ဂျပန်နိုင်ငံတွင် ကျင်းပပြီးစီးသော ရွှေဂုံတိုင်ကြေငြာစာတမ်းဆိုင်ရာစင်ပိုစီယမ်ကောက်နှုတ်ချက်များ
နှင့်သုံးသပ်တင်ပြချက်များ
By Phone Hlaing-FWUBC
အခမ်းအနားခေါင်းစဉ်
Gateway to National Reconciliation in Union of Burma
ဆရာနေမိုးတိုး
ဆရာနေမိုးတိုး က ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ပြီး နောက် မှ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဆင်ရန်ပြုလုပ်ပါက ပိုမကောင်းဘူးလားဟု ပြောကြားသွားခဲ့ပါသည်။
(ဂျပန်ရောက်မြန်မာ့နိုင်ငံရေးအင်အားစုများအနေဖြင့် လက်ခံနိုင်စရာမရှိပါ)
ထိုင်းလွှတ်တော်အမတ်
ထိုင်လွှတ်တော်အမတ်အနေဖြင့် မိမိတဦးတယောက်အနေဖြင့် မြန်မာပြည်သူများ၏ ဒုက္ခကို နားလည်သော်လည်း အမတ်တယောက်အနေဖြင့် လက်တွေ့ လုပ်ကိုင်ရာတွင် အခက်အခဲများရှိကြောင်း အကြောင်းပြခဲ့ပြီး ထိုင်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီရေးအင်အားစုများ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာများအားတတ်နိုင်သမျှ ကူညီသွားမည်ဖြစ်ကြောင်းကတိပေးပြောကြားသွားပါသည်။
ဦးခွန်မြင့်ထွန်း
၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်းတွင်လက်ရှိပြဌာန်းထားသော၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအား ပြန်လည်ပြုပြင်၍ လုံးဝရတော့မည်မဟုတ်ပါ။ လွှတ်တော်တွင်စစ်တပ်မှ ၂၅ ရာခိုင်နှုန်းရယူထားပြီး ၇၅ ရာခိုင်နှုန်း ကျော်လွန်မှသာလျှင် ပြင်ဆင် နိုင်မည်ဟု ပြဌာန်းထားသောကြောင့်ဖြစ်ပါသည်။
စစ်အာဏာရှင်များကဖွဲ့ စည်းပုံ အခြေခံဥပဒေ၏ အထက်တွင်နေရာယူထားသောကြောင့်
ပြည်သူလူထု၏ အသက်သွေးပေါင်းများစွာဖြင့်ထပ်မံပေးဆပ်ကြရဦးမည်ဖြစ်ပါသည်။ ၁၉၈၈ အရေးတော်ပုံကြီးတွင် အသက်သွေးပေါင်းများစွာရင်းနှီးစွန့်လွှတ်၍ ၁၉၇၄ ဖွဲ့ စည်းပုံ့အခြေခံဥပဒေအား
ပြည်သူလူထုကဖျက်သိမ်း ခဲ့ရသည်မှာ ဥပမာဖြစ်ပါသည်။
တရားဥပဒေစိုးမိုးမှုမရှီသော စစ်အာဏာရှင်စနစ်အောက်တွင် နျူကလီးယား နည်းပညာ ကို
ငြိမ်းချမ်းသောနည်းလမ်းများတွင် အသုံးပြုမည်မဟုတ်ပါ။ မြန်မာပြည်မှ ထွက်သည့် ယူရေနီယံ ဖြင့် ပြုလုပ်ထားသော နျူကလီးယား ဒုံးကျည်ဖြင့် မြောက်ကိုးရီယား အာဏာရှင်များ
နှင့် နအဖ စစ်အာဏာရှင်များကဂျပန်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများသို့ ချိန်ရွယ် ခြိမ်းချောက်
တော့မည်မှာ အသေအချာ ဖြစ်ပါသည်။ ထိုသို့ ဖြစ်ခဲ့ပြီ ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတရပ်လုံးမှာ လွန်စွာ ဝမ်းနည်းကြေကွဲရမည်ဖြစ်ပါသည်။
ဂျပန်နိုင်ငံအစိုးရက-
(၁) မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်
နိုင်ရန် ဦးတည်၍ လည်းကောင်း၊၊
(၂)ဂျပန်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို
ဦးတည်၍ လည်းကောင်း၊
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ(SPDC)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)နှင့်
တိုင်းရင်းသားနိုင်ငံရေးပါတီ/အဖွဲ့ အစည်းများ အားလုံးပါဝင်သည့် အဓိပ္ပါယ်ရှိသောသုံးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေး
ပွဲများ ဖြစ်မြောက်ရန် ဦးဆောင် ဆောင်ရွက်ပေးပါရန် အလေးအနက် ထပ်မံ တိုက်တွန်းအပ်ပါသည်။
အဓိကအချက်များ
ဤစင်ပိုစီယံမှ ပေးလို သောအကြောင်းအရာမှာ-
(၁) ၂၀၀၈ ဖွဲ့ စည်းပုံကို ဒီမိုကရေစီနည်းလမ်းကျသောဖွဲ့ စည်းပုံဖြစ်အောင်မပြင်ဆင်ဘဲနှင့် ၂၀၁၀ရွေးကောက်ပွဲကို ဝင်ဖို့ မဖြစ်နိုင်ကြောင်း
(၂) ရွှေဂုံတိုင်ကြေငြာချက်ကို အခြေခံမူအဖြစ်ဆွဲကိုင်ပြီးနိုင်ငံတကာရှိ မြန် မာ့ဒီမိုကရေစီရေးအင်အားစု များက မိမိတို့ နှင့်သက်ဆိုင်ရာနိုင်ငံများရှိအစိုးရများကို ရွှေဂုံတိုင်မူကို နားလည်လက်ခံလာအောင်ပြော
ကြားရန်.။
(၃)အကယ်၍ ရွှေဂုံတိုင်မူ ပါတောင်းဆိုချက်များကို လစ်လျူရှုပြီး ၂၀၁၀ ရွေးကောက်ပွဲကို ပြုလုပ်ပါက အပြည်ပြည်ဆိုင်ရာမိသားစုမှ အဆိုပါရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုဘဲသပိတ်မှောက်ရန်
(၄) နအဖ တို့ သည် အကြိမ်ကြိမ်ကတိများပေးပြီး ဘယ်တော့မှ ကတိတည်လေ့မရှိသောကြောင့်
၎င်း၊ ၂၀၀၈ ဖွဲ့ စည်းပုံကို့မပြင်ဘဲ ရွေးကောက်ပွဲ ပြုလုပ်ပါက အဆိုပါရွေးကောက်ပွဲ နောက်ပိုင်းပေါ်
ထွန်းလာမည့် အစိုးရသည် အမည်ခံအစိုးရသာဖြစ်ပြီး စစ်အာဏာရှင်တို့ သည် ဖွဲ့ စည်းပုံအခြေခံ
ဥပဒေအထက်သို့ တရားဝင်ရောက်ရှိမည်ဖြစ်သောကြောင့် ပြောချင်ရာပြောပြီးလုပ်ချင်ရာလုပ်နေ သော
နအဖ တို့ သည် ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ နှင့် အာရှ တိုက်၏ လုံခြုံ ရေး
နှင့်တည်ငြိမ်မှုတို့ ကို ခြိမ်းခြောက်လာမည်ဖြစ်၍ မြန်မာနိုင်ငံ၏ လက်ရှိ အခြေ အနေကို အချိန်မီ
ဝိုင်းဝန်းဆောင်ရွက်ရေးသည် ဂျပနိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်ပတ်သက်နေကြောင်း
အထက်ပါအချက်များကို ဤစင်ပိုစီယံမှ တင်ပြဖော်ထုတ်ပေးခဲ့ပြီး ဂျပန်ဒုတိယနိုင်ငံခြားေးရးဝန်ကြီး
ကိုယ်တိုင်တက်ရောက်ခဲ့သောကြောင့် ဂျပန်နိုင်ငံအစိုးရသို့ တိုက်ရိုက်အသိပေးနိုင်ခဲ့သည်ဟု ယုံကြည်
ရပါသည်။
လက်ရှိ ဂျပန်နိုငံ၏ မြန်မာပြည်ဆိုင်ရာပေါ်လစီ ကိုသုံးသပ်ခြင်း
(၁) အထွေထွေအတွင်းရေးမှူးဦးမောင်မောင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးမှ လက်ခံတွေ့ ဆုံခဲ့ခြင်း
(၂) အထက်ဖော်ပြပါစင်ပိုစီယံသို့  ဒုတိယနိုင်ငံခြားရေးဝန်ကြီးအပါအဝင် ဝန်ကြီးနှစ်ဦးနှင့် လွှတ်တော်
အမတ်များတက်ရောက်ခဲ့ခြင်း
(၃) အသစ်ပြန်လည်ဖွဲ့ စည်းလိုက်သော မြန်မာ့ဒီမိုကရေစီရေးကိုထောက်ခံသော ဂျပန်လွှတ်တော်
အမတ်များသမဂ္ဂတွင် လက်ရှိ ဒီမိုကရက်တစ်ပါတီ၏ ဝန်ကြီးများပါဝင်နေခြင်း နှင့် ယခင်ကထက်အမတ် ဦးရေတိုးလာခြင်း
တို့ ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အစိုးရပေါ်လစီသည် ဖြည်းဖြည်းခြင်းပြောင်းလဲလာနိုင်
စရာရှိကြောင်းသုံးသပ်တင်ပြအပ်ပါသည်။
မှတ်ချက်။ ။
အထက်ဖော်ပြပါ ကောက်ချက်များအပြင် နောက်ထပ်ကောက်ချက်တခုဆွဲ နိုင်သည်မှာ
လက်ရှိ ဒီမိုကရက်တစ်ပါတီအနိုင်ရရခြင်းမှာ ဂျပန်နိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်
ရင်ဂို ၏ အဓိကပန့် ပိုးမှုများကြောင့်ဖြစ်ခြင်းကြောင့် ရင်ဂို ၏မျက်နှာဖြင့် မျက်နှာလာပြ
ခြင်းလဲဖြစ်ကောင်းဖြစ်နိုင်ပါသည်။သို့ သော် ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ
ဆိုင်ရာ စင်ပိုစီယံ(၃) ကြိမ်ကျင်းပခဲ့ရာ ယခုအကြိမ်မှာ ပထမဆုံးအကြိမ်အဖြစ် ဂျပန်အစိုးရ
ဝန်ကြီးများကိုယ်တိုင်တက်ရောက်ခဲ့ခြင်းဖြစ်၍ အဓိက ပေါ်လစီ အပြောင်းအလဲ ဖြစ်လာနိုင်
စရာရှိသည်ဟု သုံးသပ်မည်ဆိုလျှင်လဲသုံးသပ်၍ ရနိုင်စရာရှိပါသည်။
လေးစားစွာဖြင့်-
ဘုန်းလှိုင်
၂၆-၁၁-၂၀၀၉
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Friday, November 27, 2009
ဂျပန်နိုင်ငံတွင် ကျင်းပပြီးစီးသော ရွှေဂုံတိုင်ကြေငြာစာတမ်းဆိုင်ရာစင်ပိုစီယမ်ကောက်နှုတ်ချက်များ နှင့်သုံးသပ်တင်ပြချက်များ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment