လွတ်လပ်မှုဆိုတာ ဘာလဲဆိုရင် ပညာဥာဏ်နဲ့  ယှဉ်ပြီးတော့ လုပ်သင့်တာကို လုပ်တာ လွတ်လပ်မှုလို့  ပြောလို့ ရတယ်။
ကိုယ်အကျိုးရှိဖို့  သူတစ်ပါးအကျိုး ထိခိုက်တဲ့အလုပ်တွေကို စည်းမဲ့ကမ်းမဲ့ လုပ်တာဟာ လွတ်လပ်မှု မဟုတ်ဘူး။
လူ့ အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အကျိုးရှိတာကို သိပြီး လုပ်နိုင်တဲ့သူဟာ လွတ်လပ်မှုရှိတဲ့လူ ဖြစ်တယ်။
ကိုယ်လည်းပဲ အကျိုးရှိအောင်၊ အများလည်းပဲ အကျိုးရှိအောင် စဉ်းစားပြီး လုပ်မယ်။ ကိုယ်ပဲ အကျိုးရှိအောင် လို့ ဆိုတဲ့
အတ္တစွဲကြီးနဲ့  မလုပ်တော့ဘူး။ အဲဒီလိုလူဟာ ပျော်လည်း ပျော်တယ်၊ ကြည်လင်ရွှင်လန်းတဲ့စိတ်လည်းရှိတယ်။
တစ်ကိုယ်ကောင်းဆန်ဆန် သူများကို ဒုက္ခပေးပြီး ကိုယ်ကျိုးရှာတဲ့သူဟာ လွတ်လပ်တဲ့သူ မဟုတ်ဘူး။
တကယ် လွတ်လပ်တဲ့သူဟာ အတ္တစွဲကို လွန်မြောက်ခဲ့ပြီ။ ဒါကြောင့် တစ်ကိုယ်ကောင်းမဆန်ဘူး။
မပြည့်ဝတဲ့သူဟာ ဂရုဏာ မထားနိုင်ဘူး။ မပြည့်ဝတဲ့သူဟာ သူ့ မှာ ဘယ်လောက်ရှိရှိ လိုသေးတယ်လို့ ပဲ
ထင်နေတယ်။ နည်းသေးတယ်လို့ ပဲ ထင်နေတယ်။ သူများရမှာကို မလိုလားဘူး။ အခု ဂရုဏာမရှိ တစ်ကိုယ်ကောင်း
ဆန်ဆန် လုပ်နေကြတာတွေဟာ ဘာကြောင့်လဲ။ မပြည့်ဝလို့ ။ ချို့ တဲ့နေတဲ့စိတ် ရှိလို့ ။ ပြည့်စုံတဲ့စိတ် မရှိလို့  ။
လွတ်လပ်တဲ့စိတ် မရှိလို့ ။
လွတ်လပ်မှုဆိုတာ လူ့ အခွင့်အရေးလို့  ပြောကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ ပိုပြီးအဆင့်မြင့်တဲ့ လွတ်လပ်မှုကို
စဉ်းစားရင်တော့ ကိုယ့် ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူ ဖြစ်အောင် လုပ်ရမှာ လူတိုင်းရဲ့ အခွင့်အရေးနဲ့ 
တာဝန် ဖြစ်တယ်။
အခွင့်အရေးဆိုတာ ကိုယ့်ဘဝကိုကိုယ် တာဝန်ယူနိုင်တဲ့သူအတွက်ပဲ ဖြစ်တယ်။ တာဝန်မဲ့ နေတဲ့သူ ၊
စည်းမဲ့ကမ်းမဲ့ နေတဲ့သူဟာ လွတ်လပ်မှုနဲ့  မတန်တဲ့သူ ဖြစ်တယ်။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Friday, November 7, 2008
လွတ်လပ်မှု-(၆)-ဆရာတော်ဦးဇောတိက
Labels:
မြန်မာဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment