တရားကိုနတ်စောင့်၏။ သို့ သော်
အရှင် သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်
လောက၌ ဘယ်သူတွေက ဓမ္မဝါဒီ၊ ဘယ်သူတွေက အဓမ္မဝါဒီ၊ ဘယ်သူကဖြင့် တရားတယ်၊
ဘယ်သူကတော့ဖြင့် မတရားဘူး စသည်ဖြင့် ဓမ္မနှင့် အဓမ္မ၊ တရားနှင့် မတရား ခွဲခြားသတ်
မှတ်ပြောနေကြ၏။ ယင်းဓမ္မ အဓမ္မနှင့် စပ်၍ အဂုင်္တ္တရနိကာယ်၊ ဒသကနိပါတ်၌ သုတ္ဆန် သုံး
ပုဒ်မျှ ရှိ၏။
အခါတစ်ပါး ဘုရားရှင်က “ရဟန်းတို့ ဓမ္မနှင့် အဓမ္မ ခွဲခြားသိရမယ်၊ ကောင်းကျိုးနှင့်
ဆိုးကျိုး ခွဲခြားသိရမယ်၊ ခွဲခြားသိပြီးရင် ဓမ္မနည်းလမ်းအတိုင်း ကျင့်ရမယ်၊ ကောင်းကျိုးရှိတာ
ကို ကျင့်ရမယ်” ဟု မိန့် ကြားပြီး ကန္ဓကုဋိ ကျောင်းတော်သို့ ဝင်ကြတော်မူသည်။
ရဟန်းတော်များလည်းဓမ္မ နှင့် အဓမ္မခွဲခြားသိရအောင် အရှင်အာနန္ဒာကို သွားရောက်
မေးလျှောက်သောအခါ အရှင် အာနန္ဒာက အောက်ပါအတိုင်းခွဲခြားပြတော်မူခဲ့သည်။
အဓမ္မဟူသည် မိစ္ဆာဒိဌိ အယူမှားခြင်း၊ အမြင်မှားခြင်း၊ အမြင်မှန်မရခြင်း ၊
မိစ္ဆာသင်္ကပ၌ အတွေးအခေါ်အယူအဆ မှားခြင်း၊ မိစ္ဆာဝါစာ အပြောမှားခြင်း၊
အမှားပြောခြင်းည ၊ အမှန်မပြောခြင်း၊ မိစ္ဆာကမ္မန္တ အလုပ်မှားခြင်း၊ အမှားလုပ်ခြင်း၊ အမှန်မလုပ်
ခြင်း၊ မိစ္ဆာဇီဝ သူတစ်ပါးအား တစ်စုံတစ်ရာ ထိခိုက်နစ်နာစေမှုမကင်းသော အသက်မွေးခြင်း၊
မိစ္ဆာဝါယမ မကောင်းမှုဘက်၌အားစိုက်ခြင်း၊ မိစ္ဆာသတိ မဟုတ်တာတွေ သတိရနေခြင်း၊
မိစ္ဆာသမာဓိ မဟုတ်တာတွေ စိတ်ရောက်နေခြင်း၊ မိစ္ဆာဥာဏ အသိတွေမှားနေခြင်း၊
မိစ္ဆာဝိမုတ္တိ ထွက်ပေါက်မှားနေခြင်းတို့ ဖြစ်သည်။
ဓမ္မဟူသည် သမာဒိဌိ -အယူမှန်ခြင်း၊ အမြင်မှန်ခြင်း၊ သမ္မာသင်္ကပ၌- အယူအဆ
အတွေးအခေါ် မှန်ကန်ခြင်း၊ သမ္မာဝါစာ- အမှန်ပြောခြင်း၊ သမ္မာအာဇီဝ- ရိုးရိုးသားသား
အသက်မွေးခြင်း၊ သမ္မဝါယမ- ကောင်းသည့်ဘက်၌ အားစိုက်ခြင်း၊ သမ္မာသတိ- ကောင်းတာ
တွေကို သတိရနေခြင်း၊ သမ္မာသမာဓိ- ကောင်းမှုတွေအပေါ် စိတ်ရောက်နေခြင်း၊
သမ္မာဥာဏ- မှန်မှန်ကန်ကန် သိခြင်၊ သမ္မာဝိမုတ္တိ- မှန်ကန်သော ထွက်ပေါက်ရှိခြင်းတို့ ဖြစ်သည်။
တရားကို နတ်စောင့်သည်ဟု ဆိုစကားရှိ၏။ အမှန်က နတ်က စောင့်တာမဟုတ်၊ တရား
စောင့်သူကို တရားကပြန်စောင့်ခြင်းဖြစ်၏။ တရားကိုပင် နတ်ဟု တင်စားခေါ်ကြ၏။ တရားတော်
မြတ် ကျင့်သုံးသူမှာ တရားတော်ကစောင့်မြဲသေချာ၊ တရားတော်က အေးမြချမ်းသာ ဆောင်ယူပေး
ကင်းဝေးပါယ်ဒုက္ခ ဟုဆို၏။ ဘုရားဟော ဖြစ်၏။
တရားစောင့်သူကို တရားကပြန်စောင့်၏။ မိမိက တရားစောင့်လျှင် တရားက ချမ်းသာကို
ဆောင်ပေးသည်။ တရားစောင့်သူသည် ဒုဂ္ဂတိသို့  မကျရောက်နိုင်တော့။ ဤသို့  ဘုရားဟောခဲ့သည်။
ဘုရားဟောဟူသည် ဘုရားက အာမခံချက်ပေးခြင်းပင် ဖြစ်သည်။ တရားစောင့်သူကို တရားကပြန်
စောင့်ခြင်း သို့ မဟုတ် တရားကို နတ်စောင့်ခြင်းဟူသည် ကမ္မနိယာမ ပင်ဖြစ်သည်။ ကမ္မ နိယာမဟူ
သည် ကံကိုပြုထားလျှင် ထိုကံ အကျိုးပေးမြဲဖြစ်သည်။ အကျိုးပေးကို ပေးရမည်ဟု အဓိပ္ပါယ်ရသည်။
"သမ္မာအာဇီဝနှင့် ရှာရဖွေရတာ မလွယ်ဘူးဘုရား" ဟု လုပ်ငန်းရှင်သူဌေးမကြီး တစ်ဦးက
လျှောက်ဖူးသည်။ အဓိပ္ပါယ်က မိစ္ဆာဇီဝနဲ့ ရှာမှ လွယ်တယ်ပေါ့ ။ မျက်မြင်လက်တွေ့ မှာလည်းမတော်
မတရား ဝိသမ သမားတွေက အောင်မြင် နေကြတာ၊ ကြီးပွားနေကြတာ၊ ချမ်းသာနေကြတာကို တွေ့ 
ရတော့ ရိုးရိုးသားသား သမ္မာအာဇီဝ သမားတို့ က ပြောပေလိမ့်မည်။ သမ္မာအာဇီဝသမားတို့ နားလည်
ထားရမှာက မိစ္ဆာကအောင်မြင်၊ သမ္မာက ကျရှုံး ၊ မိစ္ဆာက အဆင်ပြေ ၊ သမ္မာကအဆင်မပြေ၊ မိစ္ဆာက
အလုပ်ဖြစ်၊ သမ္မာက အလုပ်မဖြစ်၊ ထို အခိုက်အတန့် လေးကိုကြည့်ပြီး ကမ္မနိယာမအပေါ် ယုံမှား
သံသယ မဖြစ်လိုက်ပါနှင့်။ နတ်တွေ အိပ်ပျော်နေကြပြီလားလို့ လဲ မခနဲ့ လိုက်ပါနှင့်။ တရားဟူသည်
သေသွားပြီလောဟု ကစ္စာနီ အဖွားကြီးလို မရေရွတ်လိုက်ပါနှင့်။ တရားကလည်း သူတစ်ဦးတည်း
စောင့်လို့  ရတာမျိုးမဟုတ်ပါ။
ကံဟု မူလ သမ္ဗုဒ္ဓတို့  ဟောပြသည်မှုာ အရင်းသာရှင့် ၊ ဥစ္စာဘောဂ ဇီဝိတနှင့် သူခပွားရန်
ဤလူ့ ဌာန်၌ ဥာဏ်ဝီရိယ ပယောဂတည်း၊ ကာလဒေသ ပဂ္ဂလကို နှိုင်းဆအပ်တုံ၊ ကံကို ယုံ၍
မီးပုံအတွင်း မဆင်းထိုက်စွာ၊ ကျားရဲရာလည်း ကြမ္မာအကြောင်း မယိုးကောင်းဟု သူဟောင်း
ရှေးက ဆိုကုန်ကြ၏။ လုံ့ လမထူ ဥာဏ်မကူဘဲ အယူတစောင်း ကံတစ်ကြောင်းမျှ မကောင်းလည်းကံ
ကောင်းလည်းကံဟု ကံကိုချည်းကို မကိုးရာဘူး။ ပညာဥာဏ်ဖြင့် သင့်၊ မသင့်ကို အခွင့်ရှု၍ အပြုလုံ့ လ
ရှိအပ်စွတည့်။(မဃဒေဝ)
ကောင်းမှု ပြုသူ ကောင်းကျိုးရဖို့ သေချာ၏။ မကောင်းမှု ပြုသူ မကောင်းကျိုးရဖို့  သေချာ၏။
သို့ ရာတွင် ချက်ခြင်း လက်ငင်းတော့ မဟုတ်။ အချိန်ကာလ တစ်ခုအထိတော့ စောင့်ဆိုင်းရမည်။
အကြောင်းကား ထိုကံသည် နာနာက္ခဏိက ကံဖြစ်သောကြောင့် ဖြစ်သည်။
ကောင်းမှု ပြုသူသည် ထိုကောင်းမှုက မရင့်ကျက်သေးမီအတွင်း အခြားမကောင်းကျိုးတို့ ကို
တွေ့ ရနိုင်သေး၏။ မိမိ ကောင်းမှုက ရင့်ကျက်ပြီ ဆိုလျှင်တော့ ကောင်းကျိုးရလေတော့၏။ ထို့ အတူ
မကောင်းမှုပြုသူသည် ထိုမကောင်းမှု မရင့်ကျက်သေးမီအတွင် အခြားကောင်းကျိုးတို့ ကို တွေနေရ
ဦးမည်။ မိမိမကောင်းမှုက ရင့်ကျက်သွားလျှင်တော့ မကောင်းကျိုးတို့ ကိုသေချာပေါက်တွေ့ ရပေးမည်။
ဤကားဘုရားဟော ဖြစ်၏။
မစ္ဆာသမားက အောင်မြင်ကြီးပွားနေတာ ထိုမိစ္ဆာက မရင့်ကျက်သေးလို့ ၊ အကျိုးမပေးသေးလို့ 
သာဖြစ်သည်။ သမ္မာသမားက အဆင်မပြေဖြစ်နေတာ ထိုသမ္မာက မရင့်ကျက်သေးလို့ ၊ အကျိုးမပေးသေး
လို့ သာဖြစ်သည်။ တစ်နေ့ နေ့ မှာတော့ ကိုယ်စိုက်ပျိုးသည့်အပင် ကိုယ်သာရိပ်သိမ်းရလိမ့် မည်။
အသီးမှည့်တစ်လုံးဒ ဘဝဖြစ်စဉ်ကို ကြည့်လိုက်တော့ ဖူးပြီးမှပွင့်၊ ပွင့်ပြီးမှ ကင်း၊ ကင်းပြီးမှသီး၊
သီးပြီးမှရင့်၊ ရင့်ပြီးမှ မှည့်လို့  ရ၏။ ကံတရားတို့ လည်း ထိုနည်းတူပင်ဖြစ်၏။ ကံက တဖြည်းဖြည်းနှင့်ရင့်၊
ရင့် ပြီးမှ ကျက်၊ ရင့်ကျက်ပြီးမှသာ အကျိုးပေးနိုင်၏။ ကြားကာလ အချိန်ကာလတစ်ခုတော့ စောင့်ရ၏။
သို့ သော် ထိုအချိန်ကာလက အတိအကျ သတ်မှတ်၍တော့ မရ။
ဗုဒ္ဓဘာသာတွေက ကံသမားတွေ ဆိုတော့ ဘာဘဲဖြစ်ဖြစ် ကံတစ်ခုတည်းကို သာ ပုံချချင်ကြ၏။
ကံ တစ်ခုတည်း ပုံချလို့ မရ။ ကံကလည်း သူအကျိုးပေးချင်တိုင်း ပေးလို့ ရတာမဟုတ်။ ကံက ကာလာ
ဒေသ ပဂ္ဂလတို့  အနေအထားကိုလည်း ကြည့်ရသေး၏။ ကာလ ဂတိ ဥပဓိ ပယောဂ တို့  သမ္ပတိ၊ ဝိပ္ပတ္တိဖြစ်၊
မဖြစ်ကိုလည်း ကြည့်ရသေးသည်။ ကံက ကောင်းနေသော်လည်း ကာလဒေသ ပုဂ္ဂလက မကောင်းခဲ့လျှင်
ကာလဂတိ ဥပဓိ ပယောဂတို့ က ဝိပတ္တဖြစ်နေလျှင် ကောင်းကျိုးပေးလို့ မရပေ။
သစ်ကောင်းတစ်ပင် ဖြစ်ဖို့ ရာတွင် မျိုးစေ့ကောင်းရုံနှင့် မလုံလောက်၊ ရေလည်းကောင်းမှ မြေလည်း
ကောင်းမှ၊ ဓာတ်မြေသြဇာ၊ ဆေးဝါးတို့ လည်း ရရှိမှ အထူးသဖြင့်တော့ ဥယျာဉ်မှူးလည်း ကောင်းပါမှ သစ်ကောင်း
တစ်ပင် ဖြစ်နိုင်သည်။ မျိုးစေ့ စသည် ကျန်တာတွေ ကောင်းသော်လည်း ဥယျာဉ်မှူးက မသိ၊ မတတ်၊မကျွမ်း၊
မလိမ္မာလျှင် သစ်ကောင်းတစ်ပင် ရဖို့  မဖြစ်နိုင်ပေ၊ ကံနှင့် ကံအကျိုးဆိုတာလည်း ထိုနည်းတူစွာသာလျှင် ဖြစ်၏။
ကောင်းမှု ကံတစ်ခု ကောင်းကျိုးပေးဖို့ အတွက် ခေတ်ကာလ အခြေအနေ ကောင်းဖို့  လိုသည်။ ကံနှင့်
စပ်ဆိုင်သူတို့  နေထိုင်ရာ ဒေသအခြေအနေလည်း ကောင်းဖို့ လိုသည်။
ထိုကာလဒေသ ပုဂ္ဂ္ဂလ တို့ က ဝိုင်းကောင်းပေးမှ ကံကလည်းကောင်းလို့ ရသည်။
ကံကောင်းနိုင်ဖို့ အတွက် ဖြစ်ရာဘဝ ဂတိအခြေအနေကလည်း ကောင်းဖို့  လိုသည်။ ကာယကံရှင်၏
ဥပဓိ၊ သို့ မဟုတ် ကာယကံရှင်နေထိုင်ရာ ပတ်ဝန်းကျင် ပထဝီပြင်၏ ဥပဓိကလည်း ကောင်းဖို့ လိုသည်။
ကာလ ဂတိ ဥပဓိ တို့ သမ္ပတ္တိ ဖြစ်နေမှ ကံကလည်း ကောင်းလို့ ရသည်။
နောက်ဆုံးတစ်ချက် အရေးတကြီး ကောင်းဖို့  လိုအပ်တာက ပယောဂဖြစ်သည်။ မန်လည် ဆရာတော်က
"ဥစ္စာ ဘောဂ ဇီဝိတနှင့် သူခပွားရန် ဤလူ့ ဌာန်၌ ဥာဏ်ဝီရိယ ပယောဂတည်း" ဟု ဆိုခဲ့၏။ ဤပယောဂ ဟူသည်
စုန်းပူး နတ်ပူး စသော ပယောဂမျိုးမဟုတ် မိမိ၏ ကာယကံ ဝစီကံ မနောကံ တို့ ကို ဆိုလိုသည်။
ပြောတာဆိုတာ၊ လုပ်တာကိုင်တာ၊ တွေးတာခေါ်တာ၊ အဆင့်အတန်းရှိရမည်။ ပြောတတ် ဆိုတတ် ရှိရမည်။
လုပ်တတ် ကိုင်တတ် ရှိရမည်။ အတွေးအခေါ်အယူအဆ ကောင်းရမည်။ အရည်အချင်းဟု ဆိုလျှင် ရသည်။ ကံသုံးပါး
အဆင့်ရှိလျှင် အရည်အချင်းရှိလျှင် ပယောဂ သမ္ပတ္တိ ဖြစ်သည်။ ပယောဂ သမ္ပတ္တိ ဖြစ်လျှင် ကံကလည်းကောင်းလို့ 
ရသည်။
စက်လေးပါးနှင့် ကြည့်လျှင် လေးချက်ညီမှ ကံကောင်းနိုင်သည်၊ ရှေးကံကောင်းရမည်၊ အမှီကံကောင်းရမည်၊
နေရာကောင်းရမည်၊ မိမိကိုယ်၌ ကလည်းဥာဏ်နှင့် ဝီရိယ ကောင်းရမည်။ ရာခိုင်နှုန်းခွဲသော် ရှေးကံကောင်းဖို့  ၂၅ ရာ
ခိုင်နှုန်း၊ ပစ္စုပ္ပန်ကံကောင်းဖို့  ၂၅ ရာခိုင်နှုန်း၊ နေရာဒေသကောင်းဖို့  ၂၅ ရာခိုင်နှုန်း၊ အမှီ ကောင်းဖို့  ၂၅ ရာခိုင်နှုန်း ၊
ထိုသို့ အသီးသီးတာဝန်ရှိကြသည်။
ခြုံ၍ ဆိုရလျှင် တရားကိုနတ်စောင့်သည်မှာ သေချာပါ်၏။ သို့ သော် နတ်(ကံ) တစ်ခုတည်းစောင့်လို့ တော့မရ၊
ကျန်သည့် ကာလ ဒေသ ပုဂ္ဂလ ဂတိ ဥပဓိ ပယောဂတွေ ဝိုင်းဝန်းစောင့်ပါမှ ဖြစ်သည်။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Friday, August 21, 2009
တရားကိုနတ်စောင့်၏။သို့ သော်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment