Sunday, December 7, 2014

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ

အဖွဲ့အစည်းအသီးသီးမှခေါင်းဆောင်များခင်ဗျား ဒီဇင်ဘာလ (၁၀) ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါသည်။ မြန်မာနိုင်ငံသည်လည်း လူ့အခွင့်အရေးကို လေးစားလိုက်နာရန် လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံတခု ဖြစ်သည်။ သို့သော်လည်း သမ္မတဦးသိန်းစိန် ဦးဆောင်နေသော စစ်အစိုးရသည် လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် ယနေ့တိုင် ပျက်ကွက်နေဆဲဖြစ်သည်။ ထိုကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည်လည်း အမိနိုင်ငံတွင် လူ့အခွင့်အရေးများ ဆိပ်သုန်းနေကြောင်း ဖေါ်ပြရန်တာဝန်ရှိသည့်အားလျှော်စွာ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတို့မှ စုပေါင်းကျင်းပပြုလုပ်မည့် အောက်ဖေါ်ပြပါ အခန်းအနားသို့ တက်ရောက်ကြပါရန် နိုးဆော်အပ်ပါသည်။ မြန်မာနိုင်ငံမှာ ဥပဒေမဲ့သတ်ဖြတ်မှုတွေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အဖြစ်အပျက်များစွာ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ဖြစ်ကြောင်းကို shibuya UN ရုံရှေ့ကျင်းပမည့် လှုပ်ရှားမှု ပူးပေါင်းပါဝင်ပေးဖို့ ထပ်မှန် ဖိတ်ကြားအပ်ပါသည်။ ကျင်းပမည့်နေ့ ၁၀-၁၂-၂၀၁၄ (ဗုဒ္ဓဟူးနေ့) ကျင်းပမည့်အချိန် ၃း၀၀ - ၄း၀၀ ကျင်းပမည့်နေရာ Shibuya ( United Nation UN ရုံးရှေ့ ) လေးစားစွာဖြင့် Sent from my iPhone __._,_.___ Posted by: Mai Kyaw Oo

2 comments:

  1. Bersama Kami Agen Betting Online Terpercaya
    Dapatkan Promo Menarik Dari Agen Bolavita
    Mari Bergabung Di website www(titik)bolavita(titik)org
    Bisa juga hubungi , info :
    BBM : BOLAVITA
    wechat : bolavita
    whatup : 6281377055002
    Email : cs@bolavita .com

    ReplyDelete