မိမိကိုယ်ကို ကောင်းအောင် ဆောက်တည်ရုံမျှနှင့် တာဝန် ကျေသည်မဟုတ်။ မိမိရဲ့ ပတ်ဝန်းကျင်လောကကို ကောင်း အောင် ဆောင်ရွက်ပေးဖို့ လည်း လိုသေး၏။ သို့ မှသာ တာဝန်ကျေမည် ဖြစ်၏။
PHOTOS-MAI KYAW OO ၂၀၁၀ ခုနှစ် အောက်တိုဘာလ (၇)ရက်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ အဖွဲ့အစည်း တာဝန်ခံများနှင့် ဂျပန်အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ ဌာနချုပ် (JTUC-RENGO) တာဝန်ခံများတို့ တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားရန် ညှိနှိုင်းသည့် အစည်းဝေးကို တိုကျိုမြို့ရှိ ဂျပန် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ ဌာနချုပ် (RENGO)ရုံးတွင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ရ ရက်နေ့၌ နေ့လည် ၃း၀၀ နာရီ မှ ၄း၃၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညှိနှိုင်းစည်းဝေးပွဲတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)မှ “မြန်မာ နအဖ စစ်အစိုးရမှ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံကြောင်း ”နှင့် ကော်မတီ၏ ရပ်တည်ချက် သဘောထားများကို ရှင်းလင်းပြီး ဂျပန်နိုင်ငံတွင်း လှုပ်ရှားမှုများကို အတူတကွ ပူးပေါင်း လှုပ်ရှားသွားရန် တင်ပြခဲ့ပါသည်။ ယနေ့ တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားမှာ ဂျပန် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များ (RENGO) ရဲ့ နိုင်ငံခြားရေးဌာန ညွန်ကြားရေးမှူး Masayuki SHIOTA မှ လက်ခံတွေ့ဆုံခဲ့ပြီး (RENGO) ရဲ့ ဥက္ကဌ ကိုယ်စား ပြောကြားကြောင်း နှင့် မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့အတွက် RENGO အနေနဲ့ ရပ်တည်ချက် သဘောထားတွေကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေး အတွက်ဆက်လက်၍ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ယခု တင်ပြလာသည့်အပေါ် ကျေးဇူးတင်းကြောင်းနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည့်အကြောင်း သဘောတူခဲ့ပါသည်။ မြန်မာ့ရေးရာရုံး (BOJ)ကို အသုံးပြု၍ ဂျပန်အစိုးရမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံရှိ နိုင်ငံခြား သံရုံးများတို့ Lobby လုပ်ငန်းများ စတင် အကောင်ထည်ဖေါ် လုပ်ဆောင် သွားကြရန်နှင့် လာမည့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ လှုပ်ရှားမှုတွေမှာ ပိုမိုအားကောင်း လာစေရန်အတွက် မြန်မာ့အရေးကို စိတ်ဝင်စား အားပေးခဲ့ကြသည့် ဂျပန်အဖွဲ့အစည်းများနှင့် NGO အဖွဲ့များတို့ကို RENGO ရုံးခန်း၌ ဖိတ်ခေါ်၍ ပူးပေါင်း ဆောင်ရွက် သွားနိုင်ရန် ညှိနှိုင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ သတင်းမှတ်တမ်း ။ Mai Kyaw Oo (PNS-Japan)
Post a Comment
0 comments:
Post a Comment