ကိုယ့်ရဲ့မကျေနပ်မှုတွေ မုန်းတီးမှုတွေကို သေသေချာချာ သိပြီးတော့ လွတ်မြောက်သွားတဲ့အခြေအနေမျိုးကို
မရောက်ပဲနဲ့  တကယ် လွတ်လပ်တဲ့လူ၊ တကယ် အကျင့်စာရိတ္တနဲ့  စိတ်ထား ကောင်းတဲ့လူ၊ တကယ်ချစ်နိုင်တဲ့လူ
မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ်ချစ်တဲ့လူ၊တကယ်စိတ်ထားကောင်းတဲ့လူ၊
တကယ် လွတ်လပ်တဲ့လူတယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့မကျေနပ်မှုတွေ၊ ကိုယ့်ရဲ့
ုမုန်းတီးမှုတွေကို မြင်ပြီးတော့ သိပြီးတော့ အဲဒါတွေကို လွန်မြောက်သွားအောင် လုပ်ဖို့ လိုတယ်။
ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင် သဘာဝ မကျတာ အကြောင်းအကျိုး မကိုက်တာကို ဘယ်တော့မှ
မယုံဘူးလို့  ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်။
င်္Freedom and reason make us men;
Take these away,what are we then?
Mere animals, and just as well
The beasts may think of heaven or hell.
လွတ်လပ်မှုနဲ့  အကြောင်းအကျိုးကိုက်အောင် စဉ်းစားတွေးခေါ်နိုင်စွမ်းက ဒို့ ကို လူဖြစ်အောင် လုပ်ပေးတယ်။
အဲဒါတွေကို ဖယ်ရှားလိုက်ရင် ငါတို့ ဟာ ဘာတွေလဲ။ တိရစ္ဆာန်မျှပဲ။ ကောင်းကင်ဘုံ သို့ မဟုတ် ငရဲဘုံကို တွေးကောင်း
တွေးမယ့် တိရစ္ဆာန်အရိုင်းပဲ။
လွတ်လပ်မှုဆိုတာ သတိရှိတဲ့သူ ဥာဏ်ရှိတဲ့သူ အတွက်ပဲ။ သတိမရှိတဲ့သူ ဥာဏ်မရှိတဲ့သူဟာ မလွတ်လပ်တဲ့
ဘဝမှာပဲ နေရမယ်။
အသိဥာဏ်ပိုင်းမှာ ကျွန်မခံတဲ့သူ၊ အမွေခံလာတဲ့ အယူအဆတွေကို ကျေနပ်မနေတဲ့သူ၊ အမှန်တရားဆိုတဲ့
အလင်းရောင်ကို ဘက်မလိုက်ပဲ ရင်ဖွင့် ကြိုဆိုတဲ့သူ၊ မနက်စောစော နေထွက်လာတာကို ဝမ်းမြောက် ဝမ်းသာ
ကြိုဆိုသလို မှန်ကန်တဲ့ အသိသစ် အမြင်သစ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့သူမှာသာ လွတ်လပ်တဲ့စိတ်ဓါတ်
ရှိတယ်။
ကိုယ့်မှာ ရှိသလောက်ဥာဏ်နဲ့  စဉ်းစားရမှာ ကိုယ့်အခွင့်အရေးနဲ့  ကိုယ့်တာဝန်ပဲ။ ဒီအခွင့်အရေးကိုလည်း
လက်လွတ်ဆုံးရှုံး မခံနိုင်ဘူး။ ဒီတာဝန်ကိုလည်း ဘယ်သူံကိုမှမလွှဲနိုင်ဘူး။ ဒီတာဝန်ကို သူများကိုလွှဲလိုက်ရင်
ကိုယ့်ဘဝကို သူများကိုလွှဲလိုက်တာနဲ့  တူတူပဲ။ ဒီတာဝန်ကို သူများကို လွှဲလိုက်တာဟာ ကိုယ့်ရဲ့ လွတ်လပ်မှုကိုပါ
သူများ လက်မှာ အပ်နှံထားလိုက်တာနဲ့  အတူတူပဲ။
ထောင်ထဲမှာ တိုက်ပိတ်ခံထားရပြီး နေရမှာ ကြောက်ကြတယ်။ ဒါပေမဲ့ အသိဥာဏ် တိုက်ပိတ် ခံထား
ရတာကိုတော့ သိတောင်မသိကြဘူး။
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Wednesday, November 19, 2008
လွတ်လပ်မှု-(၈)-ဆရာတော်ဦးဇောတိက
Labels:
OPINION,
မြန်မာဆောင်းပါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment