ကျန်းမာရေးလို့ ပြောတဲ့အခါမှာ ဒီခန္ဓာကိုယ်ပေါ်မှာ ရောဂါမရှိတာလောက်ကို ကျန်းမာရေးလို့  ပြောလို့ မရဘူး။
တကယ့်ကျန်းမာရေး အစစ်ကို ပြောရမယ်ဆိုရင် ဘဝတစ်ခုလုံး အဆင်ပြေအောင် နေနိုင်တယ်ဆိုတာ ပါမှ ရတယ်။
အဲ့ဒီအထဲမှာ ဆက်ဆံရေးပါ ပါလာတယ်။
ဒီလောကကြီးဟာ ဆက်စပ်နေတယ်နော်။ အဲဒီဆက်စပ်မှုဆိုတဲ့ သဘာဝကို နက်နက်နဲနဲ နားလည်ဖို့  အင်မတန်
အရေးကြီးတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အသဲတို့  နှလုံးတို့  အဆုတ်တို့  ဦးနှောက်တို့ ဟာ တစ်ခုနဲ့ တစ်ခု အပေးအယူ
ရှိမှ ညှိပြီးအလုပ်လုပ်မှ ခန္ဓာကိုယ်ကျန်းမာသလို ပတ်ဝန်းကျင်နဲ့  အပြန်အလှန် အပေးအယူရှိပြီး ညှိပြီးလုပ်မှ နေမှ ဘဝ
ကျန်းမာတယ်။
လူတယောက်ဟာ သူ့ အတွက် အရေးကြီးတဲ့ ကိုယ်စွမ်းကိုယ်စတွေ အလားအလာတွေ အရည်အချင်းတွေကို
အကောင်အထည်ဖော်ဖို့ အရေးမှာ မအောင်မြင်လို့ ရှိရင် အဲဒီလူဟာ မကျန်းမမာဖြစ်မယ်။
ကိုယ့်အရည်အချင်းတွေ ကိုယ့်ပါရမီဓာတ်ခံတွေ ကိုယ့်စွမ်းရည်သတ္တိတွေကို အကောင်အထည်ဖော်လိုက်ရင်
ဖော်လိုက်သလောက်ပဲ လူသားတွေအနေနဲ့  ရရှိခံစားနိုင်တဲ့ စိတ်ကျေနပ်မှုထဲမှာ အလေးနက်ဆုံးကျေနပ်မှုမျိုးကို
ခံစားရမယ်။
The abality to manage job stress is an important step to becoming a healthier person.
အလုပ်မှာတွေ့ ကြုံရတဲ့ ပင်ပန်းမှုကို ခံနိုင်ရည်ရှိအောင် လုပ်နိုင်တာဟာ ကျန်းမာရေး ပိုကောင်းဖို့  အရေးကြီးတဲ့အဆင့်၊
အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်တယ်။
ဘယ်လိုအခက်အခဲ ဖြစ်လာဖြစ်လာ အဲဒီအခက်အခဲ ဖြစ်လာတာဟာ ငါ့အကြောင်းကိုငါ ပိုပြီး သိလာအောင်လုပ်ဖို့ 
အခွင့်အရေးတစ်ခုပဲ၊ ငါ့ကိုယ်ငါ စိတ်ထားရော၊ အသိဥာဏ်ပါ ပိုပြီးတော့ ရင့်ကျက်တဲ့လူ ဖြစ်လာအောင်လုပ်ဖို့ 
အခွင့်အရေးပဲ ဆိုတာကို နားလည်ပြီးတော့ အသုံးချသွားတဲ့သူဟာ ကြာလေလေ ပိုပြီးတော့ လေးနက်တဲ့သူ၊
ရင့်ကျက်တဲ့သူ၊ ကြာလေလေ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့လူ ဖြစ်ပြီးတော့ အခက်အခဲလည်း နဲသွားတဲ့လူ ဖြစ်လိမ့်မယ်။
ခန္ဓာကိုယ်လည်းပဲ ကျန်းမာရေး ပိုကောင်းလာမယ်၊ စိတ်လည်း ကျန်းမာရေး ပိုကောင်းလာမယ်။
ကိုယ့်ဘဝမှာ ကောင်းတာတွေဖြစ်လာဖို့  ကိုယ် ကိုယ်တိုင်က တာဝန်ယူပြီး မလုပ်ပဲနဲ့  ဖြစ်လာမှာ မဟုတ်ပါဘူး။
ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး။
ကိုယ့်ဘဝမှာ စိတ်ကြည်လင်မှု၊ ရွှင်လန်းမှု၊ ပျော်ရွှင်မှု၊ အေးချမ်းမှု ရှိဖို့ နဲ့  ကိုယ့်ရဲ့ကျန်းမာမှုအတွက် ကိုယ့်ရဲ့စိတ်အခြေအနေ
ကိုယ့်စိတ်နေသဘောထားက အရေးကြီးဆုံး ဖြစ်ပါတယ်။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Thursday, November 6, 2008
ကျန်းမာရေး-ဆရာတော်ဦးဇောတိက
Labels:
မြန်မာဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment