မုန်တိုင်းဒဏ်နဲ့  လူတွေ အများကြီးသေပြီး ဒုက္ခရောက်
နေချိန်မှာတောင်ကယ်ဆယ်ရေးမလုပ်ဘဲ ဆန္ဒခံယူပွဲကို
ဆက်လုပ်သွားတဲ့ စစ်အာဏာရှင်တွေကိုလူထုကဘယ်
လိုထောက်ခံမှာလဲ၊(အစအဆုံးဖတ်ရန်-ခေါင်းစဉ်ကိုကလစ်ခေါက်ပါ)
Phone Hlaing-FWUBC said...
မုန်တိုင်းဒဏ်နဲ့  လူတွေ အများကြီးသေပြီး ဒုက္ခရောက်
နေချိန်မှာတောင်ကယ်ဆယ်ရေးမလုပ်ဘဲ ဆန္ဒခံယူပွဲကို
ဆက်လုပ်သွားတဲ့ စစ်အာဏာရှင်တွေကိုလူထုကဘယ်
လိုထောက်ခံမှာလဲ၊ ဒီမဲစာရင်းတွေဟာ ကြိုတင်ပြင်ဆင်
ထားပြီးသားတွေ ပါ။ပြီးတော့ဒီဖွဲ့ စည်းပုံအသစ်ထဲမှာအ
မျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတာပါတယ်
ဒီကောင်စီမှာကော်မတီဝင်၁၁ဦးပါပြီး၆ဦးဟာစစ်တပ်က
ဖြစ်ပါတယ်။ ပြီးတော့ဒီကောင်စီဟာအရေးပေါ်အခြေအ
ခြေအနေကြေငြာခွင့်ရှိပြီးစစ်တပ်အနေနဲ့ လည်းအချိန်မ
ရွေးအာဏာသိမ်းလို့ ရအောင်တရားဝင်ခွင့်ပြုထားပါ
တယ် ဒါကြောင့်ဒီဖွဲ့စည်းပုံဟာမတရားတဲ့ဖွဲစည်းပုံဖြစ်
တယ်လို့ ရေဘူယအားဖြင့် အကြမ်းပြောလို ပါတယ်
ဒါကြောင့် အရင်ကတရားမ၀င်စစ်ကောင်စီ နအဖ ဟာ
ဒီဖွဲစည်းပုံအရ တရားဝင်စစ်ကောင်စီဖြစ်ပြီးရာသက်ပန်
ဆက်လက်တည်ရှိနိုင်အောင်ခေါင်းကောင်းကောင်းနဲ့ 
စဉ်းစားပြီးသူတို့ စိတ်တိုင်းကျဆွဲထားတာပါ။ စစ်ခေါင်း
ဆောင်တွေအတွက်သာကောင်းတာပါ။ စစ်တပ်ကို
မမုန်းပါဘူး နိုင်ငံတော်ကိုကာကွယ်ဖို့ အသက်ကိုပေး
ထားတဲ့တပ်မတော်သားတိုင်းကိုလေးစားပါတယ် ။ ဒီနေ
ရာမှာ နိုင်ငံတော်ဆိုတာပြည်သူလူထုကိုဆိုလိုပါတယ်။
ပြည်သူလူထုကိုကာကွယ်မှသာပြည်သူ့ တပ်မတော်ဖြစ်
မှာပါ။ ပြည်သူတွေမုန်တိုင်းဒဏ်ခံရပြီးဒုက္ခရောက်နေချိန်
မှာတပ်မတော်သားတွေဘယ်ရောက်နေလဲမသိဘူးနော်
ဒါပေမဲ့ စစ်တပ်ဆိုတာအထက်အမိန့် ကိုတသွေမသိမ်း
နာခံရပါတယ် ပြန်လှန်မေးခွန်းထုတ်ပိုင်ခွင့်မရှိပါဘူး၊
ဒါကြောင့်တပ်မတော်သားတွေဆန္ဒပြပြည်သူတွေကို
နှိမ်နင်းဖို့ သတ်ဖြတ်ဖို့ တော့ ချက်ခြင်းထွက်လာပြီး
လေဘေးဒုက္ခသယ်တွေကိုကူညီဖို့ မထွက်လာတာဟာ
အထက်အမိန့် အရမို့ လို့  အောက်ခြေကရဲဘော်အဆင့်
တွေကိုနားလည်ပေးနိုင်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာ
ကစစ်တပ်မှာအမိန့် ပေးသူခေါင်းဆောင်ဟာ အမိန့် ပေး
ရုံနဲ့ မပြီးပါဘူး ကိုယ်ပေးတဲ့ အမိန့်  ကို ကိုယ်တာဝန်ယူ
ရပါတယ်။ ငါခိုင်းတဲ့ အတိုင်းလုပ်ဒါဘေမဲ့ပြဿနာဖြစ်
လာရင်ငါတာဝန်မယူနိုင်ဘူးဆိုရင်အဲ့ဒီစစ်တပ်ဟာ
ပျက်ပါပြီ။ဒါကြောင့်မြန်မာပြည်မှာစစ်တပ်ကအောက်ခြေ
မှာလုပ်နေတာတွေအားလုံးဟာ အထက်ကအဆင့်ဆင့်
သောစစ်ခေါင်းဆောင်အသီးသီးမှာတာဝန်ရှိပါတယ်၊
တာဝန်ယူရပါမယ်။ ဆန္ဒခံယူပွဲအကြောင်းပြောရင်း
လေဘေးဒုက္ခသယ်တွေဆီရောက်သွားတာဟာ
မဆီမဆိုင်တောင်စဉ်ရေမရလျှောက်ရေးနေတာမဟုတ်ပါဘူးဆက်စပ်နေလို့ ပါ။ လူထုကိုစောင့်ရှောက်ဖို့  ကာ
ကွယ်ဖို့ ပျက်ကွက်ပြီး လူထုကိုဖိနှပ်ပြီးလက်နက်အား
ကိုးနဲ့ ကိုယ်ထင်ရာစိုင်းနေတဲ့ စစ်ခေါ်င်းဆောင်တွေရာ
သက်ပန်အာဏာတရားဝင်ယူသွားဖို့ လမ်းဖွင့်ထားတဲ့ဒီ
ဖွဲစည်းပုံသစ်ကိုဘယ်လိုမှမထောက်ခံနိုင်ပါ ဘူး။
ထောက်ခံတဲ့ အုပ်စုနဲ့  ကန့် ကွက်တဲ့အုပ်စု ဆိုပေမဲ့
ဒီဖွဲ့ စည်းပုံသစ်ကဖြစ်ထွန်းလာမယ့်အကျိုးရလာဒ်
ကိုခံစားကြရမှာကတော့ အားလုံးအတူတူဘာဘဲ(နအဖ
စစ်ခေါင်းဆောင်တွေနဲ့ အဆင်ပြေအောင်ပေါင်းပြီးဝေစားမျှစားလုပ်နေတဲ့လူတွေကလွဲရင်ပေါ့နော်)ကျန်တာက
တော့ ငွေရောင်ပိတ်ကားပေါ်မှာဆက်ကြည့်ကြတာပေါ့။ ၀င်ပြီးဝေဖန်ခွင့် ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါ
တယ်ခင်ဗျား
June 1, 2008 11:27 AM
(ပတောက်မြေဘလောက်မှာကျွန်တော်ရေးထားခဲ့တဲ့ဝေဖန်ချက်ဖြစ်ပါတယ်။ အောက်မှ Link ထည့်ပေးထားပါတယ် တခြားသူတွေရဲ့
သဘောထားတွေကိုလည်းဖတ်ကြည့်နိုင်ပါတယ်။ တခုဘဲ တောင်းပန်ချင်တာက သွားတော့မဆဲလိုက်ကြပါနဲ့  သူတို့ အမြင်နဲ့ ကိုယ့်
အမြင်ဖလှယ်ကြတာပါ။ မသိနားမလည်တဲ့ လူတွေကိုနားလယ်အောင်ရှင်းပြဖို့ လိုပါတယ် သိရဲ့သားနဲ့ မသိချင်ရောင်ဆောင်နေရင်တော့ မတတ်နိုင်ဘူးပေါ့၊ အိပ်ချင်ယောင်ဆောင်တဲ့သူနှိုးရခက်ပါတယ်၊
လေးစားစွာဖြင့်-
ဘုန်းလှိုင်-FWUBC
http://padaukmyay.blogspot.com/2008/05/blog-post_4850.html
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Monday, June 2, 2008
My point of view on national referendum(ဆန္ဒခံယူပွဲအပေါ်သုံးသပ်ချက်အကျည်းချုပ်)
Labels:
BURMA,
My point of view
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment