အချိန်ပို ရှိရင် အချိန်ဖြုံးတဲ့သူ၊ ပညာမရှာတဲ့သူ၊ ကိုယ့်အရည်အချင်းကို မြင့်အောင် မကြိုးစားတဲ့သူဟာ လွတ်လပ်မှု
မရှိတဲ့သူပဲ။ လွတ်လွတ်လပ်လပ် သုံးခွင့်ရှိတဲ့အချိန်ကို အကောင်းဆုံးနေရာမှာ သုံးတဲ့သူဟာ တစ်နေ့ တခြား အရည်အချင်း
ပိုရှိလာတယ်။ လွတ်လပ်တဲ့သူ ဖြစ်လာတယ်။
အချိန်ပိုကို ဘယ်လို သုံးသလဲ။ အဲဒါကို ကြည့်ပြီး ဒီလူဟာ ဘယ်လိုလူ ဖြစ်လာမလဲဆိုတာ ပြောနိုင်ပါတယ်။
အချိန်ပိုမှာ ဘာလုပ်သလဲ။ အဲဒါကပဲ လွတ်လပ်မှုနဲ့  တန်တယ် မတန်ဘူး ဆိုတာကို အဆုံးအဖြတ်ပေးလိမ့်မယ်။
ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူတစ်ယောက် ဖြစ်အောင် လုပ်ရမဲ့တာဝန်ကို မလုပ်တဲ့သူဟာ လူ့ အသိုင်းအဝိုင်းရဲ့
တာဝန် မကျေတဲ့သူ ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုကိုယ် တကယ်လွတ်လပ်တဲ့သူ တစ်ယောက်ဖြစ်အောင်လုပ်တာဟာ လူ့ အသိုင်းအဝိုင်းကို ကိုယ်က
ပေးရမဲ့ အရာတစ်ခုကို ပေးလိုက်တာပဲ။ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူဖြစ်အောင် မလုပ်ရင် လူ့ အသိုင်းအဝိုင်း
ပေါ်မှာ အကြွေးတင်နေတယ်။
လွတ်လပ်မှုဆိုတာထဲမှာ အသိုင်းအဝိုင်းအပေါ် တာဝန်သိမှု ဆိုတာ ပါဝင်နေတယ်။
တာဝန်သိမှုဟာ လွတ်လပ်မှုအတွက် မရှိမဖြစ်တဲ့အရာ ဖြစ်တယ်။ တာဝန်မသိတဲ့သူ၊ တာဝန်မဲ့လုပ်တဲ့သူဟာ
လွတ်လပ်မှုနဲ့  မတန်တဲ့သူ ဖြစ်တယ်။
သူ့ လွတ်လပ်မှုကို ကာကွယ်ပေးတဲ့နည်းနဲ့ ပဲ ကိုယ့်ရဲ့ လွတ်လပ်မှုကို ကာကွယ်လို့ ရမယ်။ ငါလည်း လွတ်လပ်ပြီး
သူလည်းလွတ်လပ်မှ လွတ်လပ်မှု တကယ် ရှိနိုင်မယ်။
ကိုယ်က လွတ်လပ်မှုကို ပိုပြီး လိုချင်ရင် သူများကို လွတ်လပ်မှုပိုရှိအောင် အတတ်နိုင်ဆုံး အကူအညီပေးပါ။
သူများ လွတ်လပ်မှု ဆုံးရှုံးနေတာကို ငါနဲ့  မဆိုင်ဘူးလို့  သင် သဘောထားရင် သင့်လွတ်လပ်မှုလည်း မကြာခင်
ဆုံးရှုံးသွားမှာ သေချာတယ်။
ကိုယ့်လွတ်လပ်ခွင့်ဟာ သူတို့ လွတ်လပ်ခွင့်ကို အန္တရာယ်ဖြစ်အောင် မလုပ်ရဘူး။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Friday, November 7, 2008
လွတ်လပ်မှု-(၅)-ဆရာတော်ဦးဇောတိက
Labels:
မြန်မာဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment