Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Tuesday, September 28, 2010

Karen refugees arrived in Japan





ယနေ့ (၂၈-၀၉-၂၀၁၀) နေ့ နံနက် ၇း၂၅ နာရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့  နာရီတာလေဆိပ်သို့ ဂျပန်ပန်အဲယား-JAL FLIGHT
718 ဖြင့် ထိုင်းနိုင်ငံမှ ကရင် ဒုက္ခသည်(၁၈) ဦးဆိုက်ရောက်လာခဲ့ပြီး လေဆိပ်အတွင်း ဂျပန် လဝက ဖြတ်ခြင်း ခေတ္တအနား
ယူခြင်းနှင့် ကလေးငယ်များနေမကောင်းဖြစ်နေ၍ လေဆိပ်ဆေးခန်းတွင် ကလေးငယ်များအားဆေးကုသမှုများခံယူပြီး
နောက် မနက်(၉) နာရီတွင် လေဆိပ်အပြင်သို့ ထွက်လာခဲ့ကြရာ ဂျပန်နိုင်ငံရောက် ကရင်တိုင်းရင်းသားဒုက္ခသည်(၃၀)
ခန့် နှင့်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားဒီမိုကရေစီရေးလှုပ်ရှားသူ(၁၀) ဦးခန့် စုစုပေါင်း(၄၀) ကျော်မှ ကရင်ဘာသာ
ဆိုင်းဘုတ်များ မြန်မာ အင်္ဂလိပ် နှစ်ဘာသာပါ -
မြန်မာစစ်အစိုးရ၏ ရက်စက်မှုကြောင့် ထွက်ပြေးလာရသော ဒုက္ခသည်များအား ဂျပန်နိုင်ငံမှ နွေးထွေးစွာ ကြိုဆိုပါသည်။
Refugees from Burma (Myanmar) under the junta are warmly welcome to Japan.
ဟူသောဆိုင်းဘုတ်များကိုင်ဆောင်၍ ကြိုဆိုခဲ့ကြပါသည်။ ယနေ့ ဆိုက်ရောက်ရန်ရည်ရွယ်ထားသည်မှာ (၂၇) ဦးဖြစ်သော်လည်း
ကလေးငယ်များနေမကောင်းဖြစ်နေသောကြောင့် မဲဆောက်တွင် မိသားစုတစ်စု နှင့် ဘန်ကောက်တွင် မိသားစုတစ်စု ကျန်ရစ်
နေခဲ့ပြီး People forum of Burma မှ Yamamoto San က ပြောပြသည်မှာ အဆိုပါကျန်နေခဲ့သော မိသားစုနှစ်စုမှာ မိမိ ထိုင်း
နိုင်ငံသို့ သွားရောက်ခဲ့စဉ် ကသိရှိမိတ်ဆွေဖြစ်ခဲ့သူများဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ယနေ့ အဆိုပါမိသားစုများနှင့် ပြန်လည်
တွေ့ ဆုံရန်အားခဲပြီးကြိုးစားလာခဲ့သော်လဲ ပါမလာ၍ အလွန်စိတ်မကောင်းဖြစ်မိပါကြောင်းပြောကြားခဲ့ပါသည်။
လေဆိပ်အပြင်ဘက် ဘတ်စ် ကားပေါ်မတက်ခင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ပထမဦးစွာ
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး က ရှင်းလင်းပြောကြားခဲ့ပြီး ပြန်လှန်မေးခွန်းထုတ်ခြင်းများပြုလုပ်ခဲ့ပြီး
ယနေ့ ရောက်ရှိလာသောဒုက္ခသည်များထဲမှ ကရင်လူငယ်တစ်ဦးနှင့် ကရင်အမျိုးသမီးငယ်တစ်ဦး တို့ နှင့်လည်းမိတ်ဆက်
ပေးခြင်းကိုပြုလုပ်ခဲ့ပါသည်။
ယနေ့ နေ့ လည် (၃)နာရီခန့် မှစတင်၍ TBS News Birds တွင် UNHCR ညွှန်ကြားရေးမှူးချုပ် ဂျပန်လူမျိုး
မစ္စတာတာကီဂါဝါ မှရှင်းလင်းတင်ပြရာတွင်လည်း ဂျပန်နိုင်ငံသည် UNHCR မှတဆင့် ဒုက္ခသည်များအတွက် ဒေါ်လာသန်း
ပေါင်းများစွာနှစ်စဉ် ပေးအပ်ခဲ့သော်လည်း ကမ္ဘာ့နိုင်ငံအများစု က ဂျပန်နိုင်ငံသည် ဒုက္ခသည်များကိုလက်ခံလိုစိတ်မရှိ၍
၎င်းအစားငွေများစွာပေးအပ်နေခြင်းဖြစ်ကြောင်းရှုမြင်ပြီး မိမိ နိုင်ငံခြားတွင် UNHCR ဝန်ထမ်းအဖြစ်သွားရောက်လုပ်ကိုင်စဉ်
အထင်သေးသောမျက်လုံးဖြင့်အကြည့်ခံခဲ့ရ၍ မိမိအနေဖြင့် အလွန်စိတ်မကောင်းဖြစ်မိပါကြောင်း။ ယခုအခါ မြန်မာနိုင်ငံမှ ဒုက္ခ
သည်များကို မိမိတို့ ဂျပန်နိုင်ငံမှ စတင်လက်ခံခဲ့ရာ အာရှတိုက်မှ ဒုက္ခသည်များကို အာရှတိုက်နိုင်ငံတစ်နိုင်ငံက ပထမဦးဆုံး
စတင်လက်ခံခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်းနှင့် အမေရိကန်ပြည်ထောင်စု အနေနှင့်
နှစ်စဉ် ဒုက္ခသည်သောင်းနှင့်ချီ၍ လက်ခံနေရာ အဆိုပါအရေအတွက်နှင့်နှိုင်းယှဉ် ပါက ဂျပန်နိုင်ငံက လက်ခံသော ဒုက္ခသည်
အရေအတွက်မှာ အလွန်နဲနေသေးကြောင်းပြောကြားခဲ့ပါသည်။ ယခုမှစ၍နိုင်ငံခြားရှိ ဒုက္ခသည်များကိုလက်ခံခြင်းနှင့် ဂျပန်နိုင်
ငံအတွင်းဒုက္ခသည်လျှောက်ထားသူများကို ဒုက္ခသည်အဖြစ် လက်ခံခြင်းနှစ်မျိုးစလုံးကို အတူယှဉ်တွဲ၍ တိုးချဲ့ မြှင့်တင်သွားခြင်း
ကိုပြုလုပ်ရမည်ဖြစ်ကြောင်းပြောကြားသွားခဲ့ပါသည်။ ထို့ အပြင် ယနေ့ ရောက်ရှိလာသော ဒုက္ခသည်များ အများဆုံးစိုးရိမ်ပူပန်
ကြသော အရာများမှာ ဂျပန်နိုင်ငံတွင် မည်ကဲ့သို့ အသက်မွေးဝမ်းကြောင်းပြုလုပ်ရမည်နည်းဆိုသည်နှင့် ဂျပန်လူ့ အဖွဲ့ အစည်း
အတွင်းမည်ကဲ့သို့ ဝင်ဆန့် အောင်လုပ်ရမည်နည်း စသည်တို့ ဖြစ်ကြောင်းပြောကြားသွားပါသည်။ ထို့ အပြင် ဂျပန်နိုင်ငံသို့ 
ရောက်ရှိလာသော ဒုက္ခသည်များကို မည်ကဲ့သို့ ကူညီထောက်ပန့် မည်လဲဟူသောမေးခွန်းကိုပြန်လည်ဖြေကြားရာတွင် ဂျပန်
နိုင်ငံသည် ကမ္ဘာ့ ဒုက္ခသည်များအတွက် ငွေကြေးမြောက်မြားစွာထောက်ပန့် လျှက်ရှိရာ အဆိုပါထောက်ပန့် ငွေ၏ (၀.၁)ရာခိုင်နှုန်း
ကိုအသုံးပြုလျှင် ပင် လုံလောက်သည်ဟု မိမိထင်မြင်ကြောင်းနှင့် ဂျပန်အစိုးရက အမှန်တကယ်ပန့် ပိုးသင့်ကြောင်းပြောကြားသွား
ပါသည်။

ယနေ့ ရောက်ရှိလာသော ကရင်ဒုက္ခသည်များအတွက် ကရင်ဘာသာစကားပြန်အဖြစ် ဂျပန်နိုင်ငံရောက်ကရင်ဒုက္ခသည်
တစ်ဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကိုလုပ်ဆောင်လျှက်ရှိသော ကရင်အမျိုးသားနိုင်ငံရေးအဖွဲ့ အစည်းတစ်ခုဖြစ်သောKNL-JAPAN
ခေါင်းဆောင် ကိုစောဘလှသိန်းမှဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ရောက်ရှိလာသောကရင်ဒုက္ခသည်များကို (၆)လ ကြာသင်တန်းအမျိုး
ပေးမည်ဖြစ်ပြီး အဆိုပါကာလအတွင်း ပြင်ပသို့ အဆက်အသွယ်လုပ်ခွင့်ကိုကန့် သတ်ထားမည်ဖြစ်ပြီး သင်တန်းကာလ(၆) လအပြီး
တွင် မိမိတို့ ကြိုက်နှစ်သက်သလို ဂျပန်နိုင်ငံတွင်နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း ကိုစောဘလှသိန်းမှတဆင့်သိရှိ
ခဲ့ရပါသည်။
သို့ ဖြစ်ရာကရင်ဒုက္ခသည်များမိမိတို့ ခြေထောက်ပေါ်မိမိတို့ ရပ်တည်နိုင်ရန် ဂျပန်နိုင်ငံရှိမြန်မာနိုင်ငံသား
ဒီမိုကရေစီရေးအင်အားစုများအနေဖြင့် မိမိတို့ တတ်အားသရွေ့ အကူအညီပေးရန်တာဝန်ရှိပေသည်။
မြန်မာနိုင်ငံ၏ဒုက္ခသည်ပြဿနာမှာ မြန်မာနိုင်ငံအတွင်းယနေ့ အုပ်ချုပ်နေသော စစ်အာဏာရှင်
စနစ်၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ရာ အဆိုပါမြန်မာပြည်တွင်းရှိ နိုင်ငံရေးပြဿနာကိုဖြေရှင်းရေးမှာ အဓိကနှင့်အခြေခံ
အကြောင်းအရင်းဖြစ်ရာ မြန်မာနိုင်ငံအတွင်း စစ်မှန်သောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြစ်ရန်အတွက် ဂျပန်နိုင်ငံအစိုးရအနေဖြင့်
အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံများနှင့်အတူလက်တွဲ၍ မြန်မာစစ်အာဏာရှင်များအပေါ်ပိုမိုဖိအားပေး
လုပ်ဆောင်သွားမှသာလျှင် မြန်မာနိုင်ငံပြည်သူများအပေါ်အမှန်တကယ်ကူညီရာရောက်မည်ဖြစ်ပေသည်။

သတင်းမှတ်တမ်းနှင့်ဝေဖန်ချက်။ ။ ဘုန်းလှိုင်-FWUBC
ဗွီဒီယို-日テレNEWS24
ဓါတ်ပုံ-FWUBC

Read More...