ငါဟာ လွတ်လပ်တဲ့သူ ဖြစ်ရမယ်။ အဲဒီလို လွတ်လပ်တဲ့သူဖြစ်ဖို့ တာဝန်ကို ငါယူတယ်။ လွတ်လပ်တဲ့သူဖြစ်ဖို့ 
လိုအပ်တဲ့ စိတ်ဓာတ်အင်အား ငါ့မှာ ရှိတယ်၊ သတ္တိ ငါ့မှာ ရှိတယ်၊ စည်းကမ်း ငါ့မှာ ရှိတယ်၊ ဇွဲ ငါ့မှာ ရှိတယ် လို့  ရဲရဲဝံ့ဝံ့
ပြောနိုင်တဲ့သူ ဖြစ်ရမယ်။ အဲ့ဒီလိုပြောနိုင်တာကိုက လွတ်လပ်မှုတာဝန်ကို ယူတာပဲ။ ငါ့မှာ အရည်အချင်းရှိဖို့ ၊ သတ္တိရှိဖို့ ၊
စည်းကမ်းရှိဖို့ ၊ ဇွဲရှိဖို့  ပညာတတ် ဖြစ်ဖို့  ငါတာဝန်ယူတယ် လို့  ပြောနိုင်တဲ့စိတ်ဟာ လွတ်လပ်တဲ့စိတ်ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်တဲ့သူဖြစ်ဖို့  တာဝန်ကို ယူထားတဲ့သူဟာ ကိုယ့်အရည်အချင်းတွေကိုကိုယ် အမြဲတန်း
မြှင့်တင်နေရမယ်။ ကိုယ့်ရဲ့တွေးခေါ်ပုံ၊စဉ်းစားပုံကို ပိုပြီးသဘာဝကျအောင် တိကျအောင် လေ့ကျင့်နေရမယ်။ ကိုယ့်
စိတ်ဓာတ်ကို ခိုင်မာအောင် ရင့်ကျက်အောင် လေ့ကျင့်နေရမယ်။ ငါဟာ ဥာဏ်ရှိတဲ့သူ၊ သတ္တိရှိတဲ့သူ၊ “အမှားအမှန်”
“အကောင်း အဆိုး”၊ “တရားတယ် မတရားဘူး”၊ ဆိုတာကို ခွဲခြားပြီး သိတဲ့သူ ဆိုတာကို ဖေါ်ပြနိုင်ရမယ်။
ကိုယ့်ဘဝမှာ ကျန်းမာရေးချို့ တဲ့တာတို့  တခြားလည်းပဲ လူမှုရေးနဲ့  ဆက်ဆံရေးတို့  ဘာတို့ မှာ အခက်အခဲတွေ
ပြဿနာတွေ အဆင်မပြေမှုတွေ ဖြစ်လာတဲ့အခါမှာ ဒီလိုကိစ္စတွေ၊ ဒီလိုအဆိုးတွေ မဖြစ်ခင်မှာ ကိုယ့်ကိုယ်ကိုကိုယ် မြင်ပုံ၊
ကိုယ့်ဘဝကိုကိုယ် မြင်ပုံ၊ လောကိုက မြင်ပုံ၊ လူတွေကို မြင်ပုံ၊ ဘာတွေများ လွဲနေသလဲ ဆိုတာကို သေသေချာချာ
ကြည့်ပြီးတော့ သိပြီးတော့ ရိုးရိုးသားသားလေး လက်ခံပြီးတော့ အတတ်နိုင်ဆုံး ပြုပြင်သွားရမယ်။ အဲသလို လုပ်လိုက်လို့ 
ရှိရင် ကိုယ့်ဘဝကိုကိုယ် တာဝန်ယူရာ ရောက်တယ်။ အဲသလို တာဝန်ယူတာဟာ အမှန်တော့ လွတ်လပ်မှု တစ်မျိုးပဲ။
ကိုယ့်ဘဝကို ကိုယ် တာဝန် မယူနိုင်တဲ့သူဟာ လွတ်လပ်တဲ့သူ မဟုတ်လို့  မေတ္တာရဲ့ နက်နဲတဲ့သဘာဝကို သူ
မသိနိုင်ဘူး။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Sunday, November 9, 2008
လွတ်လပ်မှု-(၇)-ဆရာတော်ဦးဇောတိက
Labels:
မြန်မာဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment