Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Sunday, August 22, 2010

The Fourth Snow

ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံခဲ့တဲ့ ဂဋုန်ဦးစောကြောင့် သမီးဘေဘီစောဘဝတသက်လုံး မျက်နှာငယ်ခဲ့ရဘူးပါတယ်။

အာဏာရှင်တွေရဲ့သားသမီးတွေလည်း မွန်ဂိုလီယားနိုင်ငံကွန်မြူနစ် ခေါင်းဆောင်တွေရဲ့သားသမီးတွေလို

အနာဂတ်ကိုကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနိုင်ကြပါစေ။


Folks,
Please open the file. PDF file better than ---------
regards, AMW

သမိုင်းကြောင်းအဆက်ဆက်ဆီက ဒေသဆိုင်ရာလွှမ်းမိုးမှု အကြောင်းတွေဆွေးနွေးကြတယ်။

နိုင်ငံတွင်းမှာ သက်ရောက်လာနိုင်မဲ့ အရိပ်တွေအားလုံးကို ဖမ်းယူကြည့်ကြတယ်။ နိုင်ငံရေးသိပ္ပံ သုတေသနစာတမ်းတွေမှာ

အချက်အလက်များကိုလေ့လာခြင်း ( Functional analysis) နဲ့ ဆက်စပ်ဖွဲ့စည်းမှုများကိုလေ့လာခြင်း ( Structural analysis) ဆိုတဲ့ ရှုထောင့်တွေကို ကိုင်စွဲပြီး သုံးသပ်တင်ပြလေ့ရှိတယ်။ ကစားပွဲကို ကစားမဲ့သူတွေဟာ ရှုထောင့်နှစ်ခုလုံးက အချက်အလက်တွေကို

သိသာထင်ရှားစေမဲ့ မြင်ကွင်းတွေမှာ ခင်းကျင်းစဉ်းစားကြည့်တယ်။

(၁) ဘယ်ဇာတ်ကောင်တွေ၊ ဘယ်အဖွဲ့အစည်းတွေက အနာဂတ်မှာ အရှိန်ပြင်းတဲ့အရာတွေဖြစ်လာမလဲ၊

(၂) ဒီအဖွဲ့အစည်းတွေ ကို ယှဉ်ပြိုင်နိုင်မဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေကို ဘယ်လိုဖန်တီးကြမလဲ

ဆိုတဲ့ မေးခွန်းနှစ်ခုက အဓိက စဉ်းစားရမဲ့အရာတွေဖြစ်လာခဲ့တယ်။

---------------------------------------------------------------------------------------------------------------------------------------------------





စတုတ္ထနှင်းများ --------



ဒီဇင်ဘာလကိုရောက်ပြီ ဆိုရင် “အူလန်ဘာတာ” လို့ခေါ်တဲ့ မွန်ဂိုလီးယားနိုင်ငံမြို့တော်မှာ နှင်းမှုန်တွေဖွဖွလေးကျနေတယ်။

တခါတုန်းက ဒီနေရာလေးကို ဗဟိုပြုပြီး ဂျင်ဂျစ်ခန် ရဲ့ မြင်းအရိုင်းခွာသံတွေဆူညံနေခဲ့တယ်။ မြင်းကုန်းနှီးပေါ်မှာ အိပ်ယာတခုလို အိပ်စက်၊ သွေးစက်တွေ အဆက်မပြတ်စီးဆင်းနေတဲ့ ဓါးသွားအောက်မှာ သူတို့ရဲ့အိပ်မက်တွေ၊ အာရှတိုက်ကိုကျော်ပြီး ကမ္ဘာအနှံ့ချဲ့ထွင်ဖြန့်ကျက်ခဲ့တယ်။

ဆယ်စုနှစ်တွေဖြတ်သန်းသွားခဲ့တယ်။

အင်ပါယာတွေ ကြီးထွားလာခဲ့တယ်။ အင်ပါယာတွေကျဆုံးခဲ့တယ်။

စစ်ပွဲတွေဖန်တီးခဲ့တဲ့ သူတွေအတွက် ကံကြမ္မာရဲ့အလှည့်အပြောင်းတွေ ရောက်လာတယ်။

ဒဏ်ရာအနာတရတွေနဲ့ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။ စစ်ရှုံးမှုရဲ့အကျိုးဆက်အဖြစ်နိုင်ငံတွင်းမှာ စီးပွားရေး၊ လှုမှုရေး ပြဿနာတွေ နောက်ဆက်တွဲပါလာတယ်။ မွန်ဂိုအင်ပါယာထဲမှာ ဘုရင်ပိုင်နိုင်ငံတွေ ကွဲအက်ပေါ်ထွက်လာခဲ့တယ်။



ဒုတိယနှင်း



ရာစုနှစ်တွေပြောင်းသွားတိုင်း နယ်ပယ်ချဲ့ထွင်မှု သမိုင်းအသစ်တွေကလည်း ပုံစံမျိုးစုံနဲ့ရောက်လာတယ်။

မန်ချူးစစ်သည်တော်တွေ နဲ့ ချင်မင်းဆက် လက်အောက်မှာ မွန်ဂိုလီးယားနိုင်ငံရဲ့အတွင်းပိုင်းနဲ့အပြင်ပိုင်းဒေသတွေကို အပိုင်းပိုင်းခွဲ

အုပ်ချုပ်ဖို့ကြိုးစားခဲ့ကြတယ်။ တခါတုန်းက နယ်ချဲ့အရိုင်းအစိုင်းများ လို့ နာမည်ကြီးခဲ့တဲ့ ဂျင်ဂျစ်ခန် ရဲ့ မွန်ဂိုစစ်တပ်ဟာ ကျွန်ဘဝကို ကျရောက်သွားပြန်တယ်။ နှင်းအရိုင်းရာသီတွေ ဆယ်စုနှစ်တွေဆီ တိုက်စားသွားခဲ့ပြန်တယ်။နှစ်ဆယ်ရာစုရဲ့အစောပိုင်းကာလထဲမှာ

ဖြစ်ပွားတော့မဲ့ ပထမကမ္ဘာစစ်အတွက် နယ်မြေလွှမ်းမိုးအားပြိုင်မှုတွေအတွက် စတင်ပြင်ဆင်ကြတော့တယ်။

ချင်မင်းဆက်ပြိုကျသွားတဲ့ ၁၉၁၁ ခုနှစ်မှာ မွန်ဂိုလီးယားနဲ့ တိဘက် နိုင်ငံတွေက လွတ်လပ်ရေးကြေငြာခဲ့တယ်။

ဒါပေမဲ့ တရုတ်အစိုးရက လက်မခံခဲ့ဘူး။



တတိယနှင်း



၁၉၁၇ မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားဘော်လ်ရှီဗစ်တော်လှန်ရေးက (၂၀) ရာစုရဲ့ကမ္ဘာ့မြေပုံတွေကို ပြောင်းလဲပစ်ခဲ့တယ်။

ပြည်တွင်းစစ်မှာ စစ်ရှုံးလာတဲ့ ရုရှားဖြူတွေ၊မွန်ဂိုလီးယားနိုင်ငံရဲ့မြောက်ပိုင်းဆီကို ဆုတ်ခွာတပ်စွဲလာခဲ့တယ်။

တရုတ်ပြည်ကလည်း မွန်ဂိုလီယားအတွင်းပိုင်းဒေသတွေကို ချုပ်ကိုင်သိမ်းဆည်းထားဆဲဖြစ်တယ်။

ရုရှားပြည်တွင်းစစ်ကို အနိုင်ရလိုက်တဲ့ လီနင်ရဲ့တပ်နီတော်တွေ သူတို့ရဲ့အင်ပါယာသစ်ကို ပြန်လည်တည်ဆောက်ဖို့ အတွက်၊

မွန်ဂိုလီယားနိုင်ငံရဲ့ နယ်စပ်မျဉ်းတွေကိုဖြတ်ကျော်လာခဲ့တယ်။ ရုရှားဖြူတွေကိုမောင်းထုတ်ခဲ့တယ်။

မွန်ဂိုလီးယားနိုင်ငံအပြင်ခြမ်း ကို လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ်ဖွဲ့စည်းပေးလိုက်တယ်။



“ဒမ်ဒင် ဆူကာဘက်တာ” ဆိုတဲ့ မွန်ဂိုစစ်ခေါင်းဆောင်ရဲ့တိုက်ခိုက်မှုစွမ်းရည် ကို ရုရုားစစ်ခေါင်းဆောင်တွေက လေးလေးစားစား

အသိအမှတ်ပြုဆက်ဆံခဲ့ကြတယ်။ မွန်ဂိုလီးယားနိုင်ငံရဲ့ပြည်သူ့ရင်ပြင်မှာ “ဒမ်ဒင် ဆူကာဘက်တာ” ရဲ့ ရုပ်ထုကြီးတွေ ရောက်လာတယ်။

ဗော်ရှီဗစ်စစ်ချီတေးတွေလို အားကောင်းပြင်းထန်တဲ့ ကြွေးကြော်သံတွေ၊ အရောင်တွေ၊ စုပေါင်းဘုံယာစခန်းတွေ ရောက်ရှိလာခဲ့တယ်။ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး နဲ့သက်ဆိုင်တဲ့ နေရာအားလုံးမှာ ရုရှားလူမျိုး အကြံပေးအရာရှိတွေ၊ စီးပွားရေးသမားတွေ၊ အတတ်ပညာရှင်တွေ လွှမ်းမိုးလာခဲ့တယ်။ မွန်ဂိုလီးယားနိုင်ငံရဲ့လွတ်မြောက်ရေးကို ဆိုဗီယက် ကွန်မြူနစ်တွေက ကူညီဖေါ်ဆောင်ပေးခဲ့တယ် လို့ ယုံကြည်နေတဲ့

မွန်ဂိုနိုင်ငံရေး ခေါင်းဆောင်တွေဟာ ဆိုဗီယက်တွေနဲ့ အတွေးအခေါ် ပဋိပက္ခမဖြစ်အောင် ပြုမူနေထိုင်ခဲ့တယ်။

စတာလင် လို ပြင်းထန်ခိုင်မာတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မွန်ဂိုလီးယားနိုင်ငံကို ၁၉၈၉ အထိ ချုပ်ကိုင်ထားခဲ့တယ်။



စတုတ္ထနှင်း



“ အေးစက်နေတဲ့ နှင်းတွေကို မခံစားချင်တော့ဘူး။ တိတ်ဆိတ်မှုတွေကို ကျမတို့ဖောက်ခွဲမှဖြစ်တော့မယ်။ ကျမတို့မွန်ဂိုလီးယားနိုင်ငံဟာ ဘာကြောင့် အထီးကျန်ဆန်ပြီးဆင်းရဲဆုတ်ပြတ်နေရတာလဲ။ နိုင်ငံတကာက သင်ကြားလာတဲ့ ပညာတွေကို ကျမတို့နိုင်ငံထဲမှာ

ပြန်လည်အသုံးချဖို့အတွက် ဒီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အစိုးရရဲ့ “ဗျူရိုကရက်တစ် ဖိနှိပ်မှုတွေ” ကို ရှုတ်ချငြင်းဆန်မှဖြစ်တော့မယ်”



“ဒမ်ဒင် ဆူကာဘက်တာ” ရဲ့ ရုပ်ထုရှေ့မှာ ကြေကွဲမျက်ရည်ကျနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ---

နှင်းမှုန်ဝေနေတဲ့ ညနေခင်းတွေထဲ တရွေ့ရွေ့လှုပ်ရှားဖို့ပြင်ဆင်လိုက်ကြတယ်။ သူတို့ဟာ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့

သားသမီးတွေဖြစ်ကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးဆီက ပညာသင်ကြားလာကြသူတွေဖြစ်ကြတယ်။

ဆိုဗီယက်ပြည်ထောင်စုကြီးဆီမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအကြပ်အတည်းတွေကို ကိုယ်တိုင်သိမြင်ခဲ့ကြ

သူတွေဖြစ်တယ်။ မွန်ဂိုလီးယားနိုင်ငံဆီကို ပြန်ရောက်လာတဲ့ အခါ သူတို့မြင်တွေ့လိုက်ရတဲ့ ဖခင်နိုင်ငံတော်ကိုကြည့်ပြီး ရင်နာခဲ့ကြတယ်။

“ယဉ်ကျေးမှု ဗဟို”အဖြစ်ဖွင့်လှစ်ထားတဲ့နေရာတွေမှာ လူငယ်တွေနဲ့တွေ့ဆုံဆွေးနွေးကြတယ်။

ကွန်မြူနစ်အစိုးရ ကို ဝေဖန်ထောက်ပြတဲ့ စာတမ်းတွေထုတ်ဝေကြတယ်။

၁၉၈၉ ဒီဇင်ဘာ (၁၀)ရက်နေ့၊ လူ့အခွင့်အရေးနေ့မှာ “ဖိနှိပ်မှုတွေကို တွန်းလှန်ကြ”ဆိုတဲ့ ခေါင်းစီးစာတန်းတွေ၊ အလံတွေ ကို ကိုင်ပြီး

ကြွေးကြော်ချီတက်လာတဲ့ တက္ကသိုလ်ကျောင်းသားတွေကို မွန်ဂိုကွန်မြူနစ်ပါတီခေါင်းဆောင်တွေ အထိတ်တလန့်တွေ့မြင်လိုက်ရတယ်။



ပြီးခဲ့တဲ့ အပတ်၊ အင်္ဂါနေ့ညက အဲ့ဒီ “စတုတ္ထနှင်းတွေ”အကြောင်း ကို လွတ်လပ်တဲ့အာရှအသံမှာ တင်ပြခဲ့တယ်။





သောတရှင်များခင်ဗျား



“မြင်းစီးသူရဲများ” လို့ နာမည်ကြီးခဲ့တဲ့ ဂျင်ဂျစ်ခန်ရဲ့မွန်ဂိုအင်ပါရာအကြောင်းကြားဘူးမိကြပါလိမ့်မယ်။

ဂျင်ဂျစ်ခန်သေဆုံးပြီး ဘုရင်ပိုင်နိုင်ငံ(၄) ခုကွဲခဲ့ချိန်ကအစပြုကာ၊ ၁၇ ရာစုမှာတော့ အတွင်းပိုင်းမွန်ဂိုလီးယား ဟာ မန်ချူးလက်အောက်ကို

ကျရောက်ခဲ့ပြီး၊အနောက်ခြမ်းကတော့ တရုတ်ပြည် ချင်မင်းဆက်လက်အောက်ကိုကျရောက်ခဲ့ပါတယ်။

“၁၉၁၁ ချင်မင်းဆက်ပြိုကျသွားပြီးတော့နောက်မှာ မွန်ဂိုလီးယားနိုင်ငံ က သူ့ရဲ့လွတ်လပ်ရေးကို ကြေငြာခဲ့ပါတယ်။

တရုတ်ပြည်က လက်မခံခဲ့ပါဘူး။ါပေမဲ့ ၁၉၂၀ မှာတော့ ရုရှားပြည်တွင်းစစ်မှာအနိုင်ရလိုက်တဲ့ဆိုဗီယက်ကွန်မြူနစ်တွေဟာ

မွန်ဂိုလီးယားနိုင်ငံကို လွတ်လပ်တဲ့ ကွန်မြူနစ်နိုင်ငံတခုအဖြစ်ဖွဲ့စည်းပေးလိုက်ပါတော့တယ်။”



စတာလင်ရဲ့အတွေးအခေါ်လွှမ်းမိုးမှုအောက် မွန်ဂိုလီးယားနိုင်ငံမှာ စုပေါင်းလယ်ယာစခန်းတွေ တည်ဆောက်လာခဲ့သလို၊

၁၉၄၅ အတွင်းမှာလည်း ဆိုဗီယက်တွေရဲ့မွန်ဂိုလီးယားအတွင်းပိုင်းဒေသဆီကို ဗမာဗျူဟာ ကျကျ တိုက်ခိုက်စစ်ဆင်မှု တခုထဲမှာလည်း

ပါဝင်ခဲ့ပါတယ်။ မွန်ဂိုလီးယားနိုင်ငံရေးသမားတွေဟာ ဆိုဗီယက်ခေါင်းဆောင်တွေနဲ့မျက်နှာပျက်စေမဲ့အရာမှန်သမျှကိုရှောင်ကျဉ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ၁၉၅၃ နောက်ပိုင်းစတာလင်သေဆုံးသွားအပြီး တရုတ်-ဆိုဗီယက်အတွေးအခေါ်အကွဲအပြဲ ပေါ်ပေါက်လာတဲ့အခါ

ဆိုဗီယက်ပြည်ထောင်စုနဲ့အတူ နီးနီးကပ်ကပ်ရပ်တည်လာခဲ့ပါတယ်။



“ ဆိုဗီယက်ပြည်ထောင်စုရဲ့တက္ကသိုလ်တွေကနေ ပညာသင်ပြန်လာတဲ့အခါတိုင်း အစိုးရရဲ့ဥပေက္ခာပြုမှုတွေ၊ အထီးကျန်ဆန်မှုတွေ၊

ဆင်းရဲစုတ်ပြတ်မှုတွေကိုခါးစီးခံနေရတဲ့ ကျမတို့ရဲ့မွန်ဂိုလီးယားနိုင်ငံကိုတွေ့လိုက်ရတဲ့ အခါတိုင်း မျက်ရည်ကျခဲ့ရတယ်။”

“ဟက်ရှ်ဘက်ဟူလန်” လို့ခေါ်တဲ့ မွန်ဂိုကျောင်းသူလေးတယောက်ဟာ သူမရဲ့ အဖေက မွန်ဂိုလီးယားကွန်မြူနစ်ခေါင်းဆောင်

တဦးဖြစ်တာကြောင့် နိုင်ငံတကာကိုထွက်ပညာသင်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်လည်း ဆိုဗီယက်ပြည်ထောင်စုကြီးဆီမှာ ဘာတွေဖြစ်ပျက်နေပြီ ဆိုတာကို သဘောပေါက်နေတဲ့ ဟူလန် ဟာ နိုင်ငံကိုပြန်ရောက်တဲ့အခါ

ယဉ်ကျေးမှုဗဟိုသင်တန်းကျောင်းဆီက ကျောင်းသူကျောင်းသားတွေနဲ့လျှို့ဝှက်တွေ့ခဲ့ပါတယ်။

“ စတာလင်ပုံစံအုပ်ချုပ်လာခဲ့တဲ့ မွန်ဂိုလီးယားကွန်မြူနစ်ခေါင်းဆောင် မော်စကိုဆီကို ဆေးကုသဖို့ထွက်ခွာသွားတဲ့အခါ

သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Batmunkh က အာဏာသိမ်းယူလိုက်တယ်။

သူက ဂေါ်ဘာချော့ဗ် လိုပဲ။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်။

ပွင့်လင်းတဲ့နိုင်ငံရေးစံနစ်ကို တည်ဆောက်ကြရမယ် လို့ ဆိုနေခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာ ဘာတခုမှလုပ်ကိုင်ခြင်းမရှိခဲ့ဘူး။

ဆိုဗီယက်ပြည်ထောင်စု ကြီးဆီမှာ စီးပွားရေးအကြပ်အတည်းဆိုက်ရောက်လာတဲ့အခါ၊

မွန်ဂိုလီးယားနဲ့ဆိုဗီယက်ကုန်သွယ်မှုဟာ ၉၀% ကနေ ၃၀ % အထိထိုးကျသွားတယ်။ ဒါပေမဲ့ မွန်ဂိုလီးယားနိုင်ငံရဲ့အရေးပါတဲ့

စီးပွားရေးလုပ်ငန်းတွေ၊ အင်ဂျင်နီယာတွေ၊ အကြံပေးအရာရှိတွေဟာ ဆိုဗီယက်တွေနဲ့ အရှေ့ဥရောပနိုင်ငံသားတွေက လွှမ်းမိုးထားတုန်းပဲ။”



တကယ်တော့ တရုတ်၊ဆိုဗီယက်နယ်မြေအငြင်းပွားမှုပြဿနာတွေကြောင့် မွန်ဂိုလီးယားနိုင်ငံအတွင်းမှာ

ဆိုဗီယက်စစ်သား ခြောက်သောင်းကျော်တပ်စွဲနေရာယူခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၉ မှာတော့ အခြေအနေတွေကပြောင်းလဲခဲ့ပါပြီ။

မွန်ဂိုလီးယားနိုင်ငံအတွင်းက ဆိုဗီယက်တပ်သား(၈၀၀၀) ကျော်ဆုတ်ခွာသွားခဲ့သလို၊

မွန်ဂိုလီးယားကွန်မြူနစ်ပါတီတွင်းမှာလည်း ယ္ခင်ခေါင်းဆောင်တွေလက်ထက်မှာ သဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ

နှစ်သောင်းကျော်အကြောင်းထုတ်ဖေါ်ပြောလာခဲ့ကြပါတယ်။ သဘောထားပျော့ပြောင်းတဲ့ ကွန်မြုနစ်ခေါင်းဆောင်တွေက

“ ဒီမိုကရေစီစံနစ်သည်သာ အကောင်းဆုံး ထွက်ပေါက်တခုဖြစ်တယ်” ဆိုတဲ့အယူအဆတွေကို တင်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ သဘောထားတင်းမာတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေရှိနေခဲ့တာကြောင့် ဘာတခုမှ အကောင်အထည်မပေါ်ခဲ့ပါဘူး။



“ ကျမတို့တတွေ၊ အာဏာရှင်တွေပိတ်ထားတဲ့တံခါးကို တွန်းဖွင့်ဖို့ဆုံးဖြတ်လိုက်ကြတယ်။

၁၉၈၉ ဒီဇင်ဘာ (၁၀) ရက်နေ့မှာ “ယဉ်ကျေးမှုဗဟို” မှာ ရှိတဲ့ လူငယ်တွေက စပြီး တိုင်းပြည်ခေါင်းဆောင်တွေဟာ

ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်ဆိုတဲ့ လှုံ့ဆော်သံတွေကို စတင်တောင်းဆိုခဲ့ကြတယ်။

ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ချင်ခဲ့ပေမဲ့၊ တရုတ်ပြည် က တီယင်မင်ရင်ပြင် ကျောင်းသားလှုပ်ရှားမှု လူသတ်ပွဲသတင်းကြောင့်

တက်တက်ကြွကြွပူးပေါင်းပါဝင်မှုမရှိကြသေးဘူးလေ။ ဒါပေမဲ့ ကျမတို့လှုပ်ရှားမှုမှာ ထူးခြားချက်က အစိုးရထိပိုင်းအရာရှိတွေရဲ့

သားသမီးတွေကိုယ်တိုင် ဦးဆောင်ပါဝင်နေကြတယ်။

နောက်တခုက ကျမတို့ရဲ့အလုပ်သမားတွေ ကိုလည်း အဓိကထားစည်းရုံးလှုံ့ဆော်ရမယ်။

ဘာလို့လဲဆိုတော့ မွန်ဂိုလီးယားနိုင်ငံရဲ့ သတ္တုတူးဖေါ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့

အင်ဂျင်နီယာတွေ၊ သတ္တုတွင်းအလုပ်သမားတွေရဲ့လခဟာ အဲ့ဒီစက်ရုံတွေမှာ သူတို့လို

လုပ်ကိုင်နေတဲ့ ရုရှားအင်ဂျင်နီယာတွေနဲ့နှိုင်းယှဉ်ရင်နည်းလွန်းလှတယ်။ ”



၁၉၉၀ ခုနှစ် ဂျန်နဝါရီလမှာတော့ မွန်ဂိုလီးယားနိုင်ငံမြို့တော်ထဲက လီနင်ပြတိုက်ထဲဆီမှာ

ဆန္ဒပြကျောင်းသားတွေ စုဝေးရောက်ရှိလာခဲ့ကြပါပြီ။ “ လူ့အခွင့်အရေး ကို လေးစားပါ။ ပြည်သူတွေအတွက် တန်းတူမျှတရေးဆိုတာ

အရာအားလုံးရဲ့ထိပ်မှာရှိတယ်” ဆိုတဲ့ ဆိုင်းပုဒ်တွေ၊ အလံတွေ က မွန်ဂိုလီးယားကွန်မြူနစ်ခေါင်းဆောင်တွေကို အရေးပေါ်အစည်းအဝေး

ခေါ်ယူဖြစ်အောင်ဖိအားပေးနေပါတယ်။ နောက်တလအကြာမှာ ကိုယ်စားလှယ် ၆၁၁ ယောက်ပါတီ မွန်ဂိုလီးယားဒီမိုကရက်တစ်ပါတီကို

တည်ထောင်လိုက်ပြီး၊ အခြေခံဥပဒေကိုပြင်ဆင်ပေးဖို့တင်ပြခဲ့ကြတယ်။

ကမ္ဘာ့အမျိုးသမီးနေ့မှာ ဆိုဗီယက်သံရုံးကိုဝိုင်းရံလိုက်ကြပြီး၊ ပြုပြင်ပြောင်းလဲရေးအတွက်မွန်ဂိုလီးယားအစိုးရကို ဖိအားပေးဖို့

ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။ ကွန်မြူနစ်အမာခံတွေက၊ ဆန္ဒပြသူတွေကို ပစ်ခပ်ဖြိုခွဲဖို့၊ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့လုပ်ဖေါ်ကိုင်ဘက်

ကွန်မြူနစ်ခေါင်းဆောင်တွေကသူတို့ရဲ့ သားသမီးတွေပါဝင်နေတယ်ဆိုတာသိနေခဲ့ကြသလို၊ မော်စကိုကလည်း လူထုအသံကို

နားထောင်ဖို့ဖိအားပေးနေခဲ့ပါပြီး။

ဒါကြောင့်လည်း မတ်လမှာတော့ ကွန်မြူနစ်အစိုးရ နှုတ်ထွက်သွားခဲ့ပြီး မေလမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။

သောတရှင်များခင်ဗျား--

ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံခဲ့တဲ့ ဂဋုန်ဦးစောကြောင့် သမီးဘေဘီစောဘဝတသက်လုံး မျက်နှာငယ်ခဲ့ရဘူးပါတယ်။

အာဏာရှင်တွေရဲ့သားသမီးတွေလည်း မွန်ဂိုလီယားနိုင်ငံကွန်မြူနစ် ခေါင်းဆောင်တွေရဲ့သားသမီးတွေလို

အနာဂတ်ကိုကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနိုင်ကြပါစေ။


0 comments: