Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Monday, November 10, 2008

စာနယ်ဇင်းကျင့်ဝတ်(၁)-လူထုဦးစိန်ဝင်း

ဒီနေ့ ခေတ်က ပဂ္ဂလိကလွတ်လပ်ခွင့် ကို အထူးအလေးထား ပြောကြားနေတဲ့ ခေတ်ဖြစ်တယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ပဂ္ဂလိက
လွတ်လပ်ခွင့်က တခြားလူတစ်ဦးတစ်ယောက်ရဲ့ ပဂ္ဂလိကလွတ်လပ်ခွင့်ကို ထိပါးနစ်နာစေတဲ့ အဖြစ်မျိုး ကြုံတွေ့ ရတဲ့အခါ
ကျတော့လည်း ပုဂ္ဂလိကလွတ်လပ်ခွင့်က ဘယ်အတိုင်းအတာအထိ ရှိသင့်သလဲဆိုတာ ဆွေးနွေးငြင်းခုန် ဝေဖန်ကြတာတွေ
လုပ်ကြရပြန်တယ်။

ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ အတူ စာနယ်ဇင်း လွတ်လပ်ခွင့်ကိုလည်း အထူး အလေးထားခဲ့ကြတယ်။ ဒါပေမယ့် ထိုစာနယ်ဇင်း
လွတ်လပ်ခွင့်က လူတစ်ဦးတစ်ယောက်ရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိပါးနစ်နာစေတဲ့ အဖြစ်မျိုးကြုံတွေ့ ရတဲ့အခါမျိုး
ကျတော့လည်း စာနယ်ဇင်းသမားတွေကိုယ်တိုင်က ဆွေးနွေးငြင်းခုံဝေဖန်တာတွေ လုပ်လာခဲ့ကြတယ်။

၁၉၇၀ ခုနှစ်များအတွင်းက အမေရိကန်စာနယ်ဇင်းလောက တစ်ခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်သွားစေတဲ့ အငြင်းပွားမှုကြီး
တစ်ခု ပေါ်ထွက်လာခဲ့တယ်။ အဲဒါကတော့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးပွဲမှာ ရှေ့ တန်းကပြေးနေသူ Hart ရဲ့
ကိုယ်ရေးကိုယ်တာ ကိစ္စများကို The Miami Herald သတင်းစာကြီးက သတ်ငးထောက်တွေဟာ ချုံတွေထဲ ပုန်းအောင်း
ပြီး အဝေးဆွဲတယ်လီတပ် ကင်မရာတွေနဲ့  Hart နဲ့  အဖော်တစ်သိုက် မိန်းမချောလေးတွေနဲ့  သွားလာနေကြတာ၊ ရွက်လှေ
ပေါ်မှာ ဘီကီနီဝတ် မိန်းမချောလေးတစ်ယောက်က ဟာတ်ရဲ့ ပေါင်ပေါ်ထိုင်နေတာ စတဲ့ပုံတွေကို ရိုက်ကူးဖော်ပြ
ခဲ့ကြတယ်။

အကျိုးဆက်အဖြစ် သမ္မတလောင်းဖြစ်ဖို့  ရေပန်းစားနေသူ Hart ပြိုင်ပွဲက နှုတ်ထွက်သွားခဲ့ရတယ်။ စာနယ်ဇင်းဆိုတာ
သတင်းကို ဖော်ပြဖို့  တာဝန်ရှိတာမှန်တယ်။ ဒါပေမဲ့ သတင်းကို ဘယ်လိုနည်းနဲ့  ရယူခဲ့သလဲ ဆိုတာ မစဉ်းစားသင့်ဘူးလား
လို့  စာနယ်ဇင်း ဆရာတချို့ က မေးခွန်းထုတ်ခဲ့ကြတယ်။

အဲဒီနောက် အမေရိကန်နိုင်ငံသာမက ကမ္ဘာတစ်ခုလုံး တုန်လှုတ်ခြောက်ခြားစေတဲ့ ဒိုင်ယာနာမင်းသမီး သေဆုံးခဲ့ရတဲ့ကိစ္စ
ကြီး ဖြစ်ပေါ်လာတဲ့အခါကျတော့ စာနယ်ဇင်းဆရာတွေက မေးခွန်းထုတ်ရုံသာ မကတော့ဘဲ၊ နောက်က တစ်ကောက်ကောက်
လိုက်ကြတဲ့ ဓာတ်ပုံသမားတွေကို အပြင်းအထန်ရှုတ်ချခဲ့ကြတယ်။ ဗြိတိသျှ ပါလီမန်က စာနယ်ဇင်း လွတ်လပ်ခွင့်ကို
ကန့် သတ်ဖို့ အထိတောင် စဉ်းစားခဲ့ကြတယ်။ စိတ်လှုပ်ရှားမှုတွေ ငြိမ်သက်သွားတဲ့အခါ ကျတော့ ဆင်ခြင်တုံတရား ပြန်လည်
လွှမ်းမိုးပြီး တကယ်လက်တွေ့  ကန့် သတ်ဥပဒေတွေ မပြဠာန်းခဲ့လို့ သာ တော်တော့တယ်။

ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ရှေ့ တန်းတင်လွန်းတဲ့ လူ့ အဖွဲ့ အစည်းမှာ လူသားတို့ ရဲ့ ကျင့်ဝတ်သီလတွေ လျော့ပါးကျဆင်း
လာရတာ ဓမ္မတာ ဖြစ်တယ်။ စာနယ်ဇင်းသမားတွေထဲမှာလည်း စာနယ်ဇင်းကျင့်ဝတ် ဖောက်ဖျက်သူတွေ များလာတာ
ကြောင့် စာနယ်ဇင်းတွေအပေါ် ပြည်သူ လူထုရဲ့ယုံကြည်ကိုးစားမှု တစ်နေ့ တခြား ကျဆင်းသထက် ကျဆင်းလာခဲ့ရတယ်။
အမေရိကန်နိုင်ငံရှိ The National Opinion Research Center ဆိုတဲ့ သုတေသနအဖွဲ့  ကြီးက ကောက်ယူခဲ့တဲ့ စစ်တမ်း
တစ်ခုအရ၊ အမေရိကန်ပြည်သူလူထုရဲ့ စာနယ်ဇင်းများအပေါ် ယုံကြည်ကိုးစားမှု နှုန်းဟာ ၁၉၇၆ မှာ ၂၈ ရာနှုန်း ရှိရာက
၁၉၈၃ မှာ ၁၃.၄ သာ ရှိတော့ကြောင်း သိရှိခဲ့ရတယ်။

လူထုရဲ့ ယုံကြည်မှုလျော့ပါးကျဆင်းလာခဲ့ရတာဟာ စာနယ်ဇင်းသမားတို့ ရဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့  လူ့ ကျင့်ဝတ်
ချိုးဖောက်မှုများကြောင့် ဖြစ်ရတယလို့  သုံးသပ်ကြတယ်။ ကယ်လီဖိုးနီးယားက Blade-Tribune သတင်းစာရဲ့
သတင်းထောက်တစ်ဦးဟာ အခြားသူတစ်ဦး ရေးခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို “၏သည်” မလွဲ ကူးယူဖော်ပြ
ခဲ့တာကြောင့် အလုပ်က နှုတ်ထွက်စေခဲ့ရတယ်။ ၁၉၈၁ ခုနှစ်က အကောင်းဆုံးသတင်းအဖြစ် ပူလစ်ဇာဆုရရှိခဲ့တဲ့
ဝါရှင်တန်ပို့ စ်က သတင်းထောက် အမျိုးသမီးတစ်ဦးဟာလည်း ၈ နှစ်သား ကလေးတစ်ယောက် မူးယစ်ဆေးစွဲနေ
တဲ့ သတင်းဟာ အမှန်မဟုတ်ဘဲ လုပ်ကြံဖန်တီးပြီးရေးခဲ့ကြောင်း ပေါ်သွားတဲ့အတွက် အလုပ်က ထုတ်ပစ်ခဲ့ရတယ်။
ပူလစ်ဇာဆုကိုလည်း ပြန်အပ်ခဲ့ရတယ်။ CBS ကနာမည်ကြီး မီဒီယာသမား Walter Cronkite ဟာ CBS က
အနားယူလိုက်တဲ့အခါ Pan American World Hirwa ရဲ့ ဒါရိုက်တာအဖွဲ့ ဝင်တစ်ဦးအဖြစ် ခန့် ထားခံခဲ့ရတယ်။
သူဟာ CBS ကအနားယူလိုက်ပေမယ့် လေကြောင်းလုပ်ငန်းများနဲ့ ပတ်သက်တဲ့ CBS ရဲ့ အထူးသတင်းထောက်
အဖြစ် တာဝန်ယူခဲ့တယ်။ ဒီကိစ္စမှာ Conflict of Interest ဖြစ်စေတယ်လို့  ဝိုင်းပြီး ဝေဖန်ကြတာကြောင့် ခရွန်ကိုက်
ဟာ ရာထူးလက်ခံပြီး ၆ လ အကြာမှာ Pan American က နှုတ်ထွက်သွားခဲ့ရတယ်။

စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်ပြီး The Des Moines Register သတင်းစာက သူ့ တိုက်တွန်းချမှတ်ထားတဲ့ ကျင့်ဝတ်
များကို လေ့လာနိုင်အောင် တင်ပြချင်ပါတယ်။


“ကျွန်ုပ်တို့  သတင်းစာ၏ အုပ်ချုပ်ရေးပိုင်းနှင့် တခြားဝန်ထမ်းများ အားလုံးသည် အထူးအကျိုးစီးပွားအတွက် ဆောင်ရွက်
နေကြသည့် အသင်းအဖွဲ့ များနှင့် ကင်းကင်းရှင်းရှင်း ရှိစေရမည်။ အကျိုးစီးပွားချင်း ထိပ်တိုက်ဖြစ်စေမည့်ကိစ္စများ၊
ယုံမှားသံသယဖြစ်စေနိုင်သည့် ကိစ္စများကိုလည်း ရှောင်ရှားရမည်” သတင်းကစ္စဆောင်ရွက်ရင်း ထမင်းစားပွဲများ၊
အခြားဧည့်ခံပွဲများတက်ရောက်ရသည့်အခါတွင် ကိုယ့်စားရိတ်ကို ကိုယ့်ဟာကိုယ်ပေးရမည်။ ချက်ချင်းပေးခွင့် မကြုံ
ခဲ့လျှင် နောင်တစ်ချိန်ချိန်မှာစားစရိတ်ကို ပြန်ပေးရမည်။

နိုင်ငံရေးဟောပြောပွဲများအတွက်ဖြစ်စေ၊ အားကစားအသင်းအဖွဲ့ များနှင့် ဖြစ်စေ၊ အတူလိုက်ပါ ခရီးသွားရသည့်အခါ
တွင်လည်း ကိုယ့်စရိတ်ကိုယ်ပေးပြီး လိုက်ပါရမည်။

မည်သည့်ဝန်ထမ်းမှ မည်သို့ သော အခမဲ့လက်မှတ်၊ မေတ္တာလက်ဆောင် လက်မှတ် စသည်များ လက်မခံရ။

သတင်းစာတိုက်ဝန်ထမ်းများသည် ပြင်ပလုပ်ငန်းများ အသင်းအဖွဲ့ များတွင် ဒါရိုက်တာအဖွဲ့ စသည့် ရာထူးတာဝန်များ
ယူပြီး၊ ယင်း လုပ်ငန်းများအတွက် သတင်းဆောင်းပါးရေးပေးရသ်ည့ တာဝန်များ မယူရ။


ဒါဟာ သတင်းစာတစ်စောင်ရဲ့ တိုက်တွန်းကျင့်ဝတ် စည်းကမ်းမျှသာဖြစ်ပါတယ်။ နမူနာအဖြစ်တင်ပြလိုက်တာပါ။
နောက်အပတ်များမှာ “စာနယ်ဇင်းကျင့်ဝတ်” များနဲ့  ပတ်သက်ပြီး ဆက်လက်ရေးသားတင်ပြပါဦးမယ်။

Ref: 1. Basic News Writing by Melvin Mencher.
2. Committed Journalism by Edmund B. Lambelk.
3. News Values by Jack Fuller.

0 comments: