Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Tuesday, December 23, 2008

မြန်မာ့နိုင်ငံရေးနှင့်မုသဝါဒ (အပိုင်း-၁)

From: pyanar thami
Date: 2008/12/19
Subject: မြန်မာ့နိုင်ငံရေးနှင့်မုသဝါဒ (အပိုင်း-၁)


မြတ်စွာဘုရားကမဟာပဓါနသုတ်တော်တွင်ဟောခဲ့တာတစ်ခုရှိပါတယ်။ "ဧကံဓမ္မံ အတီတသ ၊ မုသာဝါဒိတ ဇန္တုနော ၊ ဧတေသုပရလောကေသု၊ နတ္ထိပါပံအကာရိယံ" တဲ့ဆိုလိုတာက
တော့ လောကမှာမုသဝါဒဟာကြောက်စရာအကောင်းဆုံးရန်သူမည်တယ်လို့ ပြောတာပါ၊။ မုသားစကားတစ်ခွန်းကိုပြောဆိုမိတာနဲ့ ပစ္စုပာန်သံသရာကောင်းကျိုးချမ်းသာတွေအကုန်လုံး လွဲချော်သွားနိုင်တယ်
ဒါကြောင့်လည်းမြတ်စွာဘုရားဟာမုသဝါဒကိုလောကလူသားများအနေနဲ့ အထူးရှောင်ကြဉ်ရမည့်တရားတစ်ခုဖြစ်ကြောင်းသတ်မှတ်ခဲ့တာဘဲဖြစ်ပါတယ်။ လောကတွင်မကောင်းသောအရာကိုကောင်းတယ်
ဟုပြောဆိုရေးသားပြီးနေကြမည်ဆိုလျှင်လူသားအားလုံးကမကောင်းမူ့ ကိုကောင်းမူ့ ထင်ပြီးပြုလုပ်ကြမည်ဆိုပါကဘယ်မှာလူသားတွေအတွက်ကောင်းကျိုးကိုရနိုင်ပါမည်နည်း။


လွန်ခဲ့သော ၂၀၀၇ ခုနှစ်စက်တင်ဘာကသံဃာတော်များကိုအတုပါဟုပြောဆိုပြီးရိုတ်နှက်ဖမ်းဆီးခိုင်းသည့်စစ်ဗိုလ်ကြောင့်အဟုတ်အတုထင်ကာရိုတ်နှက်သည့် ရဲဘော်များနှင့်လူများကိုကြည့်
လျှင်လည်းသိနိုင်ကြမည်ဟုထင်ပါသည်။ တကယ်လို့ သာထိုသူများကိုလမ်းပေါ်ထွက်မေတ္တာသုတ်ရွတ်တဲ့သံဃာတွေအစစ်ပါဆိုလျှင်ဗုဒ္ဓဘာသာဖြစ်
သောထိုသူများရိုတ်နှက်ဖမ်းဆီးသတ်ပြတ်ပြစ်ခတ်မူ့ ကိုပြုမည်မဟုတ်ပါ။
ထို့ ကြောင့်မုသဝါဒသည်ပစ္စုပာန်ကာလကိုရုပ်ဆိုးအကျည်းတန်စေဘိသကဲ့သို့ အနာဂတ်မျိုးဆက်သစ်များကိုလည်းယုံမှားသံသယဖြစ်စေ
ပါသည်။အလားတူစွာလွန်ခဲ့ပြီးသောအတိတ်တွေမှာလည်းပြုခဲ့ကြသောလုပ်ငန်းစဉ်များကိုမှန်ကန်စွာရေးသားပြောဆိုမူ့ မရှိပါဘဲကိုယ်လိုရာဆွဲပြောရေး
သားမူ့ တွေကြောင့်ပစ္စုပာန်ရှိလူသားများကိုအကျိုးယုတ်စေသည့်ဖြစ်ရပ်ပေါင်းများစွာရှိခဲ့ပါသည်။သို့ ပါသောကြောင့်လူသားများအဖို့ သမိုင်းကိုအမှန်
ပြောဆိုရေးသားဖေါ်ထုတ်နိုင်မူ့ ကိုသာပြုလုပ်သင့်ပါသည်။" မိမိပြောဆိုရေးသားသည့်သမိုင်းကြောင်းများမှာလွဲမှားနေခဲ့သောကြောင့်ခေတ်အဆက်ရန်
ပြစ်နေရမည့်အဖြစ်မျိုးနဲ့ သာကြုံနေရပြီးသတ်ဖြတ်အထင်လွှဲမှားနေကြပါမည်ဆိုလျှင်မိမိသည်သမိုင်း၏တရားခံဖြစ်ယုံပင်မကဘဲထိုဖြစ်သမျှသောအ
ကြောင်းရပ်များ၏ဆိုးကြိုးကိုလည်းမိမိတစ်ဦးတည်းသာမကသားစဉ်မြေးဆက်ခံစားကြရမည်သာဖြစ်ပါသည်။ "
လူသားတို့ အတွက်မုသဝါဒဖြစ်ရမူ့ ကိုအပိုင်းလိုက်ခွဲခြားကြည့်မည်ဆိုလျှင်
(၁) အချင်းချင်းသဝန်တိုမူ့ ကြောင့်ဖြစ်တည်သည့်မုသဝါဒ
(၂)အချင်းချင်းဒေါသကိုမှီပြီးဖြစ်သည့်မုသဝါဒ
(၃)သူတပါးကိုပျက်စီးစေလို သောကြောင့်ဖြစ်ပေါ်လာသည့်မုသဝါဒ
(၄)မိမိတွင်ရှိသည်ထက်ပိုမိုထင်ရှားစေလို့ သည်ကြောင့်ဖြစ်ပေါ်လာသည့်မုသဝါဒ ဆိုပြီးအပိုင်းလေးပိုင်းခွဲကာလေ့လာနိုင်ပါသည်။
ယနေ့ မျက်မှောက်ခေတ်နှင့်လူ့ ဘဝတစ်လျှောက်တွင်လူသားများရင်ဆိုင်နေရသည့်အဓိကမုသဝါဒများဟုဆိုလျှင်လည်းမှားမည်မထင်ပါ။
မြန်မာ့သမိုင်းနှင့်ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်ဖြစ်ပေါ်ခဲ့သည့်စစ်ပွဲများနှင့်အချင်းချင်းအာဏာလုဗိုလ်ကျစိုးမိုးရေးစနစ်များဖြစ်ပေါ်လာ
ရသည့်အကြောင်းရင်းများမှာဖေါ်ပြပါအချက်များကြောင့်ဖြစ်သည်ကိုအများဆုံးတွေ့ ရပါလိမ့်မည်။
ဥပမာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရခြင်းမှာဂဋုန်ဦးစော၏အာဏာကိုမတရားရယူလို့ မူ့ နဲ့ အင်္ဂံလိပ်တို့ ၏မြောက်ပင့်ပြောဆိုခြင်းမု
သဝါဒကြောင့်ဟုပြောဆိုရပါမည်။တကယ်လေးနက်စွာတွေးလျှင်ဖေါ်ပြပါအချက်( ၁၊၃၊၄)တို့ နှင့်တပါတည်းပါဝင်ပတ်သတ်နေသည်ကိုတွေ့ ရပါလိမ့်မည်။
မြန်မာ့လွတ်လပ်ရေးကိုရှေ့ ဆောင်လမ်းပြပေးခဲ့သောဆရာတော်ဦးဥတ္တမပုဇွန်တောင်အမိုက်ပုံတွင်ကွယ်လွန်ခဲ့ရခြင်းမှာလည်းဖေါ်ပြပါ
အကြောင်းရင်းများကြောင့်ပင်ဖြစ်ပါသည်။တကယ်အမှန်ဆိုလျှင်မြန်မာနိုင်ငံရေးလောကတစ်လျှောက်တွင်ဦးဆောင်သူအားလုံးမှာမုသဝါဒီတို့ ၏လက်
ချက်ကြောင့်အသက်ဆုံးရူံးနေကြရသည်သာဖြစ်ပါသည်။လွန်ခဲ့သောအတိတ်သည်ကားကမ္ဘာ့လူသားများအချင်းချင်းပူးပေါင်းဆောင်ရွတ်နိုင်မူ့ အားနည်းချက်များကြောင့်ဆိုလျှင်လက်ခံနိုင်စရာအကြောင်းရှိဘိသကဲ့သို့ မြန်မာလူထုတို့ ၏ဗဟုသုတနိုင်ငံရေးအမြင်၊ပညာရေးအမြင်စသောနည်း
ပညာရပ်များအားနည်းခြင်းကြောင့်သာဖြစ်ပါလိမ့်မည်ဟုကျနော်တို့ အားလုံးနားလည်နိုင်ကြပါလိမ့်မည်။
ယနေ့ သည်ဂလိုဘေလိုက်ဇေးရှင်းခေါ်အိုင်တီနည်းပညာရပ်များထွန်းကားကာလူသားတိုင်းပြည့်ဝသည့်လူ့ အခွင့်အရေးကိုလိုလားနေ
ကြပြီးစစ်မှန်သည့်ဒီမိုကရေစီရေးကိုလိုလားလာကြသည်။ဒီမိုကရေစီကိုကျင့်သုံးသဖြင့်လူ့ မူ့ ဘဝမြင့်မားလာသည်ကိုလည်းမြင်တွေ့ နေကြရသည်။
အာဏာရှင်စနစ်ဆိုးများကိုမုန်းတီးကာတော်လှန်တိုက်ပွဲဝင်နေကြသည့်လူပုဂ္ဂိုည်များကမ္ဘာနှင့်အဝှမ်းတွင်ရှိနေကြသည်။မြန်မာတို့ သည် ၁၉၈၈ ခုနှစ်မှ
စတင်ကာတစ်ပါတီအာဏာရှင်စနစ်ကိုတော်လှန်လာကြသည်မှာယနေ့ အချိန်ထိဖြစ်သည်။အနှစ်(၂၀)ကာလအတွင်းတွင်အာဏာရှင်တို့ ၏ရက်စက်မူ့ 
များကြောင့်အသက်ဆုံးဘဝပျက်သွားရသည့်ရဟန်းရှင်လူအများအပြားရှိသည်ကိုလည်းမျက်ဝါးထင်ထင်တွေ့ မြင်နေကြရပြီးဖြစ်သည်။ကျနော်တို့ တိုက်
ပွဲမအောင်မြင်ရခြင်းမှာအာဏာရှင်၏အချင်းချင်းသွေးခွဲကာမဟုတ်မမှန်လုပ်ဇာတ်ခင်းကျင့်သုံးနေသည့်မုသဝါဒကြောင့်ဖြစ်သည်ဆိုလျှင်လက်မခံနိုင်စရာ
ရှိမည်မထင်ပါ။
ကျနော်တို့ အားလုံးသည်စစ်အာဏာရှင်တို့ ၏အကျင့်စရိုတ်လက္ခဏာကိုသိရှိနေကြပြီးဖြစ်သော်လည်းသူတို့ ဆွဲရာမုသဝါဒကိုကားမ
တော်လှန်နိုင်ခဲ့ဟုဆိုရပါမည်။အထူးဝမ်းနည်းစရာကောင်းသည်ကားအာဏာရှင်တို့ ၏မုသဝါဒအစားတော်လှန်ရေးရဲဘောအချင်းချင်းတို့ ကြားတွင်မ
လိုအပ်ဘဲဖြစ်ပေါ်နေသောမုသဝါဒတိုးပွားလာခြင်းပင်ဖြစ်သည်။ကျနော်တို့ ရဲဘော်များသည်မြန်မာ့ဒီမိုကရေစီရေးအတွက်ဘဝစွန့် တိုက်ပွဲဝင်နေကြပါ
လျှက်ဘာကြောင့်ကိုယ့်အချင်းချင်းမလိုလားအပ်သောမုသားဝါဒတွေနဲ့ မဟုတ်မမှန်သွားပုတ်လေလွင့်ပြောဆိုကျင့်သုံးနေကြပါသလဲဆိုတာမေးခွန်း
ထုတ်စရာဖြစ်လာပါသည်။
အဖွဲ့ အစည်းအချင်းချင်းဝေဖန်ပြောဆိုမူ့ တွေသာမကဘဲအဖွဲ့ တူအချင်းချင်းပြောဆိုပုတ်ခတ်မူ့ တွေပါတိုးပွားလာနေသည်။တချို့ 
တွေကပြောကြပါသည်။အချင်းချင်းသဘောထားမတူညီမူသည်ဒီမိုကရေစီဟုပြောပါသည်။ဟုတ်ပါသည်သဘောထားမတူညီသည်ကိုညှိနိုင်းယူချင်း
ကကောင်းသောစည်းလုံးညီညွတ်မူ့ ကိုဖြစ်စေသကဲ့သို့ အားလုံး၏ဆန္ဒနှင့်လျော်ညီသောလမ်းစဉ်တခုကိုရရှိနိုင်စေပါလိမ့်မည်။သို့ သော်နောက်ကွယ်
တွင်ပြောဆိုနေကြသောပုတ်ခတ်စော်ကားမူ့ များမှာဒီမိုကရေစီကိုမဖြစ်စေနိုင်ဆိုသည်ကိုလည်းနားလည်ကြရပါလိမ့်မည်။
တကယ်ဆိုလျှင်ယနေ့ မြန်မာ့နိုင်ငံရေးလောကတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်တကယ့်အပင်ပန်းအဆင်းရဲခံကာတိုက်ပွဲဝင်နေ
သောရဲဘော်များမှာကျောင်းသားများသာဖြစ်သည်ဆိုလျှင်လည်းမှားမည်မထင်ပါ။ရှစ်လေးလုံးနဲ့ အတူမွေးဖွားလာသည့်အဖွဲ့ အစည်းများထဲတွင်ကျောင်း
သားတပ်မတော်သည်ထင်ရှားခဲ့သကဲ့သို့  ရဟန်းပျိုသမဂ္ဂသည်လည်းထင်ရှားသောအဖွဲ့ အစည်းတစ်ခုဖြစ်ခဲ့ ပါသည်။တခြားသောအဖွဲ့ အစည်းများအား
လုံးသည်လည်းရှစ်လေးလုံး၏သန္ဓေတည်မွေးဖွားမူ့ များသာဖြစ်ပါသည်။
အချုပ်ဆိုရလျှင်အဖွဲ့ အစည်းများအားလုံးဒီမိုကရေစီရေးတိုက်ပွဲဝင်များသာဖြစ်သည်။ကျနော်တို့ သည်လူပေါင်းများစွာနဲ့ ဖွဲ့ စည်းထား
သောအဖွဲ့ စည်းပေါင်းများစွာဖြစ်သော်လည်းတခုတည်းသောဦးတည်ချက်မှာတူညီနေသည်ကိုလည်းတွေ့ ရပါသည်။ထိုအဖွဲ့ အများစုမှာထိုင်းမြန်မာနယ်
စပ်တွင်အခြေပြုသလိုဘင်္ဂံလာဒေ့ရ်နှင့်အိန္ဒိယတို့ တွင်အများအပြားအခြေပြုလုပ်ရှားနေကြခြင်းဖြစ်ပါသည်။ထိုသူများအားလုံးမှာကျနော်တို့ ၏လေးစား
ရသောသူများမဟုတ်ခဲ့တောင်ကျနော်တို့ အတွက်မကောင်းပြောရမည့်သူများလည်းမဟုတ်ပါ။
မြတ်စွာဘုရားသည်ကာလာမသုတ်တွင်ဟောကြားခဲ့သည်မှာ " ချစ်သားတို့ ငါဘုရားဟောသောတရားကိုလည်းမှန်သည်ဟုမဆိုရာ။
တခြားသောသူများပြောသည်ကိုလည်းမှန်သည်ဟုမဆိုရာ။လောကယုတ္တိ၊အာဂါမယုတ္တိ၊သဘာဝယုတ္တိစသည်ယုတ္တိသုံးပါးနှင့်ညီမှယုံပါ။" ဟုမိန့် တော်
မူခဲ့ပါသည်။
အပိုင်း(၂)ကိုဆက်လက်ဖတ်ရှူ့ ရန်
ပညာကျော်
( လိမ်ညာလှဲ့ ဖျားပြောဆိုငြားမုချမအောင်မြင်ရာ)

0 comments: