Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

Peaceful Burma (ငြိမ်းချမ်းမြန်မာ)平和なビルマ

TO PEOPLE OF JAPAN



JAPAN YOU ARE NOT ALONE



GANBARE JAPAN



WE ARE WITH YOU



ဗိုလ်ချုပ်ပြောတဲ့ညီညွတ်ရေး


“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး

THANK YOU MR. SECRETARY GENERAL

Ban’s visit may not have achieved any visible outcome, but the people of Burma will remember what he promised: "I have come to show the unequivocal shared commitment of the United Nations to the people of Myanmar. I am here today to say: Myanmar – you are not alone."

QUOTES BY UN SECRETARY GENERAL

Without participation of Aung San Suu Kyi, without her being able to campaign freely, and without her NLD party [being able] to establish party offices all throughout the provinces, this [2010] election may not be regarded as credible and legitimate. ­
United Nations Secretary General Ban Ki-moon

Where there's political will, there is a way

政治的な意思がある一方、方法がある
စစ်မှန်တဲ့ခိုင်မာတဲ့နိုင်ငံရေးခံယူချက်ရှိရင်ကြိုးစားမှုရှိရင် နိုင်ငံရေးအဖြေ
ထွက်ရပ်လမ်းဟာသေချာပေါက်ရှိတယ်
Burmese Translation-Phone Hlaing-fwubc

Tuesday, October 28, 2008

တော်လှန်ရေးတရပ်အတွက် အသင့်ပြင်ထားကြစို့ ... From: "Tom Brown"

တော်လှန်ရေးတရပ်အတွက် အသင့်ပြင်ထားကြစို့ ...

မနှင်းစု

မြန်မာနိုင်ငံရဲ့ အရေးဟာ ထင်ထားတာထက် အများကြီး ခက်ခဲနက်နဲတယ်လို့
ပြောရမှာပါ။ ဆွေးနွေးကြ သုံး သပ်ကြ အမြင်အမျိုးမျိုး
ရှုထောင့်အမျိုးမျိုးက တင်ပြနေကြတာတွေလည်း ရှိခဲ့ ရှိနေ နောင်လည်း
ရှိနေကြရဦး မှာပါ။

အဖိနှိပ်ခံ ပြည်သူတွေကတော့ အာဏာရှင်စံနစ်ချုပ်ငြိမ်းရေးတိုက်ပွဲမှာ
မအောင်မြင်သေးပါဘူး။ ဘယ်တော့ အောင်မြင်မလဲဆိုတာလည်း ဘယ်သူမှ
နီးနီးစပ်စပ်တော့ မပြောနိုင်သေးပါဘူး။ အာဏာရှင်စံနစ် ဆိုတာက လည်း
အမြစ်ပြတ်ဖို့ သမိုင်းနဲ့ချီပြီး ကြာတတ်တာ မဟုတ်ပါလား။

ပြည်သူမှာတော့ ပိုပြီးနင်းပြားဘ၀ကို ရောက်လာခဲ့တဲ့အပြင် ဘာဥပဒေမှမရှိတဲ့
စနစ်ဆိုးရဲ့အောက်မှာ လူစဉ်မ မီအောင် အဖက်ဖက်က နိမ့်ပါးလာခဲ့တယ်။ မဆလ
တပါတီခေတ်က နေ၀င်းနဲ့ အခု နအဖ သန်းရွှေဟာ ကိုယ် ရည်ကိုယ်သွေး
အင်မတန်ညံ့ဖျင်းပြီး စိတ်ဓာတ်မူမမှန်တဲ့အပြင် ပြည်သူတွေအပေါ်မှာ
စေတနာမရှိဘူး။ နိုင်ငံ တခုထဲမှာ စစ်တပ်ဆိုတဲ့ နိုင်ငံတစ်ခုတည်ဆောက်ပြီး
လက်နက်နဲ့ လူထုကို ဖိနှိပ်ဖို့ အကွက်ကျကျ စီစဉ်ထား တယ်။ စစ်တပ်ထဲမှာ
သူ့သြဇာခံမယ့်သူကို ရာထူး အာဏာ၊ ငွေ၊ အခွင့်အရေး အမျိုးမျိုးပေး
သိမ်းသွင်းထား တယ်။


ဒီနေ့ ပြည်သူတွေ မျှော်လင့်နေတဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့
စနစ်ကိုရဖို့ ရွှေပြည်တော် မျှော်တိုင်းဝေး နက်ဖြန် သို့မဟုတ် ဘယ်သောအခါ၊
ကမ္ဘာဦးက နေနဲ့လကို မျှော်ရသလို Mission Impossible လိုများ ဖြစ်နေ မလား
တောင်တွေးမိပါရဲ့။

၁၉၈၈ ဒီမိုကရေစီတိုက်ပွဲနဲ့ မနှစ်က ၂၀၀ရ သံဃာနဲ့ လူထုဆန္ဒပြ
တောင်းဆိုမှုပြုကြတဲ့ကြားမှာ အနှစ်၂၀ လောက် ကြာခဲ့ပါတယ်။ လုံလောက်တဲ့
အချိန်တခုအတွင်းမှာ ကျွန်မတို့ သာမန်ပြည်သူတွေ ဘာတွေတွေးလို့ ဘာတွေ
လုပ်ကိုင်နေခဲ့ ကြပါသလဲ။ နေ့စဉ် လူမှုဘ၀တွေကြားမှာ ရှင်သန်အောင်လုပ်ရင်း
အချိန်တွေသာ ကုန် လာခဲ့ကြတယ်။ ချမ်းသာတဲ့သူတွေနဲ့ ကုန်သည်တွေကလည်း သူတို့
စီးးပွားရေး အင်ပါယာချဲ့ဖို့နဲ့ ကားစီး တိုက် ဆောက်ဖို့ ဗိုလ်ချုပ်တွေနဲ့
အပေးအယူ လုပ်ကြတယ်။ သာမန် လက်လုပ်လက်စားနဲ့ အခြေခံ လူတန်းစားက တော့
ဆင်းရဲဒုက္ခတွေကြားမှာ ပညာအခြေခံမရှိလို့ အတွေးအခေါ် မရှိကြရတဲ့အထဲမှာ နအဖက
စနစ်တကျ အ မှောင်ချထားတော့ ဘာမှမသိကြဘူး။ လူဦးရေအများစုက ဗုဒ္ဓဘာသာပီပီ
မရှိမဲ့ ရှိမဲ့လေး လှူဒါန်းပြီး ၁၂ ရာသီပွဲ တော်လေးတွေနဲ့
ရိုးရာစဉ်လာမပျက် ဘ၀နေထိုင်မှု ပုံစံလေးတွေနဲ့ နေကြရရင်ပဲ ကျေနပ်နေကြတာပါ။

တခါတခါ စဉ်းစားကြည့်မိတယ်။ မြန်မာပြည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် Military
Rule စစ်အာဏာရှင် အောက်မှာ နေကြရတာကို သာမန်လူမဆိုထားနဲ့ ပညာတတ်
လူလတ်တန်းစား အလွှာတွေတောင် သတိထား မိကြပုံ မပေါ်ပါဘူး။ တကယ်တော့
ဒါဟာမဖြစ်သင့်ပါ။

ဒါပေမယ့် ဒီအနှစ် ၂၀လောက် အချိန်အတွင်းမှာ psychology warfare
စိတ်ဓာတ်စစ်ဆင်ရေးက အတွေ့အ ကြုံနဲ့ ကျွမ်းကျင်မှုတွေရှိထားတဲ့
ဗိုလ်သန်းရွှေကတော့ ဒီအတိုင်းမနေပါဘူး။ စစ်တပ်ကို လက်ကိုင်တုတ်လို
စေလိုရာစေနိုင်ဖို့ စနစ်တကျ တိုးချဲ့ဖွဲ့စည်းပြီး စိတ်ဓာတ်တွေကိုလည်း
သူ့သစ္စာခံတပ်ဖြစ်အောင် ပုံစံသွင်းထား တာမို့ တပ်မတော်သားတွေ
ဒီမိုကရေစီဘက်ကို ကူးပြောင်းဖို့ဆိုတာလည်း လက်တွေ့မှာတော့ မဖြစ်နိုင်သေး
ပါ။ အစိုးရယန္တရားရဲ့ မောင်းနှင်အားဖြစ်တဲ့ ၀န်ထမ်းတွေကိုလည်း
ကိုင်တွယ်ရလွယ်အောင် ဝေးလံတဲ့ဒေသ နေပြည်တော်မှာ ပြင်ပကမ္ဘာနဲ့
အဆက်ဖြတ်ထားလိုက်ပါပြီ။ တော်ရုံတန်ရုံနဲ့တော့ ၀န်ထမ်းလောကကို ထိုး
ဖောက်ဖို့ မလွယ်ကူပါ။

အဲဒီတော့ ကျွန်မတို့ ပြည်သူတွေ အရင်လိုပဲ အမှုမဲ့အမှတ်မဲ့
နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ နေကြဦးမ လား။တနေ့တခြား ပိုပိုပြီး
စားဝတ်နေရေး ကြပ်တည်းမှုနဲ့ လူချင်းမတူ သူချင်းမမျှ လူသားဂုဏ်သိက္ခာရယ်လို့
မ ရှိတော့ဘဲ အခြေခံအကျဆုံး အသက်ရှင်ခွင့်တောင် မရေရာတဲ့ ဘ၀တွေနဲ့ ဘယ်အထိ
လူလူချင်း ကျွန်ပြုအုပ် ချုပ်တာ ခံကြရဦးမလဲ။ အဖြေကတော့ ဝေးနေဆဲပါ။

အဲဒီတော့ ကျွန်မတို့ ပြည်သူတွေ ဒီအတိုင်းတော့ မနေကြပါနဲ့တော့။ ကိုယ့်ကို
ဂုတ်သွေးစုတ်နေတဲ့ မိစ္ဆာတွေကို အပြီးတိုင် မဖယ်ရှားနိုင်သေးခင်မှာတော့
ရနိုင်သလောက် အင်အားတွေ နည်းတွေနဲ့ အခြေနေပေးရင် ပေးသ လို လှုပ်ရှားကြပါ။
ပြည်သူတွေ မအေးချမ်းသလို သူတို့ဘ၀တွေလည်း အမြဲပူလောင်နေစေအောင် တိုက်ပွဲ
ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှားကြပါစို့်။ စားသာစားနေရပေမယ့်
လည်ချောင်းထဲမှာ အရိုးစူးနေအောင်လုပ်တဲ့ ပုံစံမျိုး ပေါ့။ ပြည်ပက
ဒီမိုကရေစီလှုပ်ရှားသူများကလည်း ပြည်တွင်းနဲ့ အဆက်မပြတ်စေဘဲ အထဲက
အခြေအနေမှန် တွေကို ကမ္ဘာကသိအောင် လုပ်ကြရမယ်။ ငိုတတ်တဲ့ ကလေးမှ
နို့စို့ရတာပါ။ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှရမှာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ ကိုယ့်ပြည်သူကို ချောင်ပိတ်ရိုက်လို့ရအောင် ကမ္ဘာကြီးက
မကျဉ်းမြောင်းတော့ဘူးဆိုတာတော့ ရူးချင်ယောင်ဆောင်နေတဲ့ ဗိုလ်သန်းရွှေ
မသိလို့လား။ လွတ်လပ်မှုကို မြတ်နိုးတဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ အားပေး
ထောက်ခံမှုတွေ စဉ်ဆက်မပြတ်ရအောင် ပြည်တွင်းပြည်ပ နည်းမျိုးစုံနဲ့ မနေမနား
ကြိုးပမ်းနေကြဖို့လည်း အ ရေးကြီးပါတယ်။ သာမန်ပြည်သူတွေကလည်း ခုလို
သတင်းခေတ်ထဲမှာ နောက်မကျအောင် နိုးနိုးကြားကြားနဲ့ နေကြဖို့လိုပါတယ်။
ရနိုင်သလောက် သတင်းစုတာမျိုး သတင်းဖလှယ်တာမျိုးတွေလည်း
လုပ်ကြဖို့လိုပါတယ်။

အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့နေရာမှာ စေ့စပ်ရေးနည်း၊ သံတမန်နည်းတွေကို
အကြွင်းမဲ့အားထားလို့ မရ ပေမယ့် ရေဆုံးရေဖျားအထိတော့ လိုက်ရဦးမှာ
ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာလည်း အချိန်တခုမှာ တော် လှန်ရေးတရပ်ကို
ဆင်နွှဲဖို့ ပြည်သူအားလုံး ပြင်ဆင်ကြရမယ်လို့ ယုံကြည်မိပါကြောင်း။

မြန်မာပြည်သူတို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲ အောင်ရမည်။

မနှင်းစု



"နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင် တွေ
့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော်
နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊
နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို
့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို
့နှင့်အမြဲတစေ ဆက်သွယ်နေ၏" (ဗိုလ်ချုပ်အောင်ဆန်း)


"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"
"If you are neutral in a situation of injustice,
you have chosen to side with the oppressor."

0 comments: