ပေးမှရတဲ့ လွတ်လပ်မှုဟာ လွတ်လပ်မှုအစစ်မဟုတ်ဘူး။ ဘယ်သူကမှ လွတ်လပ်မှုကို ပေးလို့ မရဘူး။
မိမိဘာသာဖြစ်အောင် လုပ်ယူမှ ရတယ်။
ဘယ်သူ့ ဆီကမှ ခွင့်တောင်းစရာမလိုတဲ့ လွတ်လပ်မှုကို အပြည့်အဝယူပါ။
ဒီအခွင့်အရေးကို ယူနိုင်သူဟာ ကျန်တဲ့ အခွင့်အရေးတွေကိုပါ ရလာမယ်။
လွတ်လပ်မှုကို အလွဲသုံးစားလုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့  မတန်ဘူး။
လွတ်လပ်မှုနဲ့  တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားမှုဟာ လက်တွဲပြီးတော့ သွားတယ်။
အခြေခံကောင်းတဲ့ ပညာရေးနဲ့  လွတ်လွတ်လပ်လပ် လုပ်ခွင့် ဒီနှစ်ခုရှိရင် တိုးတက်မယ်။
လွတ်လပ်တဲ့အခြေအနေအနေမှာသာ လူတစ်ယောက်ရဲ့ အကောင်းဆုံး အရည်အသွေးဟာ
ရှင်သန် ကြီးထွားနိုင်တယ်။
လွတ်လပ်မှုဟာ အန္တရာယ်များပါတယ်။ ဒါပေမဲ့ လွတ်လပ်မှု မရှိတာက ပိုပြီး အန္တရာယ် များပါတယ်။
လွတ်လပ်တဲ့သူရဲ့ ဘာသာတရားမှာ ဆုပေးတာ မရှိဘူး။ ဒဏ်ပေးတာ မရှိဘူး။ ဥာဏ်ကို ပြည့်ပြည့်ဝဝ သုံးပြီး
အမြင့်ဆုံး အမြတ်ဆုံးကို လုပ်တာပဲ ရှိတယ်။
ပညာရှိတဲ့သူ၊ စိတ်ထားအဆင့်အတန်း မြင့်တဲ့သူတိုင်းဟာ လွတ်လပ်မှုကို မြတ်နိုးတယ်။
ဥာဏ်နုတုန်းမှာ ကောင်းကောင်းစားရဖို့  ကောင်းကောင်းနေရဖို့  မှန်းတယ်။ ဥာဏ် နည်းနည်း မြင့်လာရင်
ပညာတတ်ဖို့  မှန်းတယ်။ အသိဥာဏ် အမြင့်ဆုံးကို ရောက်ရင် လွတ်လပ်မှုကို မှန်းတယ်။ စိတ်ထားနဲ့ အသိဥာဏ်
မြင့်သွားလေလေ လွတ်လပ်မှုကို မြတ်နိုး လေလေပဲ။
လွတ်လပ်တဲ့စိတ်နဲ့  ဖြစ်နေတာတွေကို အမှန်အတိုင်း မမြင်နိုင်တဲ့သူဟာ ပညာတတ် မဖြစ်နိုင်ဘူး။
တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ လွတ်လပ်မှု မရှိတဲ့သူ လွတ်လပ်မှုနဲ့  မတန်တဲ့သူ ဖြစ်တယ်။
လူ့ ဂုဏ်သိက္ခာရှိမှ လွတ်လပ်မှု ရှိတယ်။ လွတ်လပ်မှုရှိမှ လူ့ ဂုဏ်သိက္ခာ ရှိတယ်။ လူ့ ဂုဏ်သိက္ခာနဲ့  လွတ်လပ်မှုဟာ
ဆက်စပ်မှုရှိတယ်။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Friday, November 7, 2008
လွတ်လပ်မှု-(၂)-ဆရာတော်ဦးဇောတိက
Labels:
မြန်မာဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment