Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Thursday, February 19, 2009

၁၉၉၀ရွေးကောက်ပွဲနဲ့  ၂၀၁၀ ရွေးကောက်ပွဲ

၁၉၈၈ခုနှစ်လူထုအုံကြွမှုကြီးဖြစ်ပေါ်ပြီးနောက် လူထု၏ဆန္ဒကိုမလိုက်လျှော၍မဖြစ်နိုင်
သောအခြေအနေသို့ ရောက်ရှိခဲ့ပြီး၁၉၉၀ရွေးကောက်ပွဲကို စစ်တပ်မှကျင်းပပေးခဲ့ရာအမျိုးသားဒီမို
ကရေစီအဖွဲ့ ချုပ်ကအနိုင်ရရှိလေသည်။ သို့ သော်အခုအချိန်အထိအကောင်အထည်ပေါ်မလာပေ။
ထို့ နောက်ဖွဲ့ စည်းပုံအခြခံဥပဒေအသစ်ကို အချိန်ဆွဲ၍တဖက်သတ်စိတ်ကြိုက်ရေးဆွဲလာပြီးနောက်
စစ်တပ်မှမဲလိမ်အတည်ပြုပြီး ထိုဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်ပေါ်အခြခံ၍ ၂၀၁၀ ရွေးကောက်ပွဲ
ကိုကျင်းပရန်စစ်တပ်မှ ပြင်ဆင်နေပေသည်။

၁၉၉၀ရွေးကောက်ပွဲဖြစ်ပေါ်စေသောအဓိကတွန်းအားတစ်ခုမှာဦးနု၏စင်ပြိုင်အစိုးရပင်ဖြစ်သည်။
ထိုအချိန်ကဦးနုစင်ပြိုင်အစိုးရကိုဝိုင်းဝန်းထောက်ခံခဲ့ကြပါက ဦးနုခေါင်းဆောင်သောအစိုးရက
ပြုလုပ်ပေးမည့်ရွေးကောက်ပွဲသည်တရားမျှတမည်ဖြစ်သလိုရွေးကောက်ပွဲအနိုင်ရပါတီကိုလည်း
အမှန်တကယ်အာဏာလွဲပေးမည်ဖြစ်ပေသည်။
သို့ ရာတွင်ထို အချိန်ကနိုင်ငံရေးခေါင်းဆောင်များ၏ရှေ့ ရေးကိုကြိုတင်မြင်နိုင်သည့်
အရည်အချင်းအားနဲသောကြောင့်စစ်တပ်ခင်းသောလမ်းထဲသို့ လျှောက်လှမ်းခဲ့ရပေသည်။အချိန်က
ကုစားပေးခဲ့သောကြောင့်အခုအချိန်တွင်တော့နိုင်ငံရေးအမြင်ပြတ်ပြတ်သားသားရှိနေပြီဟုယုံကြည်
မိပါသည်။


၁၉၉၀ရွေးကောက်ပွဲကျင်းပစဉ်ကစစ်တပ်သည်တိုင်းပြည်အခြေအနေကိုကောင်းစွာမချုပ်
ကိုင်နိုင်သေးပေ၊ ထို့ အတူ သူတို့ က တွက်ဆခဲ့သည်မှာအတိုက်အခံများမဲကွဲလျှင်သူတို့ ထောက်ခံသော
တဆည အနိုင်ရလိမ့်မည်ဟုတွက်ဆထားခဲ့ပေသည်။ထိုအချိန်ကတပြည်လုံးအတိုင်းအတာနှင့်ချီ၍စည်း
ရုံးရေးဆင်းနိုင်သောအတိုက်အခံပါတီများမှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(ဒီချုပ်-NLD) ဒီမိုကရေစီနှုင့်ငြိမ်းချမ်းရေးအဖွဲချုပ်
(ဒီငြိမ်း-LDP) ၊ ဒီမိုကရေစီပါတီ နှင့် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
တို့ ဖြစ်ခဲ့သည်။အဓိကမှာ ဒီချုပ်နှင့်ဒီငြိမ်းတို့ ဖြစ်ခဲ့ကြသည်။ထိုစဉ်ကကျွန်တော်၏ဖခင်မှာ ဒီငြိမ်း၏
ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်ခဲ့လေသည်။ ကျွန်တော်ကဒီငြိမ်းဗဟို၏ ဗဟိုလူငယ်အဖွဲ့ ဝင်တဦးဖြစ်ခဲ့
လေသည်။ ဖခင်ကြီးအဆိုအရဒီငြိမ်းကိုပွဲလန့် တုံး
ဖြာခင်းသည်ဟုစွတ်စွဲထားသောကြောင့်အခွင့်အရေးသမားများမဟုတ်ကြောင်းပြသည့်အနေနှုင့်ဒီငြိမ်း
ဗဟိုအလုပ်အမှုဆောင်များရွေးကောက်ပွဲမဝင်ကြရန် ဦးနုကမေတ္တာရပ်ခံ၍ကျွန်တော့်အဖေအပါအဝင်
ဒီငြိမ်းဗဟိုအလုပ်အမှုဆောင်များရွေးကောက်ပွဲမဝင်ရန်ဆုံးဖြတ်ခဲ့သည်။ ဗိုလ်မှူးအောင်၊
ဦးညွန့် အောင် ၊သခင်ခင်အောင်နှင့်ဦးတင်မောင်အေးတို့  (၄)ဦးကိုသာအနာဂတ်ဒီမိုကရေစီအစိုးရအဖွဲ့ 
ကိုထိန်းကြောင်းပေးနိုင်ရန်ချွင်းချက်ဖြင့်ရွေးကောက်ပွဲဝင်စေရန်ဆုံးဖြတ်ခဲ့သည်။စစ်တပ်ကအဆိုူပါလေးဦး
စလုံးကို စင်ပြိုင်အစိုးရတွင်ပါဝင်သောကြောင့်အကျယ်ချုပ်ချထားခဲ့သည်။
(မှတ်ချက်-ဦးမောင်မောင်တာတဦးသာမိမိသဘောဖြင့်ရွေးကောက်ပွဲဝင်ခဲ့သည်)
ဒီချုပ်ကမတရားတဲ့အမိန့် ဟူသမျှ တာဝန်အရဖီဆန်ကြဟုစည်းရုံးရေးဆင်းနေချိန်တွင် ဒီငြိမ်းက
ကလဲ့စားမချေဘူးသင်ပုံးချေမည်ဟူသောဆောင်ပုဒ်ဖြင့်စည်းရုံးရေးဆင်းခဲ့သည်။ဦးနုကိုယ်တိုင်တပြည်လုံးသို့ လှည့်လည်၍
ဗြဟ်မစိုရ် တရားလေးပါးကိုဟောကြားခဲ့သည်။စစ်တပ်၏ကြမ်းကြမ်းရမ်းရမ်းပစ်ခတ်မှုကို
ပူပူနွေးနွေးခံထားရသောလူထုကြီးကဒီချုူပ်ကိုထောက်ခံမှုပိုမိုအားကောင်းလာပြီးဒီငြိမ်းကိုရွှေပြည်အေး
တရားဟောသူများအဖြစ်ပျက်ရယ်ပြုခဲ့ကြလေသည်။ ကျွန်တော့်အဖေကပြောသည်မှာ“ဦးနုဟာ
ရွေးကောက်ပွဲတခုကိုဘယ်လို အနိုင်ရအောင်လုပ်ရမလဲဆိုတာသူကောင်းကောင်းသိတယ်”
ဒါပေမဲ့အခု
လုပ်တဲ့အတိုင်းဆိုရင်လူထုကမထောက်ခံနိုင်ဘူး ဒါပေမဲ့ အခုသူလုပ်နေတာတွေဟာ အဓိပ္ပါယ်ရှိတယ်
တို့ ခေါင်းဆောင်ကိုတို့ ယုံကြည်တယ် ဒါကြောင့်သူ လုပ်တာကိုဒို့ တတွေထောက်ခံကြရမယ်ဟု
ပြောကြားခဲ့သည်။
အဖြေကတော့လူထုအကြိုက်ရဲရဲတောက်ခဲ့သော ဒီချုူပ်ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည်။
အကယ်၍ ဒီငြိမ်းကသာ ဒီချုပ်ကဲ့သို့ ရဲရဲတောက်ခဲ့မည်ဆိုလျှင် လူထုအနေနှင့်ဘယ်သူ့ ကိုမဲပေးရမှန်းမသိ
ဘဲ တဆည တက်သွားနိုင်ပေသည်။ မဲစာရင်းအရထိုအချိန်ကတဆညသည်တပြည်လုံးရှိမဲဆန္ဒနယ်တိုင်းတွင်နိုင်လျှင်နိုင်မနိုင်လျှင်ဒုတိယနေရာတွင်ရှိခဲ့သည်ကိုမမေ့သင့်ပေ။တချိန်ထဲမှာပင်ငြိမ်းချမ်းသောနည်းဖြင့်သွားမှသာ
နိုင်ငံရေးအဖြေကိုတွေ့ မည်ဖြစ်ကြောင်းဦးနုကလမ်းကြောင်းချပေးခဲ့ပြီး ယနေ့  ဒီချုပ်အပါအဝင်နိုင်ငံရေး
အဖွဲ့ အစည်းအသီးသီးစွဲကိုင်ထားသောမူပင်ဖြစ်ပေသည်။
တချိန်ထဲမှာပင် ဒီချုပ်ခေါင်းဆောင်တချို့ ၏ပြောကြားချက်များနှင့်ရွေးကောက်ပွဲကြွေးကြော်သံများအရ
ဒီချုပ်သာအာဏာရပြီးအစိုးရဖွဲ့ ခဲ့လျှင် ဒီချုပ်သည်မိမိတို့ အားကြိုးစင်တင်မည့်သူများအဖြစ်စစ်တပ်ခေါင်း
ဆောင်များကရှုမြင်ခဲ့ကြပြီးဖြစ်ပေသည်။စစ်ခေါင်းဆောင်များအနေဖြင့်မိမိတို့ ကျူးလွန်ခဲ့သောရာဇဝတ်မှု
များအတွက် ဒီချုပ်က ကလဲစားမချေဘာဘူးသင်ပုန်းချေပါမည်ဟုပြောဆိုခဲ့သော်လည်းအယုံအကြည်မရှိ
ဖြစ်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားသည်အထိမိုက်တွင်းနက်ခဲ့လေသည်။
(စာရေးသူ၏အမြင်ဖြစ်သည်)
(မှတ်ချက်-၁၉၉၀ရွေးကောက်ပွဲသည်အမှန်တကယ်လွတ်လပ်ပြီးတရားမျှတခဲ့သည်)
၁၉၉၀ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင်များအနေဖြင့် အချိန်ဆွဲခြင်းနည်းကိုအသုံးချပြီး
အာဏာကိုမြဲမြဲဆုတ်ကိုင်နိုင်ရန်ဟူသောတခုတည်းသောရည်ရွယ်ချက်ဖြင့်နည်းလမ်းပေါင်းစုံသုံး၍ကြိုးပမ်း
ခဲ့ရာအခုအချိန်တွင်အာဏာကိုမြဲမြဲဆုတ်ကိုင်ထားနိုင်ပြီဟုစစ်တပ်အနေဖြင့်အခိုင်အမာယုံကြည်နေသည်
ဟု စာရေးသူအနေဖြင့်ထင်မြင်ယူဆပါသည်။စီးပွားရေးပိတ်ဆို့ မှုများမှာအောင်မြင်သင့်သလောက်အောင်
မြင်ခဲ့ပေသည်။ သို့ သော် ကျားကိုအတောင်တပ်ပေးသလိုဖြစ်ခဲ့ရသည်မှာ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်များတွင်
သဘာဝဓါတ်ငွေ့ များထွက်ရှိလာပြီး စစ်အစိုးရကို သက်ဆိုးရှည်အောင်ပံ့ပိုးပေး
ခဲ့လေသည်။ အကယ်၍ စစ်ခေါင်းဆောင်များသာလူထုအပေါ်အမှန်တကယ်စေတနာထားမည်ဆိုပါက
အဆိုပါသဘာဝဓါတ်ငွေ့ ရောင်းရငွေများဖြင့်တိုင်းပြည်ဖွံ့ ဖြိုးရေးအတွက်ဆောင်ရွက်နိုင်မည်ဖြစ်သော်
လည်း ယနေ့ အထိလူထုကြီးသည်ကုန်ဈေးနှုန်းများနှင့်နဘန်းလုံးပြီးတနေ့ တခြားဆင်းရဲတွင်းသို့ ပိုမို
နက်ရှိုင်းစွာကျဆင်းနေဆဲဖြစ်ပေသည်။
စစ်ခေါင်းဆောင်များသည်စစ်သားများဖြစ်ကြရာ ဘာဘဲလုပ်လုပ်စစ်ရေးအမြင်ဖြင့်ကြည့်၍လုပ်
လေ့ ရှိသည်မှာ ၂၀၀၇ သံဃာ့အရေးအခင်းနှင့် ဆိုင်ကလုံးနာဂစ် တို့ ကိုကြည့်ခြင်းအားဖြင့်သိရှိနိုင်လေ
သည်။ ၂၀၀၇သံဃာအရေးအခင်းတွင် ၈၈၈၈ အရေးတော်ပုံကဲ့သို့ အရှိန်မြင့်မားလာမည်ကိုအဖြစ်မခံဘဲ
အလျှင်အမြန်အကြမ်းဖက်နှိမ်နင်းခဲ့ပေသည်။ပြည်ပရောက်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များထဲတွင်
စစ်တပ်က သံဃာတွေကိုမသတ်ရဲဘာဘူးဟုပြောသူများရှိသလို ဒီတခါတော့ပွဲပြီးပြီဟုပြောသူများလဲရှိပါ
သည်။ထိုသူများကိုကျွန်တော်ကစစ်တပ်ကသေချာပေါက်ပစ်မှာသတ်မှာမပြီးနိုင်ဘူးဟုပြောခဲ့မိသော
ကြောင့်ထိုသူများနှင့်ကျွန်တော်ရန်ဖြစ်ခဲ့ရသေးသည်။၁၉၆၂ခုနှစ်မှယနေ့ တိုင်အာဏာကိုဆုပ်ကိုင်ထား
ပြီးအာဏာ၏အရသာကိုသိနေသောစစ်အာဏာရှင်များသည်ဘယ်လိုမှအာဏာကိုလွယ်လွယ်
နှင့်စွန့် လွှတ်လိမ့်မည်မဟုတ်ဟုကျွန်တော့်အနေဖြင့်အခိုင်အမာယုံကြည်ထားသည်။
နာဂစ်မုန်တိုင်းတိုက်ပြီးနေ့ စဉ်လူအသေအပျောက်စာရင်းကြောက်ခမန်းလိလိတိုးနေစဉ်တွင်ပင်
ကယ်ဆယ်ရေးကိုရှေ့တန်းမတင်ဘဲမိမိတို့ စိတ်ကြိုက်ရေးဆွဲထားသောဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ
လူထုဆန္ဒခံယူပွဲကိုမဖြစ်ဖြစ်အောင်ပြုလုပ်ပြီးမိမိတို့ စိတ်တိုင်းကြအဖြေကိုထုတ်သွားသည်မှာလူတိုင်းအသိ
ဖြစ်ပေသည်။အမေရိကန်နှင့်ပြင်သစ်ရေတပ်သင်္ဘောများမှဧရာဝတီတိုင်းအတွင်းဝင်ရောက်အကူအညီပေး
ရန်ကမ်းလှမ်းခြင်းကိုပယ်ချခြင်းမှာလည်းစစ်ရေးအမြင်အရဖြစ်ပေသည်။အမေရိကန်စစ်တပ်ကမ်းတက်မည်ကို
ကြောက်သောကြောင့်ဧရာဝတီတိုင်းအတွင်းစစ်တပ်အားလုံးကိုတပ်လှန့် ပြီးလက်နက်ကြီးအကူအညီ
များပေးပို့ ချထားခဲ့သည်မှာလည်းအများအသိဖြစ်ပေသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားသုံးမျိုးရှိကြောင်းအကြမ်းအားဖြင့်စဉ်းစား၍
ရပါသည်။
(၁)ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီ နှင့်ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့ တိုကျို
တွင်ပူးတွဲကြေငြာချက်ထုတ်ပြန်စဉ်ကမြန်မာစစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်
ဆက်လက်ပြုလုပ်ပါဟုတိုက်တွန်းချက်ပါရှိခဲ့ရာ ယနေ့ ဂျပန်နိုင်ငံရှိ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်မှု
ကော်မတီ(JAC) အပါအဝင်မြန်မာ့နိုင်ငံရေးအဖွဲ့ အစည်းအသီးသီးမှ ဆန့် ကျင်ဆန္ဒပြပွဲများ ဂျပန်နိုင်ငံ
ခြားရေးဝန်ကြီးရုံးရှေ့နှင့် ကုလသမဂ္ဂရုံးရှေ့ များတွင်သွားရောက်ဆန့် ကျင်ဆန္ဒထုတ်ဖော်မှုများကို
နေ့ စဉ်ရက်ဆက်ပြုလုပ်လျှက်ရှိပေသည်။ ကုလသမဂ္ဂ၏အမြင်မှာ၂၀၁၀ရွေးကောက်ပွဲသည် မြန်မာ
ပြည်တွင်းနိုင်ငံရေးအကြပ်အတည်း၏ထွက်ရပ်လမ်းဖြစ်သည်ဟုအမြင်ဖြစ်သည်။စစ်အစိုးရမကောင်း
မှန်းကုလသမဂ္ဂလည်းသိသည်၊သို့ သော် စီးပွားရေုးနိုင်ငံရေးပိတ်ဆို့ မှုများကို နအဖ ကမဖြုံ ဒါကြောင့်
နအဖအကြိုက်ရွေးကောက်ပွဲကိုထောက်ခံပြီးလွတ်လပ်သောရွေးကောက်ပွဲဖြစ်အောင်ကြိုးစားသွားမည်
ဟူသောအမြင်ဖြစ်သည်။ ထိုကြားထဲတွင်ဒီချုပ်အပါအဝင် ၁၉၉၀ရွေးကောက်ပွဲအနိုင်ရပါတီများ တိုင်းရင်း
သားအဖွဲ့ အစည်းများနှင့်စစ်တပ်အကြားသုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကိုကျင်းပနိုင်အောင်
တိုက်တွန်းသွားရန်ဖြစ်သည်။
(၂) နောက်ထပ်အမြင်တခုမှယနေ့ ကျွန်တော်တို့ အပါအဝင်ပြည်ပရောက်နိုင်ငံရေးသမားများ၏
အမြင်ဖြစ်သည်။ အဆိုပါအမြင်မှာ လက်ရှိ နအဖကဆွဲကိုင်ထားသောဖွဲ့ စည်းပုံအခြေခံဥပဒေအရ
ရွေးကောက်ပွဲပြုလုပ်ပြီးအနိုင်ရခဲ့သည့်တိုင်အောင်ဖြစ်ပေါ်လာမည့်လွှတ်တော်နှုင့်အစိုးရသည် စစ်တပ်
အလိုကြ ရုပ်သေးရုပ်အစိုးရနှင့်လွှတ်တော်သာလျှင်ဖြစ်လာမည်ဖြစ်သည်။စစ်တပ်အနေနှင့်အဆိုပါ
ဖွဲ့ စည်းပုံအရ နိုင်ငံ့အာဏာကိုတရားဝင်အချိန်မရွေးသိမ်းယူပိုင်ခွင့်ရရှိသွားမည်ဖြစ်ပြီး စစ်တပ်က
အာဏာကိုရာသက်ပန်ချုပ်ကိုင်သွားမည်ဖြစ်သည်။
၁၉၉၀ရွေးကောက်ပွဲရလာဒ်အရ ဒီချုပ်ကိုအာဏာလွှဲအပ်ရမည်ဖြစ်သည်။ဒီချုပ်က လွှတ်တော်
ခေါ် အစိုးရဖွဲ့ ပြီးတိုင်းရင်းသားပြည်သူလူထုကြီးတရပ်လုံးအတွက်တကယ်အကျိုးရှိမည့်ဖွဲ့ စည်းပုံကိုရေးဆွဲ
ပြီး ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကိုဆက်လက်အကောင်အထည်ဖော်ရန်ဖြစ်သည်။သို့ သော် ၁၉၉၀ရွေး
ကောက်ပွဲရလာဒ်ကိုအကောင်အထည်မဖော်ပေးသည်မှာရှင်းရှင်းလေးဖြစ်သည်။ အာဏာကိုလက်မလွှတ်ချင်၍ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပြီး သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြုလုပ်ပေးးပြီး အဆိုပါဆွေး
နွေးပွဲရလာဒ်ပေါ်မူတည်၍ ရှေ့ ဘာဆက်လုပ်မည်ဆိုသည်ကိုစဉ်းစားသွားရန်ဖြစ်သည်။နိုင်ငံရေးအကျဉ်း
သားများကိုထိန်းသိမ်းထားပြီး ဒီချုပ်အပါအဝင်တိုင်းရင်းသားခေါင်းဆောင်များဒီမိုကရေစီအင်အားစုများနှင့်
မဆွေးနွေးဘဲနှင့် ၂၀၁၀ ရွေးကောက်ပွဲကိုစဉ်းစားစရာမလိုဟုဖြစ်သည်။
ထို့ ပြင်ဒေါ်အောင်ဆန်းစုကြည်သည်သာလျှင်တိုင်းရင်းသားများ
နှင့်လူထုကြီးတရပ်လုံး၏ယုံကြည်လေးစားမှုကိုရရှိသောအမျိုးသားခေါင်းဆောင်ဖြစ်ပြီးဒေါ်အောင်ဆန်း
စုကြည်မပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများမှပေါ်ထွက်လာမည့်ရလာဒ်များသည်အမျိုးသားပြန်လည်
ရင်ကြားစေ့ ရေုးကို အမှန်တကယ်ဖော်ဆောင်နိုင်မည်ဟုအယုံအကြည်မရှိချေ။

(၃) နောက်ထပ်သဘောထားတခုမှာစစ်တပ်၏သဘောထားဖြစ်သည်။လက်ရှိမိမိတို့ စိတ်တိုင်းကြရေးဆွဲ
အတည်ပြုထားသောဖွဲ့ စည်းပုံကိုအခြေခံ၍ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ပြီးအာဏာကို စစ်တပ်မှဆက်
လက်ကြိုးကိုင်သွားရန် ရုရှားနှင့်ခပ်ဆင်ဆင် တရုတ်နှင့်ခပ်ဆင်ဆင် မြန်မာ့နည်းမြန်မာ့ဟန်စစ်အာဏာရှင်
အော်တိုခရေစီစနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံတော်ကိုထူထောင်ရန်ဟူသောရည်မှန်းချက်ဖြစ်သည်။
၁၉၉၀ရွေးကောက်ပွဲကိုနမူနာယူ၍ နောက်ထပ်၁၉၉၀ရွေးကောက်ပွဲမျိုးထပ်မံမဖြစ်စေရန် စစ်ခေါင်းဆောင်
များအနေဖြင့်သံဓိဌာန်ချထားသည်ဟုယူဆရပေသည်။

အမြင်(၁)နှင့် (၂) မှာ စဉ်းစားသူ၏ရှုထောင့်အရ တူသလိုလို မတူသလိုလိုရှိသည်။
လုပ်ငန်းစဉ်အစီအစဉ်ရှေ့ နောက်လွဲနေခြင်းဖြစ်သည်။အဆိုပါလုပ်ငန်းစဉ်ရှေ့ နောက်လွဲနေခြင်းမှာ
အဆိုပါရှုထောင့်နှစ်ခု၏အကြီးမားဆုံးကွာခြားချက်ဖြစ်ပြီးရလာဒ်မှာလည်းအဖြူနှင့်အမဲ ဆိုသလို
ကွဲပြားခြားနားစွာပေါ်ထွက်လာမည်ဖြစ်သည်ဟုရှုမြင်သည်။
အော်တိုခရေစီတွင်တိုင်းပြည်အုပ်ချုပ်သူများကအကျွင်းမဲ့အာဏာကိုဆုပ်ကိုင်ထား၍ တိုင်းပြည်၏တိုး
တက်မှု ဆုတ်ရုတ်မှုမှာထိုခေါင်းဆောင်များပေါ်တွင်သာတည်သည်။အမှန်တကယ်လွတ်လပ်သောအတိုက်
အခံမရှိ၍အုပ်ချုပ်သူလူတန်းစား၏အမှားများကိုထောက်ပြလျှင်အုပ်ချုပ်သူတို့ ကအမှားကိုဝန်မခံဘဲ
ထောက်ပြသူများကိုသာအရေးယူခြင်းကို ရုရှားနှင့်တရုတ်နိုင်ငံတို့ တွင်အထင်အရှားတွေ့ မြင်နေရသည်။
ရုရှားနှင့်တရုတ်နိုင်ငံများတွင်စီးပွားရေးတိုးတက်မှုကိုသိသာထင်ရှားစွာတွေ့ မြင်နေရသော်လည်း
မြန်မာနိုင်ငံတွင်စီးပွားရေးတိုးတက်မှုကိုရေးရေးမျှမမြင်ရပေ။ ယခုအခါကမ္ဘာ့စီးပွားပျက်ကပ်ကြောင့်
အော်တိုခရေစီစနစ်ဖြင့်အောင်မြင်သရောင်ရှိနေသောရုရှားနှင့်တရုတ်နိုင်ငံတို့ ၏စီးပွားရေးအခြေအနေ
မှာလည်းကမ္ဘာလုံးဆိုင်ရာစီးပွားရေးကွန်ယက်၏နောက်ဆက်တွဲအဖြစ်အခြေအနေဆိုးရွားလာနေ
ကြောင်းတွေ့ ရှိရလေသည်။

ထို့ ကြောင့်မြန်မာစစ်အာဏာရှင်များရည်မှန်းသောရည်မှန်းချက်ပန်းတိုင်မှာ ၄င်းတို့ ကိုယ်တိုင်က ရိုးသားမှုမရှိသောကြောင့်
တိုင်းပြည်အကျိုးထက်ကိုယ်ကျိုးစီးပွားကိုသာဦးထိပ်ထားလျှက်ရှိသောကြောင့်
ယုံကြည်လက်ခံနိုင်စရာမရှိဟုယူဆသည်။

လေးစားစွာဖြင့်-

ဘုန်းလှိုင်
F W U B C

၁၉၊ဖေဖော်ဝါရီ၊၂၀၀၉

0 comments: