Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Tuesday, May 3, 2011

တာဝန်သိသူ… တာဝန်ရှိသူ . နှင့်...နိုင်ငံရေးအတွေးအခေါ် BY BO BO KYAW NYEIN

နိုင်ငံရေးမှာ … နိုင်ငံရေးသတ္တ၀ါတိုင်းဟာ …. မိမိရဲ့ နိုင်ငံရေးအတွေးအခေါ်
အပေါ်မူတည်ပြီး … စိတ်ကူးကြတယ် … လှုပ်ရှားကြတယ် …
ရှင်သန်ကြတယ်လို့ပြောလို့ရပါတယ် ….

တချို့ကလည်း … လေးလေးနက်နက်..လေ့လာကြပြီး … နက်နက်နဲနဲတွေးပြီးမှ ….
ခေါင်းထဲက တဆင့် … အသဲထဲမှာ ..စွဲကျန်နေတဲ့ … နိုင်ငံရေး..(ယုံကြည်ချက်)
ကို ခံယူခဲ့ကြတဲ့သူတွေ .. ရှိသလို … တချို့က … အသေးစိပ်..လေ့လာမှုက …
ပေါက်ဖွားလာခြင်း..မဟုတ် … ပုဂ္ဂိုရ်ခင်လို့ ..တရားမင်
..သူတွေလည်းရှိတတ်ကြပါတယ် …. အများနှင့်..လိုက်၍
..မိုးခါးရေ..လိုက်သောက်ကြ ခြင်းဟုဆိုနိုင်သည် …. ခေတ်အဆက်ဆက် ..
မြန်မာ့နိုင်ငံရေးတွင် … ဒုတိယ ..လူမျိုးက ..အများစု ..ဖြစ်ပေလိမ့်မည် ….

ပို၍ဆိုးသည်မှာ… နိုင်ငံရေးအတွေးအခေါ် … နှင့် ဆက်စပ်သော ….
ရောင်ပြန်ဟပ်သော အကျင့် စရိုက်များ … လုပ်ကွက် များသည် … မသိမသာ
..စိုးမိုးလာ၍ … နိုင်ငံရေးယဉ်ကျေးမှု ..အသွင်ဆောင် ကာ … အလိုတူ
နိုင်ငံရေးအတွေးအခေါ် သမားများအကြား … လွှမ်းမိုးလာသည်..ကိုပင်..မသိလိုက်
ကြပါ ….

ဥပမာ … အနီဟေ့..ဆိုလိုက်သည်နှင့် .. ရန်သူနှင့်
ငါတို့အကြား..စည်းပြတ်..ရမည်..ဟူသော .. ရန်-ငါ-စည်း…စိတ်ဓါတ် … ရန်သူဆို
..အပြုတ်တိုက် … သူသေကိုယ်သေ .. ချ ..ဟူသည့် … ဇီးရိုးဆမ်း ..စိတ်ဓါတ် …
ကိုယ့်လူဆို..မြှင့်တင်ကြ … တခြားလူ..ဆို … နာမ်နှိမ်ထား..ဆိုတဲ့ ဖက်လိုက်
စိတ်ဓါတ် … ဒီကမှ ..တဆင့် … သူရဲကောင်း ဖေါ်ထုတ်လိုသော ..သူရဲကောင်း
ဖြစ်..လိုသော စိတ်ဓါတ် တွေက ကြီးစိုးလာကာ … မိမိတို့ရဲ့ တွေးခေါ်မှု
…ဆုံးဖြတ်မှု..တွေကို လွှမ်းမိုး..သွားရတဲ့ ..အထိ ..ဖြစ်လာတဲ့ ..ယဉ်ကျေးမှု
..တရပ်ဖြစ်လာတော့ ..နောက်ဆုံး..ရလဒ်.. ကိုလာ ..ထိခိုက်..တဲ့အထိ
..ဖြစ်လာရပါတယ် ….

ဒါကြောင့် … ရေသောက်မြစ် ..ဖြစ်တဲ့ …
နိုင်ငံရေးအတွေးအခေါ်..ကို..ဇောင်းပေး.. ရေး..နေရခြင်း. ...ဖြစ်ပါတယ်။

နိုင်ငံရေးမှာ …. အခေါ်အဝေါ်..နီးစပ်ပေမဲ့ …အဓိပ္ပါယ် (လွှဲ) စေတဲ့
..အတွေးအခေါ်အများအပြားရှိပါ တယ်… ဥပမာ … ရန်-ငါ-သိ ..တာနဲ့ … ရန်-ငါ-စည်း
…ပြတ်တာမတူပါ ….

ကျနော့်အမြင်အရ …. ရန်သူ..ဘယ်သူ..ငါ..ဘယ်သူ..ဆိုတာကိုသိတာ ကို … ရန်-ငါ-သိ
..တာ..လို့ ..ခေါ်ပါတယ် …. တချိန်ထဲမှာ …. ဒီရန်သူကို ..အောင်နိုင်ပြီး ….
မိမိရည်မှန်းချက်..ကို..ရောက်ဖို့ မမေ့ဖူး ….

ဥပမာ … ဗိုလ်ချုပ်အောင်ဆန်းနဲ့
ပြည်သူ့အရေးတော်ပုံ..ပါတီ..ခေါင်းဆောင်..တွေဟာ … ရန်သူဟာ အင်္ဂလိပ်နယ်ချဲ့ …
ရည်မှန်းချက်ဟာ ..လွပ်လပ်ရေး … ဒါကြောင့် … လက်နက်ကိုင်..တော်လှန်မှ..
ရမယ် .. လို့..ဆုံးဖြတ်ကြပြီး .. ရဲဘော် (၃)ကျိပ်ကို..စုစည်းခဲ့ကြတယ် ….
ရန်-ငါ သိ..ခဲ့ ကြတယ် … သခင်စိုးနဲ့ သခင်သန်းထွန်း..တို့က … စတာလင်ကို
.ကိုးကွယ်ကြရင်း … ရန်-ငါ-စည်း .. မပြတ်နိုင် ခဲ့ကြ …
အင်းစိန်စာတမ်းက..သက်သေ …

ဒီ..အချိန်မှာ … ဗိုလ်ချုပ်တို့ .. ဟာ … လွပ်လပ်ရေး..လိုချင်တာသာ
..သိ..သော ..လူငယ် ခေါင်းဆောင် ..အဆင့်သာရှိကြသေးသည် …
နိုင်ငံ့ခေါင်းဆောင် ..အဆင့်..မရောက်ကြသေး …
ထို့ကြောင့် ..(တာဝန်..သိ..သူ) များသာဖြစ်ကြသေးသည် ..(တာဝန်..ရှိ..သူ..)
မဖြစ်ကြသေး ….

စစ်ကြီးအပြီး … ဂျပန်တော်လှန်ရေးကို ..ဦးဆောင်ခဲ့သော ..ဖဆပလ
ခေါင်းဆောင်များ..အဖြစ် … အင်္ဂလိပ်..နှင့်..ရင်ဆိုင်ရပြန်တော့ …
နိုင်ငံ့ခေါင်းဆောင်..များဖြစ်နေပြီ … (တာဝန်..ရှိ..သူများဖြစ်.. နေပေပြီ)
….

နိုင်ငံ့ အခြေအနေ..ကလည်း..မတူကြတော့ ..စစ်ဒဏ်ခံခဲ့..ရသော ..တိုင်းပြည်ဟာ …
ပြာပုံ.. ကျခဲ့ရပြီ … တာဝန်ရှိသူတွေ..အနေနှင့် …
တိုင်းပြည်နှင့်လူမျိုး..ကိုနောက်ထပ် .. စစ်ပွဲ..နှင့် …
ထပ်..မနင်းခြေ..ရက်ကြတော့ ….

ထို့ကြောင့် … လွပ်လပ်ရေးကို … အင်္ဂလိပ်ထံမှ … စေ့စပ်မှု..နှင့် …
ရယူ..ရန်ဆုံးဖြတ်ကြသည် ….

ရန်-ငါ-သိ … ခြင်းဟု..ဆိုနိုင်သည် ….

နောက်တနည်းကြည့်လျှင် ..ဖဆပလ..၏..အဓိက..ဦးတည်ချက်သည် ..လွပ်လပ်ရေး…. မိမိ
အာဏါရ ရေး..တခုထဲ..မဟုတ် ….

ကွန်မြူနစ်တွေရဲ့ … အဓိကဥိးတည်..ချက်က ..မိမိတို့..အာဏါရရေး ….

ဒါကြောင့်..ဖဆပလ..ကို..တိုက်ရန် ..အယောင်ဆောင် ..လွပ်လပ်ရေး..ဆိုပြီး ..
စွပ်စွဲ..လာကြတယ် … လင်နင်က … အာဏါမရခင် …
ဆိုရှယ်ဒီမိုကရက်တွေနဲ့..ယာယီမဟာမိတ်လုပ်ရမယ် .. ပြီးမှ
..ဖယ်ထုတ်..ဆိုတဲ့သဘော..မှာကြားခဲ့တယ် … ဒီဟောကြားချက်ကို … သခင်စိုးနဲ့
သခင်သန်းထွန်း တို့ရဲ့ ပင်ကိုယ် (လူချ) တဲ့ .. ဥါဉ်စိုးနဲ့
ပေါင်းစည်း..လိုက်တော့ .. မရိုးသားတဲ့ .. dishonest ဖြစ်တဲ့
(စိုး-သန်း) စိတ်ဓါတ်ပေါက်ဖွားခဲ့ရတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ honest စိတ်ဓါတ် နှင့် ကွာခြားဖိခြင်း …..

ဗိုလ်ချုပ်တို့ရဲ့ အဓိက..ဦးတည်ချက်သည် ..လွပ်လပ်ရေး …
တိုင်းပြည်နှင့်လူမျိုးကောင်းစားရေး .. ဖြစ်တာကြောင့် …
နိုင်ငံသားမှန်သမျှ .. ကို ..ကိုယ်စားပြုသော နိုင်ငံရေး… ဒါကြောင့်
အားလုံးကို ..ဆွဲခေါ်သလို ..တာဝန်ပေး..ခိုင်းသည် …

ကွန်မြူနစ်တွေက …. ပစ္စည်းမဲ့..ဟုခေါ်သော ..လူတန်းစား အသစ် ..အာဏါ..ရရှိရေး
..သည်..ပထမ .. ထို့ကြောင့် ..ကျန်သူတွေ .. မပါရေး …. ပြိုင်ဖက်တွေကို
..အနိုင်ရရေးက … အားသာလာသည်။ ထို့ကြောင့် ..စိတ်ထားမမှန် .. dishonest
ဖြစ်လာကြသည်။

ထို့ကြောင့် … အားလုံး..ထက် ..မိမိ …ဆိုတဲ့ … ပစ္စည်းမဲ့ …
လူတန်းစားမျက်စိနဲ့ကြည့် ..လူတန်း စားပေတံ..နဲ့..တိုင်းကြတော့ …
လူတန်းစားရန်သူ..နိုင်ငံရေးပြိုင်ဖက်ရန်သူ ..တွေနှင့် ..၀ိုင်းဝိုင်းလည်
ကာ ..အောင်ပွဲ..မခံနိုင်ခဲ့ကြ …. ဗိုလ်ချုပ်ကို ..ကလော်ဆဲ၍ ဖဆပလထဲမှ
..အထုတ်ခံရပြီးကတည်း က … ပြည်သူ၏ထောက်ခံမှု..ကိုမရတော့ …. ရွေးကောက်ပွဲတွင်
…. ဗိုလ်ချုပ်ဦးဆောင်သော ..ဖဆပလ သာ မဲ …အနိုင်ရခဲ့ကြသည် …. ကွန်မြူနစ်တွေ
..မဲမရကြ … ထို့ကြောင့် ..တာဝန် (ရှိ)သူများ.. မဟုတ်ကြ …. ထို့ကြောင့် ….
စိတ်ထင်ရာ ..ပြောနိုင်သည် …

သို့သော် … ဗိုလ်ချုပ်တို့ခမြာ … လက်လွပ်စပယ်..မပြော..နိုင်ရှာကြ ….
တိုင်းပြည်..လွပ်လပ်ရေး.. ရဖို့ … က ဗိုလ်ချုပ်..နှင့် ..ဖဆပလ ၏
.ပုခုံးပေါ်တွင် ..ကျရောက်လျက်..ရှိသည် ….

ထို့နည်းတူစွာ ..ဒီဖက်ခေတ်..ကိုကြည့်လျှင် ….

၈၈၈၈ လူထု.. အရေးအခင်းကြီး..ကို ဖေါ်ထုတ်..ဦးဆောင်ခဲ့ကြသည်မှာ …. ဗကသ
အမှူးပြုသည့် ..ကျောင်းသားလူငယ်များ ….

သို့သော် …. မဆလပြိုကျပြီး … ဖရိုဖရဲကာလမှာ … မည်သူမှ ..အာဏါကို ..(လု)
မယူ… နိုင်ခဲ့ကြ…

စစ်အာဏါ..သိမ်းပြီးကာလ.. ..နိုင်ငံရေးအခင်းအကျင်းသစ်တွင် …. NLD မှာ
အင်အားသစ်..ဖြစ်လာ ရသည် …. ၁၉၉၀ ရွေးကောက်ပွဲမှာ … NLD သည် … တရားဝင် ..
ပြည်သူများ၏ ..အရွေးခံ ..ပါတီ .. ဖြစ်လာရသည် … (ဒေါ်စု) နှင့် … NLD
တို့သည် … (တာဝန်ရှိသူ) များဖြစ်လာရသည် ….

အကယ်၍ …. ကျောင်းသားကိုယ်စားပြု ပါတီ ကို တည်ထောင်နိုင်၍ … ၁၉၉၀
ရွေးကောက်ပွဲ ..ကို ၀င်ပြိုင်.ခဲ့ကြ၍ … NLD နှင့်
..ကျောင်းသား…ကိုယ်စလှယ်အများစု ..သာရွေးချယ်ခံရခဲ့သော် … ဖဆပလ..ကဲ့သို့ …
ပါတီချင်း..ရင်ချင်းကပ်၍ … နိုင်ငံရေးကစားနိုင်သည်… good cop…bad cop..
ကစားကွက်ကို … လှလှလေး..ကစားနိုင်..လိမ့်မည် …. တရားဝင်
..မဟာမိတ်..ဖွဲ့စရာပင် ..မလို …

ဒေါ်စု..ကိုဖမ်းဦးတော့ … မင်းကိုနိုင်..နဲ့..ကိုကိုကြီး..တို့ က ..တဖက်က
.. တရားဝင်..တောင်းဆို နိုင်မည် .. လှည့် ကစားနိုင်မည် …. NLD
အန်ကယ်ကြီးတွေ ..မလှုပ်လည်း… ကျောင်းသားပါတီ ကလှုပ်ရှားနိုင်မည် …..

ကျောင်းသားတွေသာ …. နိုင်ငံရေး..အီကွေးရှင်း..ထဲ ..ပါခဲ့လျှင် …
(တာဝန်ရှိသူ) များဖြစ်ခဲ့လျှင်
..နိုင်ငံရေး..ကျားကွက်..ပြောင်းသွားနိုင်..စရာရှိသည် ….

သို့သော် ..ဤသို့..မဖြစ်လာခဲ့ …

နိုင်ငံရေးတွင်သာမက … သဘာဝ..တွင်လည်း …. Mass မရှိလျှင် လိုအပ်သော Energy
ကိုမရနိုင် … ထို့ကြောင့် ..(အင်အား) မပြည့်နိုင်တော့ …. ကျွန်ပ် တို့၏
စကြ်ာဝဠာ..ကြီးတွင် ..လိုအပ်သော Mass မစုစည်း နိုင်၍ Fission
မဖြစ်နိုင်သဖြင့် နေ - Sun ဘ၀မရောက်ရပဲ … Brown Dwarf ဟုခေါ်သော .. နေနဲ့
ဂြိုဟ် အကြီးစား ..ကြားဘ၀..နှင့်ကျေနပ်နေရသော … အရာများရှိပါသည်။

စာရေးသူ၏..ထင်မြင်ချက်အရ …. ကျောင်းသား (ကြယ်) ..မပေါ်ခဲ့..ရသည်မှာ …
ရန်-ငါ-စည်း ..ပြဿနာ..ဟု …သုံးသပ်မိသည် …. ရွေးကောက်ပွဲ..၀င်လျှင် …
ရန်-ငါ-စည်း … မပြတ် … စစ်တပ်အောက် ..ကိုဝင်ရာရောက်မည် ….
လက်ဝဲ..အယူအဆအောက်က…မထွက်နိုင်ကြသည် ..ကိုတော့ ..သတိမရှိကြ … ရန်-ငါ-စည်း
… တိမ် ဖုံး..နေသောကြောင့် ..ဗျူဟာနှင့် ..မကြည့်ဖြစ်..ခဲ့ ကြဟု
..သုံးသပ်မိသည် ….

ပြဿနာက… နိုင်ငံရေးမှာ .. အခွင့်အရေး..ဆိုတာ ..နှစ်ခါ..လာခဲသား …..

ကျောင်းသားတပ်မတော်… ထောင်နိုင်ခဲ့ သည်မှာ … လွန်စွာ..တန်ဖိုးရှိသည် ….
သို့သော် … ကျနော် အမြင်ပြောရလျှင် … နိုင်ငံရေးနှင့် စစ်ရေး..
စည်း..မကွဲလှ …. ထို့ကြောင့် … (လူ) ကွဲကြတော့ …
အဖွဲ့အစည်း..တခုလုံး..လိုက်.. ကွဲ..ကြရသည် …. အမှန်က … နိုင်ငံရေး..နှင့်
..စစ်ရေး ..လုံးဝခွဲထား .. ရမည် …. Factional politics အုပ်စုနိုင်ငံရေးဟာ
…. နိုင်ငံရေး..နယ်ပယ်မှာ..သာယှဉ်ပြိုင်ရမည် … စစ်ဖက်ထဲ ..အ၀င်မခံသင့် …
ကျောင်းသားပါတီ ..မရှိခဲ့သည့်..အတွက် … ကျောင်းသားတပ်မတော် ..
အတွင်းမှာလည်း …. နိုင်ငံရေး..တွေဝင်ရောကုန်သည် ….

တချို့က .. လူ့ဘောင်သစ်ဟာဘာလဲ? ဟုစောတက တက်ချင်သူတွေရှိမည် …..
လူ့ဘောင်သစ်ဟာ … proxy ပါတီဟုသာမြင်သည် …. ကျောင်းသားအားလုံးကို …
စုစည်းပေးဖို့ ..ဟုမမြင်နိုင် … ကျနော်အမြင်အရ ..ပြောရလျှင်
..မင်းကိုနိုင်..ကိုကိုကြီး..မိုးသီးဇွန် … မင်းဇေယျာ … ဂျင်မီ
..အားလုံး..ပါဝင် …ဦးဆောင်သော..ကျောင်းသားထု..ကိုဦးဆောင်နိုင် သော
..ပါတီဖြစ်သင့်သည်။
ဗကသ..မကသ..ရကသ..အကသ..ရှိသမျှကျောင်းသားထု..ပါနိုင်သော … ပါတီဖြစ်သင့်သည်။
အတွင်းမှာ အင်န်အာလ်ဒီနှင့် ..ကျောင်းသားပါတီ … အပြင်မှာ …
ကျောင်းသားတပ်မတော် နှင့်.. အဝေးရောက် ..အစိုးရ … အားလုံး … အကွက်ညီညီ ..
ခြေလှမ်းညီညီ … နှင့်..တော်လှန်ရေး.. ယိမ်း ..က..နိုင်ခဲ့..လျှင် …
အလွန်ကြည့်လို့..ကောင်းပါလိမ့်မည်။

(မှတ်ချက်။ အဝေးရောက် ..အစိုးရ ဆိုရာတွင် .. အားလုံးကို ..ပါဝင်စေမည့်
အစိုးရ … Mandate မာနတက်၍ ..မဆလ စိတ်ဓါတ်..အပြည့်နှင့် …
ငါတို့သာ..ဦးဆောင်မည် … ၀ိုင်းစားမည် … တော်လှန်ရေးကို … ၅
ယောက်တပိုင်းနှင့် ..လုပ်ချင်သည့် …. ပုဇွန်ခေါင်းအစိုးရ..မဟုတ် ….
အဝေးရောက် ဗမာနိုင်ငံသား တိုင်း ကိုဆွဲစိ၍ … နေရာပေး..ခိုင်းစားနိုင်သည့်
..အစိုးရ ..ကို ရည်ညွှန်း..လိုခြင်း.ဖြစ်သည်။)

စကြ်ာဝဠါကြီးမှာတောင် …. နေ (၂) စင်းနှင့် ..binary star system
တွေက..အများသား … ကျောင်းသား ပါတီ … ကျောင်းသား..(နေ) ..ပေါ်ခဲ့ရသော် ….
NLD နှင့် … ကျောင်းသား … နှစ်ပါးသွား..က.. လို့ရသည်… ယ္ခုတော့ …. ပါတီ
(သို့) အဖွဲ့အစည်း..မရှိသော … ကျောင်း သားများ… န၀တ-နအဖ ..ခေတ်မှာ .. role
ပျောက်ခဲ့ကြရသည်။ တာဝန် (ရှိ) သူများ အဖြစ်..ရပ်ကြရမည့်…အစား … တာဝန် (သိ)
သူများအဖြစ် သာ … ကျန်ခဲ့ကြရသည် ….

တာဝန် (ရှိ) သူ နှင့် တာဝန် (သိ) သူ တို့ ..လွန်စွာ (ကွာ) ပါတယ်

တာဝန် (သိ) သူ တို့က တွေးချင်ရာ..တွေး..ရေးချင်ရာရေး… ပြောချင်တာပြော …
အရှက်မရှိက (ဆဲ)လို့ပင်ရသေးသည် …

တာဝန် (ရှိ) သူ အဖို့ ..လုပ်ချင်တိုင်း..မလုပ်..နိုင်ပါ … တာဝန်
..ဆိုတာကို ပုခုံး..အပေါ် ..ထမ်းထားရ..ရှာာတာကိုး …..

တာဝန် (သိ) သူ အဖို့ … သူတပါးနိုင်ငံက ..အဖြစ်တွေကို ကြည့်ပြီး..
စိတ်ကြွကာ … လမ်းပေါ်ထွက်.. ပါတော့လား? ဘာလုပ်နေတာတုန်းဟု
..လျှောက်..အော်..လို့ရသည် ….

တာဝန် (ရှိ) သူ အဖို့ က.. အော်..ရုံနှင့်..မရ … စစ်တပ်က
..ဘယ်လိုတုန့်ပြန်မှာလည်း … ပစ်ရင်ဘာလုပ်မှာလည်း ..အစုလိုက်
..ဖမ်းရင်..ဘာလုပ်မှာလည်း? … အရှိန် (ကျ)ရင်ဘာလုပ် မှာလည်း? အရှိန် (တက်)
ရင်ဘာလုပ် မှာလည်း? Agitators လှုံ့ဆော်သူတွေ … စည်းရုံးရေးမှူးတွေ..
လူထုကို..ထိမ်းမဲ့..ခေါင်းဆောင်တွေ..ရှိရဲ့လား … ရန်ကုန် (ကျ)
သွားရင်တောင် … နေပြည်တော်..မှာ .. အထိုင်မပျက် .. command and control
မပျက် … လှိုင်ခေါင်းတွေ..အကျ ..ဆောက်ပြီးသား … စစ်တပ်ကို ဘယ်လို …
အနိုင်ယူမှာလည်း ….ဆွေးနွေးမှာလါး? မရ..ရင်..ပြည်တွင်းစစ် ..
အကြီးစားဖြစ်ရင်.. ဘယ်လို.. ကိုင်တွယ်မှာလည်း?
တရုတ်..မ၀င်အောင်..ဘယ်လိုတားမလဲ? အကယ်၍ ..regime change ဖြစ်သွား ရင်တောင်
.. စစ်တပ်ကိုဘယ်..ပုံစံ..ကိုင်မှာလည်း … အီရတ်လိုလား? အီရန်လိုလား?
အုပ်ချုပ်ရေး.. နားလည်သူတွေ..လုံလုံလောက်လောက်..ရှိရဲ့လား ….
ဆိုတဲ့..လာမဲ့ …. ပြဿနာပေါင်း…သောင်းခြောက်ထောင်ကို .ရင်ဆိုင်နိုင်ဖို့ …
အခြေအနေ..ရှိရမယ်

မရှိရင် ..ယနေ့ ..လစ်ဗျားမှာဖြစ်သလို ….
ဟိုမရောက်..ဒီမရောက်..ဖြစ်နေလိမ့်မယ် …

ကျနော်တို့ ဗမာနိုင်ငံသားတွေက … စစ်အာဏါရှင်…ပပျောက်ရေး.. ..regime change
ကိုသာအာရုံ.. စိုက်..နေကြသည်။ အမေရိကန်.. တရုတ်..နှင့် အာဆီရန်..တို့က …
စစ်အစိုးရပြုတ်ကျ..သွားလျှင် … ဘယ်သူက..နေရာဝင်ဖြည့်မှာလဲ? … NLD မှာ
…အုပ်ချုပ်ရေး..နိုင်သူတွေရှိရဲ့လား? ..စသည်ဖြင့် ..
ဒေသတည်ငြိမ်ရေး..ဖက်ကကြည့်ကြတာ …. အီရတ်မှာ ..ဆဒန်ကြီးပြုတ်သွားပြီး…
တိုင်းပြည်ဗရိုဗရဲ ..ဖြစ်တာကို..သင်္ခန်းစာ..ရခဲ့ကြတယ် ….

ဒါ..တာဝန် (ရှိ) ..သူတွေရဲ့..နောက်တဆင့် ..ပေ ၄၀၀၀၀ အမြင်နဲ့ကြည့်ကြတာ …..

တာဝန် (သိ) သူတွေက ..စိတ်ကူးယဉ် ..လို့ရသည် … တာဝန် (ရှိ) သူတွေ က
လက်တွေ့ဘ၀ က သွေဖီလို့..မရ…

ဒါကို..မသိပဲ… ရှိရှိသမျှ..အရာ..အားလုံးကို …
ရန်-ငါ-စည်း…မျက်စိနဲ့ကြည့်ကြတော့ ..အာလုံးကို ..နိုးနိုးနိုး…ဆိုပြီး
..ဗူးခံ..ဗြောင်ငြင်း..ကြတော့ ..မိမိတို့လည်း ..အထီးကျန်..ဝေးကွာ..isolate
ဖြစ်လာရတယ် … မနက်ဖန်..အစိုးရ …ဖြစ်ရင် ..အုပ်ချုပ်ရေး..နားလည်းသူ …
အစိုးရ..လုပ်နိုင်တဲ့ ..သူ..ဘယ်နှစ်ယောက်ရှိသလဲ? ဒေါ်စု..တယောက်ထဲ …
တိုင်းပြည်အုပ်ချုပ်လို့..မရပါ ….

တခါ ..တာဝန် (သိ) သူတွေက .. တာဝန် (ရှိ) သူ..တွေကို ..ကူဖို့..ဘာတွေ …
ပြင်ဆင် ထားကြသလဲ? ပြည်တွင်းမှာ … မငြိမ်မသက်ဖြစ်ရင် … Agitators တွေ …
စည်းရုံးရေးမှူးတွေ.. လူထုကို..ထိမ်းမဲ့.. ခေါင်းဆောင်တွေ … ဖြစ်နိင်ဖို့
..မိမိကိုယ်မိမိ..ပြင်ဆင်ထားပြီးပြိလား? logistic
အတွက်..စဉ်းစားထားကြပါသလား? logistic အတွက်ဘာတွေ..ပြင်ထားကြပါသလဲ?

Saffron တုန်းကလို … ဖြစ်မှ … ရေဒီယို..တယ်လီဖေးရှင်းဖွင့် …
အင်တာနက်ပေါ်တက်ပြီးဆဲ… လက်ခုပ် ၀ိုင်းတီးကြပြီး …
ဝေလေးလေး..လုပ်ကြဦးမှာလား? ….

ဘာမှ..ကြိုတင်မပြင်ဆင်..ထားကြတော့ …
ဘာမှ..မလုပ်နိုင်..ဘာမှ..မကူ.နိုင်ကြတာ..အဆန်းလား?

မိမိတို့ဖက် ..ကတော့..ဘာမှမလုပ် ..မလှုပ်ကြပဲ …တဖက်သတ် … အပြစ်တင်ရင်တော့
..မတရားဖူး..လို့..ပြောရမှာပဲ …..

အားလုံးကို ..မမေ့စေချင်တာက … ဒေါ်စု..နောက်မှာ ..ထောက်ခံမှု. support
..အပြည့်ရှိတယ် ….

ဒေါ်စုရဲ့..သတ္တိကို ဘယ်သူမှ ..မယှဉ်..နိုင်ပါ …. လက်နက်မပါပဲ ….
ရင်ကော့ပြီး … အာခံရဲ..လို့..လူတိုင်း..လေးစား..ချစ်ခင်ရတာပါ ….

ဒေါ်စု ..ဟာ ..လူတိုင်းရဲ့ …မျှော်လင့်ချက်ပဲ …

ဒါပေမဲ့ …ဒေါ်စု..ဟာ..တော်လှန်ရေးသမားမဟုတ် …. ငြိမ်းချမ်းရေးသမား ….

မိခင်စိတ်..ပြင်းတယ် …

သူ့သားငယ် ကို …ကြည့်တာကိုမြင်ပြီး ..စာရေးသူ..စိတ်ပြောင်းသွားတယ် ..
နားလည်သွားတယ်

သူတပါး..သားငယ်..သမီးငယ်တွေကို … စွန့်လွှတ်..ခိုင်းမည်..မထင် …..

ဗိုလ်ကျင်မောင်..ကို ၈၀..ကျော်မှ … ကွန်မြူနစ်..စံနစ်ဟာ.. ခေတ်နဲ့
မလျှော်တော့ဖူး … ကွန်မြူနစ် ၀ါဒ..ကိုစွန့်..လွှတ်လိုက်ပါတော့
..ဟုပြောလျှင် … လက်ခံမည်ထင်ပါသလား?

အညမည ကိုရေးခဲ့တဲ့ ..ဦးချစ်လှိုင်တောင် … ကွန်မြူနစ်..စံနစ်.. ကို
..ယုံဆဲတဲ့ သူလည်း ၈၀ ကျော် .. ၉၀ ၀န်းကျင် ပဲ… ဒီလူကြီး နှစ်ယောက် ..
ကွန်မြူနစ်..၀ါဒ..ကိုမစွန့်လွှတ်နိုင်ကြ ….

ထို့နည်းတူ..ဒေါ်စု..ကို … လမ်းပေါ်ထွက်ပါတော့
..လက်နက်ကိုင်တော်လှန်ပါတော့လား ဟု .. အပြစ်တင်နေလျှင်..လည်း …
သဘာဝကျမည်..မထင်…

လွပ်လပ်ခွင့် …ကို ..ယုံကြည်ရင် .. လွပ်လပ်စွာယုံကြည်ခွင့် .. ကိုလည်း…
လက်ခံ..ရပေလိမ့်မည် ..

လက်ရှိ..ပြဿနာ..မှာ ..ဒေါ်စု..နောက်က ..ထောက်ခံမှု..ကို ..CAPITALIZED
လုပ်နိုင်ဖို့လိုသည် ….

ဝိုင်း..ဝေဖန်မည့်အစား … ၀ိုင်းစဉ်းစားပေးစေချင်သည် ….

အစိုးရက …. Development လုပ်ရင် ..အတိုက်ခံက …. လူမှုရေး..နှင့်..လူထု..ကို
… အကျိုးပြု..လို့ ရပါသည်… ပညာရေးနိမ့်ကျနေတာမြင်ရင် ..၀ိုင်း
…စာသင်ပေးမယ် … ဆေးကုဖို့.. မတတ်နိင်ရင်.. ဆေးကု..ပေးမယ် ..
ဆင်းရဲသားတွေအတွက်..ငွေချေးမယ် … ရေမရှိရင် ..ရေတွင်းတူးပေးမယ် …
အခုလည်း..ဒါတွေ ..စ … လုပ်နေပါပြီ …

လူထု..ကို..ကူတာ… လူမှုရေး..တခုထည်း..မဟုတ်ပါ … နိုင်ငံရေး..လည်းဟုတ်ပါသည်။

မျှော်လင့်ချက်..ကနေ … လက်တွေ့..ကူညီတာဖြစ်ခဲ့..ရင် ..ပြည်သူတွေ
..ဟတ်ထိ..ကုန်မယ်ဗျို့ ….

ပြည်သူနဲ့ ..မထိတွေ့ပဲ … လေပေါ်က ..အော်..နေကြရုံနဲ့
..ထောက်ခံမှု..ကိုမတည်ဆောက်..နိုင် ..ဆိုတာကို..မမေ့..ကြပါနဲ့…

ဒေါ်စု..နောက်မှာ..ထောက်ခံမှု..ကြီးတယ်..ဆိုတာကိုလည်း…မမေ့ကြပါနဲ့ ….

နိုင်ငံရေး..ဆိုတာ..အားလုံ..ပါလေ..အားကြီးလေပဲ ….

အားလုံး..အတွက်..နေရာရှိပါတယ် …. ရေ၀ိုင်းဖြည့်ပေးကြရအောင်ပါ ….

ဒို့..ကတော့..လက်နှက်ကိုင် တော်လှန်ရေးက..နဲနဲမှ..မလျော့ဖူးဆိုရင်လည်း ….
မော်လမြိုင်လောက် …သိမ်းနိုင်ရင် … လူတွေ..နောက်က..လိုက်မှာပါ ….

0 comments: