မလုပ်သင့်တာကို လုပ်နေတဲ့သူမှာ လွတ်လပ်မှုလည်း မရှိဘူး၊ ဂုဏ်သိက္ခာလည်း မရှိဘူး။
သူတစ်ပါး မတရား အနိုင်ကျင့်တာကို ခံနေရပြီးတော့ ဘာမှ ပြန်ပြောခွင့် မရတဲ့သူ၊ ပြန်မပြောရဲတဲ့သူဟာ
ဂုဏ်သိက္ခာ မရှိတဲ့သူ၊ လွတ်လပ်မှု မရှိတဲ့သူ။
လွတ်လပ်မှုကို ဘယ်လို ကျင့်သုံးသလဲ ဆိုတာပေါ် မူတည်ပြီး လွတ်လပ်မှု ဆက်လက်ရှင်သန်မယ်၊ မရှင်သန်ဘူး၊
တည်မြဲမယ်၊ မတည်မြဲဘူး ဆိုတာကို နောက်ဆုံး အဆုံးအဖြတ်ပေးပါတယ်။
လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင် လွတ်လပ်မှု ပျောက်သွားမယ်။
ရှိနေတဲ့ လွတ်လပ်မှုကို အလွဲသုံးစား လုပ်နေတဲ့သူဟာ ပိုပြီး အဆင့်မြင့်တဲ့ လွတ်လပ်မှုကို ဘယ်နည်းနဲ့ မှ မရနိုင်ဘူး။
ရထားတဲ့ လွတ်လပ်မှုကို စည်းကမ်းရှိရှိသုံးနိုင်တဲ့ သူမှသာ ပိုပြီး အဆင့်မြင့်တဲ့ လွတ်လပ်မှုကို ရလာမယ်။ ကိုယ်နဲ့ တန်ရင်
ရမယ်။ ရထားတဲ့ လွတ်လပ်မှုကို မသုံးပဲနေတဲ့သူဟာလည်း ပိုပြီးအဆင့်မြင့်တဲ့ လွတ်လပ်မှုကို မရနိုင်ဘူး။ ရတဲ့လွတ်လပ်မှုကို
အပြည့်အဝ သုံးနေတဲ့သူပဲ ပိုပြီး လွတ်လပ်လာမယ်။
လွတ်လပ်မှုကို ကျင့်သုံးနေတဲ့သူမှာပဲ လွတ်လပ်မှုရှိတယ်။ နောက်တစ်မျိုး ပြောရရင် လွတ်လပ်မှုကို ကျင့်သုံးနေတုံးမှာပဲ
လွတ်လပ်မှု ရှိတယ်။
ငါဟာ လွတ်လပ်တဲ့သူလို့  ပြောနိုင်မှ လူဖြစ်ရတာ တန်တဲ့သူဖြစ်မယ်။ ငါဟာ လွတ်လပ်တဲ့သူလို့  ပြောနိုင်မှ ကိုယ့်ကိုယ်ကိုကိုယ်
တကယ် လေးစားနိုင်မယ်၊ အားရနိုင်မယ်၊ ကျေနပ်နိုင်မယ်။
လွတ်လပ်နေတာကို ခံစားရတာ အကောင်းဆုံးကို ခံစားရတာပဲ။ လွတ်လပ်မှုဟာ ချမ်းသာအစစ်ပဲ။ လွတ်လပ်မှုကို လိုချင်တာဟာ
အဆင့်အမြင့်ဆုံးကို လိုချင်တာပဲ။
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ကိုယ့်သဘောထားကို မှန်အောင် ထားနိုင်တဲ့သူဟာ လွတ်လပ်တဲ့သူဖြစ်တယ်။
ထာဝရ နိုးကြားမှုဟာ လွတ်လပ်မှုအတွက်ပေးရတဲ့ အဖိုးအခပဲ။
Patterning your life around other's opinions is nothing more than slavery.
ကိုယ့်ဘဝကို သူများအယူအဆအတိုင်း ပုံသွင်းတာဟာ ကျွန်ခံလိုက်တာထက် ပိုမထူးပါဘူး။
ကိုယ့်ဘဝကို သူများ အယူအဆအတိုင်း နေရတဲ့သူဟာ လွတ်လပ်တဲ့သူ ဟုတ်ရဲ့လား။ အဲ့ဒီလိုလူဟာ လွတ်လပ်တဲ့သူ
ဆိုရင် သူ့ လွတ်လပ်မှုဟာ ဘယ်လိုလွတ်လပ်မှုမျိုးလဲ။ ကိုယ့်ဥာဏ်ကိုကိုယ် မသုံးနိုင်တဲ့သူ၊ မယုံနိုင်တဲ့သူမှာ
လွတ်လပ်မှု ရှိသလား။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Friday, November 7, 2008
လွတ်လပ်မှု-(၃)-ဆရာတော်ဦးဇောတိက
Labels:
မြန်မာဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment