၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို တိုကျိုမြို့  ရှီဘူယ အရပ်ရှိ ကုလသမဂ္ဂ အဆောက်အဦးရှေ့၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (JAC)မှ ဦးစီး၍ ညနေ ၅း၀၀ နာရီ မှာ စတင်ကျင်းပပြုလုပ် ခဲ့ပါသည်။
မတရားအဖမ်းဆီး အကျဉ်းကျခံနေရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ရည်ရွယ်ပြီး ယခုလို ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။ အခမ်းအနား အစီအစဉ်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၊ ခရစ်ယာန်ဘာသာဆရာ နှင့် အစ္စလာမ်ဘာသာဝင်တို့မှ မိမိတို့ ဘာသာအလိုက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြပါသည်။
တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ဂုဏ်ပြုအမှာစကား အသီးသီး ပြောကြားသွားခဲ့ကြပြီးသည့်နောက် တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြစ် ကဗျာရွတ်ဆိုခြင်းများ ၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်များကို ဖတ်ကြားခြင်း ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျမ္မာပါစေ စသည့်ကြွေးကြော်သံများဖြင့် အခမ်းအနားကို ညနေ ၆း၅၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများ (၂၅၀) ကျော်တက်ရောက်ခဲ့ကြပါသည်။
ယနေ့ မနက်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ဇီဝိတဒါနငါးလွှတ်ခြင်း ၊ သွေးလှူဒန်းခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ လှုပ်ရှားမူ မှတ်တမ်းဓါတ်ပုံများကို http://www.moethaukkye.co.cc/ မှ သွားရောက်ကြည့်ရှုနိုင်ပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Wednesday, June 23, 2010
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား(တိုကျို)
Labels:
AUNG SAN SUU KYI,
DEMOCRACY,
News,
POLITICS
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment