Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Thursday, October 6, 2011

Re:by PHONE HLAING [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊

Re: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊
Saturday, October 1, 2011 9:08 AM
From: "phone hlaing" View contact detailsTo: 8888peoplepower@yahoogroups.comဒီအချိန်ကဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားချရမဲ့အချိန်ဖြစ်ပါတယ်။
ကိုယ့်ခေါင်းဆောင်ကိုယုံတယ်ဆိုရင် ကိုယ့်ခေါင်းဆောင်နောက်ကိုရဲရဲဝံ့ဝံ့လိုက်ရပါမယ်။

သူ့ ခေါင်းဆောင်မှုကိုမယုံရင် ဦးအောင်တင်ပြောသလိုဘဲ ကိုယ့်ဘာသာကိုယ့်လမ်း
ကိုယ်လျှောက်ကြပါ။

ဒီမိုကရေစီကိုယုံကြတယ်ဆိုရင် လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိကြပါတယ်။
လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိပါတယ်။ လွတ်လပ်စွာဝေဖန်ကြ သဘောထားကွဲလွဲကြပါ။
ဒါပေမဲ့ ရန်တော့မဖြစ်ကြပါနဲ့  ဒါကသဘောထားသေးတာဘဲဖြစ်ပါလိမ့် မယ်။
ဥပမာ- တရားရုံးမှာ ရှေ့ နေတွေ နှစ်ဖက်အပြန်အလှန်တိုက်ကြခိုက်ကြ ပြောကြဆို
ကြတယ်။ ကိုယ့်အဆိုမှန်ကြောင်းတင်ပြကြ ချေပကြလုပ်ကြတယ်။ အဲ တရားရုံး
ပြင်ပရောက်တော့ တယောက်နဲ့ တယောက်လက်ဆွဲနှုတ်ဆက်ကြတယ် အပြန်အလှန်
ချီးကျူးကြတယ် ဒါတွေဟာ လူကြီးလူကောင်းတွေရဲ့အနှစ်သာရတွေပါဘဲ။
ကိုယ့်အမြင်ကိုတင်ပြပါ ၊ ကိုယ့်အမြင်ကိုဝေဖန်တာမခံနိုင်ဖူးဆိုရင်လဲ ဒီမိုကရေစီသမား
မဟုတ်သေးဘူးလို့ ဆိုချင်တယ်။ ဝေဖန်တဲ့သူကလဲ ငါ့ စကားနွားရဝေဖန်တာမျိုးမဟုတ်ဘဲ
အချက်နဲ့ အလက်နဲ့ ပုဂ္ဂိုလ်ရေးမတိုက်ခိုက်ဘဲဝေဖန်ရမှာဖြစ်ပါတယ်။တယောက်နဲ့ တယောက်
ရန်မဖြစ်ဘဲနဲ့ အပြုသဘောနဲ့ များများဆွေးနွေးများများငြင်းခုံကြပါ ဒါမှ ဦးနှောက်တွေ
ထက်လာကြမှာပါ။ ပြီးတော့နောက်ဆုံးမှာအများသဘောတူတဲ့ဆုံးဖြတ်ချက်တစ်ခု
ကျလာမှာပေါ့  win win situation(answer) လို့ ခေါ်မလားဘဲ

Wishing you have peace of mind,

Phone Hlaing

PEACEFUL BURMA/
FWUBC-Federation of Workers' Union of the Burmese Citizens (in Japan)
Phone: 0(81)3-6904-2414
Mobile: 0(81)90-5318-5054
peacefulburma.blogspot.com

--- On Sat, 10/1/11, ziza war wrote:


From: ziza war
Subject: Re: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊
To: 8888peoplepower@yahoogroups.com
Date: Saturday, October 1, 2011, 4:59 AM


လူတွေတော်တော်များများကဒေါ်အောင်ဆန်းစုကြည်ကိုထိရင်မခံနိုင်ကြဘူး၊အမေအမေဆိုပြီးဝိုင်းအာကြ၀ိုင်းကာကြတယ်၊ကျနော်ကလည်းခင်ဗျားတို့လိုမချစ်တာမဟုတ်ဘူး၊ ချစ်လည်းချစ် နားလည်းနားလည်ပါတယ်၊ ဒါပေမဲ့နိုင်ငံရေးမှာညီအစ်ကိုမရှိဘူး၊ အဖေအမေမရှိဘူး၊ ကိုယ်ယုံ

ကြည်ချက်အပေါ်ကိုယ်ရပ်ကြရတာဖြစ်တယ်၊ ဝေဖန်တိုင်းမုန်းလို့မဟုတ်ဘူး-အနည်းဆိုတော့ ချင့်ချိန်ဆင်ချင်နိုင်တဲ့အကျိုးတရားကိုတော့ရနိုင်ပါတယ်၊

ငါတို့မှအမေတွေများစွာရှိတယ်၊ ဆင်းရဲနေကြတယ် မွဲနေကြတယ် ငတ်နေကြတယ် အမေတစ်ယောက်ထဲကိုမဟုတ် အမေအားလုံးကိုငါတို့မျှမျှတတချစ်ကြရမယ်

အခုလုပ်တဲ့လုပ်နေတဲ့အာဏာရှင်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းဆိုတာ အရင်ကတည်းကစမ်းပြီး လုပ်ရမဲ့နိုင်ငံရေးနည်းဗျူဟာဖြစ်တယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော်နှောင်းပြီးလုပ်မှာတော့ အမေတွေလည်းအိုပြီ အိမ်တွေကလည်းပြိုပြီးဆိုသလို တိုင်းပြည်တစ်ခုလုံးပြောင်သလင်း ခါအောင် စစ်ဗိုလ်ချုပ်တွေကခိုးယူပြီးသွားပြီဆိုတော့ သူမကိုအသုံးချပြီးထွက်ပေါက်ရှာတာပဲ

ဆိုတာသိပ်ကိုရှင်းတယ်၊ ဂန္ဒီတိုက်ခဲ့တာကိုလိုနီအစိုးသာလျှင်ဖြစ်တယ်။ ၊ အာဏာရှင်မဟုတ်ဘူး-စတာလင်မဟုတ်ဘူး-ဟစ်တလာမဟုတ်ဘူး-ကင်ဂျုံအီးမဟုတ်ဘူး သန်းရွှေမဟုတ်ဘူး-ဂန္ဒီသာဒီနေ့ရှိခဲ့ရင်အာဏာရှင်ကိုဒီလိုလုပ်လို့မရဘူးဆိုတာ သူပြောပါလိမ့်မယ်၊ သိန်းစိန်နောက်မှာသန်းရွှေတို့အမာလိုင်းရှိနေတယ်ဆိုတာကိုလည်း မေ့မနေကြနဲ့နိုင်ငံရေးမျှော်တော်ယောင်များခင်ဗျား








2011/9/30 aungnaingwin


အန်ကယ်ဦးအောင်မင်း အစပိုင်းမှာရေးထားတဲ့အရေးအသားက တရားသဘောနဲ့ ရှင်ပြီး ရေးသားထားတော့ ဖတ်ရသူများအဖို့တော့ သဘောခွေ့စရာပါပဲခင်ဗျာ။ ကျနော့အနေနဲ့ ငယ်ရွယ်တုန်းအချိန်လေးမှာ တရားသဘောတရားများကိုလေ့လာထား မှ ယ္ခုပစ္စုပ္ပန် နှင့် နောင်အနာဂတ်အချိန်အခါမှာ တရားသဘောလေးနဲ့ရှင်ပြီးအရာရာ ကို အကောင်းဖက်က ဝေဖန်ပိုင်းခြားနိုင်အောင် ကြိုးစားဖို့ ဗဟုသုတရလိုက်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။


လေးစားလျက်
ANW


2011/9/30 PDP Office


ရဲရင့်ငယ်
ဝမ်းမြောက်ပါတယ် ဆောင်ရွက်လာခဲ့တာကော ဆက်လက်လုပ်နေဆဲကာလမှာရော နောက်
အနာဂါတ် ခရီးလမ်းအတွက်အောင်မြင်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ ကျိုးစားမှုက အောင်မြင်ခြင်းရဲ့ လမ်းစ ပါ။ ပြင်းယိပြီး ဘာမှ မလုပ်ဘဲ နေတာခြင်းထက် ၀ိရိယ အားထုတ်ပြီး
ကျိုးစားခြင်းကတော့ အတိုင်းနဲ့အလွန်ပေါ့- လုပ်ရပ်တိုင်း မအောင်မြင်တာကတော့ ပဋိဘာန် လို့ခေါ်တဲ့
ဖြတ်ထိုးဥာဏ်ပေါ့ သည်ဖြတ်ထိုးဥာဏ်ကတော့ ကံ စိတ် ဥတု အဟာရ ဆိုသော အကြောင်းလေးပါး
မပြည့်စုံ ဘဲ ဖြစ်မလာပါဘူး ။ လူငယ်တွေ အတော်များများ ပြောနေကြတဲ့ မာန တွေမှာ ဒါတွေကသိထား
ပြီးသားပါ ဆရာကြီးမလုပ်ပါနဲ့ လိုဆိုတယ်။ မဟုတ်ရဘူး လူကြီး လူငယ် မည်သည့် ပညာရှိ များသည်
ပင်လျှင်။ နေရာ ပရောဂ သတိ တွေကြောင့် လမ်းမရောက်ဘဲ။ လွဲချော်သွားတတ်ကြတယ်။ ထိုကြောင့်
ပညာရှိလေ သတိ လက်မလွတ်ဘို့လိုပါတယ်။ ဆိုခဲ့တဲ့ အကြောင်းတရား လေးပါးတွင် ကံ-ဆိုသော
ကမ္မ-ကာမ အလုပ်တရားသည် နယ်မြေဒေသ ပရောဂ ကြောင့် လုပ်မှု အခက်အခဖဲ ဖြစ်တတ်၏
အလုပ်လုပ်တိုင်း မအောင်မြင်မှု ဘာကြောင့်ဖြစ်သလဲလို့ ရှာဖွေမှု မတွေ့ဘဲ အိုမင်းရင့်ရော်သူ တွေအများ
ကြီးပါ။ တစ်ဘ၀စံ အာဏာရှင်တွေ သတက်တာလုံး မကောင်းမှု ဒုစရိုက်လုပ်ပြီး သေသည်အထိ ခံစား
စံစားသွားရသူများလည်း မရည်မတွက်နိုင်ပါ။ စိတ်သည် တွေးတောမှု များ၌ တရားဘို့ မှန်ကန်စေဘို့ဖြစ်
သည်။ ဥတု ခေါ်သော အချိန်အခါ သည် လည်းလိုအပ်သည် ယခုလည် မြန်မာ့လွှတ်တော်ကြီး
အိပ်သွန်ဖါမှောက် တသက်လုံး ၀န်ထမ်းဘ၀ အာဏာရှင်ဘ၀ ငွေကြေးပြည့်စုံပြီး ထောင်ချီသော
စစ်ခေါင်းဆောင်များ တရားဝင် ခုံနေရာ မှ မထဘဲ ရာဇ ပုလင်ဖင်မြဲနေတဲ့အချိန်။ တရုပ်ကအားပေး
အေရှန်နိုင်ငံကလည်းထောက်ခံ(ကိုယိ့တိုင်းပြည် ကိုယ်ကျိုးစီးပွါးအမြတ်ရဖို့အတွက်) ကမ္ဘာ့စီးပွါးရေး“
ကျဆင်းနေသော အနောက်ဥရောပ အမေရိက နိုင်ငံကလည်း တရုပ်နှင့်အေရှ ၀င်နေရာယူမည့်
မြန်မာ သယံဇာတ ပစ္စည်းကို နှိုက်ယူလိုတာရယ်။ မိတ်ဆွေများ စိုးရိမ်နေတယ် အေရာဝတီ၏
ရှေ့ရေးတွေကိုပါ တွေးပြီး လုပ်လိုသူ လုပ် တွေးလိုသူတွေး ဆုံးဖြတ်ခြင်တိုင်း ဆုံးဖြတ်မဲ့ အရေးကို
ပြည်သူတဦး တိုင်းရင်းသား တချို့ လူမျိုးစု အသိုင်းအ၀ိုင်း တွေကပါ ကန့်ကွက်ခြင်း ဝေဖန်ခြင်းတော့
လုပ်သင့်တယ်လို့ထင်တယ်။ လူ့အခွင့်အရေးတရပ်အနေနဲ့ ဖြစ်နိုင်တာကို တင်ပြသူများဟာ
ဓမ္မဓိဋ္ဌာန် ကျကျ အကြိုးနှင့် အကြောင်း ရှင်းလင်းပြသ ပြီးဝေဖန်ခြင်းကို ဒီမိုကရေစီရေး ရာစုနှစ်

တ၀က်နီးပါး မမြင်ဘူး မတွေ့ဘူးတဲ့ မြန်မာနိုင်ငံသားများ ဆိုသူအဖို့ ပြောခွင့် ဆိုခွင့် မရှိပေဘူးလားခင်ဗျား

အဟာရ ဆိုသော နောက်ဆုံးအချက်မှာ ပစ္စယ ခေါ်တဲ့ ရုပ်ဝတ္တုပါ စိတ် စေတသိတ်ပိုင်းမှာ

လူသတ္တ၀ါများအဖို့ ကံရှိလည်း ဥာဏ်မရှိက မဖြစ်နိုင် ကံ ဥာဏ်ြ့ပည့်စုံ လည်း ၀တ္တုပစ္စယ တွေမရှိက

မည်သည် အရာကိုမှ လုပ်လို့မရပါး ဥမမာ ကျုပ်တို့ မြန်မာနိုင်ငံကို ပြန်ကြည့်က တွေ့နိုင်သည်

အနောက်နိုင်ငံ အီဂျစ်။ ယေမင်။ လိဗျား-စသည်များတွင် ပြည်သူ့တော်လှန်ရေးကို အချိန်တိုတိုနှင့် ရက်ပိုင်း လပိုင်းပြီးနိုင်သည်။ အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံတွင်လည်း လူထုနည်းနှင့်လချီပြီး

ဆန္ဒပြ ခြင်းဖြင့် အုပ်ချုပ်သူ အစိုးရအား မောင်းထုတ်နိုင်သည် ကန့်ကွက်နိုင်သည်။

ကျွန်ုပ်တို့ နိုင်ငံကား စစ်အာဏာရှင်များဗိုလ်နေ၀င်းက အစ ဗိုလ်သန်းရွှေတို့သိပြီးသည့်

အတိုင်း ပြည်သူလူထုကို စားစရာမရှိ သုံးစရာငွေမရှိ နေစရာမြေမရှိတဲ့ ဘ၀ ကို တွန်းပေးထားပေးခဲ့တယ်

ဆိုခဲ့ပြီးသော နိုင်ငံများလို လချီပြီး ဆန္ဒပြနိုင်ရန် အရင်းအနှီးအင်အားမရှိအောင် ဗိုလ်နေ၀င်းသိမ်းပိုက်

ခဲ့ချိန်မှာ ပု`ဂ္ဂလိက စီးပွါးရေး မရှိ စုစောင်းထားသော ရွှေငွေများအားလည်း တရားမ၀င် ဖျက်ဆီးသိမ်းပိုက် ခဲ့ပြီးဖြစ်၍ ယနေ့ မြန်မာနိုင်ငံသားများ ခိုကိုးရာမဲ့ ထမီရေပြုတ်မျှဖြင့် အသက်ရှ၊င်ရ

လုပ်အားပေးနိုင်သည့်အရွယ် သန်းနှင့်ချီသော လုပ်အားခွန်အားများသည် ပြင်ပသို့ထွက်၍

သူတို့အားမ တော်လှန် မပုန်ကန် နိုင်အောင် ဖန်တည်းခဲ့ပေပြီး ကျုပ်တို့အားလုံး ပြည်ပရောက်ပြီး

လူမျိုးစု များ မြန်မာ ဗမာများ ကျောင်းသားကျောင်းသူ များ အခုထိ တိုင်းပြည်တွင်းသို့ မပြန်နိုင်ကြပါ

ပြန်လိုသူများ ပြန်က ပြန်နိုင်သလို မပြန်ဘဲ မိမိ ဦးတည်ချက် ရည်ရွယ်ချက် မပြောက်ဘဲ

စစ်အာဏာရှင်စံနစ် ပြုတ်ကျရေး တပါတီအာဏာရှင်စံနစ် မတည်မြဲရေး ဒီမိုကရေစီ ပြန်လည်ထွန်းကား

ရေး။ အကျိုးအကြောင်း ခိုင်လုံစွာဖြင့် လုပ်လိုသူ ဆန္ဒရှိလိုသူများ လုပ်ပိုင်ခွင့်ရှိသည်သာဖြစ်သည်။

သောင်းသိန်းချီသော ပြည်သူများ သန်းများစွာရှိနေသော ပြည်သူများသည် ဖြူစဉ်သော ရေကြည်မျှသာ

ဖြစ်သည် နိုင်ငံရေးသမား အုပ်ချုပ်ရေးသမား ရေပေါ်ဆီလူတန်းစားသည်သာ ဒဿန ကိုစီဖြင့်

ရိုးသားသူများအား အနောက်လိုက်ရန် စည်းရုံးနည်း ချိန်းခြောက်နည်း မိုက်ကြေးခွဲနည်း ဇိကုတ်ပြီး

နတ်ပြည်တင်နည်း ငရဲပြည်သို့ ဆွဲချနည်း သုံးကြသည်သာ ဖြစ်သည်။ ကျွှန်ုတို့သည် မည်သည့်နည်း

သည် မွန်မြတ်သည်။ ကောင်းသည် ဆိုးသည် ဆုံးဖြတ်နိုင်ကြ၍ ဝေဖန်ပိုင်းခြားသင့်ပါကြောင်း။

အားလုံးကို လေးစားလျှက်။ ကျေးဇူးတင်ပါသည်။


အောင်မင်း (ပြည်ချစ်)


--- On Thu, 9/29/11, Yeyint Nge wrote:


From: Yeyint Nge

Subject: Re: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊

To: "8888peoplepower@yahoogroups.com" <8888peoplepower@yahoogroups.com>
Date: Thursday, September 29, 2011, 8:20 PM




http://www.yeyintnge.com/2011/09/blog-post_9080.html


လက်ရှိနိုင်ငံ့အရေးရှင်းရှင်းလေးဖြစ်စေချင်ပါသည်။

၁၉၈၈နောက်ပိုင်း၈၈၈၈ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေကအရှိန်မြင့်နေဆဲကာလ၊၈၈၈၈အရှိန်ကရှိနေဆဲ။န၀တအစိုးရကို
ထိုစဉ်အချိန်ကဒေါ်အောင်ဆန်းစုကြည်အပါအ၀င်ရဲရင့်ငယ်တို့အားလုံးမတရားတဲ့အမိန့်အာဏာဟူသမျှတော်လှန်သည့်လမ်း
ကြောင်းပေါ်လျှောက်ခဲ့သည်။ဦးစောမောင်၊ဦးသန်းရွှေလက်ထက်ညဖက်လမ်းပေါ်အရူးထွက်လျှင်အရူးကိုတောင်ပစ်သတ်သည့်
ကာလမှာဆန့်ကျင်သည့်လမ်းသည်သာအကောင်းဆုံးဖြစ်ခဲ့သည်။

အသက်၄၀ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကလည်းလိုက်လျောညီထွေစွာဦးဆောင်ပေးခဲ့၍လူထုခေါင်းဆောင်အဖြစ်တ ညီတညာထဲအပ်နှင်းခဲ့ကြတာပါ။အဲ့ဒီအချိန်ကမတရားတဲ့အမိန့်အာဏာဟူသမျှတော်လှန်သည့်လမ်းကြောင်းသည်မှားသည်ဟု
အခုနေအကျိုးအကြောင်းထောက်ပြလျှင်အဲ့ဒီမှားသည့်အထဲတွင်ရဲရင့်ငယ်တို့လည်းပါပါသည်။မှားသည်ဟုတော့ဘယ်တုန်းကမှ
ရဲရင့်ငယ်မခံယူခဲ့ပါ။အဲဒီအချိန်ကစစ်အစိုးရဆက်ဆံရေးကလူမဆန်စွာနိုင်ထက်စီးနင်းဆက်ဆံသည့်ကာလဖြစ်သည်။

ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကျသည်။အနှစ်၂၀ကျော်နိုင်ငံရေးရေစုံမျောတော့သည်။ ဒေါ်အောင်ဆန်း
စုကြည် နေအိမ်အကျယ်ချူပ်ကျချိန် ဒေါ်အောင်ဆန်းစုကြည် ကိုအသာထားပြီး ယခု ဒေါ်အောင်ဆန်းစုကြည် ဦးသိန်း
စိန်နဲ့ဆွေးနွေးသလို ကိုယ့်လမ်းကိုဖေါက်ပြီး ဦးသန်းရွှေကိုမည်သူဆွေးနွေးနိုင်ခဲ့သလဲ။လူထုခေါင်းဆောင်ဖြစ်အောင်မည်သူ
ကြိုးစားခဲ့သလဲ။ရဲရင့်ငယ်လည်းဆွေးနွေးဖို့နေနေသာအပြင်မှာတောင်မမြင်ဖူးပါ။ကောင်းပါတယ်...နောက်ဘ၀ရေစက်ဆုံ
နေအုံးမယ်။

မိမိကိုယ်ကိုလူထုခေါင်းဆောင်မလုပ်နိုင်လို့လူထုခေါင်းဆောင်ပြန်အလွှတ်ကို"တွေ့ဆုံဆွေးနွေးရေး"ဆိုတဲ့ဆောင်ပုဒ်နဲ့ပြည်တွင်း
ပြည်ပ၀ိုင်းအော်ခဲ့ကြတာမဟုတ် လား။အခုတွေ့ဆုံဆွေးနွေးနေပြီလေ။သင့်ရဲ့ကြိုးပမ်းမှုအရာထင်တာသင်ဂုဏ်ယူမယ်ဆိုဂုဏ်
ယူလို့တောင်ရပါတယ်။

ဥပမာတခု...
လူတယောက်အခြားလူတယောက်နဲ့အခြေအတင်စကားပြောနေတယ်။အခြားလူအနောက်မှာသူ့တပည့်တွေ၂၀လောက်
ရပ်နေတယ်။ကိုယ်အနောက်မှာ၂၀မဟုတ်တောင်၁၅ယောက်လောက်ပါရင်လေသံကိုတင်းတင်းလေးပြောလို့ရတာပေါ့။
ကိုယ်တယောက်ထဲထီးထီးကြီးဆိုတော့လည်းလေသံကိုတမျိုး ပြောင်းရတာပေါ့။ဒါလောကရဲ့နိယာမပဲ...

သင်အားမလိုအားမရဖြစ်နေလား....
အဲ့ဒီ၁၅ယောက်ထဲသင်ပါအောင်ကြိုးစားပါ။

မပါချင်ဖူးလား။
သင်မပါလဲ၊အဲဒီတယောက်ကဟို ၂၁ယောက်ဖိသတ်လို့သေရင်သာသေသွားမယ်။သူနောက်မပါတဲ့သင့်အပေါ်ဘယ်တော့မှ
သစ္စာဖေါက်မှာမဟုတ်ဖူး။ဘာလို့လည်းဆိုတော့သူဟာ " အာဇာနည် " မို့လို့ပါ ။ ။



--------------------------------------------------------------------------------
From: Kayinlay(dawnamyae)
To: "8888peoplepower@yahoogroups.com" <8888peoplepower@yahoogroups.com>
Sent: Thursday, September 29, 2011 10:24:27 PM
Subject: Re: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊



ကိုယ်တိုင် ဘာမှမလုပ်နိုင်တဲ့ လူတွေဟာ ဘေးထိုင်ပြီး ဘုပြောနေကြတာ မဆန်းပါဘူး။




--------------------------------------------------------------------------------
From: aungnaingwin
To: 8888peoplepower@yahoogroups.com
Sent: Thursday, September 29, 2011 7:14 PM
Subject: Re: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊



ဦးအောင်မင်း ပြောသွားတဲ့ အပေါ်က အချက်တွေအားလုံး က ကျနော်လေ့လာလို့ ရသလောက် တော်တော်များများသိပြီးသားဖြစ်ပါတယ်ခင်ဗျာ။ ဒါပေမယ့်လည်း ကျေးဇူးတင်ပါခင်ဗျာ။ ခုလို ပြောကြားသွားပေးတဲ့အတွက်လည်း ကျနော့်ထက် ၀ါနုတဲ့လူတစ်ယောက်ရှိရင် လေ့လာလို့ ရသွားနိုင်တဲ့အတွက် အကျိုးရှိနိုင်ပါတယ်ခင်ဗျာ။ ကျနော်ကသိလွန်းနေတာ မဟုတ်ပါဘူးခင်ဗျာ။ ကျနော့ ထက်ငယ်တဲ့ နိုင်ငံရေးအကြောင်း မသိသေးတဲ့ ညီငယ်များလည်း သိသွားရင်လည်း အကျိုးရှိပါတယ်လို့ ဆိုလိုချင်တာပါခင်ဗျာ။ ကျနော်ပြောချင်တာ က အနည်းငယ်လွဲနေတယ်ခင်ဗျ။ အခုရေးထားတဲ့ ခေါင်းစဉ် ကိုထပ်ပြီးဆွေးနွေးလိုပါတယ် ဦးဇီဇ၀ါ။ ကျနော်သိသလောက်က တော့ ဒေါ်အောက်ဆန်းစုကြည်လုပ်နေတာက (Non Violence) အကြမ်းမဖက် အနုနည်းနဲ့ တွန်းလှန်ခြင်းဖြစ်ပါတယ်။ အကြမ်းဖက် တော်လှန်မယ်ဆိုရင်ကြားထဲက ပြည်သူတွေပဲနစ်နာမှာပါ။ အကြမ်းဖက် တော်လှန်မယ်ပဲထားပါတော့။ ဘယ်သူကခေါင်းဆောင်အဖြစ်စပြီးလုပ်မလဲ။ ဘယ်မှလည်း လက်နှက်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လို ၀ါးရင်းတုတ် နဲ့ တက်ရိုက်ဖို့တော့ လုပ်လို့မရပါဘူး။ ခုကျနော် သိသလောက် ပြည်ပရောက် လူတွေကလည်း ဖွဲ့လိုက် တဲ့ အဖွဲ့ အစည်းတွေက မရေတွက်နိုင်အောင်ပဲ။ ဘာတွေ လုပ်နေလည်း ဆိုတော့လည်း ဘာမှမရှိဘူး။ အော်တာတော့အော်နေတာပဲ။ အော်ရင်းအော်ရင် ဗိုက်တွေ ပူလာတာပဲ တွေ့နေရတယ်။ အခုဖြစ်နေတဲ့ပုံက ဒေါ်အောက်ဆန်းစုကြည်လုပ်တာကို ထိုင်ကြည့်နေကြတယ်။ ဖြစ်မလာတော့ဘူးဆိုမှ ပုတ်ခတ်ပြောဆိုမယ်ဆိုတဲ့ အပေါက်မျိုးဖြစ်နေတယ်လို့ထင်ပါတယ်ခင်ဗျာ။


ပထမ သူတို့ မင်းကို လစ်လျူရှု့တယ်၊
ပြီးတော့ လှောင်ပြောင်တယ်၊
နောက် တိုက်ခိုက် ကြတယ်၊
နောက်ဆုံးတော့ မင်းအနိုင်ရတယ်။
မဟတမ ဂန္ဒီ


လေးစားလျက်
ANW





2011/9/29 PDP Office


မောင်အောင်နိုင်ဝင်း
အခုလို ရဲရဲတောက် ထင်မြင်ချက်နှင့် ရေးသား မေးမြန်းခဲ့ခြင်းသည်ပင် အတွေးအခေါ် လေ့လာ
မှုကို ဖေါ်ပြခြင်းဖြစ်ပါတယ် ဒိမိုကရေစီ နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ရေးသားခွင့် ဝေဖန်ခွင့် ပွင့်ပွင့်လင်းလင်း အစိုးရအားဖြစ်စေ အတိုက်အခံတွေကို ဖြစ်စေ မည်သည့် နိုင်ငံရေးသမားများကို
မိမိ၏ တွေ့မြင် မိ လေ့လာ မိသလောက် မေးမြန်းနိုင်တယ် စစ်ဆေးခွင့်ရှိပါတယ်။
သို့မှသာ အုပ်ချုပ်သူဖြစ်စေ အတိုက်အခံ နိုင်ငံရေးသမားဖြစ်စေ ကိုယ်လုပ်ခြင်တာ အရမ်းလုပ်လို့ မရကြဘူး။ ဒီလိုနည်းသည်ပင်။ ဒိမိုကရေစိစံနစ်၏ တရားမျှတသော ချိန်ခွင်ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စစ်အာဏာရှင်များက ၁၉၆၂-ခုနှစမှ ဗိုလ်နေ၀င်းအာဏာသိမ်းသည့်အချိန်မှစ၍
ယနေ့ထိ-၄၉-နှစ် ရှိသည်တိုင် နိုင်ငံတွင်းမှ ဒီမိုကရေစီ မရှိ၍ အုပ်ချုပ်သူ အစိုးရအား မည်သူကမှ
ဝေဖန်ခြင်း။ သတင်းဌာနများကလည်း သတင်းများတွင် ရေးသားခြင်း ကန့်ကွက်ခြင်း မတရားသတင်း
များအား ဖေါ်ပြခြင်း မပြုနိုင်ခဲ့ပါ-ဝေဖန်ရေးသားကန့်ကွက်သူများကိုလည်း နှစ်ပေါင်းများစွာ ချုပ်နှောင်
ထားခဲ့သည်မှာ ယနေ့အထိပါ။
အတိုက်အခံပါတီများ နိုင်ငံရေးပါတီများကို လည်း တရားဝင် အသိအမှတ်ပြုခြင်းမရှိခဲ့ပါ
၂၀၀၈-ခုနှစ် စစ်အာာဏာရှင်များ၏ ပရိယာယ်-အတိုင်း အရောင်ပြောင်းထားသော နိုင်ငံရေးပါတီအဖြစ်
ကြံ့ခိုင်ဖွံဖြိုးရေးပါတီ -ဒေသဆိုင်ရာ စစ်ဗိုလ်ချုပ်ဟောင်း များပါဝင်သော ပြည်နယ်အသီးသီးမှ နိုင်ငံရေး
ပါတီအား လုံး အိပ်ဝင်သပိတ်ဝင် -စစ်သားစစ်စစ် ၂၅-ရာခိုင်နှုန်း နှင့် အသွင်ပြောင်းထားသော
နိုင်ငံရေးပါတီဝင်တို့၌ စစ်ဗိုလ်အဟောင်းများ ရ၀-ရာခိုင်နှုန်း ပါဝင်စေပြီး- တကယ်အမှန် အတိုက်အခံ
အစစ် -၅-ရာခိုင်နှုန်းမျှသာ ပါဝင်တဲ့ ဒီမိုကရေစီလို့ခေါ်တဲ့ လွှတ်တော် အတုနှင့် အာဏာရှင်ပါလီမန်
ကြီးအား -မြန်မာနိုင်ငံရေး ဒီမိုကရေစီရေး ပြည်တွင်းငြိမ်းချမ်းရေးအတုကို -ကမ္ဘာအား မျက်လှည့်ပြပါဦး
မည်ဖြစ်ပါတယ်။ တူငယ်တို့သည် မြန်မာနိုင်ငံတွင်း အနာဂါတ် လူငယ်ဖြစ်၍ လွတ်လပ်သော ပြောဆိုခွင့်
ရေးသားခွင့် နိုင်ငံရေးလှုပ်ရှားပိုင်ခွင့် ရှိသင့်ပြီး အစိုးရအားဖြင်စေ အတိုက်အခံအားဖြစ်စေ ပြည်သူအားလုံး ကျောင်းသူ ကျောင်းသားအားလုံး က ယနေ့မှစပြီး လှုပ်ရှားနိုင်ခွင့်ရှိသင့်ပြီဖြစ်သည်။
နှစ်ပေါင်း ၇ာစုနှစ် တ၀က် ကျော် -ပြည်ပရောက် လူမျိုးစုများ မြန်မာသမိုင်းဝင် နိုင်ငံရေးသမား
များ။ ဒီမိုကရေစီအားလိုလားသော ရှစ်လေးလုံး ကျောင်းသားကျောင်းသူများ သည် ဘ၀တာဝန်ပေးမှု
ကြောင့် ပြည်ပ နိုင်ငံအသီးသီးသို့ရောက်နေကြသည်ဖြစ်သည်။ ပြည်တွင်းမှာရှိသော နိုင်ငံရေးသမားများ
ရှစ်လေးလုံးကျောင်းသား ခေါင်းဆောင်များလည်း မတရားသဖြင့် စစ်အာဏာရှင်များ ဖမ်းဆိးခြင်းခံထား
ကြရနေသည်မှာ ယနေ့တိုင်ဖြစ်သည်။ ဗိုလ်ချုပ်သမီးဒေါ်အောင်ဆန်းစုကြည်သည်လည်း နှစ်ပေါင်းများစွာ
ထိမ်းသိမ်းခံခဲ့ရသည်။ ပြန်လွှတ်ခြင်းသာ ပြည်သူနှင့်ကမ္ဘာက မြင်ခဲ့ရပေမဲ့ မလွှတ်ခင် အချိန်အတွင်း
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလှုပ်ရှားစေရန် အင်အာယ်ဒီ ပါတီကိုပါ တရားမ၀င်ပါတိ အဖြစ်
ကြေငြာလိုက်ကြပါသည်.။ ယခု လှုပ်ရှားမှုသည်လည်း စစ်အာဏာရှင်များ လုပ်ခဲ့သော ရွေးကောက်ပွဲ
သည် တရားမျှတမှု မရှိပါကြောင်း ပြည်သုလူထုကော ကမ္ဘျာနိုင်ငံအသီးသီက လေ့လာသူများပါ
ပြောကြ ဆိုကြပါသည်။ ၄င်းကိစ္စအား ယခု လက်ရှိဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးသမား
များ ကန့်ကွက်ခွင့် မရှိခဲ့ပါ။ ဒီပဲရင်းအရေးအခင်း။ စက်တင်ဘာ သံဃာအရေးအခင်းများတွင် ပြည်သူနှင့်
ရဟန်းများ များစွာ အသက်ခံရ ရှင်းလင်းခံရသည်ကိုလည်း ဒီမိုကရေစီ နိုင်ငံများတွင် ပြုနိုင်ခွင့်ရှိသော
တရားရုံးတော်တွင် တရားစွဲနိုင်ခွင့်မရှိခြင်း။ အထူးသဖြင့် လွှတ်တော်သည် လူမျိုးစု လွှတ်တော်ပြည်သူ့
လွတ်တော် နှစ်ရပ်လုံး၏ အဓိကလုပ်ဆောင်ချက်သည် ဥပဒေ ပြန်လည်ရေးဆွဲရေးဖြစ်သည်။
မတရားသဖြင့် ရေးဆွဲခဲ့သော ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥ့ပဒေကို မည်သူတဦးတယောက်မှ လက်
ဖြင့် တို့ နိုင်သော အခွင့်အရေးမရှိခြင်းသည်ပင်လျှင် ဒီမိုကရေစီ လိုလားကြသော အမတ်များမဟုတ်
ကြောင်းထင်ရှားနိုင်သည်။ လွှတ်တော်တွင် အမတ်နေရာတွင်လည်းမပါဝင်။ တရားဝင်ဖွဲ့ခွင့်ရသော
နိုင်ငံရေးပါတီ မဟုတ်သော အင်အယ်ဒီပါတီ၏ ယနေ့လှုပ်ရှားနေမှုသည် မည်သည့် အဓိပ္ပာယ် ရှိသည်
ကို တွေးနိုင်ကြသည် တွေးခေါ် မိသည့်အတိုင်းလည်း ဝေဖန်နိုင်သည် ရှေ့အလားလာ ဖြစ်နိုင်မဖြစ်နိုင်
ကိုလည်း ဝေဖန်နိုင်သည် ပိုးသာကုန် မောင်ပုံစောင်းမတတ်ဆိုသလို အာဏာရှင်တိုင်းပြည်၌ အတု
အရောင်ဖြစ်နေသော ဒီမိုကရေစီ အတုတွင် ၀င်ရောက်လှုပ်ရှားသူများမှာ လုပ်ပိုင်ခွင့် မရှိကြောင်းသိ
လျှက်နှင့် ရောပြီး လူတွေမိုးခါးရေသောက်သလို လိုက်ရောနေကြဦးမည်ဆိုရင်တော့ အချိန်တွေ
မကုန်သင့်ဘဲ ကုန်လွန်ပြီး -စစ်အာဏာရှင် လူလိမ်များ ပိုမိုပြီး အသက်ရှည်ခြင်း။ ဖြစ်နိုင်ကြောင်း
ဒီမိုကရေစီ သဘောအရ ဝေဖန်ကြရေးကြ နေခြင်းသာဖြစ်သည်။
အွန်လိုင်းတွင် ဂ၇ုများက လူငယ်ဖြစ်စ လူကြီးများဖြစ်စေ ဒီမိုကရေစီ အခွင့်အရေး
အားပေးလို၍ အနစ်နာခံ အပင်ပန်းခံ တာဝန်ယူနေကြသည်ကိုသာ တူသားများ ညီငယ်များ ဦးတို့
တတွေ အားလုံးက ကျေးဇူးတင်သင့်ပါတယ်။ ကျေးဇူးတင်ခြင်းနှင့်အတူ အားလုံးသည်လည်း
ယဉ်ကျေးသိမ်မွေ့စွါ မိမိတို့လွတ်လပ်မှုကို ကျင့်သုံးကြဖို့သာ တိုက်တွန်းပါတယ်။
တူများမေးထားသော မေးခွန်တွင် ဗျူဟာ ဖြင့် ဆောင်ရွက်နည်း သည် ဒီမိုကရေစီကို
ကြည့်သုံးသည့် အစိုးရနှင့် တိုင်းပြည်တွေမျသာ ပွင့်လင်းစွာ ဖေါ်ပြနိုင်ပြီး စစ်အာဏာရှင်စံနစ်နှင့်
တပါတီ တရားသေ ၀ါဒ ရှိနေသော တိုင်းပြည်များတွင် အတိုက်အခံ နိုင်ငံရေးပါတီများ အစိုးရအား
တော်လှန်နေသူများအဖို့ ဖေါ်ပြခွင့်ရေးသားခွင့် ရင်ဖွင့်နိုင်ခွင့် မရှိကြောင်း အနာဂါတ် ခေါင်းဆောင်များ
ဖြစ်လာမဲ့ တူသား များအပေါ် နားလည်ပေးကြပါရန် မေတ္တာရပ်ခံရပါတယ်။
တူမောင်တို့အပေါ် မေတ္တာထားလျှက်-
အောင်မင်း (ပြည်ချစ်)


--- On Thu, 9/29/11, aungnaingwin wrote:


From: aungnaingwin

Subject: Re: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊
To: 8888peoplepower@yahoogroups.com

Date: Thursday, September 29, 2011, 4:51 AM




တော်တော်လေးတော် ကြတဲ့ လူကြီးတွေပါပဲ။ ကျနော့်လို နိုင်ငံရေးကို လေ့လာချင်လို့ဤ Group ထဲကိုဝင်လာတဲ့ လူငယ်တစ်ယောက်အနေနဲ့ ဘာလိုပြောရမှန်းကို မသိတော့ ဘူး။ ပြောသံတွေကြားရတာတော့ ငါ( ဦးကြီး) တို့ တိုက်ခဲ့တယ် ၊ ဘယ်လိုဗျူဟာတွေရှိတယ်ဆိုတာကိုပဲ သိရတယ်။ ဘယ်လိုတိုက်ခဲ့တယ်။ ဘယ်ဗျူဟာတွေလည်း ဆိုတာတွေကို ခင်းကျင်းပြပေးနိုင်မယ်ဆိုရင် လေ့လာချင်ပါတယ်ခင်ဗျာ။ အန်တီ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗျူဟာတွေကတော့ မျက်စိရှေ့မှာ လုပ်ပြနေတာဆိုတော့ ကျနော့် အနေနဲ့ လေ့လာလို့ရနိုင်ပါတယ်။ ဦးကြီးတို့ ရဲ့ ဗျူဟာတွေကျတော့ ကြိတ်လုပ်နေကြတော့ လေ့လာလို့မရဖြစ်နေတယ်။ အဲ့ဒီတော့ လေ့လာလို့ရအောင် ချပြပေးမယ်ဆိုရင် ဘာဟာကောင်းမလဲဆိုတာ ကြည့်လို့ရတာပေါ့ဗျာ။ အဲ့တော့လည်း ကောင်းတဲ့ဘက်ကို လိုက်ပြီးလေ့လာ လို့ရသွားတာပေါ့။ အများလည်း သိသွားတာပေါ့လို့ပဲ ကျနော်ပြောချင်ပါ။ အမှားပါရင် ဒီက ဦးကြီးများ အနေနဲ့ ခွင့်လွှတ်ပေးစေချင်ပါတယ်။

လေးစားလျက်
ANW


2011/9/27 PDP Office


ဦးအောင်တင်ရေ
ခင်ဗျားလည်း လူသားတယောက်မို့ အားလုံး မမှန်နိုင်ပါဘူး ။ ခင်ဗျားရေးတာတွေ
အတော်များများ ထောက်ခံမှု အသိအမှတ်ပြုမိပါတယ်။. ဒီတခါတော့ ဒီမိုကရေစီ ဆိုတဲ့
လူ့အခွင့်အရေးကိုယ်ပါ ထိခိုက်လာပြီး ပုဂ္ဂိုလ်ရေး တဘက်သတ် ကျုပ်ပြောတာမှန်တယ်
ကျုပ်ထင်တဲ့ အတိုင်းဖြစ်ရာမယ် ဆိုတာတော့ မှားပါတယ်ဗျား။
စိတ်မရှိပါနဲ့ -ဇီ ဇ၀ါ ဆိုသူ၏ တင်ပြချက်သည် မှန်ပါသည်။ လူတယောက်ဖြစ်စေ
ပါတီအဖွဲ့အစည်း လူ့အသိုင်းအ၀ိုင်း တခုစီမှာဖြစ်။မတူတာတွေရှိကြတာဓမ္မတာပါဘဲ
အထူးသဖြင့် နိုင်ငံရေး၏ မဟာဗျူဟာမှာ=တပါတီ၏အယူအဆ အတွေးအခေါ်နှင့်
တချား နိုင်ငံရေးပါတီတခုကို အတင်းအားဓမ္မတူ ခိုင်းလို့မရပါဘူး။ အဲသလိုသာရကြ
စတမ်းဆိုလျှင် စစ်အုပ်စုနှင့် ကြံ့ဖွတ်က လုပ်ခဲ့သော လက်ရှိ သမ္မတ သိန်းစိန်အစိုးရကို
အားလုံး ၀ိုင်းဝန်ထောက်ခံကြ -ခင်ဗျားကိုးကွယ်တဲ့ ဒေါ်စု ပြောသည့်အတိုင်း မြန်မာပြည်
ပြန်ကြ၍ တိုင်းပြည်ငြိမ်းချမ်းရေး အားလုံးညီညွတ်ရေး ကို ၀ိုင်းဝန်းကြပေါ့ ခင်ဗျားလည်း
ကျုပ်တို့ထက် ဦးပြီး ပြန်ပေါ့ဗျား။
ဒေါ်စုသည် ခင်ဗျားနှင့် အများသတ်မှတ်ထားသော ခေါင်းဆောင်ဖြစ်ပေမဲ့ ပြည်သူတရပ်
လုံးခေါင်းဆောင်မဟုတ်ပါ။ ကျုပ်အရမ်းပြောနေခြင်းမဟုတ်ပါ။ အထောက်အထားအခိုင်အလုံ ပြောနေ
ခြင်းပါ။ ၁၉၉၀-ခုနှစ်မှာ ဒေါ်စု ရွေးကောက်ပွဲဝင်ခွင့်မရပေမဲ့ ။ဒေါ်စုသည် အင်အယ်ဒီ အထွေထွေအတွင်း
ရေးမှူး-အင်အယ်ဒီ ခေါင်းဆောင်သာ ဖြစ်သည်။ ယခုလည်း ဒီမိုကရေစီ သဘောအရ ဖြစ်စေ လက်ရှိ
မြန်မာနိုင်ငံအခြေအနေအရ ဖြစ်စေ ဒေါ်စု အားထောက်ခံသူ တွေ မည်မျှ ရှိနေကြစေ။ နိုင်ငံရေးပါတီများ
တော်လှန်ရေးအဖွဲ့အစည်းများ အားလုံး၏ ခေါင်းဆောင်တယောက်အဖြစ် ဒေါ်စုအား ရွေးကောက်
တင်မြှောက်ထားကြောင်း အထောက်အထားများ ခင်ဗျားမှာ ရှိပါသလား။
သည်အတွက်ကြောင့် ဆရာဦးအောင်ဒင် အဆိုအရ ရွေးကောက်ပွဲ ဝင်သူကော မဝင်သူကော၊ တိုင်းရင်းသား လက်နက်ကိုင်ကော၊ လက်နက်မကိုင်ကောတွေမှာ မဟာဗျူဟာအရ မတူတာ မတွေ့မိပါဘူး။ ဆိုသော စကားကို တော့ ပြန်လည် ယုတ်သိမ်းသင့်ပါတယ်။ ကျနော်အနေနှင့် အနှစ်ငါးဆယ် ပြည်ပသို့ရောက်နေပြီး စစ်အာဏာရှင်စံနစ်
အားတိုက်ခိုက် ဆန့်ကျင်လာသူ တဦးအနေနှင့် အစမကောင်းသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
တရားမျှတ မရှိခြင်း သိခဲ့ခြင်းကြောင့် ၂၀၀၈-ခုနှစ် ဥပဒေမှ မွေးဖွါးလာသော ဦးသိန်းစိန်၏ အရေခွန်လဲ
အစိုးရအားး သဘောမတူပါ။ ၄င်းအစိုးရ အားထောက်ခံပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုသော
အင်အယ်ဒီ ခေါင်းဆောင် တယောက်၏ မဟာဗျူဟာ နှင့် ကျုပ်တို့ မဟာဗျူဟာလည်း မတူပါကြောင်း
သစ္စာစကားအစစ်နှင့် ဖေါ်ပြပေးပါကြောင်း။
အောင်မင်း (ပြည်ချစ်)


--- On Mon, 9/26/11, aung tin wrote:


From: aung tin

Subject: Re: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊
To: 8888peoplepower@yahoogroups.com

Date: Monday, September 26, 2011, 8:00 PM




ခင်ဗျားရေးတာ စိတ်ဝင်စားစရာ ကောင်းလာပြီ။ ကဲ ပြောစမ်းပါအုန်းဗျာ။ ဒေါ်စုနှင့် ခင်ဗျား ဘယ်နေရာမှာ မဟာဗျူဟာအရ မတူတာ ရှိနေပါသလဲ။

ကျနော်သိသလောက်တော့ ဒေါ်စုကော၊ ရွေးကောက်ပွဲ ဝင်သူကော မဝင်သူကော၊ တိုင်းရင်းသား လက်နက်ကိုင်ကော၊ လက်နက်မကိုင်ကောတွေမှာ မဟာဗျူဟာအရ မတူတာ မတွေ့မိပါဘူး။


Sincerely,

Aung Tin

--- On Mon, 9/26/11, ziza war wrote:


From: ziza war
Subject: Re: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊
To: 8888peoplepower@yahoogroups.com
Received: Monday, September 26, 2011, 1:48 PM



ကိုအောင်တင်ခင်ဗျား
အမှန်မတိုင်းပြောကြစတမ်းဆိုရင် ဧရာဝတီဆိုတာကျနော်နိုင်ငံအားလုံးရဲ့မဟာမိခင်ဖြစ်တယ်၊ဒေါ်စုကို ကျနော်တို့အားလုံးအမေလိုခေါ်နေပေမဲ့သူမဟာမြန်မာပြည်သူတွေရဲ့မဟာမိခင်မဟုတ်တာသေချာပါတယ်၊
နိုင်ငံရေးမှာနည်းဗျူဟာသာမတူရင်ခွဲလုပ်လို့ရနိုင်ပေမဲ့မဟာဗျူဟာမတူပဲနေရင်အဓိပ္ပါယ်မဲ့တဲ့နိုင်ငံရေးဖြစ်
သွားပါလိမ့်မယ်၊ဒေါ်စုဟာနိုင်ငံတစ်ကာကလက်ခံထားတဲ့အမျိုးသားခေါင်းဆောင်ဖြစ်တာမို့သူပြောတာတွေ
သူလုပ်တာတွေအားလုံးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့သက်ရော က်မှုရှိနေတာကိုပကတိအတိုင်းမြင်ရမှာပေါ့
ဒေါ်စုလုပ်တာမှန်ရင်မှန်သလိုမှားရင်မှားသလိုကျနော်နိုင်ငံသားညီအစ်ကိုတွေအားလုံးခံစားကြရမှာဖြစ်တယ်
ဒီအတွက်ကျနော်တို့သူကိုဝေဖန်ပိုင်ခွင့်ရှိသလိုတောင်းဆိုပိုင်ခွင့်လည်းရှိတယ်၊နားထောင်တာနားမထောင်တာ
သူမရဲ့အပိုင်းပဲ။ကုန်ကုန်ပြောရမယ်ဆိုရင်ပြည်သူတစ်ယောက်အနေနဲ့သူလုပ်တာအကျိုးထက်အပြစ်ဖြစ်လာတော့မယ်
ဆိုရင်ကျနော်တို့ကျမတို့သူမကိုပါဆန့်ကျင်ပိုင်ခွင့်ရှိပါတယ်။ဒါကိုဒီနေ့မှနိုင်င့ရေးလောကထဲဝင်လာတဲ့ သူငယ်နပ်စားလေးတွေတောင်သိပါတယ်။ကြည်နေ့ပါမကြာခင်ဘာဖြစ်လာမလည်းဆိုတာ။
ကိုအောင်တင်ဒေါ်စုကိုကာကွယ်တာထက်စာရင်မဧရာဝတီမဟာမိခင်အတွက်ကာကွယ်ဖို့ကသာယနေ့
အချိန်မှာအဓိကအလိုအပ်ဆုံးပါ





2011/9/26 aung tin


ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုသာ ထိုင်ပြီး အားကိုးဖို့ တစ်ခါမှ ပြောသံမကြားဖူးပါဘူး။ သူနိုင်သလောက် သူလုပ်နေတာဘဲ။ သူ့ကို မကြိုက်ရင် ကိုယ့်ဖါသာ ခွဲလုပ်ကြပါ။ လုပ်တဲ့သူ များလေ ကောင်းလေပါဘဲ။

Sincerely,

Aung Tin

--- On Mon, 9/26/11, ziza war wrote:


From: ziza war
Subject: [8888peoplepower] ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊
To: 8888peoplepower@yahoogroups.com
Received: Monday, September 26, 2011, 12:54 AM




ဒေါ်အောင်ဆန်းစုကြည်ဟာမာသာထရီဇာလို့ဖြစ်သွားပြီ၊တရားတွေထိုင်တာတွေများလွန်းတော့
တစ်ရားတွေပေါက်ပြီးအရာရာတိုင်းကိုအလျှော့ပေးဆက်ဆံသွားမဲ့အနေအထားမှာရှိနေတယ်၊
ဒီတစ်ခါအလိမ်ခံရပြီဆိုရင်စစ်ဗိုလ်တွေကိုသိပ်တော်ပြီးဒေါ်ဆိုသိပ်ညြံ့လို့ခံရတယ်လို့ငါတို့မှာ
ပြောဆိုပိုင့်ခွင့်ရှိကိုရှိရမယ်၊ဒေါ်အောင်ဆန်းစုကြည်လည်းမြန်မာ့နိုင်ငံရေးကနေခပ်ခွါ ခွါနေဖို့ပြောရတော့မယ်
လူထုလွတ်မြောက်ရေးအတွက်လူထုတိုက်ပွဲဖေါ်ဆောင်သွားရမဲ့အချိန်ကောင်းဖြစ်တယ်၊
ဧရာဝတီတော်လှန်ရေးဖြစ်လာဖို့အတွက်တွေ့ဆုံဆွေးနွေးရေးဟာအဟန့်အတားဖြစ်လာနိုင်တယ်
၂၀၁၁နှစ်ကုန်ပြီးမှနိုင်ငံရေးအကျဉ်းသားတွေလွတ်မလာဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်
လမ်းစဉ်ရှုံးနိမ့်သွားပြီလို့ပြောရတော့မယ်


ကြိုက်ရင်ကြိုက်၊မကြိုက်ရင်နေ၊အားမနားတမ်းပြောရမဲ့အချိန်ဖြစ်တယ်
ဧရာဝတီဆိုတဲ့ငါ့တို့အားလုံးရဲ့အဟာမိခင်အတွက်အားလုံးတက်ညီလက်ညီထကြွတိုက်ပွဲဝင်ကြရမဲ့အချိန်ကိုရောက်နေပြီသူငယ်ချင်းတို့ရေ










0 comments: