ငပွေးရဲ့ ငြီးချက်
အမေရိကားရောက် ဒီမိုကရေစီတိုက်ပွဲဝင် မြန်မာ ဂရတ်စရွတ် ခေါင်းဆောင်တစ်ယောက်က သူ့လက်အောက်ငယ်သား သောက်ရမ်းငပွားနဲ့ လူစုကို လမ်းညွန်ချက်တခုပေးသတဲ့၊
ခေါင်းဆောင်- ----- “ ဟေး ငပွားတို့ ဒီမိုကရေစီ အမြန်ဆုံးအောင်ပွဲဆင်နိုင်ဖို့ဆိုရင် အနီးဆုံး ရန်သူကိုရှာပီး အထိရောက်ဆုံးလက်နက်နဲ့ အမြန်ချေမှုန်းပစ်ရမယ်၊”
ငပွားဆိုသူကလည်း ခေသူဟုတ်တာမှတ်လို့၊ အမေရိကန်ရောက်တာ ၁၅ နှစ် နီးပါးရှိပြီ ဆိုတော့လည်း အတွေ့အကြုံ အတွေးအခေါ်၊ အသိ ဗဟုသုတ အတော်လေး ကြွယ်ဝနေပြီ၊ ပြောတတ် ဆိုတတ်ရေးတတ် ဝေဖန်တတ် ကလော်တုတ်တတ်နေပြီလည်းဖြစ် သည်၊
သောက်ရမ်း ငပွားက “အနီးဆုံးရန်သူဆိုတာ- တစ်ချိန်က နယ်စပ်မှာ ကျောခြင်းကပ် တိုက် ဖေါ်တိုက်ဖက်ဖြစ်ခဲ့တဲ့ ဟိုသူတောင်းစား အမျိုး ဘာသာ သာသနာ၊ အ၀တ်အစား ယဉ်ကျေးမှု စာပေ၊ ကိုယ့်အမေပါမချစ်တဲ့ နယ်စပ်ကအကောင်တွေ ကိုပြောတာဖြစ်မှာဘဲ၊“ လို့ အလေး အနက် တွေးပစ်လိုက်တာဖြစ်တယ်၊
ငပွားက လွတ်မြောက်နယ်မြေ(သူ့တို့အဆို) အသီးသီးရှိ သူ့ရဲဘော်လူစုကို အင်တာနက်မှ ဆက် လမ်းညွန်လိုက်သည်၊
“ ဆွေမျိုးရင်းချာ ဘရားသားလီး ပမာ ချစ်ခင်ရသော ဂရတ်စရွတ် မင်ဘာအပေါင်းတို့၊ ကီလိုမီတာ တွမ်တိ သောင်ဇန် အကွာမှာရှိတဲ့ ဒို့ ရဲ့ သည်နီးယားရက်စ် အဲနမီးကို ခေတ် အမီဆုံးလက်နက်ဖြစ်တဲ့ ၀ါယာလက်စ် အင်တာနက်အီးမေးလ် ကနေ အက်ဖက်တစ် ဆုံးဖြစ် တဲ့ ဝေါဟာရကျည်များနဲ့ နေ့ညမပြတ် ဒလစပ် ပစ်ခတ် တိုက်ခိုက်ကြပါ။“
သောက်ရမ်းငပွားနဲ့ တရွာတည်းသား ငပွေးက ဒီလမ်းညွန်သံ ကိုကြားတော့ အောက်ပါအတိုင်း ငြီးငြူ လေ၏။
---အော်- တိုက်ပွဲတွေများ ပြင်းထံနေရင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ရွာတော်ပြန်မှ ပြန်ရ ပါ့မလား --- ဟူ၏၊
ပဏ္ဍိတ
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Monday, December 1, 2008
ရယ်ချင်ရင် ရယ်လိုက်ကြ (၄)။ (ငပွေးရဲ့ငြီးချက်)-Pan Dit
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment