Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Wednesday, November 12, 2008

Freedom from Fear 1-FROM "Tom Brown"

ရှေ့ မျက်နှာဖုံး
ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး
အောင်ဆန်းစုကြည်
ရှေ့ မျက်နှာဖုံးအတွင်း စာမျက်နှာ
"စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့် စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။
အဲ့ဒါကြောင့်စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်ကို ပြောင်းကြရမယ်။ ငါတို့ ဟာ လက်နက်ကိုင်တွေ
ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံ ရဲ့  ရန်သူတွေမဟုတ်၊ နိုင်ငံ ရဲ့  မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်"။ အောင်ဆန်း
အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍၎င်း၊ မြန်မာနှင့် ကမ္ဘာ့ အခြေခံအယူအများ ကို
ရောင်ပြန်ဟပ်နေ၍၎င်း၊ သူမအား နှုတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ။ "ဗားစလဗ်ဟာဗဲလ်"
"အောင်ဆန်းစုကြည်သည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်၏ အကောင်းဆုံး အင်္ဂါလက္ခဏာများဟု သူမက
ယူဆထားသည်များကို ဂရုပြုလာစေရန် ကြိုးစား၍ သူမကိုယ်တိုင်လည်း ယင်းအင်္ဂါလက္ခဏာရပ်များနှင့် ထပ်တူထပ်မျှ
ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည်"။ နိုဘဲလ်ကော်မတီဥက္ကဌ "၁၉၉၁"
အဖွင့်စာမျက်နှာ
ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး
အဖွင့်စာမျက်နှာ
အောင်ဆန်းစုကြည်
ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေ့း
နှင့်
အခြားစာတမ်းများ
ဒေါက်တာအောင်ခင် တည်းဖြတ်သည်။
La Haule Books
ထုတ်ဝေသူများ၏ စာမျက်နှာ
မကြောက်မရွံ့ နှင့်
လွတ်လပ်မှန်ကန်စွာ
ရေးသားပြောဆိုပိုင်ခွင့်ရစေမည့်
နိုင်ငံရေးစနစ်ကို
တောင့်တနေသူ
မြန်မာတိုင်းရင်းသားအပေါင်းအား
ရည်ညွှန်းပါသည်။
This collection copyright © Aung San Suu Kyi, 1993
The moral right of the author has been asserted.
ISBN 0 86120 049 7
This first edition of
Freedom from Fear and Other Writings
in the Burmese language
first published in 1993 by
La Haule Books
West Lodge
La Haule
Jersey
Channel Islands
United Kingdom
The Buddhist symbol on the title and spine
is the abhayamudra, the "gesture of fearlessness"
Printed in England by Biddles Ltd., Guildford
မာတိကာ
မာတိကာ
စာရေးသူ၏ အမှာ ၁
စတည်း၏ အမှာ ၂
ဗားစလဗ်ဟာဗဲလ်၏ စကားဦး ၅
ဒေါ်သန်းအေးရေးသားသော "စု" နှင့် မိတ်ဆက်ခြင်း ၇
နော်ဝေးနိုင်ငံ နိုဘဲလ်ကော်မတီဥက္ကဌမိန့် ခွန်း ၄၃
အပိုင်း က
"၁၉၈၄" ခုနှစ် "၁၉၉၃" ခုနှစ်အတွင်း ရေးသားသော
စာတမ်းများနှင့် အထွေထွေမိန့် ခွန်းများ
၁။ အောင်ဆန်း ၅၄
၂။ ဒီမိုကရေစီရှာပုံတော် ၉၇
၃။ ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး ၁၁၃
၎။ ဗိုလ်၏ အဓိပ္ပာယ်အစစ်အမှန် ၁၂၀
၅။ ရည်မှန်းချက်များ ၁၂၇
၆။ တော်လှန်ရေး၏ အလယ်ဗဟိုတွင် ၁၃၂
၇။ ကုလသမဂ္ဂ လူ့ အခွင့်အရေးကော်မရှင်သို့  အိတ်ဖွင့်ပေးစာ ၁၃၈
၈။ ပြည်သူလူထုကလွတ်လပ်ရေးကို လိုချင်သည် ၁၄၁
၉။ နိုဘဲလ်ဆုရှင်ကိုယ်စားပြောသော မိန့် ခွန်း ၁၄၅
၁၀။ နိုဘဲလ်ကော်မတီသို့  ပေးစာ ၁၅၁
၁၁။ လူ့အခွင့်အရေး ဥပဒေအဖွဲ့ မှပေးသော ဆုအတွက်မိန့်ခွန်း ၁၅၃
၁၂။ စပိန်အိုလံပစ်မိန့် ခွန်း ၁၅၅
၁၃။ စစ်မှန်သောလုံခြုံရာသို့  ၁၅၉
အပိုင်း ခ
"၁၉၈၈" ခုနှစ် ဩဂုတ်လမှ "၁၉၈၉" ခုနှစ် ဇူလိုင်လအထိ
ပြောကြားခဲ့သော မိန့် ခွန်းနှင့် သတင်းစာရှင်းလင်းပမျွဲား
၁၄။ ရွှေတိဂုံစေတီတော်အနောက်မုခ်လူထုစည်းဝေးပွဲ ၁၇၂
၁၅။ ဒီမိုကရေစီရရှိရေးနှင့်ပြည်သူများ၏ အခန်းကဏ္ဍ ၁၈၂
၁၆။ သတင်းစာရှင်းလင်းပွဲအမှတ်၃ ၁၈၇
၁၇။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၁၉၈
၁၈။ ဒီမိုကရေစီအင်အားစုများညီညွတ်ရေး ၂၀၃
၁၉။ ဇူလိုင်ခုနစ်ရက်နေ့  ၂၁၂
၂၀။ တပ်မတော်ဟာ ဘယ်သူ့အတွက်လဲ ၂၁၉
၂၁။ နဝတနှင့် ရင်ဆိုင်ဆွေးနွေးရေး ၂၂၇
၂၂။ သတင်းစာရှင်းလင်းပွဲအမှတ် ၆ ၂၃၅
၂၃။ပြည်သူလိုချင်တာ အောင်ဆန်းလမ်းစဉ် ၂၅၃
၂၄။ မိန့် ခွန်းကောက်နုတ်ချက်များ ၂၆၆
စာရေးသူ၏ အမှာ
စာရေးခြင်း၊ မိန့် ခွန်းပြောခြင်း၊ စကားပြောခြင်း စသော လုပ်ရပ်များ၏ အဓိကရည်ရွယ်ချက်တခုကား
လူအချင်းချင်းနားလည်မှုတိုးပွားစေရန် ဖြစ်သည်ဟု ကျမယူဆပါသည်။ မြန်မာ့လူမှုရေး၊ နိုင်ငံရေးနှင့်
ဒီမိုကရေစီအရေးတို့ ကို ကမ္ဘာက ပိုမို၍ သိရှိနားလည်စေရန် ရည်ရွယ်၍ ဤစာအုပ်ပါ ဆောင်းပါးများ ကို
ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
နိုင်ငံတနိုင်ငံကို အမှန်တကယ်အကျိုးပြုနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး၊ လုပ်ငန်းစဉ် များ
အကောင်အထည်ဖေါ်နိုင်ရန်ပြည်သူပြည်သားအပေါင်းတွင် ပွင့်လင်းပြတ်သားသားစွာ သုံးသပ်ဝေဖန်ပိုင်ခွင့်နှင့်
အသိအမြင်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ပိုင်ခွင့်များ ရှိရမည်ဟုလည်း ကျမယုံကြည်ပါသည်။
"၁၉၈၈-၈၉" ခုနှစ်များအတွင်း ကျမပြောကြားခဲ့သော မိန့် ခွန်းများနှင့် သတင်းစာရှင်းလင်းပွဲများ၏ ဦးတည်ချက်သည်
ဒီမိုကရေစီသဘောတရားများနှင့် ဒီမိုကရေစီစနစ်ကို တည်ထောင်လိုသူတို့ ၏ အတွေးအခေါ်၊ အမြင်တို့  ကို
အများပြည်သူဝေဖန်သုံးသပ်နိုင်ငံ ရေးပင် ဖြစ်ပါသည်။
ဆောင်းပါးများ၊ မိန့် ခွန်းများ၊ သတင်းစာရှင်းလင်းပွဲများကို စုပေါင်း၍ စာအုပ်ထုတ်ဝေလိုက်ခြင်းဖြင့်
မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီရေးများကို နားလည်သုံးသပ်လိုသူများအတွက် အထောက်အကူ ဖြစ်နိုင်မည်ဟု
မျှော်လင့်ပါသည်။
ဤစာအုပ်ကို ထုတ်ဝေနိုင်ရန် အားပေးကူညီခဲ့သူ တို့ အား ကျေးဇူးတင်လျက်ရှိပါသည်။ များပြားလှသော
အလုပ်တာဝန်များကြားမှ စေတနာပြည့်ဝစွာဖြင့်အဓိကဘာသာပြန်သူအ ဖြစ်၎င်း၊ စာတည်းဖြတ်သူအ ဖြစ်၎င်း
ဆောင်ရွက်ခဲ့သည့် ဒေါက်တာအောင်ခင်"လန်ဒန်" ကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
အောင်ဆန်းစုကြည်
စာတည်း၏ အမှာ

လွန်ခဲ့သော ရှစ်နှစ်ခန့်  "၁၉၈၅" ခုနှစ်က ဖြစ်သည်။ နှင်းထူထပ်စွာကျနေသည့် ထိုနှစ် ဆောင်းရာသီတနေ့ တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ်ကျနော် တွေ့ ဆုံခဲ့ရသည်။ ထိုစဉ်က အင်္ဂလန်တွင် ရန်ကုန်တက္ကသိုလ်မှ
လုပ်ဖော်ကိုင်ဖက်ဟောင်း သမိုင်းဆရာဆရာမများ ရောက်ရှိနေခိုက် ဖြစ်သဖြင့်အောက်စဖို့ ဒ်တက္ကသိုလ်တွင် တနေ့ 
စုဝေးကြသည်။
ထိုနေ့ ၌ပင် ဒေါ်အောင်ဆန်းစုကြည်တို့  ဇနီးမောင်နှံက သူတို့ အိမ်တွင် လက်ရည်ပွဲပြင်ဆင်ထားသဖြင့်
ကျနော်တို့  သမိုင်းအုပ်စု သွားကြသည်။ ကျနော်နှင့် ကျနော့်ဇနီးအပါအဝင် အားလုံးဧည့်သည် ရှစ်ယောက် ရှိ၏။
ဒေါ်စုကိုယ်တိုင် လုပ်ထားသော ကိတ်မုန့် များ စားသောက်၍ တပျော်တပါး ရှိလှသည်။ ကျနော်သည် ဒေါ်စု၏ခင်ပွန်း
ဒေါက်တာမိုက်ကယ်အဲရစ်နှင့်သာ စကားပြောရသည်ကများပြီးဒေါ်စုမှာမူအမျိုးသမီးဝိုင်းတွင်
လက်မလည်နိုင်အောင် ဧည့်ခံရင်း စကားလက်ဆုံကျနေသည်က များ၏။
ဒေါ်စုတို့ အိမ်မှာ အတော်လေးကျယ်ဝန်းသည်ဟု ဆိုနိုင်သော်လည်း ကုလားထိုင်များ၊ စားပွဲများနှင့်
စာအုပ်စင်များကလွဲ၍ ကျနော် ဘာမျှ မတွေ့ မိ။ လင်မယားနှစ်ယောက်စလုံးရိုးရိုးကုပ်ကုပ်နှင့် စာပေလိုက်စားသူများ
ဖြစ်သည်ဟူ၍သာ ကျနော့်စိတ်ထဲ၌ မှတ်ချက်ချမိသည်။

ထိုနေ့  တွေ့ ဆုံ ပြီးနောက်ပိုင်း ကျနော်နှင့် ဒေါ်စုတို့ ဇနီးမောင်နှံ လုံးဝ အဆက်အသွယ် မရှိသလောက်
ဖြစ်သွားသည်။ ၁၉၈၈ ခုနှစ်ရောက်မှ မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံတွင် ဒေါ်စု ဇောက်ချ၍
လုပ်ကိုင်နေသည်များကို သတင်းစာများတွင် ဖတ်ရသည်။ပြည် များနှင့် ပါလာသော ဗွီဒီယိုအခွေများတွင်လည်း
ဒေါ်စုကို တွေ့ ရသည်။
ကျနော်သည် မဆလခေတ်ကို စက်ဆုပ်ရွံရှာပြီး"မဆလ"ဒဏ်ကိုလည်း မခံနိုင်သည့်အဆုံး
နိုင်ငံခြားထွက်လာခဲ့သူ ဖြစ်သည်။ ဒေါ်စုမှာမူလွတ်လပ်နေရာမှ အမိနိုင်ငံသို ပြန်ရင်း မိမိ၏ ယုံကြည်ချက်အတိုင်း
ဒီမိုကရေစီထွန်းကားရေးအတွက် တိကု ပွဲဝင် ရုန်းကန်နေသူ ဖြစ်သည်။
ဒေါ်စုကိုရိုးသားဖြောင့်မတ် သိမ်မွေ့ သော အိမ်ရှင်မတဦးအဖြစ်သာ သိရှိထားခဲ့သဖြင့်ရေရှည်တိုက်ပွဲတွင်
ခံနိုင်ရည်ရှိပါ့မလားဟု အစတွင် ကျနော် သံသယ ဖြစ်မိသည်။ သို့ သော် ဒေါ်စု ဦးဆောင်သည့် ဒီမိုကရေစီတိုက်ပွဲ
အချိန်ကြာလာသည်နှင့်အမျှ ထိုသံသယစိတ်တို့  လွင့်စင်ကွယ်ပျောက်ကုန်တော့သည်။

ဒေါ်စု အင်္ဂလိပ်ဘာသာဖြင့်ရေးသား၍ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် တည်းဖြတ်ထုတ်ဝေသော
"Freedom From Fear" စာအုပ်ကို "၁၉၉၁" ခုနှစ် ဒီဇင်ဘာလတွင် ဖတ်လိုက်ရသည်။ ထိုစာအုပ် ကို
မြန်မာဘာသာ ပြန်ဆိုထုတ်ဝေသင့်သည်ဟု ကျနော် တွေးမိသည်။ ထိုစာအုပ် ကို တကယ်တမ်း မြန်မာပြန်ရာတွင်
ကျနော် အဓိကအခန်းမှ ပါဝင်လာရမည်ဟု ထိုစဉ်က မထင်မှတ်ခဲ့ပါ။ ကျနော် နောက်ဆုံး မြန်မာပြန်ဆို
ရေးသားထုတ်ဝေခဲ့သည့် အတွေ့ အကြုံမှာ "၁၉၇၁" ခုနှစ်က ဖြစ်သည်။ နှစ်ပေါင်း "၂၀" ကျော်ခန့် 
မြန်မာပြန်ထုတ်ဝေသည့် အလေ့အထ ပြတ်လပ်နေခဲ့သဖြင့်အစတွင် ဒေါ်စုစာအုပ် ကို မြန်မာပြန်ရန် မဝံ့မရဲ
ဖြစ်မိသော်လည်း မြန်မာတိုင်းရင်းသားတိုင်း ဖတ်ရှုသင့်သည့်စာအုပ်ဟု ယုံကြည်သည့်အတွက် အတတ်နိုင်ဆုံး
အားထုတ်ပြန်ဆိုခဲ့ရသည်။ အထူးသဖြင့်မြန်မာစာဖတ်ပရိသတ်အတွက် ရည်စူးထားသည့်အလျောက်
အင်္ဂလိပ်စာအုပ်နှင့်မတူဘဲ တမူထူးခြားနေမှာ အမှန် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေးဖခင်ဟု လူတိုင်းလိုလို ငယ်စဉ်ကတည်းက
သိရှိထားခဲ့ကြသော်လည်း ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆများ ကို လေးလေးနက်နက်
နားလည်သဘောပေါက်မိသူ အလွန်နည်းပါးလိမ့်မည်ထင်သည်။ ထိုလူနည်းစုထဲတွင် ဒေါ်စု အထင်ရှားဆုံး ဖြစ်မည်မှာ
ပြောရန်မလိုဟု ယုံကြည်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်အယူအဆများပေါ်တွင် အခြေခံ၍ မိမိကိုယ်ပိုင်
ယုံကြည်ချက်များကို တည်ဆောက်ထားသော ဒေါ်စု၏ အတွေးအခေါ်ကို မြန်မာတိုင်းရင်းသားတိုင်းသိရှိနားလည်
သဘောပေါက်ရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် "၁၉၆၂" ခုနှစ်မှ "၁၉၈၈" ခုနှစ်အထိပြည်သူလူထု ယုံကြည်အားထားလောက်သည့်
နိုင်ငံရေးခေါင်းဆောင်မျိုး ပေါ်ပေါက်ရန် အခွင့်အလမ်း မရှိခဲ့ပါ။ "၁၉၈၈" ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ
ပေါ်ပေါက်လာသည့်အခါတွင်မှ ကိုယ်ကျိုးစွန့် ၍ တိုင်းပြည်အတွက် အနစ်နာခံလုပ်ကြမည့်
ငယ်ရွယ်သောခေါင်းဆောင်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုအထဲတွင် ဒေါ်စုသည် ဗိုလ်ချုပ်အောင်ဆန်း၏
နိုင်ငံရေးအမွေကို ဆက်ခံမည့်သူအ ဖြစ်၎င်း၊ငြိမ်းချမ်းသောနည်းဖြင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို
ရယူနိုင်မည့်သူအ ဖြစ်၎င်း၊ တပ်မတော်သားတို့ ကရိုသေလေးစားရသူအဖြစ်၎င်း၊ အများပြည်သူ၏ ယုံကြည် ကိုးစားမှု
ရယူထားသူအ ဖြစ်၎င်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နိုင်မည့်သူအဖြစ်၎င်း ပေါ်ထွက်လာပါသည်။

ကွယ်လွန်သူ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရေးသား၍ "၁၉၅၀" ခုနှစ်က ပထမဆုံးအကြိမ်
ပုံနှိပ်ထုတ်ဝေခဲ့သည့် "မြန်မာနိုင်ငံတော်သမိုင်း" စာအုပ်တွင် မြန်မာ့ရှေးဟောင်းသမိုင်းပညာရှင်ကြီး ပါမောက္ခ
"ဂျီအိပ်ခ်ျလုစ်" က ဗမာမဟုတ်သော နိုင်ငံသားများအပေါ် ကွယ်လွန်သူ အောင်ဆန်း ထားရှိသော
သဘောထားများကို ကျနော် များစွာလေးစားမိပါ၏။ မြန်မာနိုင်ငံ စည်းလုံးရေးကို "ဓား"ဖြင့်မဟုတ်ဘဲ
နိုင်ငံ့ခေါင်းဆောင်ပီသစွာ လေးလေးနက်နက် အဓိပ္ပာယ်ရှိရှိ ကြိုးပမ်းရာတွင် "ကျန်စစ်သား" လွန်သည်မှစ၍
အောင်ဆန်းသည် ပထမဆုံးသော ဗမာ ဖြစ်သည်ဟု ကျနော် ယူဆပါသည်ဟု ၎င်း၏ အမှာစာတွင်
မှတ်တမ်းတင်ထားသည်။
ဒေါ်စုသည် ဖခင်လုပ်သူ၏ ခြေရာအတိုင်း လိုက်နိုင်မည်ဟု ကျနော် ယုံကြည်၏။ သို့ သော် မြန်မာနိုင်ငံ၌
ဒီမိုကရေစီထွန်းကားရန် ဒေါ်စုတဦးတည်း အနစ်နာခံကြိုးပမ်း၍ ရမည်မဟုတ်၊ လူတိုင်းက မိမိတို့ ၏
ကိုယ်ကျိုးသက်သက်ကိုသာ ကြည့်မနေဘဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအရေးတို့ အတွက်
တတ်နိုင်သ၍ တာဝန်သိသိ ကူညီမှသာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကား၍ စစ်မှန်သော
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရရှိနိုင်မည် ဖြစ်သည်။
စာအုပ်ပါ အသုံးအနှုန်းများကို နေ့ စဉ်သုံး မြန်မာစကားနှင့် အနီးစပ်ဆုံး ဖြစ်စေရန် ရည်ရွယ်ထားသဖြင့်
ဥပမာ"ကျွန်မ" "ကျွန်တော်" ဟူသော စာလုံးပေါင်းကို မသုံးဘဲ "ကျမ""ကျနော်" ဖြင့်အစားထိုး သုံးစွဲထားသည်။
မူရင်း မြန်မာစကားတွင် မိမိကိုယ်မိမိ "ငါ" ဟူ၍ ရည်ညွှန်းသော်လည်း အာဏာရှင်ဘုရင်များခေတ်တွင် ကျွန်
ဟူသော ဝေါဟာရ ခေတ်စားလာခဲ့၍ "ငါ" ဟူသော မူလအသုံးအနှုန်းမှာ ဘုရားစာများတွင်သာ ကျန်နေတော့မည်
ဖြစ်သည်။
စာအုပ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီကြသည့် လန်ဒန်မြို့မှ အရှင်ဥတ္တရ၊ ဦးစိန်ကျော်လှိုင်နှင့်
အခြား မြန်မာပြန်ဆိုကူညီသူများအား အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ မြန်မာပြန်ဆိုရာ၌ တစုံတရာ
ချွတ်ယွင်းမှုရှိမည်ဆိုလျှင် ကျနော့်တွင်သာ တာဝန်ရှိပါသည်။
ဒေါက်တာအောင်ခင်
လန်ဒန်
"၇- ၉- ၉၃"

0 comments: