[Ye Yint Thet Zwe]
ဗေဒင် ကိန်းခန်း
အတိတ် တဘောင်
ဘိုးတော်တွေရဲ့  အဆောင်တွေနဲ့ 
လူရောင်ပြန်ချင်သူများ၊
ဒီမှာလေ
ဇာတ်တူသားစားလို့ 
ဟသာင်္ကိုးသောင်းပျက်စီးကြောင်းတရား
စစ်အုပ်စုမှာ နားမရှိရှာဘူး
အခုတော့
ချောင်ပိတ်ရိုက်ခံရတဲ့
ခွေးတကောင်ရဲ့  တုံ့ ပြန်မှုမျိုး
ဂမူးးရှုးထိုး ကမ္ဘာ့အလယ်မှာ ၊
မှတ်ထားကြစမ်းဟေ့
ကျောင်းသားတပ်မတော် တဲ့
တကမ္ဘာလုံးမှာ
ငါတို့  နိုင်ငံတခုထဲသာရှိနေတာ
ဂုဏ်ယူစရာ
စစ်အုပ်စုရဲ့  နေပြည်တော်က
ရုပ်ထုကြီး သုံးခု ခမျာမှာတော့
သနားစရာ ၊
အာဏာရူးတို့ ရေ
အကုသိုလ်တွေ
ရင်းနှီးမြုပ်နှံမှတော့
အကုသိုလ်တွေပဲ
ရိတ်သိမ်းရတော့မှာပေါ့ ၊
ငါတို့ အဖို့ မှာတော့
'လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ
ကြိုးပမ်းပေါင်းစပ်ကြ'ဆိုတဲ့
တပ်ဦးရဲ့ ကြွေးကျော်သံသာ
မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက်
တိုက်ပွဲခေါ်သံဖြစ်တယ် ။
(ကျောင်းသားတပ်မတော် မွေးဖွားခြင်း အနှစ် နှစ်ဆယ်ပြည့်သို့ )
--
Posted By Ye Yint Thet Zwe to Ye Yint Thet Zwe at 10/30/2008 10:54:00 AM
Where there's political will, there is a way
政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc
Saturday, November 1, 2008
"တိုက်ပွဲခေါ်သံ"-(ကျောင်းသားတပ်မတော် မွေးဖွားခြင်း အနှစ်နှစ်ဆယ်ပြည့် အမှတ်တရ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment