Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Saturday, November 22, 2008

Time to Unite-Sit Ko Naing

Time to Unite
(ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ)
Sit Ko Naing

(An Article From - http://saveburma. sosblog.com/ Burma-political- blog-b1/Time- to-Unite- b1-p50370. htm)

It has been a long time that i did not write a post on my blog as i was really busy with my studies. However, there were a lots of changes in Burma during these days like sentencing 65 years to 88 students leaders. Moreover, they put lawyers who do cases for NLD and opposition leaders into jails

Where is the justice ? Absolutely there is no such thing in our country at the moment as they do whatever they want. Unfortunately, exiles people are not united at this stage. We heard a lots of disagreement between NCGUB and MPU. Here, i would like to advise to those people that we look forward to get democracy so we should focus on what we can do to make changes in our country rather than chasing for position in an organization like NCGUB. History will decide everything. You do not need to worry about what others did but you should concentrate on what you can do for our country.

Sadly, some people (i don't mean all) i saw on exile are earning money for themselves from fund raising activities for our country. How bad it is ? I am sure that some of the people do their best.

What is the plan next for our country?

2010 election is coming soon ?

Will we do together or separately ?

There are thousands of political prisoners there in our country and millions of people are suffering and waiting the period of change.

What can we do ?

There is only one solution to these questions ?

" We have to unite and make a respectable organization exile which links to all other countries and people in our country, Burma"

Therefore, It is the time to pay respect each other and forgot about personal problems and looking forward about future of our country. And then we can make an important decision at least for our country.

Sit Ko Naing


------------ --------- --------- --------- --------- --------- --------- --------- --------- --------- --------- ---------
ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ
စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)

ကျွန်တော်လည်း သင်ယူမှုဆိုင်ရာကိစ္စတွေနဲ့ အတော်ကြီး နပန်းလုံးနေရလို့ ဘလော့ဂ်မှာတောင် စာမရေးဖြစ်တာ တော်တော်ကြာသွားပါပြီ။
ဒါပေမဲ့ ဒီရက်ပိုင်း ဗမာပြည်တွင်းမှာ တရစပ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကြောင့် ဒီစာကို ကျွန်တော် ရေးဖြစ်သွားတယ်။

ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း ဒီရက်ပိုင်းအတွင်းမှာ စစ်အဆိုးရက ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ထောင်ဒဏ် (၆၅)နှစ်စီချမှတ်လိုက်တယ်။ ဒါ့အပြင် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ NLD ပါတီဝင်တွေနဲ့ အစွပ်စွဲခံ နိုင်ငံရေးခေါင်းဆောင်တွေဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးတွေကိုပါမချန် စစ်အဆိုးရက ထောင်သွင်း အကျဉ်းချပစ်လိုက်ပြန်တယ်။

ကဲ...ဘယ်မှာလဲ တရားမျှတမှု။
စစ်အဆိုးရက သူတို့ စိတ်ထဲ ထင်ရာမြင်ရာ၊ လုပ်ချင်ရာ စွတ်လုပ်နေတဲ့ အခုလိုအချိန်အခါမျိုးမှာ တရားမျှတမှုဆိုတာ ကျွန်တော်တို့ ဗမာပြည်တွင်းမှာ လုံးဝ ပျောက်ဆုံး၊ ပျက်သုဉ်းသွားပါပြီ။

ဒီအခါမှာ လူမိုက်(စစ်အဆိုးရ) ကံကောင်းဖို့ဖြစ်နေစေတဲ့ အချက်တစ်ချက်ကို ဘွားကနဲ သွားတွေ့လိုက်ရတယ်။ အဲဒါကတော့ ပြည်ပရောက်နေတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အခုအချိန်ထိ အချင်းချင်း စည်းလုံးညီညွတ်မှုမရှိ၊ ပေါင်းစည်းလို့ မရနိုင်သေးတာပါပဲ။ ဥပမာ- NCGUB နဲ့ MPU အဖွဲ့တွေကြားမှာဖြစ်နေတဲ့ ငြင်းခုန်၊ ကွဲလွဲ၊ ရန်စောင်မှုသတင်းတွေကို အများကြီး ကျွန်တော်တို့ ကြားနေရတယ်။ ဒီနေရာမှာ ကျွန်တော်တစ်ခု အကြံပေးလိုတာကတော့ ဒီလိုတွေ ငြင်းခုန်ကွဲလွဲရန်စောင်နေမယ့်အစား၊ NCGUB အစရှိသော ပြည်ပရောက် အဖွဲ့အစည်းတွေမှာ နေရာတစ်နေရာရဖို့ လုပ်နေကြမယ့်အစား (ရှင်းရှင်းပြောရရင်) နေရာလု၊ ခွက်စောင်းခုတ်နေကြမယ့်အစား ကျွန်တော်တို့ဟာ ကိုယ့်ဗမာပြည် ဒီမိုကရေစီရရှိဖို့အရေး၊ ကိုယ့်တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ဖို့အရေးအတွက် ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ ရှေးရှုလုပ်ကြဖို့ အထူးအာရုံစိုက်ရမယ့် အချိန် ရောက်နေပါပြီ။

သမိုင်းကပဲ အရာရာကို ဆုံးဖြတ်သွားပါလိမ့်မယ်။
တကယ်တော့လည်း အခြားသူတွေ ဘယ်ခြေလှမ်းလှမ်းနေမှာပဲဆိုပြီး စိုးရိမ်တွေးတောပူပန်နေတာထက် ကိုယ့်တိုင်းပြည်အတွက် ခင်ဗျားဘာလုပ်ပေးနိုင်မလဲဆိုတာကို ပိုပြီးအာရုံစိုက်သင့်ပါပြီ။

ဝမ်းနည်းဖို့ကောင်းတဲ့၊ ကျွန်တော်မြင်နေရတဲ့အချက်တစ်ချက်ကို ပြောရရင် ပြည်ပရောက် အချို့သော အတိုက်အခံနိုင်ငံရေးသမားတွေ (အားလုံးကို မဆိုလိုပါ) ဟာ ဗမာပြည်အတွက်၊ ဗမာပြည်အတွက် ဟစ်ကြွေးပြီးသကာလ ပြည်ပမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေနိုင်ဖို့အတွက် ၀င်ငွေတွေထပ်ထပ်တိုးအောင်သာလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာပါ။ ကဲ...ဘယ်လောက်ဆိုးတဲ့ အဖြစ်လဲ။ ဘယ်လောက်စိတ်ပျက်စရာ ကောင်းသလဲ။
ဒါပေမဲ့ တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်၊ လုပ်ကိုင်နေတဲ့ ပြည်ပရောက် အတိုက်အခံနိုင်ငံရေးသမားတွေလည်း မရှိမဟုတ်ပါဘူး။ ရှိပါတယ်။

ကဲ...အခု ကျွန်တော်တို့ ဗမာပြည်အတွက် နောက်ထပ် ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီလဲ။

၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကလည်း မကြာခင် တကယ် ရောက်လာတော့မှာလား။

စစ်အဆိုးရကို ကျွန်တော်တို့အချင်းချင်း စုပေါင်း၊ စုစည်းပြီး တိုက်မလား၊
အခုလိုပဲ အယူအဆအမျိုးမျိုး၊ အဖွဲ့အမျိုးမျိုးခွဲပြီး ကွဲပြီး တကွဲတပြား တိုက်မလား။

ပြည်တွင်းမှာတော့ များစွာသော အတိုက်အခံ နိုင်ငံရေးသမားတွေဟာ ထောင်ထဲကို ၀င်ပြီးရင်း ၀င်နေကြရတယ်။ ကျန်တဲ့ သန်းပေါင်းများစွာသော ဗမာပြည်သူပြည်သားတွေခမျာမှာတော့ ပြောင်းလဲမှုကို မျှော်လင့်စောင့်စားရင်းနဲ့သာ ရင်မောပြီးရင်း မောနေကြရတယ်။

“ပြည်ပရောက်နေတဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့တွေ သူတို့တွေအတွက် ဘာလုပ်ပေးနိုင်သလဲ။”

ဒီနောက်ဆုံးမေးခွန်းအတွက် အဖြေဟာ တစ်ခုပဲ ရှိတယ်။

"ကျွန်တော်တို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ပေါင်းတိုက်မှ ရတော့မယ်။ ဗမာပြည်ပြင်ပ တိုင်းပြည်အသီးသီးမှာရောက်နေတဲ့ အတိုက်အခံတွေရော၊ ပြည်တွင်းမှာရှိတဲ့ အတိုက်အခံတွေရောနဲ့ပါ အားလုံးချိတ်ဆက်စုပေါင်းထားတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းကြီးတစ်ခုကို ကျွန်တော်တို့ ညီညွတ်စွာ ပေါင်းဖွဲ့မှရတော့မယ်" ဆိုတာပါပဲ။

ဒါကြောင့်မို့လို့ ဒီအချိန်ဟာ အတိုက်အခံတွေအချင်းချင်း တစ်ဦးကို တစ်ဦး ရိုသေလေးစားပြီး၊ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိက ခံစားချက်ပြဿနာတွေကို မေ့ဖျောက်ထားပြီး ဗမာပြည်ရဲ့ အနာဂတ်အတွက် ရှေ့ခရီးဆက်ရမယ့် အချိန်ကို ရောက်နေပါပြီ။
အဲဒါမှသာ ကျွန်တော်တို့ဟာ တိုင်းပြည်အတွက် အရေးပါအရာရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်နဲ့ အောင်မြင်ပေါက်မြောက်အောင် ဆုံးဖြတ်ချမှတ်နိုင်ပါလိမ့်မယ်။ ။

စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)

Ref: http://saveburma. sosblog.com/ Burma-political- blog-b1/Time- to-Unite- b1-p50370. htm

0 comments: