Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Thursday, August 6, 2009

နေအိမ်ခြံဝန်း ပိုင်ဆိုင်မှုကိစ္စ ဒေါ်စုနဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်တောင်း


နေအိမ်ခြံဝန်း ပိုင်ဆိုင်မှုကိစ္စ ဒေါ်စုနဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်တောင်း

04 August 2009


ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ အင်းလျားကန် နံဘေးမှာရှိတဲ့ နေအိမ်ခြံဝန်း တစိတ်တပိုင်းကို ဆွေမျိုးသားချင်းတဦးက ရောင်းချလိုက်တဲ့အကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ဖို့ ရှေ့နေတွေက အာဏာပိုင်တွေထံ တွေ့ဆုံခွင့် တောင်းခံထားပါတယ်။ နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရချိန် နောက်ထပ် တရားတဘောင် ဖြေရှင်းရမယ့် အခြေအနေတွေနဲ့ ထပ်ကြုံနေရတာနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက အကြောင်းစုံကို တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်း တစိတ်တပိုင်းကို သူ့ရဲ့ ဆွေမျိုးသားချင်းတဦးက ပိုင်ဆိုင်ကြောင်းနဲ့ ဒါကိုလည်း ရောင်းချလိုက်ပြီဆိုပြီး ပြီးခဲ့တဲ့လ ၂၄ ရက်နေ့တုန်းကပဲ အစိုးရထုတ် ကြေးမုံသတင်းစာမှာ ကြေညာခဲ့တာမို့ ဒါနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ ကန့်ကွက်မှုတွေ ဆက်ပြီး လုပ်သွားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တွေ့ဆုံခွင့် တောင်းထားတာပါ။

သတင်းစာပါ ကြေညာချက်အရ တဖက် အကျိုးဆောင် ရှေ့နေတွေနဲ့ ၀ယ်ယူလိုက်သူထံကို တရားဝင် ကန့်ကွက်တာတွေ လုပ်ဆောင်ခဲ့အပြီး ဒါနဲ့ပတ်သက်လို့ အသိပေး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အာဏာပိုင်တွေထံ တောင်းခံထားပေမယ့် တွေ့ခွင့်ရမရ မသိရသေးဘူးလို့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒါ ရောင်းဝယ်ခွင့် မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်မှာ ရှိတယ်။ ရောင်းတယ်ဆိုတဲ့ ဦးခင်မောင်အေးလည်း ရောင်းခွင့်မရှိဘူး။ အဲတော့ ရောင်းခွင့်မရှိတဲ့ လူဆီက ၀ယ်ရင် ကိုယ့်ငွေပဲ ဆုံးရှုံးမယ်လို့ ဒီလို အသိပေးလိုက်ပါတယ်။ ဒီကိစ္စအတွက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စာတင်ထားပါတယ်။ ဘယ်နေ့ တွေ့ဖြစ်မလဲတော့ မသိသေးဘူး။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်း တစိတ်တပိုင်းကို ပိုင်ဆိုင်ကြောင်းနဲ့ ရောင်းချလိုက်တဲ့အကြောင်း ကြေညာချက်ကို ကန့်ကွက်သူတွေထဲမှာ အခု ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ ဦးခင်မောင်အေးရဲ့ ဇနီးဟောင်းလည်း တဦးအပါအ၀င် ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း ဒီခြံဝန်း တစိတ်တပိုင်းကို ပိုင်ဆိုင်တာမို့ ရောင်းချမှုကို ကန့်ကွက်ထားတာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“၂၇ ရက်နေ့ ကြေးမုံသတင်းစာမှာပဲ သူ့အမျိုးသမီးကလည်း သူ့ကို ဦးခင်မောင်အေး ရောင်းခွင့်မရှိဘူး၊ သူလည်း ပူးတွဲ ပိုင်တယ်ပေါ့၊ အဲဒီလို ကန့်ကွက်တာကိုလည်း တွေ့ပါတယ်။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်း တစိတ်တပိုင်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း အကျိုးဆောင်ရှေ့နေတွေ အနေနဲ့ကတော့ ဒါတွေကို လက်ခံမှာ မဟုတ်တဲ့ အကြောင်းနဲ့ အခုနောက်ဆုံး အချေအတင် ဖြစ်နေရတဲ့ ပိုင်ဆိုင်မှု ကိစ္စမှာလည်း ၀ယ်ယူသူအနေနဲ့ နစ်နာဆုံးရှုံးမှုနဲ့သာ ကြုံရနိုင်တဲ့အကြောင်း သတိပေးထားတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အခုကြေညာတာက ၀ယ်တယ်ဆိုတဲ့လူ၊ နာမည်လည်းမသိဘူး၊ မေးလို့လည်း မရဘူး။ ဒါကြီးက လျှို့ဝှက်လည်း လုပ်ထားတယ်။ အဲတော့ ကျနော်တို့ကတော့ သူတို့ကိုပဲ ပြောလိုက်တယ်၊ ခင်ဗျားတို့ ၀ယ်ရင်တော့ ခင်ဗျားတို့ မှားမှာပဲ၊ ငွေဆုံးရှုံးမှာ။ ကျနော်တို့ကတော့ ပစ္စည်း Position ကလည်း ကျနော်တို့လက်ထဲမှာ။ ကျနော်တို့ကလည်း တကယ်လို့ အရောင်းအ၀ယ်လုပ်လည်း ကျုပ်တို့က ဒါပေးမှာမဟုတ်ဘူးဆိုတာ ပြောလိုက်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

တကယ်တော့ အခုနောက်ဆုံး နေအိမ်ခြံဝန်း ပိုင်ဆိုင်မှုကိစ္စလို အချေအတင် ဖြစ်စရာတွေ ထွက်ပေါ်လာတာ ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင့်အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးဟာလည်း နေအိမ်ကို အမွေဆိုင်အဖြစ် လျှောက်လဲလို့ တရားတဘောင် ရင်ဆိုင်ရတာတွေလည်း ရှိခဲ့တာပါ။ ဒီအမှုဟာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ အချိန်ကာလတလျှောက် ရုံးချိန်းတွေ ရွှေ့ဆိုင်းလာခဲ့တာ အခုအချိန်အထိလည်း မပြီးပြတ်သေးပဲ ရှိနေဆဲ ဖြစ်ပါတယ်။

http://www.voanews.com/burmese/2009-08-04-voa6.cfm?rss=topstories

0 comments: