Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Thursday, August 6, 2009

သဘောထား ကွဲလွဲမှုနှင့် စိတ်ရှည် သည်းခံမှု -ကျော်ကျော်စိုး(ဂျပန်)




ဒီကနေ့မနက်က ကော်ဖီဆိုင်မှာ သတင်းစာဖတ်ရင်းနဲ့ ကော်ဖီထိုင်သောက်ခဲ့တယ်၊ သတင်းစာထဲမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လူ ၂၀၀၀၀ လောက်က Internal Security Act (ISA) ကို ဖီဆန်ပြီး ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့က တုတ်တွေနဲ့လိုက်ရိုက်၊ အင်အားသုံးပြီး အတင်းဖမ်းဆီး၊ မျက်ရည်ယိုဗုံးတွေနဲ့ပစ်၊ ဓာတုဆေးရည်တွေပါတဲ့ ရေတွေနဲ့ ပက်တယ်လို့ဖတ်ရတယ်။

ဆန္ဒပြတဲ့သူတွေက Reformasi, Reformasi လို့ကြွေးကြော်ကြတယ်၊ အစိုးရကို တောင်းဆိုကြတယ်၊ အဲဒါကို အစိုးရက လူစုကွဲသွားစေဖို့၊ ဆန္ဒပြတောင်းဆိုမှုတွေမလုပ်စေဖို့ ရဲတပ်ဖွဲ့ကို နှိပ်ကွပ်ခိုင်းတယ်၊ ရဲတပ်ဖွဲ့က အစိုးရလက်အောက်ခံ ဖြစ်တော့ အမိန့်အတိုင်းလိုက်နာရတယ်၊ ညွန်ကြားချက်ကို အကောင်အထည်ဖော်ရတယ်၊ ဒါကြောင့် လူ ၆၀ လောက် အဖမ်းခံရတယ်လို့ သတင်းထဲဖော်ပြထားလို့ သိလိုက်ရတယ်။

မလေးရှားမှာ ဒီမိုကရေစီထွန်းကားပါတယ်။ ပြည်သူ့အခွင့်အရေးတွေရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ အရင့်အမာ နိုင်ငံတွေမှာလို လူ့အခွင့်အရေးတွေ၊ ပြည်သူ့အခွင့်အရေးတွေ မရှိတာနဲ့ပတ်သက်ပြီးတော့ အထူးအထွေ မပြောလိုပါဘူး။ ဒီမိုကရေစီကို တနိုင်ငံနဲ့တနိုင်ငံ ကျင့်သုံးမှုပုံစံ ကွာခြားမှုရှိတယ်ဆိုတာကို လက်ခံလို့ပါပဲ။

ဒါပေမဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီအခြေခံမူတွေကိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမဆို လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့လိုအပ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ မရှိမဖြစ် အလိုအပ်ဆုံးအခြေခံကတော့ လွတ်လပ်စွာသဘောဆန္ဒထုတ်ဖော်ပြသမှု Freedom of Expression ပါပဲ။ ကိုယ့်ရဲ့သဘောဆန္ဒ၊ ခံယူချက်၊ ယုံကြည်ချက်ကို လွတ်လပ်စွာနဲ့ ထုတ်ဖော်ပြသမှုပါ၊ စကားနဲ့ထုတ် ဖော်ပြသတဲ့နည်း၊ စာနဲ့ရေးသားတဲ့နည်း၊ ရုပ်ပုံတွေ၊ ရုပ်သေတွေ၊ ရုပ်ရှင်တွေနဲ့ ထုတ်ဖော်ပြသတဲ့နည်း၊ အမူအယာနဲ့ ထုတ်ဖော်ပြသတဲ့နည်း၊ စီတန်းလှည့်လည်တဲ့နည်း၊ မတ်တပ်ရပ်တဲ့နည်း၊ ထိုင်တဲ့နည်း စတဲ့ နည်းပေါင်းစုံနဲ့ ပြသခွင့်ဖြစ် ပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ ဆန္ဒထုတ်ဖော်ပြသခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့ရေးရာဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းကမ်းတွေနဲ့ အတိအလင်းပြဌာန်းသတ်မှတ်ပေးရပါမယ်။ အဲဒီလို ပြည်သူ့ရေးရာအခွင့်အရေး Civil Rights တွေကို ပြည်သူတွေကလက်တွေ့ကျင့်သုံးအကောင်အထည်ဖော်တဲ့အခါ ဥပဒေရေးရာထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တခြားအာဏာပိုင်အဖွဲ့အစည်းတွေက သတ်မှတ်ပြဌာန်းထားတာတွေနဲ့အညီ စောင့်ရှောက်ပေးရပါမယ်၊ ကူညီပေးရပါမယ်။

ဒီလိုဖော်ဆောင်ပေးနိုင်မှာသာ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး Rule of Law ဆိုတာ ထွန်းကားနိုင်မှာဖြစ်ပါတယ်၊ တရား ဥပဒေစိုးမိုးမှုရှိမှသာ လူ့အဖွဲ့အစည်းအတွင်းမှာ တရားမျှတမှုတွေရှိမှာပါ၊ တရားမျှတမှုတွေရှိတဲ့အခါမျိုးမှာ လူ့အဖွဲ့ အစည်းအတွင်း တိုးတက်မှုတွေကို ရရှိဖို့၊ တိုးတက်မှုတွေကို ကြိုးပမ်းရှာဖွေတဲ့အခါ၊ တိုးတက်မှုတွေကို မျှဝေခံစားတဲ့အခါ မှန်ကန်မျှတမှုရှိမှာပါ၊ အမှန်တရားတွေ ထွန်းကားမှာပါ၊ အမှန်တရားတွေထွန်းကားတဲ့အခါ အဲဒီလူ့အဖွဲ့အစည်းဟာ တည်ငြိမ်အေးချမ်းမှုရှိမှာပါ၊ တည်ငြိမ်အေးချမ်းမှုတွေရှိပြီဆိုရင် ပြည်သူလူထုဟာ ခေတ်မီတိုးတက်တဲ့လူ့အဖွဲ့အစည်းကို ထူထောင်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့သဘောဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသတယ်ဆိုတာမှာ အစိုးရအဖွဲ့၊ အာဏာပိုင်အဖွဲ့တွေကို ဆန့်ကျင်ကန့် ကွက်တာမျိုးကိုပဲ ခေါ်တာမဟုတ်ပါဘူး။ အစိုးရတရပ်၊ အဖွဲ့အစည်းတရပ်ရဲ့လုပ်ရပ်တွေကို ထောက်ခံတာမျိုး၊ သဘောတူ တာမျိုးတွေလည်း ပါဝင်ပါတယ်။

မြန်မာပြည်မှာ လောင်စာဈေးတက်လို့၊ ကုန်ဈေးနှုန်းတက်လို့၊ စားဝတ်နေရေးခက်ခဲလို့၊ လုပ်အားခတွေ အနှိမ်ခံရလို့ ကန့်ကွက်တာ၊ အာဏာပိုင်တွေက မတရားအနိုင်ကျင့်တာတွေကို ကန့်ကွက်တာ၊ တောင်းဆိုဆန္ဒပြတာတွေဟာ ပြည်သူလူထုက သူတို့ရဲ့အခွင့်အရေးကို အသုံးချတာဖြစ်ပါတယ်။ ဒါကို အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ခွင့်ပြုရပါမယ်၊ ကာကွယ်စောင့်ရှောက်ပေးရပါမယ်၊ ဒီလိုပဲ နအဖလုပ်ဆောင်ခဲ့တဲ့ အမျိုးသားညီလာခံကို ထောက်ခံတဲ့ အနေနဲ့ ကြံ့ဖွတ်အစည်းအဝေးတွေ၊ လူထုစည်းဝေးပွဲတွေလုပ်ခွင်ပြုခဲ့တာ၊ တခြားအကြောင်းရင်းတွေနဲ့ စီတန်းလှည့် လည်တာတွေကို မြန်မာစစ်အာဏာပိုင်က ခွင့်ပြုခဲ့တာတွေရှိပါတယ်။

အစိုးရတွေဟာ ကိုယ့်ကို ထောက်ခံတာပဲဖြစ်ဖြစ်၊ ကန့်ကွက်တာပဲဖြစ်ဖြစ် ဒီလို လူထုစည်းဝေးပွဲတွေ၊ စီတန်းလှည့်လည် ဆန္ဒပြတာတွေကို တပြေးညီခွင့်ပြုပေးရပါမယ်၊ ဒါကို နိုင်ငံရေးအမြင်နဲ့ကြည့်လို့မဖြစ်ပါဘူး၊ လူ့အခွင့်အရေးအမြင်နဲ့ ကြည့်ရမှာပါ။ စည်းဝေးခွင့်၊ ဆန္ဒပြခွင့်ဆိုတာ လူ့အခွင့်အရေး၊ ပြည်သူ့အခွင့်အရေးဖြစ်ပါတယ်။ ဆန္ဒပြရတဲ့အကြောင်းရင်း ဟာ နိုင်ငံရေးအကြောင်းအရာဖြစ်ရင်ဖြစ်မယ်။ မဖြစ်ရင်လည်း မဖြစ်ဘူး။

ဘယ်လူ့အဖွဲ့အစည်းမှာမဆို တူညီမှု၊ ကွဲပြားခြားနားမှု၊ သဘောထားမတိုက်ဆိုင်မှုတွေဟာ ရှိစမြဲပါ၊ ဒါဟာ ဆန်းတဲ့အရာ တော့မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေပါ၊ အဲဒီမတူညီ ကွဲပြားခြားနားမှုတွေအပေါ် စိတ်ရှည်သည်းခံမှု Tolerance ဟာ အရေးကြီးပါတယ်။

ကွာလာလမ်ပူကအဖြစ်အပျက်မှာ ISA ကို ဖီဆန်ပြီး ပြည်သူ ၂၀၀၀၀ လောက်ကဆန္ဒပြတာကို ဒီမိုကရေစီနည်းကျကျ ရွေးချယ်ခံထားရတဲ့အစိုးရတရပ်က ခွင့်မပြုဘူးဆိုတာဟာ ပြည်သူ့အခွင့်အရေးတွေနဲ့ လွတ်လပ်စွာသဘောဆန္ဒထုတ် ဖော်ပြသခွင့်ကို ဆန့်ကျင်တာဖြစ်ပါတယ်။ ဒီမိုကရက်တစ်အစိုးရတရပ်အနေနဲ့ လိုက်နာစောင့်ထိန်းရမယ့်ကျင့်ဝတ်တွေ ကို ဖောက်ဖျက်ရာရောက်ပါတယ်။

ISA ဟာ မလေးရှားနိုင်ငံသူ နိုင်ငံသားတွေရဲ့ဘ၀ကိုထိပါးစေလို့ ဒီလူ ၂၀၀၀၀ လောက်က Reformasi ဆိုပြီး တောင်းဆို ဆန္ဒပြတာပါ၊ ဒီလိုဆန္ဒပြတာကို စိတ်ရှည်လက်ရှည်နဲ့ သည်းခံတာမျိုးမရှိပဲ ရဲတပ်ဖွဲ့ကို နှိပ်ကွပ်ဖို့စေခိုင်းတာက မလေးရှား အစိုးရက မိမိနဲ့သဘောထားကွဲလွဲမှု Dissent ကို လက်မခံဘူးဆိုတာကို ဖော်ပြနေပါတယ်။

ဒီလူ ၂၀၀၀၀ ဟာ ကွာလာလမ်ပူမြို့တွင်းမှာ ဖျက်ဆီးမှုတွေလုပ်ဖို့၊ တိုက်ခိုက်မှုတွေလုပ်ဖို့၊ အင်အားသုံးအကြမ်းဖက်မှု တွေလုပ်ဖို့စုဝေးချီတက်ကြတာမဟုတ်ပါဘူး၊ ဖျက်ဆီးတိုက်ခိုက်မှုတွေလုပ်ဖို့ တုတ်၊ ဓား၊ လက်နက်ကိရိယာတွေကို ကိုင် ဆောင်ချီတက်ကြတာမဟုတ်ပါဘူး၊ သူတို့ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသဘောဆန္ဒထုတ်ဖော်ပြသခွင့်ကို စီတန်းလှည့်လည်တဲ့နည်းနဲ့ လက်တွေ့ကျင့်သုံးတာဖြစ်ပါတယ်။ ဒီလူ ၂၀၀၀၀ ရဲ့စီတန်းလှည့်လည်ဆန္ဒပြမှုကို ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ဖြစ်စေဖို့ ရဲတပ်ဖွဲ့ဝင်တွေက ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုရင် မလေးရှားအစိုးရနဲ့ ရဲတပ်ဖွဲ့ဟာ ပြည်သူ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့သူတွေအဖြစ်နဲ့ အသိအမှတ်ပြုခံရမှာပါ။ တကယ်လို့စီတန်းလှည့်လည် ဆန္ဒပြမှုမှာ ဖျက်ဆီးနှောင့်ယှက်မှုရှိလာရင် အဲဒီဆန္ဒပြပွဲကို ဦးစီးလုပ်ဆောင်တဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တို့က ဆန္ဒပြတာရဲ့ ရည်ရွယ်ချက်ကို မထိခိုက်စေဖို့ လက်တွဲလုပ်ဆောင်ရပါမယ်။

ဒီလိုလုပ်ဆောင်တာမျိုးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ သဘောထားကွဲလွဲမှုတွေကို သည်းခံပြီး ငြိမ်းချမ်းတည်ငြိမ်မှုတွေ ထွန်းကားစေပါတယ်။

ဒီနေရာမှာအစိုးရတွေအနေနဲ့ လက်ခံထားဖို့လိုအပ်တဲ့အချက်က ကိုယ့်ကိုဆန့်ကျင်ကန့်ကွက်တဲ့သူ၊ ကိုယ်နဲ့ သဘော ထားကွဲလွဲတဲ့သူတိုင်းဟာ ရန်သူမဟုတ်ဘူးဆိုတာပါပဲ။ ဒါကို ကောင်းကောင်းနားလည်ထားဖို့လိုအပ်ပါတယ်။ ဒီလူတွေရဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြသခွင့်ကို အသိအမှတ်ပြုရပါမယ်၊ လေးစားရပါမယ်၊ ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ အဲဒီလူတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောတာ မလိုက်လျောတာက အစိုးရတွေရဲ့ သဘောထား၊ မူဝါဒ၊ တိုင်းပြည် ရဲ့အခြေအနေ၊ ပြည်သူလူထုရဲ့သဘောထား၊ နိုင်ငံတကာရဲ့စံနှုန်းတွေပေါ်မူတည်ပြီး ဆုံးဖြတ်မှာပါ။

ဒီလိုပဲ ဆန္ဒထုတ်ဖော်ပြသတဲ့သူတွေဘက်ကလည်း ဆန္ဒထုတ်ဖော်ပြသမှုဟာ မိမိတို့ရဲ့အခြေခံအခွင့်အရေးတွေကို လက်တွေ့ကျင့်သုံးတာဖြစ်တယ်၊ မိမိတို့ရဲ့အခွင့်အရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြည့်အ၀အသုံးချနိုင်ဖို့ကြိုးပမ်းရမှာပါ၊ မိမိတို့ရဲ့တောင်းဆိုချက်ကို အစိုးရက လိုက်လျောတာ မလိုက်လျောတာက နောက်ထပ်ကိစ္စပါ။ အဲဒါကို သေသေချာချာ ခွဲခြားနားလည်ထားဖို့လိုပါတယ်။

စုရုံးမှု၊ စည်းဝေးမှု၊ ဆန္ဒပြမှု၊ စီတန်းလှည့်လည်မှုတွေမှာ အာဏာပိုင်တွေက လက်မခံနိုင်လောက်အောင် တရားလွန်ပြုမူ သလားဆိုတာကို အထူးသတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။

သဘောထားကွဲလွဲမှုတွေဖြစ်ပြီဆိုရင် တင်းမာမှုတွေဖြစ်လာလေ့ရှိပါတယ်၊ တင်းမာမှုတွေဖြစ်လာရင် စိတ်ခံစားမှုတွေကို ဦးစားပေးလာတတ်ကြပါတယ်။ အဲဒါဆိုရင် စိတ်ကို ထိန်းချုပ်မှုစွမ်းအားတွေ လျော့ကျလာပါတယ်။ ဒီလိုလျော့လာပြီဆိုရင် လုပ်သင့်တာတွေမလုပ်၊ မလုပ်သင့်တာတွေလုပ်တဲ့အဆင့်ကို ရောက်လာပါတတ်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့မူလရည်မှန်း ချက်၊ ရည်ရွယ်ချက်ကို ထိခိုက်လာနိုင်ပါတယ်၊ ဒီလိုသဘောသဘာဝမျိုးကို နားလည်တတ်ဖို့လိုအပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေ၊ ဒီမိုကရေစီဖော်ဆောင်ဖို့ကြိုးပမ်းနေတဲ့နိုင်ငံတွေက လူတွေအနေနဲ့ သဘောထားကွဲလွဲမှု Dissent ကို အသိအမှတ်ပြုလက်ခံပြီး၊ အဲဒီကွဲလွဲမှုတွေကို ထုတ်ဖော်ပြသတဲ့ လွတ်လပ်စွာသဘော

ဆန္ဒထုတ်ဖော်ပြသမှု Freedom of Expression ကိုအာမခံချက်ပေးရပါမယ်။ ဒီလိုအာမခံချက်ပေးတာဟာ ပြည်သူ့အခွင့် အရေး Civil Rights တွေကို အသိအမှတ်ပြုတာဖြစ်ပါတယ်။ ဒါတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ငြိမ်းချမ်းစွာနဲ့ဖြစ်ထွန်း စေဖို့ဆိုရင် အာဏာပိုင်တွေရော၊ သဘောထားကွဲလွဲတဲ့သူ Dissident တွေပါ စိတ်ရှည်သည်းခံမှု Tolerance ရှိဖို့ဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများနဲ့သက်ဆိုင်တဲ့ ကိုယ့်ရဲ့လိုလားချက်ဟာ ချက်ချင်းလက်ငင်းပြည့်ဝလာ မှာ မဟုတ်လို့ပဲဖြစ်ပါတယ်။

ဒီလိုအနေအထား၊ အဖြစ်အပျက်၊ သဘောသဘာဝတွေကို ကောင်းကောင်းနားလည်ကျင့်သုံးတတ်မှ လူ့အဖွဲ့အစည်းတခု အတွင်း၊ နိုင်ငံတနိုင်ငံအတွင်းမှာ ဒီမိုကရေစီထွန်းကားရေးနဲ့ ဒီမိုကရေစီတိုးတက်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီတည်တံ့ခိုင်မြဲရေး ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ကျော်ကျော်စိုး(ဂျပန်)

သြဂုတ် ၃ ၊ ၂၀၀၉ ခုနှစ်


0 comments: