင်း၊ ဗျူဟာအဟောင်းများကိုသာ ပြန်လည် အသုံးချလိမ့်မည် ဖြစ်သည်။

စစ်အစိုးရ၏ ကစားပွဲ အစီအစဉ်တွင် မြင်သာသည့်နည်းတခုမှာ ရက်စက်ကြမ်းကြုတ်သည့် အင်အားအသုံးပြုမှုနှင့် ပြင်းပြင်း ထန်ထန်နှိပ်ကွပ်ခြင်းကို ပြောင်အသုံးချနေသည့် တချိန်တည်း၌ အခြားတဖက်တွင် နိုင်ငံရေးထိုးစစ်ဆင်ကာ အတိုက် အခံများကို အင်အားချိနဲ့စေရန် ပြုလုပ်ခြင်း၊ နိုင်ငံတကာဖိအားကို လျော့ကျစေရန် ကြိုးပမ်းနေခြင်းတို့ ဖြစ်သည်။

စစ်အစိုးရ၏ မူဝါဒချမှတ်သူများက ဤသို့အောင်ပွဲရရန်သေချာသည့် နည်းနာမျိုးကို တဖန်ပြန်လည် အသုံးပြုမည်ဟုသေချာ နေသည့်ကာလ၌ မလွဲမသွေ မေးရမည့် မေးခွန်းများရှိနေသည်။ ပထမမေးခွန်းမှာ ၎င်းတို့၏ အကြံအစည်ကို ဆန့်ကျင်တုန့်ပြန်ရန် မည်သို့လုပ်ဆောင်ကြမည်နည်း ဆိုသည့် မေးခွန်းဖြစ်ပြီး နောက်မေးခွန်းမှာ အရေးအကြီးဆုံး အချက်ဖြစ်သည့် နိုင်ငံရေး အသွင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြုပြင်ရေးဆွဲရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး စသည့် ရလဒ်များ ရရှိစေရန် မည်သို့ ဆက်လက် ဆောင်ရွက်ကြမည်နည်း ဟူသည့် မေးခွန်းဖြစ်သည်။

မြန်မာစစ်အစိုးရ၏ အကျဉ်းထောင်များအတွင်း ဘ၀ဆုံးပါးရမည့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ၏ အရေးကို မည်သို့ ဆောင်ရွက်ကြမည်နည်း။ ၎င်းတို့အနက်မှ ၂၃၄ ဦးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲများ အပြီးတွင်မှ ဖမ်းဆီးအကျဉ်းချခံခဲ့ရခြင်းဖြစ်ပြီး အများစုမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ၆၈ နှစ်စီ အသီသီး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသူများ ဖြစ်သည်။



ယခုကဲ့သို့ ပြင်းထန်သည့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရခြင်းမှာလည်း စစ်အစိုးရက အားစိုက်ကြိုးပမ်းနေသည့် “ဒီမို ကရေစီလမ်းပြမြေပုံ” အဆင့် ၇ ဆင့်၏ ပဉ္စမအဆင့်ဖြစ်သော လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပေါ်ပေါက်လာနိုင် သည့် အတိုက်အခံ အင်အားစုများကို ကြိုတင်ရှင်းလင်းထားခြင်းသာ ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်မှု၏ ရည်ရွယ်ချက်မှာ ထိတ်လန့် တုန်လှုပ်သွားစေရန် စစ်ဆင်ရေးတခု ဆင်နွှဲခြင်းသာဖြစ်ပြီး လူထုများအကြား အကြောက်တရား လွှမ်းမိုးနေစေရန်နှင့် ရွေးကောက်ပွဲမတိုင်မီကာလတွင် အကြောက်တရား ကြီးစိုးနေ သည့် ၀န်းကျင်တခု ဖန်တီးထားရေးသာ ဖြစ်သည်။ စစ်အစိုးရက မျှော်လင့်ချက်ထားသည်မှာ မြန်မာနိုင်ငံရှိ ပြည်သူလူထု အဖို့ နိုင်ငံရေးနှင့် ကင်းကင်းနေစေရေးဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် သူတို့ စစ်အစိုးရ စိတ်ကြိုက် မဲခိုး၊ မဲလိမ် ချယ် လှယ်နိုင်စေရန် ဖြစ်သည်။

နိုင်ငံတကာမှ ပြစ်တင်ရှုံ့ချမှုများမှာလည်း အချိန်မှန်မှန် ထွက်ပေါ်နေခဲ့ပြီး ယခုတခါ နောက်ထပ်တကြိမ် ပြစ်တင်ပြောဆိုနေ ပြန်ပြီ ဖြစ်သည်။ ကုလသမဂ္ဂအတွင်းရှိ သတင်းအရင်းအမြစ်များ အဆိုအရ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီ မွန်းက မြန်မာနိုင်ငံအရေး ဆောင်ရွက်နေသည့် သူ၏ သံတမန်ရေး လုပ်ငန်းများကိုပင် ဆိုင်းငံ့ထားရန် စဉ်းစားနေသည်ဟု ဆိုလာသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်နှင့် ရုရှား နိုင်ငံတို့ကလည်း နေပြည်တော်ရှိ မြန်မာဗိုလ်ချုပ်ကြီးများကို ကုလ အထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်အဖွဲ့နှင့် ပူးပေါင်း ဆက်ဆံရန် ဖိအားများ ပေးနေကြသည်ဟု အတည်ပြု ပြောကြားကြသည်။ ထို့အပြင် လာမည့် ၂၀၁၀ ပြည့်နှစ် ရွေး ကောက်ပွဲမတိုင်မီ ပြင်းထန်လာမည့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများကို လျော့ကျသွားစေရန်အတွက် အပြုသဘော ဆောင်သည့် လိုက်လျောမှုများ ပြုရန်လည်း တိုက်တွန်းနားချနေကြသည်။

သမိုင်းက တကျော့ပြန်လည်လာပြီဟု ဆိုရမည်ဖြစ်သည်။ ယခုအချိန်သည် ဗိုလ်ချုပ်မှူးကြီးအနေနှင့် ၎င်းကိုထောက်ခံနေ ကြသည့် နိုင်ငံတကာ အင်အားစုများ ကျေနပ်စေရန် ၀ှက်ဖဲတချပ် ထုတ်သုံးရတော့မည့် အချိန် ဖြစ်နေပေပြီ။ ဖြစ်နိုင်ခြေ တခုမှာ အတိုက်အခံခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ခြေ ရှိနေသည်။ အနီးစပ်ဆုံး မေလ၊ သို့မဟုတ် နောက်အကျဆုံး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် ပြန်လွှတ်ပေးလာဖွယ် ရှိသည်။ ဤသို့ လွှတ်ပေးခြင်းဖြင့် စစ်အစိုးရအဖို့ မျက်နှာသာရလာစရာ အကြောင်း ရှိနေပါသည်။

ပထမအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းဖြင့် တရုတ်၊ ရုရှား၊ အာဆီယံနိုင်ငံများနှင့် စစ်အစိုးရ ဘက်တော်သား ထောက်ခံနေသူများအကြား ဖြစ်ပေါ်နေသည့် စိုးရိမ်ပူပန်မှုများ လျော့ကျသွားလိမ့်မည်ကို သူသိနေသည်။ မကြာသေးမီက ဖိနှိပ်ချေမှုန်းနေမှုများကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်ပင် ထောက်ခံပြောဆိုပေးရန် ခပ်ခက်ခက် ဖြစ်နေကြရသည် မဟုတ်ပါလား။

အကယ်၍ စစ်အစိုးရကသာ ပါးနပ်လိမ္မာပါက ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သို့မဟုတ် အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်တိုင်ကို သူတို့ဘက် ပါလာအောင် ဆွဲဆောင်စည်းရုံး နိုင်ပါသေးသည်။ ကုလသမဂ္ဂ၏ မြန်မာ့အရေးဆောင်ရွက်နေသည့် သံလုပ်ငန်းအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက် လာမှုအပေါ် အောင်မြင်မှုတခုသဖွယ် ဂုဏ်ယူနေရန် ရှိပါသည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းဖြင့် စနစ်တကျ ဖိနှိပ်ဖြိုခွဲချေမှုန်းရေး လုပ်နေသည့်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများကို ပါးနပ်စွာ ရှောင်လွှဲနိုင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို မလွှဲမရှောင်သာ ထောက်ခံ အသိအမှတ်ပြုရမည့် အခြေအနေမျိုးလည်း ဆိုက်စေနိုင်သည်။

စစ်အစိုးရ ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နည်းနည်းမျှ အပေးအယူမလုပ်ဘဲ လွှတ်ပေးလိုက်လျှင်လည်း ဖြစ်နိုင်သည်ကို သိကြသည်။ အကယ်၍ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်လျှင်သော်မှ ဒေါ်စုက ရွေးချယ်ရခက်လှသည့် အခြေအနေမျိုး ကြုံရနိုင်သည်။ စစ်အစိုးရကို ထပ်၍ ဝေဖန်မည်ဆိုလျှင်လည်း နောက်တကြိမ် အချုပ်ထဲ ပြန်၍ထည့်ထားခံရမည့် တ၀ဲလည်လည် သံသရာထဲ ပြန်ကျရောက်သွားလိမ့်မည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုလျှင် မည်သို့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမျိုးမှ ဆက်လက်ဖြစ်ထွန်းလာရန် မရှိ ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြောင်းလဲမှုများ လုပ်နိုင်သည် ဆိုဦးတော့ စစ်တပ်က လွှမ်းမိုးထားသော လွှတ်တော်နှင့် ၂၀၁၀ နောက်ပိုင်း စစ်အစိုးရဆင်ထားသည့် ဖွဲ့စည်းပုံ အနေအထားတွင် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲ မှုများ လုပ်ဆောင်သွားရန်ပင် ဖြစ်နိုင်ခြေ မရှိပါ။

ထို့ကြောင့် မေးခွန်းများ ထပ်မံပေါ်ပေါက်လာပြန်သည်။ စစ်အစိုးရ၏ မဟာဗျူဟာကို အတိုက်အခံများက မည်သို့ တန်ပြန်ကြမည်နည်း၊ အရေးအပါဆုံး ရလဒ် ၂ ခုဖြစ်သည့် "နိုင်ငံရေး အသွင်ပြောင်းလဲရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြုပြင်ရေးဆွဲရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး" ရည်မှန်းချက်များ ရရှိစေရန် မည်သို့ ဆက်လက်ဆောင်ရွက်ကြမည်နည်း ဟူသည့် မေးခွန်းများ ဖြစ်သည်။
လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း မြန်မာနိုင်ငံရှိ အတိုက်အခံနိုင်ငံရေးပါတီများက မူအပေါ်ခိုင်ကျည်စွာ ရပ်တည်၍ ဤ ရပ်တည်ချက်ကြောင့် ဖြစ်လာသည့် အစွမ်းခွန်အားကို ပြသခဲ့ကြသည်။ ယခုတကြိမ်တွင်လည်း မူအပေါ်ရပ်တည်မှုကြောင့် ဖြစ်လာသည့် ခွန်အားအစွမ်းကို တဖန်ပြန်၍ ပြသရတော့မည့် အချိန် ဖြစ်နေပေပြီ။

သို့သော် အနည်းငယ် ကသိကအောင့်နိုင်လှသည့် အချက်ရှိနေသည်။ ၎င်းအချက်မှာ အတိုက်အခံအင်အားစုများက ခွန်အားအာဏာအဖြစ် ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စကို အဓိကထားအခြေခံကာ မဟာဗျူဟာ ချမှတ်ရေး ဖြစ်သည်။ အကယ်၍ စစ်အစိုးရက အတိုက်အခံ အင်အားစုများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မဆောင်ရွက်လျှင်၊ အတိုက်အခံများက ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြန်လည်သုံးသပ်နိုင်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွေးနွေးမှု မပြုနိုင်လျှင် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တခြား အတိုက်အခံ နိုင်ငံရေးပါတီများ ပါဝင်လိမ့်မည် မဟုတ်ကြောင်း မူအရ တိတိလင်းလင်း ထုတ်ပြန်ကြေညာရန် လိုအပ်နေသည်။

ဤမဟာဗျူဟာမှာ အတိုက်အခံအင်အားစုများအကြား မိမိက မှန်သည့်ဘက်မှ ရပ်တည်သည်ဟု ရဲရဲယုံကြည်၍ စင်ပေါ်က နေနိုင်သော ဗျူဟာတရပ် ဖြစ်ရုံမျှမက အကောင်အထည်ရှိသည့် နိုင်ငံရေး ရလဒ် ၃ ခု ရနိုင်ရန်အတွက် ကစားစရာ ၀ှက်ဖဲတချပ်လည်း ဖြစ်နေသည်။

ပထမတချက်မှာ တနိုင်ငံလုံး အနှံ့အပြားရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်ခြေအင်အားစုများ၊ ထောက်ခံသူများကို ပြန်လည်တက်ကြွလာအောင် နှိုးဆော်နိုင်ရုံမျှမက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နောက်ဆုတ်၍ ခုခံစစ်ဆင်နေကာ စစ်အစိုးရနောက်က လိုက်၍ တုံ့ပြန်နေရုံသာ လုပ်နေသောကြောင့် ဘေးဖယ်၍ ကြည့်နေကြသည့် တရားဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများကိုပါ နိုင်ငံရေးဆွေးနွေးငြင်းခုန်မှုများအတွင်း ပြန်ဝင်လာအောင် ဆွဲဆောင် နိုင်စေလိမ့်မည် ဖြစ်သည်။

လူအများနှင့် ဆက်ဆံစကားပြောရန် အစဉ်သဖြင့် ရှောင်ဖယ်နေခဲ့သည့် NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေအနေနှင့်လည်း ကိုယ်တိုင်ကိုယ်ကျထွက်၍ မြန်မာဘာသာဖြင့် အသံလွှင့်နေသည့် ပြည်ပအခြေစိုက် ရေဒီယိုဌာနများတွင် ဤရပ်တည်ချက် မူဝါဒနှင့် ပတ်သက်၍ ပြောဆိုသင့်နေပြီ ဖြစ်သည်။ NLD ပါတီအနေနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ထား ကြောင်းနှင့် ပါတီ၏ တောင်းဆိုချက်များက မည်သို့ ဖြစ်ကြောင်း ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း အသိပေးပြောကြား သင့်ပြီ ဖြစ်သည်။

ပါတီခေါင်းဆောင်မှု အနေနှင့်လည်း မိမိတို့၏လှုပ်ရှားမှုသည် အရေးပါ အရာရောက်သည့်နေရာတွင် ရှိနေပြီးသားဟု အလွယ် ယူဆမထားသင့်ပါ။ သူတို့၏ ရည်မှန်းချက်များကို လူအများသိအောင် ဆောင်ရွက်ရန် လိုအပ်ပြီး ကျင့်ဝတ် ရေးရာအရ (မူအရ) ထိုးစစ်ဆင်ခြင်းအဖြစ် ရှင်းလင်းသေချာစွာ ဆောင်ရွက်သင့်သည်။ မြှင့်တင်သင့်သည်။

ဒုတိယအချက်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းအားဖြင့် စစ်အစိုးရ၏ အင်အား အခြေခံများကို လျော့နည်းသွားစေ လိမ့်မည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုထားကြသည့် တိုင်းရင်း သား အင်အားစုများက ရွေးကောက်ပွဲတွင် ပူးပေါင်းဆောင်ရွက်မည့် အရေးကို ပြန်၍ စဉ်းစားလာကြပါလိမ့်မည်။

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သူတို့လိုလားသည့် အခွင့်အရေးများထက် များစွာနိမ့်နေကြောင်း တိုင်းရင်းသား အုပ်စုများကလည်း ကောင်းစွာ သဘောပေါက်ထားကြပါသည်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စသဖြင့်သော အဖွဲ့များက သူတို့ ၏ အဆွယ်အပွားနိုင်ငံရေးပါတီများမှတဆင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ကြရန် ပြင်ဆင်မှု ရှိကောင်းရှိနေနိုင်သော် လည်း စစ်အစိုးရ အလိုကျ သူတို့က ထောက်ခံပံ့ပိုးပေးလိုက်ရသည့် အဖြစ်မျိုး မဖြစ်ရလေအောင် ကြိုးပမ်းနိုင်စေ ပါလိမ့်မည်။ အထူးသဖြင့် သူတို့၏လက်နက်ကိုင်တပ်များ လက်နက်ဖြုတ်ရေးကိစ္စများနှင့် ပတ်သက်လာသည့်အခါ စဉ်းစားစရာ အချက် အများအပြား ရှိနေပါလိမ့်မည်။

အတိုက်အခံ အဖွဲ့များက ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်ခြင်းအားဖြင့် တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး အဖွဲ့များက လည်း ဤအချက်ကြောင့် နိုင်ငံရေးအရ အကြောင်းပြချက် ရစေနိုင်ပြီး မဟာဗျူဟာမြောက် ကစားနိုင်မည့် အခွင့် အရေးတရပ်လည်း ပေါ်ပေါက်လာနိုင်သည်။ စစ်အစိုးရက NLD ကိစ္စနှင့် လုံးပန်းနေရင်း အချိန်ကုန်စေမည်ဖြစ်သော ကြောင့် စစ်အစိုးရက ဆောင်ရွက်လာမည့် လက်နက်ဖြုတ်သိမ်းရေး အစီအစဉ်ကို အံတုဆန့်ကျင်ခွင့် ကြုံစေမည် ဖြစ်သည်။

ထိုအခြေအနေ ကြုံရပါက စစ်အစိုးရ၏ နိုင်ငံရေး ကစားကွက်ကို ပိုမို ရှုပ်ထွေးခက်ခဲလာစေမည် ဖြစ်သည်။ အဆိုးဆုံး အနေအထားအရ ဆိုလျှင် တချို့ဒေသများ၌ တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲများ ပြန်လည် ဖြစ် ပေါ်လာနိုင်ဖွယ်ပင် ရှိနေသည်။ သို့ဆိုလျှင် အင်အားကောင်းသည့် ၀၊ ကချင်အဖွဲ့အစည်းများ အခြေချနေကြသည့် တရုတ် -မြန်မာ နယ်စပ်၏ ပြန်လည်ပေါက်ကွဲလုနီး အခြေအနေအပေါ် မူတည်၍ တရုတ်နိုင်ငံကလည်း မြန်မာ့အရေးကို ပိုမို သတိကြီးကြီးထား ကိုင်တွယ်လာလိမ့်မည် ဖြစ်သည်။

ဤသို့ ကျင့်ဝတ်ရေးရာအရ အပေါ်စီးယူ၍ သပိတ်မှောက်သည့် ဗျူဟာကြောင့် အတိုက်အခံအင်အားစုများ ရလာနိုင်သည့် နိုင်ငံရေးအကျိုးအမြတ်တခုမှာ နိုင်ငံတကာ အင်အားစုများအပေါ်တွင် သိသိသာသာ ဖိအားဖြစ်ပေါ်လာစေနိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် စစ်အစိုးရ၏ "လမ်းပြမြေပုံ" ကို မြန်မြန်အဆုံးသတ်စေလိုသောကြောင့် အတိုက်အခံအဖွဲ့များကို သင့်လျော်သည့် တောင်းဆိုမှုများသာ လုပ်စေချင်နေုသော နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း စဉ်းစား ချင့်ချိန်ဖွယ် ရလာစေမည် ဖြစ်သည်။

သို့သော် ဤအခြေအနေများအားလုံး သက်ဝင် ဖြစ်ပေါ်မလာမီ အတိုက်အခံ နိုင်ငံရေးပါတီများအနေနှင့် ပျော့ပြောင်း ညင်သာမှုပြသရန် လိုနေပါသေးသည်။ စစ်အစိုးရ၏ လမ်းပြမြေပုံတခုလုံးကို လုံးဝငြင်းပယ်နေခြင်း မဟုတ်ကြောင်းကို လည်း သေချာရှင်းလင်း ပြောပြထားသင့်ပါသည်။

အကယ်၍ စစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် သဘောတူလာခဲ့ပါလျှင် အတိုက်အခံအဖွဲ့အစည်းများ အနေနှင့် စစ်အစိုးရ၏ လမ်းပြမြေပုံကို ထောက်ခံရန် စဉ်းစားနိုင်ပါ သည်။ ထိုမျှမက အတိုက်အခံ အင်အားစုများက နိုင်ငံတကာ၏ စာနာမှုဆိုင်ရာ အကူအညီများကို မကန့်ကွက်ကြောင်း၊ ကြိုဆိုကြောင်းလည်း ကြိုတင်ရှင်းလင်းစွာ ပြောထားသင့်သည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆင်းရဲတွင်း နက်သထက် နက်လာနေပြီး ပိုမို ခက်ခဲကြပ်တည်းသည့် ကပ်ဘေးဆိုက်နေရပြီ ဖြစ်သောကြောင့်လည်း ဤသို့ အကူအညီများ ရရှိရန် လိုအပ်နေခြင်း ဖြစ်သည်။

ထိုအချက်များ အားလုံးကိုခြုံလျှင် ယခုအခြေအနေသည် အတိုက်အခံ အင်အားစုများအနေနှင့် ကျင့်ဝတ်ရေးရာအရ အမြင့် ဆုံးနေရာကို ယူ၍ သိမ်းပိုက်ရတော့မည့် အချိန် ဖြစ်သည်။ ဤသို့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အသာစီးရနေမှုကို ခွန်အားအာဏာနှင့် အခွင့်ကောင်းအဖြစ် ပြောင်းလဲ အသုံးချရမည် ဖြစ်သည်။ သို့သော်လည်း ဤရွေးချယ်လမ်းကို လျှောက်လှမ်းကြရမည့် အရေးမှာ မလွယ်ကူလှပါ။ စစ်အစိုးရက နည်းမျိုးစုံသုံး ညစ်ပတ်၍ အတိုက်အခံအင်အားစု များကို ဖြိုခွင်းချေမှုန်းမှုနှင့် ကြုံရနိုင်ပါသေးသည်။

တချို့သောဝေဖန်သူများက ဤနည်းဗျူဟာသည် မြန်မာအတိုက်အခံများအတွက် အသစ်မဟုတ်လှကြောင်း၊ အမှန်တရားဖက်က ရပ်သည့်မူကို ကိုင်ပြီး ကစားခဲ့သည့် ကစားပွဲတွင် ယခုတိုင် ရှုံးနိမ့်နေရသေးကြောင်း ဆိုလာနိုင်ပါသေးသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပျော့ပြောင်းသည့် သဘောထား ရပ်တည်ချက်များ အကြိမ်ကြိမ် ပြသခဲ့ပြီး အကျိုးမဖြစ်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ ယခုအချိန်တွင် အတိုက်အခံများက ဆောင်ရွက်ရန် လိုအပ်နေသည့် အချက်မှာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မှန်ကန်သည့်၊ မူအရမှန်သည့် အပေါ်စီးအနေအထားကို ယူ၍ ပါးနပ်စွာ လူ အများ လက်ခံလာအောင် ဆောင်ရွက်ရေးပင် ဖြစ်သည်။ ဤမူကို မဟာဗျူဟာအဖြစ် အသွင်ပြောင်း၍ အချိန်ကိုက် သေချာ သတ်မှတ်ထားသည့် နိုင်ငံရေးရလဒ်များ ရရှိရေးအတွက် ပူးပေါင်းဆက်စပ်မှုရှိစွာ ဆောင်ရွက်ရေးပင် ဖြစ်သည်။

ဤအချက်သည်ပင် အတိုက်အခံများအတွက် ပထမဦးဆုံး ပင်မ ခွန်အားအာဏာဖြစ်ပြီး ဤလမ်းအတိုင်း ဆက်လျှောက် မည်ဟု ၂၀၀၉ ခုနှစ်အတွက် သံန္နိဌာန်ချမှတ် ဆောင်ရွက်သင့်ပေသည်။

မင်းဇင်ရေးသားသည့် New Year’s Resolutions for the NLD ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ကိုမင်းဇင်သည် ပြည်ပအခြေစိုက် မြန်မာသတင်းထောက် တဦးဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာ့ကလေ) သတင်းစာပညာ ကျောင်းတွင် စာသင်ကြား ပို့ချနေသည့်ဆရာ ဖြစ်ပါသည်။



0 comments: