Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Wednesday, November 12, 2008

ကိုဇော်ဝင်းထွဋ်ဖျော်ဖြေမဲ့ဂျပန်ကနာဂစ်ရံပုံငွေပွဲ နှင့် ဆန္ဒပြလိုသူရဲဘော်များ

ပထမဆုံး ဒီပွဲ အကြောင်းနဲနဲပြောချင်ပါတယ်။ ဆိုမှာက ကိုဇော်ဝင်းထွဋ်၊ အယ်လ်ဆိုင်းဇီ(ကချင်တိုင်းရင်းသူလေး)၊ နဲ့ 
ဆုန်သင်းပါရ် (ချင်းတိုင်းရင်းသူလေး)၊ စီစဉ်သူတွေကဂျပန်က စတာရာတီးဝိုင်းအဖွဲ့ သားတွေ မြန်မာဂျပန် မိသားစုများ
အသိုင်းအဝိုင်းဆိုတဲ့ အစုအဖွဲ့ လေးနဲ့ ဂျပန်ကမြန်မာနိုင်ငံသားတချို့ ဖြစ်တယ်လို့ သိရပါတယ်။
ရည်ရွယ်ချက်က မုန်တိုင်းသင့် ဖျာပုံမြို့  မင်္ဂလာသောင်တန်းရွာက ကလေးများအတွက်တဲ့၊


ကျွန်တော်ကရိုးရိုးလေးစဉ်းစားလိုက်တယ်။ ဂျပန်ရောက်မြန်မာမိသားစုတွေက မြန်မာပြည်ကနာဂစ်ဘေးသင့် ကလေးတွေ
ကို အကူအညီပေးဖို့ ရန်ပုံငွေရှာတယ်၊ အဆိုတော်တွေကလာပြီးကူညီသီဆိုတယ်။ရိုးရိုးလေးပါ။


ရိုးရိုးလေးထဲမှာရှုတ်လာတာကတော့ အသံတွေကြားနေရတယ်ဘာသံတွေလဲ(ကိုကျော်ဟိန်းသီချင်းစာသားလေးနော်)
(၁)ကိုဇော်ဝင်းထွဋ်ဟာတေဇ(ကိုတေဇ) နဲ့ သူငယ်ချင်းဖြစ်ကြောင်း
(၂)ကိုဇော်ဝင်းထွဋ်ဟာ ကိုတေဇနဲ့ ပေါင်းပြီးစီးပွားရေးလုပ်နေကြောင်း
(၃)ကိုတေဇ ဂျပန်ကိုရောက်နေကြောင်း

ဒီ ကြောင်းသုံးကြောင်းကြောင့်ဆန္ဒပြကြမယ်ဆိုပြီး တချို့ နိုင်ငံရေးလုပ်နေသူတွေကဆော်သြနေတာတွေကြားနေရပါတယ်။
ဒီအသံကိုစကြားရတာက ကျွန်တော့်မိတ်ဆွေ တိုကျိုစတား စားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မြင့်က လာပြီးအားပေးပါဦးလို့ 
ဖုန်းဆက်လို့ ဒီပွဲအကြောင်းသိရတာပါ။ကျွန်တော်တို့ သမဂ္ဂအစည်းအဝေးနဲ့ ရက်ရော အချိန်ရောတိုက်နေလို့ အားပေးချင်ပေမဲ့
မလာနိုင်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ဂျပန်ကနိုင်ငံရေးလုပ်နေသူတွေအားလုံးထမင်းစားဖို့  နိုင်ငံရေးလုပ်ဖို့ ငွေရအောင်
သီးသန့် အလုပ်တွေလုပ်ကြရတာဆိုတော့ ကိုအောင်မြင့်ဖုန်းဆက်ချိန်မှာ ကျွန်တော်ကအလုပ်ထဲမှာလေ ဒီပွဲအကြောင်းအလုပ်ထဲ
ကသူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေပြောကြတော့ စောစောက ကြောင်းသုံးကြောင်းကိုကြားရတော့တာပါဘဲ။အလုပ်
ထဲမှာလဲနိုင်ငံရေးအကြောင်းအမြဲပြောနေကြတာဆို တော့ကျွန်တော်တို့ ရဲ့အမြင်တွေဖလှယ်ကြပြီးကျွန်တော်တို့ ကတော့ဆန္ဒမပြ
သင့်ဘူးလို့ အားလုံးသဘောတူညီခဲ့ကြတယ်လေ။

ကိုဇော်ဝင်းထွဋ်ဟာ တီတီစီကျောင်းထွက်ကျွန်တော့်အကိုနဲ့ ကျောင်းနေဖက်ဆိုတော့ ကိုတေဇဟာလည်းတီတီစီ
ထွက်များဖြစ်နေမလားဘဲ ကျွန်တော့်အကိုအသက်က ၄၆ ဆိုတော့ ကိုဇော်ဝင်းထွဋ်လဲဒီလောက်ပဲရှိဦးမယ်ထင်ပါတယ်။
ကျွန်တော်လဲတီတီစီထွက်ပါဘဲ။တီတီစီ ကျောင်းကကျောင်းသားတွေကို အကြမ်းအားဖြင့်သုံးမျိုးခွဲလို့ ရပါတယ်။အာဏာပိုင်
အဖွဲ့ အစည်းတွေက အကောင်ကြီးတွေရဲ့သားသမီးတွေ၊ ပညာရေးဌာနနဲ့ အရပ်ဖက်ဌာနတွေကလူကြီးသားသမီးတွေ၊
နဲ့  ငွေကြေးချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ သားသမီးတွေ ဒီလိုကလေးတွေဘဲများပါတယ်။ ကျွန်တော်ကတော့
ရှေ့နေသားပါ။ဒီကျောင်းထွက်ဖြစ်တဲ့ကိုဇော်ဝင်းထွဋ်မှာကိုတေဇဆိုတဲ့ငယ်သူငယ်ချင်းတယောက်ရှိမယ်ဆိုရင်ထူးဆန်း
တယ်လို့ မဆိုနိုင်ပါဘူး။ကျွန်တော့်မှာလည်းအဲ့ဒီတုံးကသူငယ်ချင်းတွေထဲမှာဒီအက်အေကို ရိုးနံပါတ် ၁၊ ၂၊ ၃၊ နဲ့ ဝင်သွားတဲ့
သူငယ်ချင်း ၃ယောက်ရှိခဲ့ပါတယ် ၁ က ပညာရေးဝန်ကြီးဌာနကညွန်ကြားမှူးရဲ့သား၊ ၂ က မဆလ စွမ်းအင်ဝန်ကြီး
ဦစိန်ထွန်းရဲ့သား ၃ က တနသာင်္ရီတိုင်းရေတပ်တိုင်းမှုးရဲ့သားပါ။ နောက်ထပ်ထပ်ရေးရင်အများကြီးပေါ့။
ဒီသူငယ်ချင်းတွေနဲ့ နောင်တချိန်ပြန်တွေ့ ကြရင် ဘယ်လိုပုံစံမျိုးနဲ့ တွေ့ ဖြစ်ကြမလဲမသိဘူး။ ကျွန်တော့်အခုအချုပ်အနေနဲ့ 
ပြောချင်တာငယ်ငယ်တုံးကသူငယ်ချင်းတွေဖြစ်ခဲ့တာအပြစ်မဟုတ်ပါဘူး ကြီးလာတော့ကိုယ်သန်တဲ့လိုင်း ကိုယ်လိုက်ကြတာဘဲ။
စောစောက ကိုတေဇဆိုပြီး ကိုတပ်ခေါ်တာက ကိုယ့်ထက်အသက်ကြီးတဲ့လူဆိုပြီးယဉ်ကျေးမှုအရသုံးတာပါ သူ့ ကိုကျွန်တော်
မသိပါဘူး။ စစ်တပ်အာဘော်ဗမာသတင်းစာတွေမှာ ဗိုလ်ချုပ်မြကို ဗိုလ်မြခေါ်လိုက် ငမြခေါ်လိုက် ဗိုလ်ချုပ်မြခေါ်လိုက် ဖထီး
ခေါ်လိုက် လိုရင်တမျိုး မလိုရင်တမျိုးခေါ်လေ့ရှိတာကို လူတိုင်းသိမယ်ထင်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီသမားတွေ က
အမှန်ဘက်ကရပ်တည်မယ်ဆိုတဲ့စိတ်ဓါတ်နဲ့ လှုပ်ရှားနေကြတာပါ။ သူတို့ လို လိုတမျိုးမလိုတမျိုးကျွန်တော်တို့ လုပ်ရင် ကျွန်
တော်တို့ လဲ ကျွန်တော်တို့ တိုက်နေတဲ့ စစ်အာဏာရှင်တွေနဲ့ တတန်းတစားထဲဖြစ်သွားမှာပါ ဒါကို အမြဲသတိရှိဖို့ လိုပါတယ်။

ကိုဇော်ဝင်းထွဋ်ကကိုတေဇနဲ့ စီးပွားရေးပေါင်းပြီးလုပ်နေတယ်ဆိုတော့ မြန်မာပြည်တွင်းကစီးရေးလုပ်ငန်းလုပ်နေသူတွေ
ဟာ နအဖ နဲ့ ကင်းလို့ မရဘူးဆိုတာလူတိုင်းသိကြပါတယ်။ ဒါဆိုရင်ကိုဇော်ဝင်းထွဋ်ဟာ နအဖနဲ့ ပေါင်းပြီးကိုယ်ကျိုးရှာနေသလား
ဆိုတဲ့မေးခွန်းနဲ့  သူစီးပွားရှာလို့ ရတဲ့ အကျိုးအမြတ်တွေကိုဘာလုပ်နေသလဲဆိုတဲ့မေးခွန်းမေးပြီး သူ့ ဘယ်သူလဲ ဘာလဲဆိုတာကို
ဆုံးဖြတ်ကြရမှာပေါ့။ ဂျပန်က သတင်းစုံသိတဲ့မိတ်ဆွေတွေဆီတယ်လီဖုန်းနဲ့ ရော လူတွေ့ ပြီးတော့ရောမေးကြည့်တယ် ခုနကမေးခွန်း
နှစ်ခုကိုလေ ဘယ်သူမှ ဘာမှမသိကြဘူး။ တခုတော့အစထွက်လာတယ် နယ်စပ်ကလှမ်းပြောတာတဲ့ မင်းတို့ ဇော်ဝင်းထွဋ်ကို
ဆန္ဒမပြဘူးလားဆိုပြီး၊နယ်စပ်ကလူတွေကတော့အကုန်သိတယ်လို့ ပြောပါတယ်။ ကိုဇော်ဝင်းထွဋ်ကိစ္စက အခုနယ်စပ်မှာလမ်း
ဆုံးနေတယ်။နယ်စပ်ကကိစ္စကို အောက်မှနောက်ထပ်နဲနဲထပ်ရေးပါဦးမယ် အခုကိစ္စနဲ့ တိုက်ရိုက်မဆိုင်လို့ ပါ။
ပြည်တွင်းစီးပွားရေးသမားတွေထဲမှာတဖက်မှာ နအဖနဲ့ ပေါင်းပြီးစီးပွားရေးလုပ်နေပြီး တဖက်မှာ တိတ်တိတ်ပုံး အတိုက်
အခံပါတီတွေ အထူးသဖြင့် ပြည်တွင်းအန်အယ်ဒီပါတီကို ဘက်ပေါင်းစုံကထောက်ပံ့နေတဲ့သူတွေတပုံတပင်ကြီးရှိပါတယ်။
တာတွေကိုပြည်တွင်းမှာထဲထဲဝင်ဝင်လုပ်ပြီးမှပြည်ပရောက်လာတဲ့လူတိုင်းသိပါတယ်။ ဒီထောက်ပံ့ရေးလမ်းကြောင်းမရှိခဲ့ရင်
ပြည်တွင်းအန်အယ်ဒီရောဘယ်အတိုက်အခံမှ မရပ်တည်နိုင်ပါဘူး။
ဒီနေရာမှာကိုဇော်ဝင်းထွဋ်ကို အတိုက်အခံတွေကိုတိတ်တိတ်ပုံးထောက်ခံနေသူလို့ ပြောနေတာမဟုတ်ပါဘူး ပြည်တွင်းအကြောင်း
တစေ့တစောင်းပြောတာပါ အခုလို မရှင်းရင် ကိုဇော်ဝင်းထွဋ်အပြန်မှာလေဆိပ်ရောက်တာနဲ့ ဆွဲစိခံနေရဦးမယ်။ဂျပန်လိုစစ်အာဏာ
ရှင်စနစ်ကိုတက်တက်ကြွကြွဆန့် ကျင်နေတဲ့နိုင်ငံကိုလာပြီးသီချင်းဆိုပေးနေတဲ့အဆိုတော်တွေကို ကျွန်တော်တို့ ကကျေးဇူးတောင်
တင်ရဦးမှာပါ။ကျွန်တော်ပြောချင်တာက ကိုဇော်ဝင်းထွဋ် ဟာ ကိုတေဇနဲ့ ပေါင်းပြီးစီးပွားရေးလုပ်နေတယ်ဆိုတာတောင် နယ်စပ်
ကပြောတာပါလို့ ပြောနေတာလေ၊ ဒါဆိုရင်ဂျပန်ကလူတွေ ကိုဇော်ဝင်းထွဋ်နဲ့  ကိုတေဇနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာကို
ကိုယ်တိုင်ဘာမှမသိဘူးလို့ ကောက်ချက်ဆွဲရတော့မှာပါ။သိတဲ့သူတွေရှိရင် ပြောကြပါ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပေါ့နော်။
ဒီနေရာမှာ ဖြတ်ပြောချင်တာတခုရှိပါတယ် ကျွန်တော်ဒီ peaceful burma blog လုပ်ဖြစ်သွားတဲ့အကြောင်းလေးပါ။ ကျွန်တော်က
fwubc မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်ဂျပန်နိုင်ငံရဲ့အလုပ်အမှုဆောင်တစ်ဦးပါ။ဂျပန်မှာ နအဖ ဖွဲ့ စည်းပုံကို
ကန့် ကွက်ဖို့ campaign တွေလုပ်ကြတော့ ကျွန်တော်တို့ သမဂ္ဂကိုဘက်ပေါင်းစုံကပန့် ပိုးနေတဲ့ JAM လို့ အတိုကောက်ခေါ်တဲ့
ဂျပန်စက်ရုံနဲ့ သံမဏိလုပ်ငန်းအလုပ်သမားများသမဂ္ဂ က ဂျပန်အရာရှိတွေနဲ့ ဆွေးနွေးတဲ့အခါမှာ နအဖ ဖွဲ့ စည်းပုံကို
ကျွန်တော်တို့ နဲ့ အတူဝိုင်းဝန်းကန့် ကွက်ကြဖို့  ဆော်အော်တဲ့အခါမှာ အဲ့ဒီအရာရှိတွေထဲက တယောက်ကဘာပြောလဲဆိုတော့
ဒီဖွဲ့ စည်းပုံ မကောင်းကြောင်းအချက်အလက်နဲ့ ပြောပြ ပါ ဒေတာပေးပါ ဒီဖွဲ့ စည်းပုံကဘာတွေမကောင်းတာလဲဆိုတာကိုသိမှ
တို့ တတွေက အတူပူးပေါင်းပြီးကန့် ကွက်နိုင်မှာပေါ့ ဘာမှမသိဘဲနဲ့ ဘယ်လိုလုပ်ပြီးကန့် ကွက်မှာလဲ လို ပြောခဲ့လို့ ရှင်းပြခဲ့
ရပါတယ်။အဲ့ဒီအချိန်ကစပြီးဒီဘလောက်ကိုစလုပ်ဖြစ်သွားတာပါ။ဂျပန်က ဂျပန်လူမျိုးတွေကြားထဲမှာမြန်မာပြည်အကြောင်း
အဖြစ်မှန်တွေသိရအောင် အင်ဖော်မေးရှင်းပေးရအောင်လုပ်ခဲ့တာပါ။
ဘလောက်အကြောင်းပြောရတာက ကိုယ်ပြောချင်တာကို ကိုယ်ကိုယ်တိုင်သေသေချာချာသိပြီးတခြားသူတွေကိုလဲအထောက်
အထားနဲ့ တင်ပြဖို့ လို တယ်ဆိုတာကိုဆိုလိုချင်တာပါ။ သူများပြောသံကြားနဲ့ ကိုယ်ကိုယ်တိုင်သေသေချာချာမသိဘဲနဲ့ ရမ်းမစွတ်
စွဲသင့်ဘူးလို့ ပြောချင်တာပါ။ သိတယ်ရှိတယ်ဆို ရင် သေသေချာချာတင်ပြစေချင်ပါတယ်။
ကိုဇော်ဝင်းထွဋ်အကြောင်းသေသေချာချာမသိဘဲနဲ့  ကိုတေဇနဲ့ စီးပွားရေးအတူလုပ်နေတယ်
ဆိုပြီးနယ်စပ်ကလှမ်းပြောတာတခုထဲနဲ့ ကိုဇော်ဝင်းထွဋ်ကို နအဖလူလို့ ကျွန်တော်တို့ သတ်မှတ်လို့ မရပါဘူး။အခုလို တကူးတက
ရေးနေရတာ က ကိုဇော်ဝင်းထွဋ် ဘက်ကရှေ့ နေလိုက်ဖို့ အတွက်မဟုတ်ပါဘူး ၊ နောက်ထပ်ဇော်ဝင်းထွဋ်ပေါင်းမြောက်မြားစွာကို
အလားတူစွဲချက်တွေထုတ်ပြီး နအဖ ဘက် တကယ်ရောက်သွားအောင် တွန်းပို့ မိတာမျိုး ဖြစ်လာနိုင်စရာအလားအလာတွေ ရှိ
နေတယ်ဆို တာကိုစဉ်းစားမိ လို့ ပါ။



အပေါ်ကအချက်နှစ်ချက်နဲ့ ဘဲ ကိုတေဇဂျပန်ကိုတကယ်ရောက်နေတယ်ဆိုရင်တောင်မှ ဒါဟာ သိပ်အရေးမပါတော့ဘူးလို့ 
ထင်ပါတယ်။ဒါပေမဲ့ ကိုတေဇအကြောင်းမဟုတ်ပဲနဲ့ ကိုတေဇလို သနားစရာ မြန်မာပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်
အကြောင်းကိုကျွန်တော့်သူငယ်ချင်းက ပြောပြတာကို ပြန်ပြီးနဲနဲလောက်ဖောက်သယ်ချချင်ပါတယ်။သူငယ်ချင်းပြောပြတာက
သူသိတဲ့လုပ်ငန်းရှင်ကြီးတဦးဟာပထမ သူ့ ဘာသာကိုယ်ပိုင်လုပ်ငန်းတခုလုပ်ပြီးအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်လာပါတယ်တဲ့
သူ့ ရဲ့ကြိုးစားမှုကိုသတိထားမိတဲ့ နအဖနဲ့ ချိတ်ဆက်ထားတဲ့ငွေရှင်ကြီးတွေကသူကို တော်ကောက်ပြီးသူ့ နာမယ်ခံခိုင်းပြီး
စီးပွားရေးအမျိုးမျိုးလုပ်ခိုင်းပြီးကောင်းကောင်းလဲပန့် ပိုးပေးတယ် ဆိုပါတယ်။ အခုဆိုရင်ကျိကျိတက်အောင်ချမ်းသာပေမဲ့ 
အနဖ စက်ဝိုင်းထဲကထွက်လို့ မရတော့ပါဘူးတဲ့ သူတို့ အကြောင်းတွေဖော်မှာစိုး လို့  ငွေထုတ်ပိုက်ပြီးတိုင်းပြည်အပြင်ဖက်ထွက်
ပြေးမှာစိုးလို့ မိသားစုတစုလုံးနိုင်ငံခြားကိုထွက်ခွင့်မပေးပါဘူးတဲ့ ယုတ်စွအစဆုံးတရုတ်ပြည်ထဲကုန်းလမ်းကသွားတာတောင်
ယောက်ကျားသွားရင် မိန်းမနဲ့ ကလေးတွေကိုရန်ကုန်မှာချန်ထားခဲ့ရတယ်လို့ ဆိုပါတယ် ။ ငွေပုံပေါ်ထိုင်နေပြီးအမြဲတန်းသူတို့ ရဲ့
မျက်နှာတွေဟာတခုခုကိုစိုးရိမ်တဲ့မျက်နှာတွေအမြဲပဲထွက်နေတယ်လို့ ဆိုပါတယ်။ ကိုတေဇရောအခု ဒီလို မျိုးဖြစ်နေပြီလား
ဘယ်တော့ဖြစ်လာမှာလဲဆို တာကို အပူရုပ်ဟန်လုပ်နေနေရတာလား ခင်ဗျားတို့ စဉ်းစားကြည့်ကြပေါ့ဗျာ။လူနာမယ်တွေကို
ထည့်မရေးတာကိုနားလည်ကြမယ်လို့ ထင်ပါတယ်။




နယ်စပ်ကသတင်းတပုဒ်
အပေါ်မှာနယ်စပ်အကြောင်းရေးမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်တို့ ဂျပန်ကနေ ထူးထူးချွန်ချွန်
မဲဆောက်မှာသွားပြီးနယ်စပ်ကကလေးတွေကို ကွန်ပျူတာ၊ အင်္ဂလိပ်စာနဲ့ တခြားဘာသာရပ်တွေကိုကျောင်းဖွင့်ပြီးသွားသင်ပေး
နေတဲ့အဖွဲ့ တခုရှိပါတယ် အဖွဲ့ နာမယ်က Human Resource Developement Programme(HRDP) လို့ ခေါ်ပါတယ်။
အဲ့ဒီအဖွဲ့ ရဲ့ မဲဆောက်ကျောင်းတာဝန်ခံဒါရိုက်တာ ရဲ့နာမယ်က ကိုစည်သူလို့ ခေါ်ပါတယ်။ ကိုစည်သူကို ကျွန်တော်စသိခဲ့တာက
အခုမိုးသောက်ကြယ်စာကြည့်တိုက်အမှုဆောင် နဲ့ ဖန်မီးအိမ်ဖောင်ဒေးရှင်းဂျပန်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ကိုမောင်မောင်အေးအိမ်မှာပါ။
၂၀၀၂-၂၀၀၃ ခုနှစ်လောက်ကပါ။စည်သူဆိုရင် ဂျပန်ကဝါရင့်ဗမာနိုင်ငံရေးသမားတိုင်းသိပါတယ်။ အဲ့ဒီကိုမောင်မောင်အေးအိမ်မှာဘဲ
ကျွန်တော့်တို့ ရဲ့မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် ကိုမျိုးသနု့် နဲ့ တွေခဲ့တာပါ ။ အဲ့ဒီအိမ်မှာဘဲ 8888 Documentation net work ဆိုတဲ့
ဝက်ဆိုက်ကိုစခဲ့ကြတာပါ ကိုမျိုးသန့် ကခေါင်းဆောင်ကျွန်တော်နဲ့  ကိုစည်သူက ဝိုင်းကူပေး အကြံဥာဏ်ပေးခဲ့ကြတာပါ။မှတ်မှတ်ရရ
ပြောရရင် အဲ့ဒီဝက်ဆိုက်ပေါ်က ဒေါမာန်ဟုန် ပီဒီအက်ဖ် ဖိုင်ဟာကိုစည်သူကိုယ်တိုင် စကင်ဖတ်ပြီးတင်ခဲ့တာပါ
ကိုစည်သူ ဟာကျွန်တော်တို့ ဂျပန်က အန်အယ်ဒီအယ်လေဂျပန်ရဲ့အဖွဲ့ 
ဝင်ဟောင်းတယောက်ပါ ဂျပန်ကတခြားအင်အားကြီးနိုင်ငံရေးအဖွဲ့ အစည်းတခုဖြစ်တဲ့ ဘီဒီအေ အဖွဲ့ ကိုစပြီးဖွဲ့ တဲ့အချိန်မှာ
ကိုမောင်မောင်အေးရော ကိုစည်သူရော ကိုမျိုးသန့်  ပါ founding member တွေပါ ။ founding member ၁၂ ယောက်ပါ။
၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးမှာဒီအဖွဲ့ ကိုစဖွဲ့ ခဲ့တယ်လို့ ထင်ပါတယ်။အဲ့ဒီတုံးကကျွန်တော်ကဖွဲ့ ဖွဲ့ ခြင်းစဝင်တဲ့အဖွဲဝင်ဖြစ်ခဲ့
ပါတယ် founding member တွေအတွက် နံပါတ်စဉ်ကိုအရင်ပေးတဲ့အတွက် ကျွန်တော့်ရဲ့အဖွဲဝင်နံပါတ်က ၁၃ ဖြစ်သွားပါတယ်။
နောက်ပိုင်း fwubc အဖွဲ့  ဥက္ကဌ ဦးတင်ဝင်းက ကျွန်တော့်ကို ကိုမောင်မောင်အေးကနေတဆင့် fwubc အဖွဲ့ ကိုလာရောက်လေ့
လာစေလိုကြောင်း စိတ်ဝင်စားပါက ဝိုင်းဝန်းအကူအညီပေးပါလို့ ပြောလို့ ဦးတင်ဝင်းကိုလဲ နဂိုကထဲကလေးစားပြီးသားဖြစ်လို့ သွား
လေ့လာပြီး ကိုယ်ကိုယ်တိုင်လဲဂျပန်စကားအထိုက်အလျောက်တတ်ပြီးအလုပ်သမားသမဂ္ဂမှာအမှုတိုင်တဲ့လူနဲ့ ဂျပန်ဘာသာပြန်တဲ့လူ
အင်အားမမျှဖြစ်နေတာရယ် အဖွဲ့ အနေနဲ့ လဲ ဂျပန်ရောက်မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားရေးရာပြဿနာတွေကို JAM အဖွဲ့ 
အကူအညီနဲ့ တကယ်ကို ထဲထဲဝင်ဝင်ကိုင်တွယ်ဖြေရှင်းပေးနေတာကိုတွေ့ လိုက်ရလို့  fwubc အဖွဲ့ ထဲကိုခြေစုံပစ်ပြီးဝင်ခဲ့တာအခုအထိ
ပါဘဲ။ နောက်ပိုင်း ဘီဒီအေ အဖွဲ့ ဟာအဖွဲ့ ဝင်အင်အားတောင့်တင်းလာပြီးနောက် ကိုမျိုးသန့်  ကိုစည်သူ ကိုမောင်မောင်အေးတို့ လဲ
နောက်ပိုင်းမှာကိုယ်ပိုင် သီးခြားအစီအစဉ်နဲ့ လူခွဲလုပ်ကြဖို့ အသီးသီးထွက်လာခဲ့ကြတာခုဆိုရင် မိုးသောက်ကြယ်၊ HRDP ၊
8888 BURMA DOCUMENTATION NET WORK ၊ ဆိုပြီးဒီမိုကရေစီအရေးလုပ်နေတဲ့တောင့်တင်းခိုင်မာတဲ့အဖွဲ့ တွေပေါ်ထွက်လာ
တာပါဘဲံ။ဒါက ကိုစည်သူဘယ်သူလဲ ကိုစည်သူနဲ့ ကျွန်တော်ဘယ်လိုပတ်သက်သလဲဆိုတာသိအောင်ရေးရတာပါ ။
ကိုစည်သူတို့ အဖွဲ့ နယ်စပ်မှာကျောင်းသွားဖွင့်ပြီး ပြီးခဲ့တဲ့လေးငါးခြောက်လလောက်မှာနယ်စပ်ကနေစည်သူဆိုတာနအဖလူ
ဆိုပြီးစွတ်စွဲသံတွေဆူဆူညံညံနဲ့ နက်ပေါ်မှာတက်လာပါတယ်။ ဒေါက်တာလွန်းဆွေဘလောက်ကစီဘောက်မှာအဆိုးဆုံးလို့  ကြားမိ
ပါတယ်။ကျွန်တော်ကကိုစည်သူအကြောင်းကောင်းကောင်းသိနေတော့ သိပ်ပြီးဂရုမစိုက်ပါဘူး ကိုယ့်လူက နအဖ လူမဟုတ်ဘူးဆိုတာ
ကို သိနေတာကိုး ၊ ဒါပေမဲ့စီဘောက်ကိုအဆင့်ကျော်လာပြီး အာဟာရစာပေအင်အားစု အာဟာရစာစောင်ရဲ့ဦးဆောင်အယ်ဒီတာလဲဖြစ်
ကျွန်တော်တို့  fwubc ရဲ့ ဒုတိယဥက္ကလည်းဖြစ်တဲ့ကိုသက်လင်းကိုဖုန်းဆက်ပြီးတိုင်တောတာတွေ လုပ်လာပါတယ်ကိုစည်သူ
ဘယ်သူလဲဆိုတာကိုမေးတာမဟုတ်ပါဘူး။
နယ်စပ်ကလူတွေအနေနဲ့ လဲ ဒီအဖွဲ့ ဟာဂျပန်ကအဖွဲ့ ဆိုတာကိုသိရင် မသင်ကာဘူးဆိုရင် ဂျပန်ကလူတွေကိုမေး
ပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။ အခုတော့ ကိုသက်လင်းကိုလှမ်းပြီးမေးတာမဟုတ်ဘဲ တိုင်တာဖြစ်နေတာကို ဝမ်းနဲ
စွာနဲ့ ဘဲ ကြားခဲ့ရပါတယ်။ ကိုစည်သူနဲ့ ပတ်သက်ပြီးကျွန်တော်ဝင်ဖြေရှင်းပေးခဲ့တာ ၃ကြိမ် ရှိပါတယ်။ပထမ တကြိမ်တုံးက
အေဘီ က ကိုသံခဲလာတုံးက စည်သူ ဆိုတာဘယ်သူလဲဆို ပြီးကိုသက်လင်းကိုမေးလို့  ကိုသက်လင်းက လူကိုခင်ပေမဲ့
ဘာတွေလုပ်နေသလဲဆိုတာမသိလို့  ကျွန်တော့်ကို မေးလာလို့ ရှင်းပြခဲ့ရပါတယ်။ နောက်ထပ်ကိုသံခဲဆီက ဘာမှ ထပ်ပြော
လာတာမကြားရပါဘူး။ အခုတခါ ကိုသက်လင်းဆီကို တိုင်တန်းလာသူဟာနယ်စပ်မှာရဲရဲတောက်ပုဂ္ဂိုလ်တစ်ဦးလို့ လူတိုင်းက
လေးစားနေတဲ့သူတစ်ဦးဖြစ်လို့  ကျွန်တော် ဒီအတိုင်းမနေနိုင်တော့ပါဘူး နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့ အစည်းတွေ များလို့ 
တကယ်လို့ ပါးစပ်နဲ့ မဖြေရှင်းကြဘဲနဲ့ လက်နက်နဲ့ ဖြေရှင်းမယ်ဆို ရင် ကိုစည်သူလို လူတယောက်ရေတိမ်နစ်နိုင်ပါတယ်။
ဒါနဲ့  ကိုစည်သူတို့ အဖွဲကအဓိကခေါင်းဆောင်တယောက်ဟာကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်လဲဖြစ်လို့ သူ့ ကိုမေးရပါတယ်
ဒေါက်တာလွန်းဆွေစီဘောက်ထဲမှာ ရေးနေတာတွေကို ကျွန်တော်ဂရုမစိုက်ပေမဲ့ အခုကိုသက်လင်းဆီကို ဖုန်းဆက်လာတဲ့သူ
ဟာ နယ်စပ်မှာလူတွေလေးစားတဲ့လူဖြစ်နေလို့  ဘာတွေဖြစ်နေတာလဲ တခုခုတော့လွဲနေပြီလို့  ပြောဆိုမေးမြန်းခဲ့တဲ့အခါ မလို
အပ်ဖဲ နယ်စပ်ကနိုင်ငံရေးအင်အားစုတွေက အထင်လွဲမယ်ဆိုရင်လွဲလောက်တယ်ဆိုတဲ့အချက်တွေကိုတွေ့ ခဲ့ရပါတယ်။
ကျွန်တော်တို့ နိုင်ငံရေးသမားတွေရှေ့လောကြီးတဲ့ကိစ္စကလေးတွေပါ ပညာရှိသတိဖြစ်ခဲဆိုသလို ဒါမျိုးအလားတူ
ထပ်မဖြစ်ရအောင် သင်ခန်းစာယူသင့်တယ်လို့ ထင်ပါတယ်။
-ကိုစည်သူတို့ အဖွဲ့ နယ်စပ်ကိုသွားပြီးကျောင်းသွားဖွင့်တဲ့အခါ မဲဆောက်ကအခြေတကျရှိနေတဲ့အဖွဲ့ အစည်းတွေကို
ဖိတ်ပြီးဒီကျောင်းရဲ့ ရည်ရွယ်ချက် နဲ့ ဘယ်သူတွေကဘယ်လို ပန့် ပိုးနေသလဲဆိုတာကို မရှင်းပြခဲ့ပါဘူး။
-ဒီကျောင်းဖွင့်ပြီးတဲ့နောက်မှာမဲဆောက်ကတချို့ NGO အကူအညီနဲ့ ဖွင့်ထားတဲ့ကျောင်းတချို့ ကို NGO ကအကူအညီပေးတာတွေ
ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ကိုစည်သူတို့ အဖွဲ့ ဟာ ဘယ် NGO ဆီကမှ အကူအညီ မယူဘဲလုပ်ခဲ့တာဆိုတော့နယ်စပ်က
အဖွဲ့ အစည်းတွေအနေနဲ့  စဉ်းစားစရာဖြစ်လာတာက ဒီကောင်တွေဘယ်ကငွေနဲ့  ဒီလောက်ကြီးတဲ့ကျောင်းကိုလာဖွင့်တာလဲ
ဘာဖြစ်လို့ ဗီဇာရတာလဲ ဆိုတဲ့လဲပေါင်းများစွာနဲ့ သံသရဝင်စရာဖြစ်ခဲ့တော့တာပါပဲ ဒီကြားထဲမှာငွေရေးကြေးရေးအကြပ်အတည်း
အမျိုးမျိုးကြားထဲကနေ ရုံးကန်နေရတာဆိုတော့ ဝင်ငွေနဲနဲရလဲမနဲဘူးဆိုပြီးတော့ refugee အနေနဲ့  အမေရိကားကိုသွားမဲ့
မဲဆောက်က မြန်မာနိုင်ငံရေးလှုပ်ရှားသူတစ်ဦးထောင်ထားတဲ့မိတ္တူကူးလုပ်ငန်းကိုဝယ်ယူလိုက်တဲ့အခါမှာ သံသရတွေ ပိုပြီးကြီးကုန်ကြတော့တာပါပဲ။
(သူတို့ ရဲ့ကျောင်းကို မဲဆောက်မှာရုံးခွဲဖွင့်ထားပြီး အမေရိကားမှာအခြေဆိုက်တဲ့ မြန်မာဒီမိုကရေစီအရေးဦးဆောင်အဖွဲ့ အစည်း
ကြီးတစ်ခုကလည်း သူတို့ နာမယ်နဲ့ ဖွင့်ပါ ငွေကြေးလိုအပ်တာထောက်ပံ့ပါမယ်လို့ ကမ်းလှမ်းလာကြောင်းလဲသိခဲ့ရပါတယ်။
ဒါပေမဲ့ကိုစည်သူတို့ အဖွဲ့ ဝင်တွေ အစည်းအဝေးဂျပန်မှာထိုင်ပြီးနယ်စပ်မှာကျောင်းတွေအများကြီးလိုအပ်နေတာကြောင့်
ကိုယ့်ဘာသာကိုယ်ကျောင်းဖွင့်ပါ မိမိတို့ ကဝိုင်းဝန်းကူညီပါမယ်လို့ စကားပြန်ကြားခဲ့ကြောင်းသိခဲ့ရပါတယ်။)
အဲ့ဒါတွေကိုမေးမြန်းပြီးကိုသက်လင်းကို ပြန်ရှင်းပြခဲ့ရပါတယ်။ဒါပေမဲ့ အသံတွေတိတ်မသွားခဲ့တဲ့အပြင် ဂျပန်က
ကိုစည်သူနဲ့ အရင်က လုပ်ဖော်ကိုင်ဖက်တွေ ကတောင်စည်သူနာတော့မယ်ဆိုတဲ့အသံတွေ သံသရ စိတ်တွေပွားကုန်ကြလို့ 
လိုက်ပြီးရှင်းပြတော့ ဂျပန်မှာတော့ အသံတိတ်သွားပေမဲ့နယ်စပ်မှာတော့ ဆူညံနေဆဲပါပဲ။
-ဂျပန်ကကိုစည်သူတို့ ရဲ့အဖွဲ့ မှာလည်းဘာဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့ က ရိုးရိုးသားသား နဲ့  နယ်စပ်ကကလေးတွေ
အတွက်တတ်နိုင်သလောက်သွားလုပ်နေတာ ကျွန်တော်တို့ ကို မယုံဘူးဆို ရင် ဒီကျောင်းကိုပိတ်လိုက်ရုံပဲရှိတယ်လို့ ဒေါသနဲ့ တုံ့ 
ပြန်လာကြလို့ ၊ ကျွန်တော်က ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ် နိုင်ငံရေးဆွေးနွေးဖော်တစ်ဦးလဲဖြစ်တဲ့ ကိုစည်သူ
တို့ အဖွဲ့ ကလူကို နားချခဲ့ရပါတယ်။ ဘယ်လိုနားချခဲ့ရသလဲဆိုတော့ ခင်ဗျားတို့ ဒီကျောင်းကို ပိတ်လိုက်ရင် ခင်ဗျားတို့ ရှုံးပြီ
ကိုယ့်နိုင်ငံအတွက်ရိုးရိုးသားသားနဲ့ ကိုယ်လုပ်နိုင်တာကိုလုပ်နေတာ ကိုယ့်ရည်မှန်းချက်တွေမဖျက်ပါနဲ့ ၊ပိတ်လိုက်ရင်ကလေးတွေဘဲနစ်နာ
မယ် သည်းညီးခံပြီးဆက်လုပ်ပါလို့ တိုက်တွန်းခဲ့ပြီးအကြံပေးခဲ့ရပါတယ်။ပြီးတော့နယ်စပ်မှာရဟန်းခံပွဲလုပ်တဲ့အခါ
ဧရာဝတီဝက်ဆိုက်နဲ့ ပူးတွဲတာဝန်ယူခဲ့တာရယ်၊ ပြီးတော့ ကေအင်ယူ က ကလေးတချို့ ကျောင်းအိပ်ကျောင်းစားလာနေသွားတာ
တွေကို ကြည့်ရင် ခင်ဗျားတို့ ကို ဧရာဝတီနဲ့  ကေအင်ယူက ယုံကြည်မှုရှိတယ်ဆိုတာကိုပြတာ ဒါကြောင့်ဆက်လုပ်ပါ ကိုစည်သူ
ကိုတော့ သွားတာလာတာဆင်ချင်ပါစေလို့ ဝေဖန်သတိပေးခဲ့ရပါတယ်။
ဒါပေမဲ့ကယ်တင်ရှင်ပေါ်လာပါတယ်။သူကတော့ ဒေါက်တာနိုင်အောင်ရဲ့ ဇနီး ဒေါ်ခင်ဥမ္မာပါ(လေးစားမှုအနေနဲ့ ဒေါ်တပ်
လိုက်တာပါ၊တကယ်တော့အသက်ခြင်းကမတိမ်းမရိမ်းပါ) ပြီးခဲ့တဲ့ ၂ လလောက်ကလို့ ထင်ပါတယ် ဒေါ်ခင်ဥမ္မာဂျပန်ကိုရောက်လာပြီးဂျပန်ကနိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပွဲ တွေ လုပ်ပါတယ်။
တိုက်ဆိုင်သွားတာကဂျပန်မှာ မြန်မာ့အရေးဆောင်ရွက်နေတဲ့
ဂျပန်လူမျိုးအများစုခေါင်းဆောင်ပါဝင်ပြီးမြန်မာခေါင်းဆောင်တွေလဲပါတဲ့ PFB -PEOPLE FORUM OF BURMA အဖွဲ့ ဆိုတာရှိပါတယ်
အဲ့ဒီ PFB အဖွဲ့ မှာ ကျွန်တော်ကလဲအဖွဲ့ ဝင်တစ်ဦးပါ။ကျွန်တော်တို့ fwubc အဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက ဦးဆောင်ကော်မတီဝင်တစ်
ဦးပါ။ဂျပန်မှာ နိုင်ငံရေးအဖွဲ့ အစည်းတွေရဲ့ အစည်းအဝေးတွေကို တနင်္ဂနွေနေ့ မှာလုပ်ကြပါတယ်။ ဒေါ်ခင်ဥမ္မာနဲ့ ဂျပန်ကမြန်မာ့
နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ JAC နဲ့  တွေ့ ဆုံပွဲလုပ်တဲ့နေ့ မှာ PFB ရဲ့ နှစ်ပတ်လည်ညီလာခံကိုကျင်းပခဲ့ပြီးအဲ့ဒီ
ညီလာခံကို ဒေါ်ခင်ဥမ္မာကိုဖိတ်ကြားခဲ့ပါတယ် ။အဲ့ဒီပွဲ မှာ ဦးဆောင်ကော်မတီဝင်အဖြစ် ဘီဒီအေအဖွဲ့ ဥက္ကဌ ဦးသန်းဆွေ ကို
တိုးချဲ့ ရွေးချယ်ခဲ့ပါတယ်။ဦးသန်းဆွေက ဒေါ်ခင်ဥမ္မာရဲ့ရဲရဲတောက်ဆွေးနွေးချက်တွေကို နားထောင်ပြီးအမျိုးသမီးတွေထဲမှာ
အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီးထက်ထက်မြက်မြက်လုပ်နေတာ တွေ့ ရတာအလွန်ဝမ်းသာစရာ ဂုဏ်ယူစရာဘဲလို့ မှတ်ချက်
ချခဲ့ပါတယ်။ကျွန်တော်ကသူ့ မှတ်ချက်ကို စကားတခွန်းဖြည့်ပေးခဲ့ပါတယ် အကိုရေဒေါ်ခင်ဥမ္မာ(အဲ့ဒီတုံးကမခင်ဥမ္မာလို့ ပြောခဲ့တာပါ)
ပြောနေတာတွေက ဟောဒီပါးစပ်ကြီးနဲ့ ပြောနေတာမဟုတ်ဘူး နှလုံးသားထဲက လာတဲ့အသံတွေဒ်ါကြောင့်သူလိုငါလို ပါးစပ်ကြီးနဲ့ 
ပြောနေတဲ့လူတွေနဲ့ ဘယ်တူပါ့ မလဲလို့ ဖြည့်ပေးခဲ့ပါတယ်။
အစည်းအဝေးတုံးက ဒေါ်ခင်ဥမ္မာကစင်ပေါ်က ကျွန်တော်တို့ ကစင်အောက်က ပွဲပြီးတော့လဲ သူ့ နားမှာ လူတွေဝိုင်းဝိုင်းလည်နေလို့ 
အနားတောင်ကပ်လို့ မရပါဘူး။ ပွဲလဲပြီးရောနောက်တပွဲဆက်ဖို့ လာခေါ်သူတွေနောက်ကိုလိုက်သွားရပါတယ်။ မသွားခင်လေးမှာ
PFB ရဲ့နှစ်ပတ်လည်အကျဉ်းချုံးပါတီကလေးတခုလုပ်မှာဖြစ်လို့  တက်နိုင်ရင်တက်ပေးပါလို့  PFB ကဒေါ်ခင်ဥမ္မာကိုဖိတ်ခဲ့ပါတယ်။
သူနဲ့ စကားပြောခွင့်ကြုံချင်တော့ကျွန်တော့်ကို fwubc အဖွဲ့ ဥက္ကဌ ဦးတင်ဝင်းကရော ဘီဒီအေ အဖွဲ့ ဥက္ကဌ ဦးသန်းဆွေကပါဒီပါတီကိုလိုက်ဖို့ ခေါ်လို့ ကျွန်တော်လိုက်သွားခဲ့ပါတယ်။
အဲ့ဒီမှာကျွန်တော်နဲ့  ဘီဒီအေဥက္ကဌဦးသန်းဆွေ တို့ အုပ်စုကဓါတ်လှေကားစောင့်နေရလို့ နောက်ကျသွားလို့ လွတ်တဲ့နေရာ
ဝင်ထိုင်တဲ့အခါကျွန်တော်ရယ် ဦးသန်းဆွေရယ်ဟာ PFB ဥက္ကဌ နာဂအိဆင်းဆေးနဲ့  ဆရာဦးရွှေဘ -တာနာဘေးစံ တို့ ကြားထဲ
ရောက်သွားပါတယ်။ပါတီပွဲပြီးခါနီးမှာ ဒေါ်ခင်ဥမ္မာရောက်လာပါတယ်။နေရာလွတ်ကကျွန်တော်တို့ ရှေ့ (ဝါတာနာဘေးဆင်းဆေး
ရှင်ကန်းဆင်မမီမှာစိုးလို့ စောစောထပြန်သွားလို့ နေရာလွတ်သွားတာပါ)တဲ့တဲ့ဖြစ်နေတော့ ကျွန်တော်လဲဒေါ်ခင်ဥမ္မာကို
ကျွန်တော့်နာမယ်ပြော အဖွဲ့ ကို မိတ်ဆက်ပြီးကိုစည်သူတို့ ကိစ္စကို ရှင်းပြလိုက်ပါတယ်။
(၁) ကိုစည်သူတို့ အဖွဲ ရဲ့ ကျောင်းဖွင့်တဲ့ကုန်ကျစရိတ်ကို ဂျပန်မှာရှိတဲ့အဖွဲ့ ဝင်တွေရဲ့လစာငွေထဲက စုပေါင်းထည့်ဝင်ခြင်းဖြစ်
ကြောင်း ဘယ်အဖွဲ့ အစည်းဆီကမှ ထောက်ပံ့ကြေးယုနေတာမဟုတ်ကြောင်း။
(၂)ကိုစည်သူဟာ ကျွန်တော်တို့ ရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်ကြောင်း သူ ဟာ နအဖလူလို့ သံသရဖြစ်နေကြတာမဟုတ်ကြောင်း
ကျွန်တော့်အနေဖြင့်တာဝန်ယူကြောင်းပြောကြားခဲ့ပါတယ်။
ဒေါ်ခင်ဥမ္မာကကိုသက်လင်းကို လှမ်းဖုန်းဆက်ပြီးတိုင်တဲ့ပုဂ္ဂိုလ်ရဲ့နာမယ်ကို ကျွန်တော်ကပြောလိုက်တဲ့အခါ သူဟာကျွန်မတို့ ရဲ့
အမာခံလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်လို့ မဲဆောက်ကိုပြန်ရင် သေသေချာချာရှင်းပြပေးပါမယ်လို့ ကတိပေးပြီး ကျွန်တော့်ရဲ့
မဲရှိ -Name Card တောင်းလို့ ပေးလိုက်ပါတယ်။ဒေါ်ခင်ဥမ္မာပြန်သွားပြီးဘယ်လိုဖြေရှင်းပေးလိုက်လဲတော့မသိပါဘူး အခုတော့
အသံတွေတိတ်သွားပါပြီ၊ ဒေါ်ခင်ဥမ္မာကို အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
အဲ့ဒီတုံးကကျွန်တော့်မျက်စောင်းထိုးမှာထိုင်နေတဲ့ ဆရာဦးရွှေဘက ကျွန်တော်ကကိုစည်သူ့ အကြောင်းရှင်းပြအပြီးမှာ
လက်ညိုးနဲ့  လက်မဝိုင်းပြပြီး(ဂျပန်လူမျိုးတို့ ရဲ့ good ဆိုတဲ့ အမှတ်အသားပါ) ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးခဲ့တာကိုလဲမှတ်တမ်း
တင်လိုက်ပါရစေ။
သူကလဲကိုစည်သူ့ အကြောင်းကောင်းကောင်းသိတဲ့လူတယောက်လေ။
နိဂုံးအနေနဲ့ အခုရေးပြီးသမျှကို ခြုံပြီးပြောရရင် ကိုဇော်ဝင်းထွဋ် ပွဲကို သွားပြီးဆန္ဒပြ ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များဒီဆောင်း
ပါးကို ဖတ်ပြီး ပြသင့် မပြသင့် စဉ်းစားဆင်ချင်တုံတရားရှေ့ထားပြီး ဆုံးဖြတ်ကြပါလို့ ပြောကြားရင်းနိဂုံးချုပ်ပါတယ်။

လေးစားစွာဖြင့်-

ဘုန်းလှိုင်-FWUBC


0 comments: